Thursday, November 17, 2011

စစ်ရေးလေ့ကျင့်နေသည့် ဘင်္ဂလားဒေ့်

ဘင်္ဂလားဒေ့်၏ လေကြောင်းရန်ကာကွယ်ရေးအမြာက်များ


တီ-၅၅ တင့်ကား

ဖရီးဂိတ် (တောင်ကိုးရီးယားထုတ်)

အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ (၁၂စင်းရှိသည်ဟု သိရပါသည်။)

အခုတလော အပြင်းအထန်စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ် မြန်မာနယ်စပ် အနီးမှာလည်း စစ်ရေးလေ့ကျင့်မှုတွေရှိနေတယ်လို့ သိရပါတယ်..။မြန်မာနယ်စပ်တလျှောက်မှာလည်း ကွန်ကရစ်ဘန်ကာတွေ ဆောက်နေပါတယ်.. လက်နက်ကြီးပစ်ကွင်းတွေ ဖော်နေတယ်လို့ သိရပါတယ်..။မြန်မာ့တပ်မတော်အနေနှင့်လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်ပါတယ်... နယ်စပ်လုံခြုံမှုရှိစေဖို့ အရေးကြီးပါတယ်..။
မြန်မာ့တပ်မတော်မှ နိုရာ-ဘီ-၅၂ ၁၅၂မမ ယာဉ်တင်အမြောက်တွေ တပ်ဆင်ထားပါတယ်.. အခုဆိုရင် ဘင်္ဂလားဒေ့်ဘက်မှလည်း စိတ်ဝင်စားမှုတွေရှိနေပြီး ရုရှားကိုလည်း စစ်ပညာတော်သင်တွေ စေလွတ်ဖို့ စိတ်ဝင်စားနေကြကြောင်းသိရပါတယ်..။တရုပ်ဆီမှ PLZ-45 တွေဝယ်ယူမယ်လို့လည်း ပြောထားတာရှိနေပါတယ်..။ လေကြောင်းရန်ကာကွယ်ရေးတပ်တွေကို တိုးချဲ့နိုင်ဖို့ မြေပြင်မှဝေဟင်ပစ် ပုခုံးထမ်းဒုံးတွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်..။

ဘင်္ဂလားဒေ့်၏ ပင်မတိုက်ပွဲဝင်တင့်ကားတွေကို အဆင့်မြင့်တင်မှု
အမျိုးအစား-၅၉ တင့်တွေကို ၅၉ဂျီ အဖြစ် အမျိုးအစား-၉၆၏ ပင်မအမြောက်ပြောင်းများကို ပြောင်းလဲတပ်ဆင်ခြင်း (၁၀၀မမပြောင်း မှ ၁၂၅မမပြောင်း) ပစ်မှတ်ပြစနစ်သစ်များတပ်ဆင်ခြင်း၊ တင့်ကား၏ သံချပ်ကာ/မိုင်းကာပြားများအား တပ်ဆင်ခြင်း(ERA)၊


အမျိုးအစား-၆၉ တင့်တွေကို ၆၉ အမ်ကေ၂ ဂျီ အဆင့်အဖြစ် မြင့်တင်ပြီး ERA များတပ်ဆင်ကာ ညကြည့်မှန်ပြောင်းစနစ်များတပ်ဆင်ခြင်း၊အာရုံခံစနစ်များတပ်ဆင်ခြင်း၊အင်ဂျင်အသစ်လဲခြင်း(ယူကရိန်းမှ မှာယူသည်ဟုသိရပါသည်။)ပြောင်းအသစ်လဲခြင်း (၁၀၅မမပြောင်းမှ ၁၂၀မမပြောင်း) စသည့်တို့အပြင် ခေတ်မှီစနစ်များ တပ်ဆင်ထားပါသည်။
အမျိုးအစား-၅၉ ပင်မတိုက်ပွဲဝင်တင့်ကားပေါ်တွင် ပုခုံးထမ်းဒုံးပစ်လောင်ချာများနှင့် တွေ့ရစဉ်

အမျိုးအစား-၆၉ အမ်ကေ.၂ဂျီ ပင်မတိုက်ပွဲဝင်တင့်ကား ERAများ မတပ်ဆင်ထားခင်က..

အမျိုးအစား-၆၉ တင့်အား ERAများ တပ်ဆင်ထားပြီး တွေ့ရစဉ်..

No comments:

Post a Comment