Friday, February 28, 2014

အနော်ရထာ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုအတွင်းက လေကာတပ်ဖွဲ့ဝင်များအကြောင်း

မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်နေမှုသတင်းမှတ်တမ်းတွေကို မြဝတီသတင်းကနေ တဆင့်ပြန်လှည်ရယူပြီး တင်ပေးပါဦးမယ်...။ အမြောက်နှင့်သံချပ်ကာအကြောင်း အနည်းငယ်ဖော်ပြပြီးဖြစ်လို့ ယခုပိုစ့်မှာတော့ လေကြောင်းရန် ကာကွယ်ရေးနှင့် ဆက်စပ်စစ်ပစ္စည်းများ၊ စစ်မြေပြင် ပြင်ဆင်ရေးအဖွဲ့နှင့် စစ်မြေပြင်ဆေးတပ်ဖွဲ့များအကြောင်း ပုံတွေနှင့်တကွ ဖော်ပြပေးပါ့မယ်...။

၂၅မမ လေယာဉ်ပစ်အမြောက်များဖြင့် လေ့ကျင့်နေကြစဉ်
၃၇မမ လေယာဉ်ပစ်အမြောက်ဖြင့် လေ့ကျင့်နေကြစဉ်
၂၅မမ၊၃၇မမ လေယာဉ်ပစ်အမြောက်များကို တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ)များမှ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီးတော့ အရေအတွက် လုံလုံလောက်လောက်ပိုင်ဆိုင်ထားပြီး
 ဖြစ်ပါသည်။ မြန်နှုန်းနည်း၍ အနိမ့်ပျံသော ရန်သူ့ ရဟတ်ယာဉ်များကို အဓိကခြိမ်းခြောက်နိုင်စွမ်းရှိပြီး တိုက်လေယာဉ်များကိုပင် ပစ်ချနိုင်စွမ်းရှိသော စက်အမြောက်များဖြစ်ပါသည်။

အရှေ့အလည်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများအား လေ့လာကြည့်ပါက စနစ်တကျ လေ့ကျင့်ထားခြင်းမရှိသည့် လက်နက်ကိုင်များမှ အဆိုပါလေယာဉ်ပစ်အမြောက်များဖြင့် တိုက်လေယာဉ်များကိုပင် ပစ်ချခဲ့ကြသည်ကို တွေ့နိုင်ပါသည်။တပ်မတော် လေကာတပ်ဖွဲ့များအနေဖြင့် စနစ်တကျလေ့ကျင့်ထားပြီးဖြစ်ပြီး တပ်ဖွဲ့ဝင်များကိုလည်း ဗျုဟာမြောက်တပ်ချထားပြီးဖြစ်ရာ ရန်သူ့တိုက်လေယာဉ်များကိုပင် ခြိမ်းခြောက်နိုင်လျက်ရှိနေပါသည်။

တာတိုပစ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံးများဖြင့် လေ့ကျင့်နေကြစဉ်
MANPAD လို့အတိုကောက်သတ်မှတ်ထားတဲ့ ပုခုံးထမ်းဒုံးပစ်လောင်ချာများကို မိမိတို့ပြည်တွင်းပင် ထုတ်လုပ်နိုင်ပြီဖြစ်ပြီး တပ်မတော် လေကာတပ်ဖွဲ့များ၏ အရေးပါသော ဒုံးလက်နက်များဖြစ်ပါသည်။ စက်အမြောက်များဖြင့် တွဲ၍အသုံးပြုလျက်ရှိပြီး နောင်ရိုးဂျစ်ကဲ့သို့သော စစ်သုံးယာဉ်များအပေါ်တွင် တပ်ဆင်၍လည်းကောင်း၊ ရေယာဉ်များအပေါ်တွင် တပ်ဆင်၍ လည်းကောင်း အသုံးပြုနိုင်ပြီး တာတိုပစ်မှတ်များကို အကောင်းဆုံးချေမှုန်းနိုင်စွမ်းရှိပါသည်။ ကမ္ဘာ့စစ်တပ်အတော်များများတွင် အဆင့်မြှင့်တင်မှုများပြုလုပ်ကာ အသုံးပြုလျက်ရှိနေပါသည်။

Smart Hunter Radar
 
အဆိုပါ ပခုံထမ်းဒုံးများကို ထိန်းချုပ်ပစ်ခတ်ပေးမည့်၊ပစ်မှတ်ရှာဖွေပေးမည့် ရေဒါစနစ်ကောင်းများကိုလည်း ပိုင်ဆိုင်ထားပြီး လိုအပ်သည့် စစ်ယာဉ်များမှအပ ရေဒါများကိုပင် ပြည်တွင်းတွင် ထုတ်လုပ်နိုင်ခဲ့ပါသည်။ Smart Hunterဟုခေါ်သည့် အဆိုပါရေဒါစနစ်များဖြင့် ပုခုံးထမ်းဒုံးပစ်လောင်ချာအား ချိတ်ဆက်၍ ရန်သူ့တိုက်လေယာဉ်များ၏ တည်နေရာအား တွက်ချက်ကာ အမိန့်ပေးထိန်းချုပ်နိုင်စွမ်းရှိပါသည်။

SLC-2  Weapon Location Radar
ရေဒါများနှင့် ဆက်စပ်၍ အနည်းငယ်ဖော်ပြပေးချင်သည့်အချက်မှာ အထက်တွင်ဖော်ပြပေးခဲ့သည့် Smart Hunter ရေဒါစနစ်များအပြင် ရန်သူ့မှ ပစ်ခတ်သည့်အမြောက်ကျည်များအား တွက်ချက်ကာ ရန်သူ့အမြောက်စခန်းများအား တန်ပြန်ပစ်ခတ်နိုင်စေရန်အတွက်လည်း Artillery Finding Radar (Weapon Location Radar)ကဲ့သို့သော ခေတ်မီရေဒါစနစ်များကိုပင် ယခုပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်းတွင် တွေ့ရနိုင်ပါသည်။ SLC-2 ဟုခေါ်သည့် အဆိုပါ ရေဒါစနစ်များသည့် အမြောက်ကျည်များ၊ရော့ကဒ်များနှင့် မြေပြင်မှမြေပြင်ပစ် ဒုံးများကိုပင် ရှာဖွေနိုင်စွမ်းရှိပြီး အဆင့်မြှင့်တင်ထားသော ရေဒါစနစ်များကမူ ရဟတ်ယာဉ်များနှင့် အပေါ့စားတိုက်လေယာဉ်များကိုပင် ရှာဖွေထောက်လှမ်းနိုင်စွမ်းရှိပါသည်။ ထို့အပြင် မိမိဘက်မှ ပစ်ခတ်သည့်ကျည်နှင့် ရန်သူ့ကျည်များကိုပင် ခွဲခြားနိုင်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသည့် အရေးပါသော ရေဒါစနစ်ဖြစ်ပါသည်။ အဆိုပါရေဒါစနစ်များနှင့်တွဲဘက်၍လည်း အသုံးပြုနိုင်သည့်စနစ်တစ်မျိုးမှာ ရာသီဥတုကို တွက်ချက်ပေးသည့် ရေဒါများဖြစ်ပါသည်။

ရာသီဥတုတွက်ချက်သည့် ရေဒါစနစ်
  
ဆက်သွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ရေးစနစ်များ
ဆက်သွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်းပါဝင်လေ့ကျင့်ခဲ့ကြပြီး မိမိတို့ ဆက်သွယ်ရေးတပ်မှ ထုတ်လုပ်သည့် နည်းပညာမြှင့် စက်ပစ္စည်းများအား လက်တွေ့အသုံးပြုခဲ့ရာ ထိရောက်မှုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေးပစ္စည်းများဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ကြပါသည်။ တပ်မတော်တပ်ရပ်အတွက် အလွန်အရေးပါသည့်အချက်ဖြစ်သော သတင်းလုံခြုံမှုနှင့် လုံခြုံသော ဆက်သွယ်ရေးစနစ် ပိုင်ဆိုင်ထားပြီးဖြစ်ရာ ဆက်သွယ်ရေးတပ်ဖွဲ့များ၏ ကြိုးပမ်းမှုများကို မြင်သာစေပါသည်။
နောက်ထပ်အရေးကြီးဆုံး အချက်ဖြစ်သော စစ်မြေပြင်ဆိုင်ရာ ဆေးတပ်ဖွဲ့များ၊ တိုက်ပွဲဝင် တင့်နှင့် သံချပ်ကာယာဉ်များအား အရေးပေါ်ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများကိုလည်း တကယ့်ရှေ့တန်း စစ်မြေပြင်အတွင်းကဲ့သို့ပင် လေ့ကျင့်ခဲ့ကြပြီး တပ်မတော်၏ စွမ်းရည်ကို မြှင့်တင်ခဲ့ပြန်ပါသည်။

စစ်မြေပြင်ဆေးတပ်ဖွဲ့
စစ်မြေပြင်မှ ဒဏ်ရာရ စစ်သည်များအား ပုံစံ-၉၁ ခြေလျင်တိုက်ခိုက်ရေးယာဉ်ဖြင့် ကယ်ထုတ်၍ ဆေးတပ်ဖွဲ့သို့ ပို့ဆောင်ပေးခြင်းနှင့် ဆေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်မြေပြင် အရေးပေါ်ဆေးရုံများတွင် ကုသပေးခြင်းစသည့်ဖြင့် စစ်သည်များ၏ ကျန်းမာရေးအကာကွယ်ပေးမှုများလည်း လေ့ကျင့်ခဲ့ကြပါသည်။

သံချပ်ကာယာဉ်အတွင်းမှ ဒဏ်ရာရစစ်သည်တစ်ဦး (လေ့ကျင့်မှု)
ဆေးတပ်ဖွဲ့သို့ ဒဏ်ရာရ စစ်သည်အား ပို့ဆောင်ပေးနေမှု (လေ့ကျင့်မှု)
စစ်မြေပြင် အရေးပေါ်စစ်ဆေးရုံများ
ထို့အပြင် မိမိတို့၏ တိုက်ပွဲဝင်တင့်များနှင့် သံချပ်ကာယာဉ်များသည်လည်း ရန်သူ့ တင့်ဖျက်များမှလည်းကောင်း၊ အမျိုးမျိုးသော ပျက်ဆီးခြင်းများမှလည်းကောင်း ပြင်ဆင်ရေးအတွက် ရည်ရွှယ်ကာ လေ့ကျင့်ခဲ့ကြပါသည်။

မိမိတို့ အမြောက်လက်နက်များသည်လည်း ယိုယွင်းမှုများရှိတတ်ရာ အရေးပေါ်ပြင်ဆင်ရေးအတွက်လည်း လေ့ကျင့်ခဲ့ကြပြီး သတ်မှတ်အချိန်အတိုင်း စွမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရပါသည်။

အမြောက်ပြင်ဌာန
တင့်နှင့် သံချပ်ကာယာဉ်များအား ဆယ်၊တင် ရေးယာဉ်များဖြင့် ပြင်ဆင်ထိန်းသိမ်းရေး လေ့ကျင့်ခန်း
ပုံစံ-၅၉ဒီ/အမ် (Type-59D/M MBT) ပင်မတိုက်ပွဲဝင်များကိုလည်း အရေးပေါ်ပြင်ဆင်ခြင်း ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါလေ့ကျင့်မှုအတွင်းတွင် တင့်၏ ပျက်ဆီးမှုများနှင့်အညီ အသေးစားပြင်ဆင်ရေးများ အပြင် အကြီးစားပြင်ဆင်မှုအဖြစ် တင့်အင်ဂျင်များ အစားထိုးတပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်...။

မိမိတင်ပြခဲ့သည့် အချက်လက်များနှင့် ပါဝင်သည့် စစ်လက်နက်များအား လေ့လာကြည့်ပါက ယခုလေ့ကျင့်သော တပ်မတော် (ကြည်း)၊(လေ) အမြောက်နှင့် သံချပ်ကာပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းကြီးသည် တပ်မတော်၏ တိုက်စစ်စွမ်းရည်၊ စနစ်ကျသည့် အုပ်ချုပ်မှု/အမိန့်ပေးမှု၊ လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေးစနစ် နှင့် လျင်မြန်စွာ စစ်ကစားလှုပ်ရှားနိုင်စွမ်းများကို တွေ့ရှိရမည်ဖြစ်ပြီး တပ်မတော်၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် Standard Army ဟူသော အဆင့်သို့တက်လှမ်းရာတွင် အရေးပါသောလေ့ကျင့်မှုကြီးအဖြစ် မှန်းဆနိုင်ပါသည်။

ထို့အပြင်နောက်ဆုံးအနေဖြင့် တပ်မတော်၏ ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ယခင်ကာလများထက်ပို၍ ပွင့်လင်းလာခြင်းကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ ယခင်ကာလများကပင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကြီးများရှိခဲ့လင့်ကစား အများပြည်သူအနေဖြင့် အနည်းငယ်သာ သိခွင့်ရခဲ့ပြီး ယခုအခါတွင်မှု တပ်မတော်၏ သတင်းဌါနတစ်ခုဖြစ်သည့် မြဝတီကဲ့သို့သော ရုပ်သံလိုင်းများကပင် တရားဝင်လွှင့်တင်ပေးနေပြီး ဖြစ်ပြီး တပ်မတော်ဆိုင်ရာ အွန်လိုင်းသတင်းအသီးသီးမှလည်း အများပြည်သူများ သိနိုင်စေရန် ဖော်ပြပေးနေကြပြီဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် တပ်မတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာ အာဏာကို အပြည့်အဝကာကွယ်ပေးနေသည့် တပ်မတော်တစ်ရပ်ဖြစ်သည်နှင့် အညီ ခေတ်မီလက်နက်စနစ်များ၊ တိုက်စွမ်းရည်ပြည့်ဝသော စစ်သည်များနှင့် ဘက်စုံတိုးတက်သော မြန်မာပြည်ကြီးအား အမြဲကာကွယ်ပေးစေလိုသည်မှာ ကျွှန်တော်တို့ ပြည်သူများ၏ ဆန္ဒာတစ်ရပ်ဖြစ်ပါကြောင်း ကျွှန်တော် ကိုmmမှာ စာဖတ်သူအားလုံးကိုယ်စား လေးစားစွာဖြင့် တပ်မတော်မှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ....။

Thursday, February 27, 2014

တပ်မတော် (ကြည်း)၊(လေ) အမြောက်နှင့် သံချပ်ကာတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်း

မြန်မာ့တပ်မတော်သည် မြန်မာပြည်၏ အချုပ်အချာ အာဏာကိုအပြည့်အဝ ကာကွယ်ပေးနေသော အင်အားစုကြီးတစ်ခုဖြစ်သည်နှင့်အညီ ပြောင်းလဲလာသည့် ခေတ်သစ်စစ်ရေးအတွေးအခေါ်များ၊ နည်းပညာများအား အမြဲအစဉ်မပြတ် လေ့လာကာ လေ့ကျင့်နေကြရမှာဖြစ်ပါတယ်...။
 

တပ်မတော်အနေနှင့် ကျွှန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲများနောက်ပိုင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေအနေဖြင့် ရေတပ်စစ်ရေယာဉ်များ၊လေတပ်လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်အနားများကို ပုံများနှင့်တကွ အများပြည်သူတို့ လေ့လာနိုင်စေရန်နှင့် အသိပေးရန်ထုတ်ဖော်ပြသခဲ့ကြပါတယ်...။ ဒါဟာ တပ်မတော်ကိုပြည်သူနှင့် ပိုမိုထိတွေ့စေပြီး ပြည်သူများရဲ့ အားကိုးယုံကြည်မှုကို ပိုမိုရရှိစေမှာဘဲဖြစ်ပါတယ်...။

အခုတလော မြဝတီသတင်းမှာပါလာတဲ့ မြန်မာ့တပ်မတော် (ကြည်း)၊(လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်း၊ လေ့ကျင့်ခန်း (အနော်ရထာ)အကြောင်း လူပြောများနေတာတွေ့ရပါတယ်...။ မိမိတို့ တပ်မတော်အပေါ် အမှန်တကယ်လည်း လေးစားဂုဏ်ယူမိပါတယ်...။ ထူးထူးခြားခြား သတိထားမိလိုက်တာကတော့ ၁၅၅မမ Soltam M71 ဟောင်ဝစ်ဇာအမြောက်ကြီးများ၊ ၁၂၂မမ အတွဲလိုက်ပစ် ဒုံးများ နှင့် လေတပ်မှာ MIG-29SE, Mi-35P ရဟတ်ယာဉ်များဘဲဖြစ်ပါတယ်...။ နောက်ထပ်လည်း စိတ်ဝင်စားဖွယ်ရာ စစ်လက်နက်အတော်များများပါဝင်ပင်မယ့်လို့ ပိုစ့်ခွဲပြီး တင်ပေးလိုက်ပါ့မယ်...။

ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်တဲ့စစ်လက်နက်များအကြောင်းကို ပုံများနှင့်တကွ ဖော်ပြပေးပါ့မယ်..

ပူးပေါင်းတပ်ဖွဲ့ဝင်များ
တပ်မတော်ထုတ် ကျည်ကာဝတ်စုံများ၊ဖိုင်ဘာဦးထုပ်များဖြင့် တွေ့ရသည့် ပူးပေါင်းလေ့ကျင့်ခန်းအတွင်းက တပ်မတော်သားများဖြစ်ပါသည်။

အကြမ်းဖက်တပ်ဖွဲ့များ (SOTF)
အထူးတပ်ဖွဲ့(SOTF)များမှ ရန်သူ့အမြောက်စခန်းအား သိမ်းပိုက်ခြင်း စစ်ရေးလေ့ကျင့်ခန်းအတွင်း
 ဖြစ်ပါသည်။


၆၀မမ စိန်ပြောင်းဖြင့် ပစ်ခတ်လေ့ကျင့်နေစဉ်

၁၂၀မမ စိန်ပြောင်းများဖြင့် ပစ်ခတ်လေ့ကျင့်နေမှု (120mm Heavy Mortar)

၁၀၅မမ အမြောက် (105mm Howitzer)


၁၅၅မမ အမြောက် (Soltam M71)
Soltam M71 ခေါ် ၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီးများကို အစ္စရေးနိုင်ငံမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်၏ ပထမဆုံးသော ၁၅၅မမလက်နက်ကြီးများဖြစ်ပါသည်။ ယခုအခါတွင် ပဲ့ထိန်းကျည်စနစ်များပင် ပစ်ခတ်နိုင်စေရန် အဆင့်မြှင့်တင်ထားပြီး ဖြစ်ပါသည်။

၁၂၂မမ အတွဲလိုက်ပစ်ဒုံး (122mm MRLS)
 ပုံတွင်မြင်တွေ့ရသော အတွဲလိုက်ပစ်ဒုံးများကို Type-81 122mm MRLS စနစ်များဟု သိရပြီး ၁၉၉၀ခုနှစ်များကတည်းကပင် တရုပ်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ရာ မြန်မ-ယိုးဒယား နယ်စပ်တင်းမာချိန်က လူသိများ၊လူပြောများခဲ့သော ဒုံးလက်နက်ဖြစ်ပါသည်။ ယခုအချိန်တွင်မူ အဆိုပါ ၁၂၂မမဒုံးများအား တပ်မတော်မှထုတ်လုပ်နိုင်နေပြီဖြစ်ပြီး အင်အားတောင့်တင်းသည့် ဒုံးတပ်ဖွဲ့ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။

BAAC-87 သံချပ်ကာယာဉ်
တပ်မတော်ထုတ် သံချပ်ကာယာဉ်အမျိုးစားဖြစ်ပြီး မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားသည့် SEA Games ပြိုင်ပွဲကာလတလျှောက် လုံခြုံရေးယူပေးခဲ့သည့် သံချပ်ကာယာဉ်များလည်း ဖြစ်ပါသည်။

Type-91 IFV (ခြေလျင်သုံး တိုက်ယာဉ်)
 
 

ပုံစံ-၅၉ဒီ/အမ် ပင်မတိုက်ပွဲဝင်တင့်ကား (Type-59D/M MBT)
  
ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများကို တရုပ်တပ်မတော်မှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင်မှု အလုံးစုံအဆင့်မြှင့်တင် မွမ်းမံခြင်း( Fully Upgraded ) ပြုလုပ်ခဲ့ပြီးဖြစ်ရာ တပ်မတော်၏ တင့်နှင့်သံချပ်ကာတပ်ဆိုင်ရာ စစ်ရေးစွမ်းရည်ကို တိုးတက်စေခဲ့ပြန်ပါသည်။
  
  တင့်နှင့် သံချပ်ကာယာဉ်များ တပ်ဖြန့်ထားစဉ်

ပုံတွေနှင့်တကွ ဖော်ပြပေးချင်တာမို့လို့ ပိုစ့်အရမ်းရှည်လွန်းသွားပါတယ်...။ ထို့ကြောင့်လေတပ်နှင့်လေကာတပ်အကြောင်း သီးသန့်ပိုစ့်အဖြစ် ဖော်ပြပေးသွားပါဦးမယ်ခင်ဗျာ...။ :)

Tuesday, February 18, 2014

ကီလိုနှင့် အာမူရာ




    ဖေါ်ပြပါ ဆောင်းပါးသည် ထိုင်းနိုင်ငံ ချူလာလောင်ကွမ်း တက္ကသိုလိ၏ ရုရှားနိုင်ငံဆိုင်ရာ လေ့လာရေး အဖွဲ့မှ ထိုင်းတပ်မတော်စစ်ဦးစီးချုပ်ဆီသို့ ရုရှားရေငုပ်သင်္ဘောနှင့် ပက်သက်၍ ပေးပို့ခဲ့သော စာတမ်းတစ်စောင်ကို အခြေခံကာ ဖြစ်ပေါ်လာသည့် ထိုင်းဆောင်းပါးတစ်ပုဒ်ကို အခြေတည်ကာ (ဖြည့်စွက်ချက် အနည်းငယ်၊ ပြင်ဆင်ချက် အနည်းငယ်ဖြင့်) ရေးသားထားပါသည်။

   ရေငုပ်သင်္ဘောများ၊ အထူးသဖြင့် ဒီဇယ်-အီလက်ထောနစ် စနစ်သုံးရေငုပ်သင်္ဘောများ အခန်းဂဏ္ဍတွင် အရှည်ကြာဆုံးနှင့် ခေတ်အမှီဆုံးရပ်တည်ခဲ့ကြသည်မှာ ရုရှားနှင့် ပြင်သစ်ဖြစ်သည်။ ယင်း၂နိုင်ငံသည် ရာစုနှစ်တစ်ဝက်နည်းပါး ပူးပေါင်းကာ အကောင်းမွန်ဆုံးသော ဒီဇယ်-အီလက်ထောနစ်စနစ်သုံး ရေငုပ်သင်္ဘောမျိုးဆက်ကို တည်ဆောက်ရန် စီစဉ်ခဲ့ကြသည်။ ပြင်သစ်တို့က စကော်ပီယွန် ဟုခေါ်ဆိုပြီး ရုရှားတို့က အာမာ( ရပ်ရှင်းလို
အာမူရာ) ဟုခေါ်ဆိုခဲ့ကြသည်။
ပြင်သစ်တို့၏ စကော်ပီယွမ် အမျိုးအစားများသည် လူသိများထင်ရှားပြီးဖြစ်ပြီး မလေးရှားရေတပ်က ၃စင်းဝယ်ယူအသုံးပြုနေပြီဖြစ်ရာ လွယ်လင့်တကူသိရှိနိုင်ပါသည်။ သို့သော် ထိုအမျိုးအစားများနှင့် အပြိုင်ဖြစ်ခဲ့သော ရုရှားတို့၏ အာမူရာ အတန်းအစားများကိုမူ မည်သည့်နိုင်ငံကိုမျှ ရောင်းချခဲ့ခြင်းမရှိခဲ့သဖြင့် သိသူနည်းပါလှပါသည်။ တက္ကသိုလ်မှ ဆရာများသည် ရုရှားနိုင်ငံအကြောင်းကို လေ့လာထားပြီးဖြစ်၍ ရုရှားနိုင်ငံမှ ထုတ်လုပ်သော ခေတ်အမီဆုံး ရေငုပ်သင်္ဘော နည်းပညာများပါဝင်သည့် အာမူရာ ရေငုပ်သင်္ဘောများ အကြောင်းကို ဖြစ်ပေါ်လာပုံမှ စတင်၍ ရေးသားတင်ပြလိုက်ပါသည်။
 
   ရုရှားနိုင်ငံ၏ ရေငုပ်သင်္ဘောများ အကြောင်းကို မတင်ပြမှီ ရေငုပ်သင်္ဘောများနှင့် ပက်သက်သော အခြေခံဗဟုသုတများကို အနည်းငယ်နားလည်ရန်လိုအပ်သည်။ ရေအောက် စစ်ဆင်ရေးများ၏ အဓိကသော့ချက်သည် ဆိတ်ငြိမ်ခြင်းဖြစ်သည်။ ရုရှားရေငုပ်သင်္ဘောများ၏ ပုံစံသည် ရေအောက်လှုပ်ရှားမှုတိုင်းတွင် အလွန်တိတ်ဆိတ်ဆိုသည့် အဆင့်အထိ အောင်မြင်ခဲ့ပြီးဖြစ်သည်။ ပန်ကာဒလက်များ ခပ်စိပ်စိပ်တပ်ဆင်ထားပြီး ပေါ့ပါးကာ တော်ပီတိုပြွန်မှ ကနဦးရနိုင်သည့် အသံများကို များစွာလျော့ချထားနိုင်သော ရုရှားရေငုပ်သင်္ဘောများသည် ရှာဖွေရန်ခက်ခဲလှပြီး လက်ဦးမှုရယူတိုက်ခိုက်နိုင်စွမ်း များပြားလှပါသည်။ 

ဆိုဗီယက် ရေငုပ်သင်္ဘောခေတ်သစ်(သို့) ပရောဂျက်၈၇၇

  ဒုတိယကမ္ဘာစစ်အပြီးမှ စတင်၍ ဆိုဗီယက်ရေတပ်သည် ဒီဇယ်-လျပ်စစ်သုံး ရေငုပ်သင်္ဘောများကို အောင်မြင်စွာ ထုတ်လုပ်ခဲ့ပြီး ၆၁၃ ဝီစကီအတန်းအစား၊ ၆၁၁ဇူးလူအတန်းအစား၊ ၆၄၁ ဖေါက်စ်ထော့အတန်းအစား  စသည်တို့မှာ ထင်ရှားသည်။ စစ်အေးခေတ် ဒီဇယ်-လျပ်စစ်အမျိုးအစားများ၏ ခေတ်မှီရှေ့ပြေးမှာ ၆၄၁(ဘီ) တန်ဂို အမျိုးအစားများဖြစ်ပြီး ဒုတိယမျိုးဆက် ခေတ်မီရေငုပ်သင်္ဘောများ ဖြစ်ခဲ့သည်။ နောက်ဆုံးပေါ် နည်းပညာများ၊ ခေတ်မီလက်နှက်စနစ်များ ပေါင်းစပ်ကာ လျပ်စစ်စွမ်အင်ကို ၁၀၀%အသုံးပြု၍ မောင်းနှင်နိုင်သော ရေငုပ်သင်္ဘော အမျိုးအစားကို ဒီဇိုင်းထွှင်ထုတ်လုပ်ခဲ့ပြီး ၈၇၇ကီလိုအတန်းအစား ရေငုပ်သင်္ဘောဟု နာမည်ပေးခေါ်ဆိုခဲ့သည်။ ရေအောက်လှုပ်ရှားမှုတိုင်း အတွက် hydro-augustic ဆိုသည့် နည်းစနစ်အတိုင်း လှုပ်ရှားမှု ပြုလုပ်နိုင်ရန် တည်ဆောက်ထားသဖြင့် လွန်စွာတိတ်ဆိတ်ပြီး ခေတ်မှီရေဒါများ၊ ဆိုနာစနစ်များနှင့် လမ်းညွှန်စနစ်ပါ တိုက်ခိုက်ရေး လက်နှက်များ တပ်ဆင်ထားနိုင်မှုကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံများက သမုဒ္ဒရာ၏ တွင်းနက်များ(စကြဝဠာတွင်းရှိ တွင်းနက်ကြီးများကဲ့သို့ အံ့မခန်းဖွယ်ဖြစ်ခြင်း ကြောက်စရာကောင်းခြင်း(သို့) ပြန်လမ်းမဲ့နေရာ) ဟုတင်စားခေါ်ဝေါ်ကြသည်။ 

   အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာများတွင် ထိုရေငုပ်သင်္ဘောများ တာဝန်ထမ်းဆောင်နေပြီး ရာသီဥတုနှင့် နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သည့် ထိုသင်္ဘောများသည် ကိုယ်ထည်တည်ဆောက်မှု နည်းပညာသစ်ကြောင့် သက်တမ်းရှည်ကြာပြီး အကြိမ်ကြိမ် အဆင့်မြင့်တင်မှုများ၊ သင်္ဘောသားတို့အတွက် မရခဲ့ဘူးသော အေးဆေးသက်သာစွာ နေထိုင်လိုက်ပါနိုင်ခြင်း၊ ရော့ကတ်များ၊ ဒုံးပျံများ၊ ခေတ်မှီ နည်းစနစ်အမျိုးမျိုး အဆင့်မြင့်တပ်ဆင်နိုင်မှု တို့ အတွက်ပါ ကြိုတင်ရည်ရွယ် တည်ဆောက်ခဲ့ကြခြင်းကြောင့် ထပ်ကာထပ်ကာ အဆင့်မြင့်တင်ခဲ့ကြခြင်းကြောင့် နှစ်ပေါင်းများစွာမှသည် ယခုထက်တိုင် ရုရှားရေတပ်အတွက် အားထားနေရဆဲ ရေငုပ်သင်္ဘောများအဖြစ် ရပ်တည်လျက်ရှိသည်။ 

ပရောဂျက်၈၇၇(အီး) နှင့် ၈၇၇(အီးကေအမ်)
 
  ယင်းရေငုပ်သင်္ဘောများသည် နူကလိယျမဟုတ်သော ဒီဇယ်သုံးရေငုပ်သင်္ဘောများတွင် အအောင်မြင်ဆုံး ရေငုပ်သင်္ဘောများ ဖြစ်ခဲ့င်္ပြီး ရုရှားနိုင်ငံမှ ထုတ်လုပ်ရောင်းချခဲ့ကြသည်။ ၈၇၇(အီး)နှင့် ၈၇၇(အီးကေအမ်) များကို အများအပြားတင်ပို့ ရောင်းချခဲ့ပြီး ရေငုပ်သင်္ဘောထုတ်လုပ်သည့် ကုမ္ဗနီမှ ဝယ်ယူသူတို့စိတ်ကြိုက် လက်နှက်များ စနစ်များ တပ်ဆင်ပေးပြီး နဂို အများအပြားရောင်းချခဲ့သည့် ၆၄၁ ဖေါက်စ်ထော့စ် ရေငုပ်သင်္ဘော အတွေ့အကြုံဖြင့်ပင် မောင်းနှင်စစ်ဆင်နိုင်အောင် စီမံပေးခဲ့သည်။ ထိုရေငုပ်သင်္ဘောများသည် ယခင်ရေငုပ်သင်္ဘောမျိုးဆက်များအပါအဝင် ကမ္ဘာ့အဝှမ်းက ရေငုပ်သင်္ဘောများထက်
၁-တိတ်ဆိတ်ငြိမ်သက်ခြင်း
၂-ကျစ်လစ်သိပ်သည်းသော သင်္ဘောတည်ဆောက်မှုပုံစံ
၃-အလိုလျောက်စနစ်များ အသုံးပြုထားခြင်း
၎-လက်နှက်များ သယ်ဆောင်နိုင်စွမ်းနှင့် အမိန့်ပေးထိန်းချုပ်ခြင်းတွင် သိသာစွာတိုးတက်လာခြင်း
၅-သင်္ဘောသားများအတွက် သက်သာစွာ နေထိုင်နိုင်ခြင်း
၆-ပြုပြင်ထိမ်းသိမ်းရလွယ်ကူခြင်း
စသည့် အားသာချက်များကြောင့် လူကြိုက်များခဲ့ကြသည်။

   ၈၈၇(အီး) အီးအက္ခရာမှာ ပြင်ပတင်ပို့ ဆိုသည့် အမှတ်အသားဖြစ်ပြီး ပိုလန်၊ အိန္ဒိယ၊ အယ်လ်ဂျီးယား၊ အီရန် စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည်။ ၁၉၈၆ခုနှစ် စတင်ကာ ထုတ်လုပ်ခဲ့ပြီး ထိုသင်္ဘော အမျိုးအစားပေါင်း ၄၄စင်း ထုတ်လုပ်ခဲ့ပြီး ၂၄စင်းကို နိုင်ငံပေါင်း ၆နိုင်ငံသို့ ရောင်းချနိုင်ခဲ့သည်။
ထိုခေတ်ထိုခါက မရှိခဲ့သော လွန်စွာကောင်းမွန်တိတ်ဆိတ်သော လှုပ်ရှားမှု၊ ရန်သူ့ထောက်လှမ်းမှု အပြင်မှ တိကျစွာ ပစ်ခတ်တိုက်ခိုက်နိုင်မှု၊ သင်္ဘောသားများ သက်သာမှုတို့ကြောင့် ကာလတာရှည်စွာ အောင်မြင်သော ရေငုပ်သင်္ဘောအဖြစ် ရပ်တည်ခဲ့သည်။ ထို့အပြင် ကီလို အမျိုးအစား၏ သက်တမ်းရှည်လျားမှုအတွက် ကြိုတင်တွက်ဆကာ ခေတ်မှီလက်နှက်များ ဖြည့်တင်းနိုင်ဖို့ရန်ပါ ဒီဇိုင်းထွှင် တည်ဆောက်ခဲ့ခြင်းကြောင့် သင်္ဘော သက်တမ်းမကုန်ခင်မှာပင် ခေတ်မမှီတော့သော လက်နှက်များ၊ရေဒါများ၊ ဆက်သွယ်ရေး ပစ္စည်းများကို ခေတ်အလိုက် လဲလှယ်တပ်ဆင်ကာ အဆင့်မြင့်တင်လာနိုင်ခဲ့သည်။ မိမိတို့သုံးစွဲနိုင်သည့် ငွေကြေးပမာနအလိုက် အဆင့်မြင့်တင်မှုများကို ပြုလုပ်ပေးပြီး နိုင်ငံအများစုက အဆင့်မြင်တင်ခဲ့ကြရာတွင်
၁-ခေတ်မီ တာဝေးပစ် ဒုံးပျံများတပ်ဆင်ခြင်း
၂-တိကျပစ်ခတ်မှု စနစ်များ(ဒုံးပျံများကို ထိမ်းချုပ်ခြင်း)စနစ်များ
၃-ပစ်စင်ခန်းမှ တော်ပီတိုများ၊ မစ်ဇိုင်းများ၊ မိုင်းများ စသည့် စနစ်များကို အလျိုလျောက်အမိန့်ပေးစေခိုင်းနိုင်သော စနစ်များ တပ်ဆင်ခြင်း တို့သည် အများဆုံးပြုလုပ်ခဲ့ကြသည်။
အဆင့်မြင့်တင်မှုများကြောင့် သင်္ဘောဖျက်ဒုံးပျံများကို ထိုသင်္ဘော(သို့) ရေငုပ်သင်္ဘော များထောက်လှမ်းနိုင်သည့် အကွာအဝေး ပြင်ပမှနေ၍ တိကျစွာ ထိမ်းချုပ်ပစ်ခတ်နိုင်ခြင်းသည် လွန်စွာ ခေတ်မီသော နည်းပညာဖြစ်ပြီး ထိုင်းနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ၂၀၀၀ပြည့်နှစ်တွင် အထူးလေ့လာသော စနစ်လဲဖြစ်သည်။ (အိန္ဒိယသည် ထိုကီလို အမျိုးအစားများကို ပိုင်ဆိုင်ထားပြီး အိန္ဒိယပြည်တွင်းထုတ် ဂျာမနီ၏ ပုံစံ၂၀၉ ခေတ်မှီ ဒီဇယ်ရေငုပ်သင်္ဘောများထက် များစွာသာလွန်သော ထောက်လှမ်းသိနိုင်မှု၊ တိကျစွာပစ်ခတ်နိုင်မှုရှိခဲ့ပြီး ထိုရေငုပ်သင်္ဘောမှ ပစ်ခတ်သော တော်ပီတိုကိုပင် ကြားဖြတ်ဟန့်တားနိုင်သည့် အီလက်ထောနစ်စစ်ဆင်ရေး စနစ်များပါလွန်ခဲ့သည်ဟု သိရှိခဲ့ပြီးဖြစ်သည်။)

    ၂၀၀၀ခုနှစ် စိန့်ပီတာစပတ်မြို့ ထိုရေငုပ်သင်္ဘောကျင်းတွင် ကီလို(အီး)များကို (အီးကေအမ်) အဆင့် မြင့်တင်မှုများ ပြုလုပ်ခဲ့ပြီး သင်္ဘောဖျက်ဒုံးပျံများအစား ကလပ်-အက်စ် အမျိုးအစား ဒုံးပျံသယ်ဆောင် ပစ်ခတ်နိုင်ရန် အဆင့်မြင့်တင်ပေးခဲ့သည်။ အိန္ဒိယနှင့် တရုတ်မှ အသစ်မှာယူခဲ့သော ကီလို အတန်းအစားများတွင် ချိုသာသော ဈေးနုန်းဖြင့် တပ်ဆင်ပေးခဲ့ပြီး ယခင်နိုင်ငံများသို့လဲ အဆင့်မြင့်တင်လိုပါလျင် ပြုလုပ်ပေးနိုင်ကြောင်း ကမ်းလှမ်းလာခဲ့သည်။ (ယင်း အီကေအမ်များကို improved ကီလို ဟုခေါ်ဆိုသည်)။ ကလပ်-အက်စ် ဒုံးပျံများသည် ရေပြင်ရေငုပ်ပစ်မှတ်များကိုသာမက မြေပြင်ပစ်မှတ်များကိုပါ ကီလိုမီတာ ၃၀၀ခန့်မှနေ၍ တိကျစွာ ပစ်ခတ်နိုင်သော အမျိုးအစားဖြစ်သည်။ (သင်္ဘောများကို ကီလိုမီတာ ၄၀၀ခန့်၊ ရေငုပ်သင်္ဘောများကို ကီလိုမီတာ ၂၂၀ခန့်၊ မြေပြင်ကို ၃၀၀ကီလိုမီတာအထက် ဒုံးကျည်အမျိုးစားများပေါ်တွင် မူတည်၍ ပစ်ခတ်နိုင်သည် ) ( အရည်အသွေးလျော့ချမထားသော ရုရှားတပ်မတော်သုံးတွင် ကီလိုမီတာ ၆၀၀-၉၀၀နှင့် အထက်ပစ်ခတ်နိုင်သည်)။ 

၈၇၇အီးကေအမ်နှင့် ပက်သက်သော အချက်အလက်များမှာ
တန်- ၂၃၀၀
အရှည်-၇၂မီတာ၊ အကျယ်၉.၉မီတာ
သင်္ဘောသား- ၅၂ဦး
စစ်ဆင်နိုင်သောရက်-၄၅ရက်
ရေငုပ်နိုင်သောအနက်-မီတာ၃၀၀
စစ်ဆင်နိုင်သောအကွာအဝေး-ကီလိုမီတာ၆ထောင်
အမြန်နုန်း-ပျမ်းမျတစ်နာရီ ရေမိုင်၁၇မိုင်
လက်နှက်ပစ်စင်-၅၃၃မီလီမီတာ တော်ပီတိုပြွန်၆ခု
လက်နှက်အမျိုးအစား-ဒုံးကျည်-၄လုံး၊ မိုင်း ၂၄ခု၊ တော်ပီတို၁၈
ပစ်ခတ်နိုင်သော အကွာအဝေး- ကီလိုမီတာ၄၀၀

(၈၇၇ အတန်းအစားများအတွက် အီး သည် ပြင်ပတင်ပို့အမှတ်အသား၊ ကေသည် အဆင့်မြင့်ပစ်ခတ်မှုနှင့် အမိန့်ပေးစနစ် အဆင့်မြင့်တင်ခြင်း အမှတ်အသား၊ အမ်သည် လမ်းညွှန်စနစ်များနှင့် အဆင့်မြင့် ရေဒါများ ဒုံးပျံများ တပ်ဆင်သည့် အမှတ်အသားအဖြစ် မှတ်ယူရသည်။ ရုရှားရေတပ်အတွက် ၈၇၇အမျိုးအစား အစင်း၃၀ တည်ဆောက်ရန် ယာထားခဲ့ပြီး ၂၀၀၀ခုနှစ်အထိ ၁၅စင်း တည်ဆောက်ပြီးစီးခဲ့သည်။ ထို၂၀၀၀ခုနှစ် အချက်အလက်များအရ ၁၄စင်းကို အမ်(အီးကေအမ်) အဆင့် မြင့်တင်ပြီးစီးခဲ့ပြီး တစ်စင်းကို တွန်းကန်အားသုံးရေအောက် ဂျက်အင်ဂျင်ဖြင့် စမ်းသပ်ထုတ်လုပ်ထားရှိသည်။ တည်ဆောက်ရန်ကျန် ၁၅စင်းများထဲမှ ၇စင်းကို (အဆင့်မြင့်တင်ခြင်း ရှိမရှိ မသိရပဲ) အရန်အဖြစ် သိမ်းဆည်းထားခဲ့သည်။ ရုရှားတပ်မတော်သုံး ၈၇၇များသည် အစ်ဂလာကဲ့သို့ တာတိုပစ် လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များကို ပစ်ခတ်နိုင်သည်။ ကျန်၇စင်းကို ၆၃၆ ကီလို အတန်းအစားများအဖြစ် အဆင့်မြင့်ထုတ်လုပ်ခဲ့သည်။(ဟုယူဆနိုင်) ၂၀၀၀ခုနှစ် နောက်ပိုင်းရုရှားတပ်မတော်တွင် ၈၇၇အမ် အမျိုးအစား ရေငုပ်သင်္ဘော စုစုပေါင်း ၁၄စင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၁၉၉၈ခုနှစ် အချက်အလက်များအရ ပြင်ပသို့ ၈၇၇အမျိုးအစား ၂၄စင်း(၂၁စင်းစာရင်းရှိ) ရောင်းချခဲ့ပြီး အီရန်မှအပ ကျန်နိုင်ငံများကို အီးကေအမ် အဆင့် မြင့်တင်ပေးခဲ့ပြီးဖြစ်သည်။ ၁၉၉၇ခုနှစ်တွင် ၈၇၇အစား ၆၃၆ အမျိုးအစားများ ထုတ်လုပ်ခြင်းစတင်ခဲ့သည်)

ပရောဂျက်၆၃၆

   ၆၄၁ တန်ဂိုများ၊ ၆၄၁ကေများ၊ ၈၇၇အီးကေအမ် များထက် သာလွန်သော ရေငုပ်သင်္ဘောအဖြစ် ၆၃၆ အမျိုးအစားများ ထွက်ပေါ်လာခဲ့သည်။ ထိုရေငုပ်သင်္ဘောသည် ၈၇၇အီးကေအမ်များထက်
၁-လျပ်စစ်အင်ဂျင်များစွာ သာလွန်ကောင်းမွန်ခြင်း
၂-လှုပ်ရှားမှု ပိုမိုမြန်ဆန်လာခြင်း
၃-တာဝေးပိုမို စစ်ဆင်လာနိုင်ခြင်း
၎-အသံပိုမိုတိတ်ဆိတ်ခြင်းနှင့် ရေဒါဖျောက်ဆေးများ သုတ်ထားနိုင်ခြင်း တို့သာလွန်ပါသည်။ ယခင်၈၇၇ အမျိုးအစားများသည် ကမ်းခြေစောင့်နှင့် အစောင့်လိုက် သင်္ဘောများအဖြစ်သာ ရည်ရွယ်ခဲ့တာဖြစ်လို့ ဒုံးပျံစနစ်များ ပစ်ခတ်ရာတွင် ရှိခဲ့သော ကန့်သတ်ချက် အနည်းငယ်ကို ပြုပြင်ကာ ၆၃၆ အမျိုးအစားသည် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောအဖြစ် သီးခြားတည်ဆောက်ခဲ့သည်။ မြေပြင်တိုက်ခိုက်ရေး အတွက် ပိုမိုကွာဝေးသော အကွာအဝေးမှ ပစ်ခတ်နိုင်ပြီး၊ ရေဒါသုတ်ဆေးများနှင့် ရေဒါဖိဖျက်စနစ်များ၊ ပိုမိုတိတ်ဆိတ်သော သင်္ဘောဒီဇိုင်းနှင့် လက်နှက်စနစ်သစ်များကြောင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ကွန်ယက်ဖြင့် စစ်ဆင်နေသော သင်္ဘောများကိုပင် ထိုကွန်ယက်၏ ပြင်ပမှနေ၍ တိုက်ခိုက်နိုင်စွမ်း ရှိလာခဲ့သည်။ အဆင့်မြင့် လေသန့်စနစ်နှင့် ရေသန့်စနစ်များကိုလဲ တပ်ဆင်အသုံးပြုခဲ့သည်။ 

ပရောဂျက်၆၃၆နှင့် ပက်သက်သော အချက်အလက်များမှာ-
တန်- ၂၃၅၀
အရှည်-၇၃.၈မီတာ၊ အကျယ်၉.၉မီတာ
သင်္ဘောသား- ၅၂ဦး
စစ်ဆင်နိုင်သောရက်-၄၅ရက်
ရေငုပ်နိုင်သောအနက်-မီတာ၃၀၀
စစ်ဆင်နိုင်သောအကွာအဝေး-ကီလိုမီတာ၇၅၀၀
အမြန်နုန်း-ပျမ်းမျတစ်နာရီ ရေမိုင်၂၀မိုင်
လက်နှက်ပစ်စင်-၅၃၃မီလီမီတာ တော်ပီတိုပြွန်၆ခု
လက်နှက်အမျိုးအစား-ဒုံးကျည်-၄လုံး၊ မိုင်း ၂၄ခု၊ တော်ပီတို၁၈(အစ်ဂလာ တာတို ရေပြင်မှ ဝေဟင်ပစ်များပါ ပစ်ခတ်နိုင်သည်)
ပစ်ခတ်နိုင်သော အကွာအဝေး- ကီလိုမီတာ၄၀၀
ထို၈၇၇နှင့် ၆၃၆ အမျိုးအစားများသည် ဒုတိယမျိုးဆက် ရေငုပ်သင်္ဘောများအဖြစ် အကြမ်းဖျင်း သတ်မှတ်နိုင်သည်။

အာမူရာ ၉၅၀နှင့် ၁၆၅၀
 
    အမြတ်အစွန်းနှင့် အောင်မြင်မှု များစွာရရှိသော ရေငုပ်သင်္ဘော ကုမ္ဗနီ ရော်ဘင်သည် ရိုဘော့တစ် နည်းပညာများ၊ ခေတ်မှီ အီလက်ထောနစ်စစ်ပွဲများ၊ ဂျိုလ်တုသုံးစနစ်များနှင့် အော်တိုမက်တစ် နာနိုစနစ်များကို အသုံးပြုကာ တတိယမျိုးဆက် ရေငုပ်သင်္ဘောများကို တည်ဆောက်လာခဲ့သည်။ အမျိုးအစား များစွာ စမ်းသပ်ထုတ်လုပ်ပြီးနောက် တန်၉၅၀ရှိသော အမျိုးအစားကို အာမူရာ ၉၅၀ခု ခေါ်ဆို၍ ၁၆၅၀တန်ရှိသော အမျိုးအစားကို အာမူရာ၁၆၅၀ခု ခေါ်ဆိုခဲ့သည်။ ယင်းတို့ ပေါ်ထွက်လာသောအခါ ကီလိုအတန်းအစားများသည် အသံဆူသော အဆင့်ကို တန်းဆင်းသွားခဲ့သည်။ ဒီဇယ်အင်ဂျင်ကို မခုတ်မောင်းပဲ လျပ်စစ်အင်ဂျင်ဖြင့် ၆ရက်တာ စစ်ဆင်နိုင်သော ကီလိုများကို အာမူရာများက ၁၀ရက်ဖြင့် စံချိန်ချိုးခဲ့သည်။ ပေါ့ပါးလျင်မြန်ပြီး သင်္ဘောသားဦးရေ ထက်ဝက်ခန့်လျော့နည်းကာ တာဝန်ထမ်းဆောင်နိုင်သည်။ ရေပြင်မရွေး၊ ရာသီဥတု မရွေး တာဝန်ထမ်းဆောင်နိုင်ပြီး ရေအောက်ကြမ်းပြင်ပုံကို အလျိုလျောက်ထောက်လှမ်းကာ မောင်းနှင်နိုင်သည့် စနစ်လဲ ထည့်သွင်းထားသည်။ နေရောင်ခြည်စွမ်းအင်ဖြင့် လျပ်စစ်အားသွင်းစနစ်ကို ထည့်သွင်းထားသဖြင့် နေရောင် အနည်းငယ်ရနိုင်လျင်ပင် ဒီဇယ်အင်ဂျင်မောင်းနှင်စရာ မလိုပဲ လျပ်စစ်အင်ဂျင်ဖြင့် ခုတ်မောင်းနေနိုင်သည်။ ဝယ်ယူသူ စိတ်ကြိုက် အဆင့်မြင့်လက်နှက်စနစ်များ တပ်ဆင်ပေးနိုင်သော်လည်း ရေခဲခွဲနိုင်သည့် စွမ်းအင် လျော့နည်းသဖြင့် ရုရှားတပ်မတော်က မှာယူအသုံးပြုခဲ့ခြင်းမရှိပေ။
၉၅၀နှင့် ၁၆၅၀ကို စုံတွဲဟုခေါ်ဆိုကြပြီး အတွဲလိုက် တာဝန်ထမ်းဆောင်လျင် အလွန်အစွမ်းထက်သော စစ်ဆင်ရေးစွမ်းအားကို ရရှိနိုင်သည်။

အာမူရာ၉၅၀
    ယင်းသင်္ဘော၏ ထူးခြားချက်မှာ ဒေါင်လိုက်ပစ်စင်များ ပါရှိခြင်းဖြစ်ပြီး လျင်မြန်စွာ လှုပ်ရှား စစ်ကစားနိုင်သည်။ ဒေါင်လိုက်ပစ်စင်၁၀ခုနှင့် တော်ပီတိုပြွန်၎ခုပါရှိပြီး ထိုတော်ပီတိုပြွန်များမှလဲ လေကာဒုံးများ၊ သင်္ဘောဖျက်ဒုံးများ၊ တော်ပီတိုများ၊ မိုင်းများ ကို စစ်ဆင်ရေးအလိုက်သယ်ဆောင် ပစ်ခတ်နိုင်သည်။ အပို ဒုံးကျည်(သို့) တော်ပီတို ၂လုံး သယ်ဆောင်နိုင်သည်။ အာမူရာ၉၅၀မှာ ဘောလုံးကွင်း ၁၀ကွင်းစာ ပျက်စီးသွားစေနိုင်သော အဖျက်စွမ်းအားအတွက် ပစ်ခတ်ချိန် ၂မိသာယူရန်လိုသည်။ သင်္ဘောသား ၁၈ဦးတည်းဖြင့် တာဝန်ထမ်းဆောင်နိုင်သည်။
အာမူရာ ၁၆၅၀
    ယင်းသင်္ဘောသည် ပိုမိုကြီးမားသော သင်္ဘောဖြစ်ပြီး အမိန့်ပေးကွပ်ကပ်ရေးယာဉ် အဖြစ်သုံးနိုင်သည်။ ကွန်မင်ဒိုများသယ်ပို့ ချထားခြင်းအပြင် ထောက်လှမ်းရေးလုပ်ငန်းများလဲ ဆောင်ရွက်နိုင်သည်။ ဒေါင်လိုက်ပစ်စင်များ မပါရှိပဲ တော်ပီတိုပြွန် ၆ခုပါရှိပြီး၊ မြေပြင်၊ ဝေဟင်၊ ရေပြင်၊ ရေအောက် အတွက် ဒုံးပျံများ၊ တော်ပီတိုများ၊ မိုင်းများ သယ်ဆောင်ပစ်ခတ်နိုင်သည်။ အလျိုလျောက် ကျည်ထိုးစနစ်များ အသုံးပြုမှုကြောင့် လက်နှက်ရွေးချယ်ခြင်းနှင့် ကျည်ထိုးခြင်းတို့ကို အလျိုလျောက်ပြုလုပ်လာနိုင်ပြီး တော်ပီတိုပြွန်တွင်းရှိလက်နှက်ကို တစ်မိနစ်အတွင်း၊ အပြင်ရှိလက်နှက်ကို ၃မိနစ်အတွင်း ပစ်ခတ်နိုင်သည်။ (ကီလိုများတွင် အလျိုလျောက်စနစ် အဆင့်မြင့်တင်ထားပါက တော်ပီတိုပြွန်တွင်းရှိလက်နှက်ကို ၁မိနစ်အတွင်း၊ အပြင်ရှိ လက်နှက်ကို နောက်ထပ် ၅မိနစ်မှ ၈မိနစ်အတွင်း) သင်္ဘောသား ၃၅ဦးတည်းဖြင့် တာဝန်ထမ်းဆောင်နိုင်သည်။ 

အီမူရာ ၉၅၀နှင့် ၁၆၅၀ တို့နှင့် ပက်သက်သော အချက်အလက်များမှာ
           

၉၅၀
၁၆၅၀
တန်
၁၁၅၀
၁၇၆၀
အရှည်
၅၈.၈မီတာ
၆၆.၈မီတာ
သင်္ဘောသား
၁၈ယောက်
၃၅ယောက်
စစ်ဆင်နိုင်သောရက်
၃၀
၄၅
ရေငုပ်နိုင်သောအနက်
၃၀၀မီတာ
၃၀၀မီတာ
စစ်ဆင်နိုင်သော အကွာအဝေး
၃၀၀၀မိုင်
၆၀၀၀မိုင်
အမြန်နုန်းပျမ်းမျှ ရေမိုင်
၂၀မိုင်
၂၁မိုင်
လက်နှက်ပစ်စင်
ဒေါင်လိုက်၁၀၊ တော်ပီတို၎
၅၃၃မမ တော်ပီတိုပြွန်၆
လက်နှက်အမျိုးအစား
ဒုံးပျံ၁၀၊ တော်ပီတို၎၊ အခြား၂
၁၈
ပစ်ခတ်နိုင်သော အကွာအဝေး
၃၅၀ကီလိုမီတာ
၆၀၀ကီလိုမီတာ

အခြားနိုင်ငံတစ်ခု၏ ၂၀၁၀ခုနှစ်ခန့်က လျို့ဝှက် စာတမ်းငယ်တစ်ခုဟု ယူဆရပြီး၊ အခြေအနေ အရပ်ရပ်ကြောင့် ပုံများ ထည့်သွင်းခြင်းနှင့် အင်္ဂလိပ် အက္ခရာများ အသုံးပြုရေးသားခြင်းကို ရှောင်ရှားပြီး ဆောင်းပါးတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ နားလည်လက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။  

Sunday, February 16, 2014

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ပိုင်ဆိုင်လာမည့် Type- 035G Ming Class Submarine အား လေ့လာခြင်း

ဘင်္ဂလားဒေ့ရှ်သည် တရုတ်နှင့်၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ရေးထိုးခဲ့သော MOU နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံမှ Type- 035G Ming Class Submarine (၂)စီးအား အမေရိကန်ဒေါ်လာ ၂၀၃.၃ သန်းဖြင့် ဝယ်ယူရန် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ ထိုအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းတွင် ငွေပေးချေမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် Ming Class နှစ်စီးကို လက်ခံရရှိမည်ဖြစ်သည်။ မကြာမီကာလတွင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ အရာရှိ / စစ်သည်(၁၇)ဦးအား တရုတ်နိုင်ငံတွင် Submarine Course များ စတင်လေ့ကျင့်ပေးတော့မည်ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် Kutubdia Island တွင် Submarine Base တည်ဆောက်ရန် လိုအပ်သောပြင်ဆင်မှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ရှေ့ပြေးပထမမျိုးဆက်

တရုတ်လုပ် Type- 035 Submarine (NATO codename: Ming class) သည် ၁၉၄၄ ခုနှစ်ခန့်တွင် ပေါ်ပေါက်ခဲ့သော ဂျာမန်တို့၏ Type-XXIs (U- boat) အား အခြေခံ၍ ၁၉၅၀ ခုနှစ် ဝန်းကျင်ခန့်တွင် ဆိုဗီယက်တို့ တည်ဆောက်ခဲ့သည့် Type-033 / Romeo Class Submarine ဒီဇိုင်းအား တရုတ်တို့မှ ၁၉၆၉ ခုနှစ်ခန့်တွင် ပြန်လည်ဆန်းသစ်ထားသော ရေငုပ်သင်္ဘော ဖြစ်သည်။တစ်နည်းအားဖြင့် တရုတ်တို့၏ ပထမဦးဆုံး ကိုယ်တိုင်တည်ဆောက်ခဲ့သော ပြည်တွင်းဖြစ် သမားရိုးကျ Diesel-Electric Submarine အမျိုးအစားဆိုလျင်လည်း မမှားပေ။

တရုတ်တို့သည် Type- 035 Ming Class Submarine ရှေ့ပြေးပုံစံပထမမျိုးဆက် Prototype Variant (ES5C/D)အဖြစ် ကိုယ်ထည်အမှတ်- ၂၃၂ ၊ ၂၃၃ နှင့် အမှတ်မသိတစ်စီး စုစုပေါင်း(၃)စီးကို ၁၉၆၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်များအတွင်း တည်ဆောက်ခဲ့ပါသည်။ Type-035 Ming Class Submarine ပထမအစီးကို ၁၉၆၉ ခုနှစ် အောက်တိုဘာလတွင် Wuhan Shipyard ၌ စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၁ ခုနှစ် ဇူလိုင်လတွင် ရေချနိုင်ခဲ့ကာ ၁၉၇၄ ခုနှစ် ဧပြီလတွင် တပ်တော်ဝင်ခဲ့ပါသည်။ Ming Class Submarine ပထမမျိုးဆက်များသည် ဒီဇိုင်းအရ အထွေထွေအားနည်းချက်များ တွေ့ရှိခဲ့သဖြင့် ၁၉၈၀ ခုနှစ်အလွန်တွင် ဖျက်သိမ်းခဲ့သည်။

ဒုတိယမျိုးဆက် Ming Class

၁၉၈၃ ခုနှစ်တွင် အားနည်းချက်ရှိနေသော Submarine ဒီဇိုင်းအား ပြန်လည်စီစစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် Ming Class Submarine ဒုတိယမျိုးဆက်များ ထုတ်လုပ်ရန် ပြင်ဆင်ခဲ့သည်။ ထိုမှစ၍ Ming Class ဒုတိယမျိုးဆက် Production Variant (ES5E)အဖြစ် ကိုယ်ထည်အမှတ်- ၃၄၂ ၊ ၃၅၂ ၊ ၃၅၃ ၊ ၃၅၄ ၊ ၃၅၆ ၊ ၃၅၇ ၊ ၃၅၈ ၊ ၃၅၉ ၊ ၃၆၀ ၊ ၃၆၁ ၊ ၃၆၂ နှင့် ၃၆၃ စုစုပေါင်း (၁၂)စီးကို ၁၉၈၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်များအတွင်း တည်ဆောက်ထုတ်လုပ်နိုင်ခဲ့သည်။ ယင်းတို့အနက် ကိုယ်ထည်အမှတ်-၃၆၁ သည် AIP- Air Independent Propulsion ( အောက်ဆီဂျင်အစားထိုးနှင့် သုံးစွဲမှုလျော့ချမောင်းနှင်မှုစနစ် / အသံဆူညံမှုထိန်းချုပ်၍ ထောက်လှမ်းသိရှိနိုင်မှု ကာကွယ်ခြင်းစနစ်) တပ်ဆင်စမ်းသပ်မောင်းနှင်ရာမှ Diesel Engine စက်ချို့ယွင်း၍ ၂၀၀၃ ခုနှစ် ဧပြီလ(၁၆)ရက်နေ့တွင် မတော်တဆနစ်မြုပ်ခဲ့ရာ ရေယာဉ်ပေါ်ပါ အရာရှိ / စစ်သည် စုစုပေါင်း (၇၀)ဦးလုံး ဆုံးရှုံးခဲ့ပါသည်။

တရုတ်တို့သည် အဆိုပါဒုတိယမျိုးဆက် ထုတ်လုပ်မှုကာလများအတွင်း ၁၉၉၀ ခုနှစ် ဝန်းကျင်ခန့်တွင် ပို၍အဆင့်မြင့်သော မျိုးဆက်သစ် Type-039 Song Class Submarine အစီအမံကိုလည်း တစ်ချိန်တည်းဆောင်ရွက်ခဲ့သဖြင့် ဒုတိယမျိုးဆက်အစီအစဉ်များ နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ရသည်။

ဖော်ပြပါ Type- 035 Ming Class Submarine ပထမနှင့်ဒုတိယမျိုးဆက်များသည် Type-033 / Romeo Class Submarine ၏ Hull Design နှင့် Arrangement တို့ကို ရာနူန်းပြည့်အခြေခံကာ ဒီဇယ်အင်ဂျင်အဆင့်မြှင့်တင်ခြင်း၊ ရေခုခံမှုနည်းစေရန် ကိုယ်ထည်ပုံစံအနည်းငယ်ပြင်ဆင်ခြင်းနှင့် ရေအောက်သွားနူန်းပိုလာစေရန် လိုအပ်သော Mechanism များ ပြောင်းလဲခြင်းကို အဓိကဆောင်ရွက်ခဲ့သော်လည်း ထိန်းချုပ်မောင်းနှင်မှုနှင့် တိုက်ပွဲဝင်ကွပ်ကဲမှုစနစ်များ Command Systems ၊ အသံလှိုင်းသုံးအာရုံခံစနစ် Sonar နှင့် တန်ပြန်ထောက်လှမ်းစောင့်ကြည့်ရေးစနစ်များ Countermeasures တို့မှာ ထူးခြားစွာပြောင်းလဲခြင်း မရှိခဲ့ပေ။

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ပိုင်ဆိုင်လာမည့်တတိယမျိုးဆက်

ထိုမှတဆင့် (ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ယခုမှာယူထားသည့်) ပို၍အဆင့်မြင့်သော Ming Class Submarine တတိယမျိုးဆက် Type- 035G (ES5F)အဖြစ် ကိုယ်ထည်အမှတ်- ၃၀၅ ၊ ၃၀၆ ၊ ၃၀၇၊ ၃၀၈၊ ၃၀၉ နှင့် ၃၁၀ စုစုပေါင်း(၆)စီးကို ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း တည်ဆောက်ထုတ်လုပ်နိုင်ခဲ့သည်။

အဆိုပါ တတိယမျိုးဆက်တွင် အဆင့်မြင့်ထားသော Fire Control System နှင့် ပြည်တွင်းဖြစ် Combat Data System များ တပ်ဆင်ထားသည်။ အသံဆူညံမှုနှင့်တုန်ခါမှုကို သိသာစွာလျှော့ချနိုင်ရန် အသံစုပ် အနက်ရောင် Damping ပြားများကို ကိုယ်ထည်တွင်ဖုံးအုပ်ထားကာ ရေသွင်း/ရေထုတ် ပြွန်အပေါက်များကိုလည်း ဒီဇိုင်းအသစ် ပြုပြင်ထားသည်။ ထို့ပြင်လိုအပ်သော စက်ပစ္စည်းကရိယာများ ထပ်ဆောင်းတပ်ဆင်ထားသောကြောင့် မူလကိုယ်ထည်အရှည်ထက် (၂)မီတာခန့်ပိုရှည်လာပြီး ရေအောက်သွားနူန်းမှာလည်း ပိုမိုမြန်ဆန်လာသည်။ အချို့သတင်းအရင်းအမြစ်များအရ ယင်းတွင် AIP- Air Independent Propulsion တပ်ဆင်ထားပြီး Snorkel ဖြင့် လေဖြည့်သွင်းရန်မလိုပဲ ရေအောက်တွင် အကြာဆုံး(၃)ပါတ်ခန့်အထိ နေနိုင်သည်ဟု ဆိုပါသည်။

ဖော်ပြပါ Ming Class Submarine ဒုတိယမျိုးဆက် (၁၁)စီးနှင့် တတိယမျိုးဆက် (၆)စီး စုစုပေါင်း(၁၇)စီးမှာ လိုအပ်သောအဆင့်မြှင့်တင်မှုများပြုလုပ်၍ တရုတ်ရေတပ်တွင် လက်ရှိအချိန်အထိ ထဲထဲဝင်ဝင်အသုံးပြုလျက်ရှိပြီး ရေတပ်လေ့ကျင့်ခန်းများတွင် လည်းကောင်း၊ တရုတ်-ဂျပန် အငြင်းပွားရေပြင်နှင့် ဂျပန်ရေပြင်ပိုင်နက်အတွင်းတွင် လည်းကောင်း မကြာခဏတွေ့ရှိရကြောင်း သတင်းမီဒီယာများက ဖော်ပြကြသည်။

Type- 035 Ming Class Submarine ၏ Specification များမှာ အောက်ပါအတိုင်းဖြစ်သည်-

Displacement (Surface) : 1,584 tonnes (1,559 long tons)
Displacement (Submerged): 2,113 tonnes (2,080 long tons)
Length: 76 m (249 ft 4 in)
Beam: 7.6 m (24 ft 11 in)
Draft: 5.1 m (16 ft 9 in)
Speed: 15 knots (28 km/h) surfaced, 18 knots (33 km/h) submerged
Propulsion: Diesel - Electric Arrangement / 2 Shaanxi 6E 390 ZC1, 5200 hp (3.82MW) / 2 Xiangtan Alternators and 2 Shafts
Complement: 57 (10 officers)

တပ်ဆင်ထားသော Torpedo များ

Ming Class Submarine တွင် ရှေ့ပိုင်း(Bow)၌ Torpedo Tube (၆)ခုနှင့် နောက်ပိုင်း(Stern)၌ Torpedo Tube (၂)ခု ပါရှိသဖြင့် Tube များထဲတွင် Torpedo (၈)လုံးနှင့် Storage Rack တွင် Torpedo (၁၀)လုံး စုစုပေါင်း Torpedo (၁၈)လုံး တင်ဆောင်နိုင်ကြောင်းနှင့် Tube များထဲတွင် Torpedo (၈)လုံးအစား မိုင်း(၃၂)လုံးကိုလည်း ထည့်သွင်းတင်ဆောင်နိုင်ကြောင်း သိရသည်။ အသုံးပြုတပ်ဆင်နိုင်သော Torpedo အမျိုးအစားများမှာ Yu-4 နှင့် Yu-1 တို့ ဖြစ်သည်။

Yu-4 Torpedo သည် ဆိုဗီယက်လုပ် Anti-Surface Warfare သုံး SAET-50 ကို အခြေခံထုတ်လုပ်ထားသော Passive Homing Torpedo အမျိုးအစားဖြစ်ပြီး နှစ်ပေါင်းများစွာ နည်းလမ်းအမျိုးမျိုးဖြင့် ဆင့်ကဲဆင့်ကဲ တီထွင်စမ်းသပ်ခဲ့ရာ ၁၉၈၇ ခုနှစ် မတ်လတွင် အားနည်းချို့ယွင်းချက်များကို ကျော်လွှားနိုင်ခဲ့သော တရားဝင်အသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။အမြန်နူန်း (၃၀)ရေမိုင် (တစ်နာရီလျင် ၅၆ကီလိုမီတာ) နှင့် ထိရောက်မှုအကွာအဝေး (၆)ကီလိုမီတာအထိ တိုးတက်လာခဲ့သည်။ထိုမှတဆင့် ဆက်လက်စမ်းသပ်တီထွင် အဆင့်မြှင့်တင်ခဲ့ရာ လက်ရှိအခြေအနေတွင် High Explosive Warhead အလေးချိန် (၄၀၀) ကီလိုဂရမ်ဖြင့် ရေပေါ်ပစ်မှတ်များသို့ အမြန်နူန်း (၄၀)ရေမိုင်နူန်းနှင့် ထိရောက်မှုအကွာအဝေး (၁၅)ကီလိုမီတာအထိ ပစ်ခတ်တိုက်ခိုက်နိုင်သောအဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။

Yu-4 Torpedo ၏ Specification များမှာ အောက်ပါအတိုင်းဖြစ်သည်-
Diameter: 533 mm
Length: 7.75 m
Weight: 1,775 kg (1,628 kg for the training version)
Warhead: 309 kg / 400 kg
Guidance: acoustic homing: Yu-4A: passive, Yu-4B: active/passive
Propulsion: electrical, silver-zinc battery
Range and Speed: 6 km (original) @ 30 knots (56 km/h), 15 km (upgraded) @ 40 knots (74 km/h)

Yu-1 Torpedo သည် ဆိုဗီယက်လုပ် Anti-Surface Warfare သုံး Type-53 Unguided Straight Running Torpedo ကို အခြေခံကာ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် အားနည်းချို့ယွင်းချက်များနှင့် ထုတ်လုပ်ကုန်ကျစရိတ်ကြီးမားသော Oxygen Powered Torpedo အဖြစ်လည်းကောင်း၊ ထိုမှ ထိန်းသိမ်းပြုပြင်မှုနှင့် ထုတ်လုပ်စရိတ်သက်သာပြီး Oxygen Powered သုံးထက် ထိရောက်မှုအကွာအဝေးနည်းသည့် Stream Powered Torpedo အဖြစ်လည်းကောင်း၊ ထိုမှ ၁၉၇၁ ခုနှစ် စက်တင်ဘာလတွင် Passive Acoustic Homing Torpedo အဖြစ်လည်းကောင်း၊ ထိုမှ Anti-Surface နှင့် Anti-Submarine Warfare နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် Passive Acoustic Homing Guidance Torpedo အဖြစ်လည်းကောင်း စသည်ဖြင့် ဆင့်ကဲဆင့်ကဲ တိုးတက်လာခဲ့သည်။ High Explosive Warhead မှာ အလေးချိန် (၄၀၀) ကီလိုဂရမ်ရှိပြီး အဝေးဆုံးအကွာအဝေး (၉.၂)ကီလိုမီတာအား အမြန်နူန်း (၃၉)ရေမိုင် / အကွာအဝေး (၃.၇)ကီလိုမီတာအား အမြန်နူန်း (၅၁)ရေမိုင်ဖြင့် ပစ်လွှတ်တိုက်ခိုက်နိုင်သည်။

Yu-1 Torpedo ၏ Specification များမှာ အောက်ပါအတိုင်းဖြစ်သည်-
Weight - 2,000 kg
Length - 7.8 m
Diameter - 533 mm
Warhead Weight - 400 kg
Engine - Steam
Operational Range -3.5 km at 50 knots / 9 km at 39 knots
Speed - 39 to 50 knots
Guidance System - Straight running gyroscopic, later upgraded to passive acoustic homing

အဆိုပါ Yu-4 နှင့် Yu-1 တို့အား CAPTOR Mine (Torpedo နှင့် Sonar တွဲဖက်အသုံးပြုသောမိုင်း) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Torpedo အဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

SENSORS / COUNTERMEASURES

Type- 035 တွင် ရှာဖွေထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးအတွက် Active / Passive နှစ်မျိုးလုံး အသုံးပြုနိုင်သည့် Medium-Frequency သုံး Pike Jaw Hull Mounted Sonar တပ်ဆင်ထားပြီး နောက်ပိုင်းတွင် H/SQ2-262C အမျိုးအစား Sonar ဖြင့် အစားထိုးလဲလှယ်ခဲ့သည်။ ပို၍အဆင့်မြင့်သော တတိယမျိုးဆက် Type- 035G တွင် အကွာအဝေးထောက်လှမ်းခြင်းနှင့် ကြားဖြတ်ဖမ်းယူထောက်လှမ်းရေးအတွက် Low Frequency သုံး Sintra DUUX 5 Passive Sonar ကိုပါ ထပ်မံထည့်သွင်း တပ်ဆင်အသုံးပြုခဲ့သည်။ Type- 035 နှင့် Type- 035G နှစ်မျိုးလုံးတွင် Surface အတွက် I-Band Search Radar ကို တပ်ဆင်ထားသည်။

Countermeasure တွင် ESM- Electronic Support Measure ၊ Radar Warning Receiver နှင့် Direction Finder တို့ တပ်ဆင်အသုံးပြုထားသည်။

ယနေ့ခေတ်နှင့် Ming Class Submarine များ

Ming Class Submarine များအား ယနေ့ခေတ်မီ နိုင်ငံတကာရေတပ်စံနူန်းများနှင့် ချိန်ထိုးကြည့်ပါက ယေဘုယျအားဖြင့် ခေတ်နောက်ကျသည်ဟု ဆိုနိုင်ပါသည်။ အဓိကမှာ ယင်း၏ အသံထိန်းချုပ်နိုင်မှု အားနည်းချက်ကြောင့် ခေတ်မီ ASW System များဖြင့် ရှာဖွေထောက်လှမ်းခံရနိုင်ခြင်း ဖြစ်သည်။ထို့ပြင် ကမ်းလွန်ရေနက်ပိုင်း စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရာတွင်လည်း Kilo Class နှင့် Type-039 Song Class တို့နှင့်နိုင်းယှဉ်ပါက တစ်ပမ်းရှုံးနေသောအနေအထား တွေ့ရသည်။

သို့ရာတွင် ရေ/လေ/လှိုင်း/ရေအောက် သဘာဝအခြေအနေအမျိုးမျိုးကြောင့် အသံရှုပ်ထွေးမှုများ ဖြစ်ပေါ်လေ့ရှိသော ကမ်းရိုးတန်းရေပြင်တွင် အသွင်ယူလှုပ်ရှားနိုင်သဖြင့် ကမ်းရိုးတန်းကာကွယ်ရေး (Coastal Defence) နှင့် ကင်းလှည့်စောင့်ကြပ်ရေး (Patrol / Surveillance) တာဝန်များအတွက် အသုံးတည့်ပြီး ကုန်ကျစရိတ် သက်သာသော Low Cost Solution တစ်ခုကို ယနေ့အချိန်အထိ ထိထိရောက်ရောက် ပေးနိုင်စွမ်းရှိပါသည်။ယင်းသည်ပင် Budget ကန့်သတ်ချက်ရှိသော Coastal Navy တစ်ခု၏ Defensive နှင့် Denial Role အတွက် တွက်ခြေကိုက်သော ကနဦးပထမအဆင့်အဖြစ် ရွေးချယ်စဉ်းစားရန် ဘောင်ဝင်နေသော အကြောင်းပြချက် ဖြစ်နေပါသည်။

ထို့ပြင် ပတ်ဝန်းကျင်ရေတပ်များ၏ Capability နှင့် ရေပြင်အနေအထားကို တိုင်းဆသုံးသပ်ကာ လိုအပ်သလို Offensive အသွင်ဆောင်၍ ထိရောက်သော Threat ကို အရပ်ဖက်/စစ်ဖက် နေရာအနှံ့အပြားတွင် ပေးနိုင်ဖွယ်ရှိသည်ဟုလည်း ယေဘုယျအားဖြင့် စဉ်းစားနိုင်သည်။

(ဆက်လက်ဖော်ပြပါဦးမည်)

မောင်မုတ်သုန်( Myanmar Navy မှကူးယူဖေါ်ပြပါသည်)

အမောင်းသင်တိုက်လေယာဉ် များအတွက် အတွေးတစ်စ

တပ်မတော်လေတွင် လက်ရှိ အသုံးပြုနေတဲ့ တိုက်ခိုက်ရေးလေယာဉ်(light attacker & Advance jet trainer)တွေအဖြစ် ယူဂိုဆလပ်နိုင်ငံထုပ် G-4 super galeb နဲ့ K-8/K-8W Karakoram ဆိုပြီးမျိုးကွဲ သုံးမျိုးကို အသုံးပြုလျှက်ရှိပါတယ်။

G-4 super galeb


ထိုအထဲတွင် G-4 လေယာဉ် ထုပ်လုပ်သော ယူဂိုဆလပ်၏ မူလရည်ရွယ်ချက်မှာ attackerအဖြစ်အသုံးပြုရန် ထုပ်လုပ်ထားပြီး ကျန် advance jet trannierတွေထက် payload အများအပြား ပိုမိုကောင်းမွန်နေပါတယ်။ ၁၉၉၁ခုနှစ်တွင် မြန်မာတပ်မတော်လေက အစီး၂၀မှာယူခဲ့သော်လည်း ယူဂိုဆလပ်ပြည်ထောင်စု ပြိုကွဲမည့် ဘော့စနီးယားအရေးအခင်းတွင် မဟာမိတ်များသည် ထိရောက်စွာ ပစ်ကူပေးနေသော G-4တိုက်လေယာဉ်များ အန္တာရယ်မှ လွတ်ကင်းရန် စက်ရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် တပ်မတော်လေအတွက် ပထမအသုတ် ၆စီးသာ ရောက်ရှိခဲ့ပြီး A-5လေယာဉ်များဖြင့် အစားထိုးဝယ်ယူခဲ့ရသည်။ ထိုအခါ G-4လေယာဉ်များအား advance jet trainer အဖြစ် အသုံးပြုနေသော AT-33 T-birdနေရာမှာ အစားထိုးခဲ့ပါတယ်။
 



K-8 Karakoram များကို ၁၉၉၈ခုနှစ်တွင် F-7ကဲ့သို့ Fighterများမောင်းနှင်ရာတွင် Combat readyအတွက် air to air သင်ခန်းစာများကို ကြိုတင်သင်ကြားပေးနိုင်ရန် ကနဦး တိုက်လေယာဉ် အမောင်းသင်လေယာဉ်အဖြစ် အသုံးပြုရန် ဝယ်ယူခဲ့သည်။

၂၁ရာစုတွင် သောင်းကျန်းသူနှိမ်နင်းရေး တာဝန်ထမ်းဆောင်နိုင်မည့် light attackerများ ခေတ်စားလာခဲ့သည်။ ၉/၁၁အရေးအခင်း နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ သောင်းကျန်းသူနှိမ်နင်းရေး အတွက် အသိတရားများ လမ်းပွင့်လာပါသည်။ သောင်းကျန်းသူနှိမ်နငိးရေးအတွက် အာဖဂန်စစ်ပွဲအတွင်း F-16နှင့် A-10ကဲ့သို့ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်သောအခါ အပ်နဲ့ထွင်းယူရမည်ကို ပေါက်ဆိန်နဲ့ပေါက်သကဲ့သို့ မလိုအပ်ပဲ ကုန်ကျစရိတ်ကြီးမြင့်နေပါသည်။ စစ်မျက်နှာစာ နှစ်ခုဖွင့်သောအခါ စီးပွားရေး ဂယက်ထသည် အထိ စိတ်ပျက်စရာဖြစ်ခဲ့ပေသည်။ ထိုကြောင့် အမေရိကန်လေတပ်သည် အထူးလေယာဉ်များထက် ဘက်စုံသုံး မျိုးကွဲလေယာဉ်များကို အသုံးပြုရန် ကြိုးပမ်းလာသည်။ ထိုအခါ သောင်းကျန်းသူနှိမ်နင်းရေးအတွက် စရိတ်စက သက်သာပြီး ထိရောက်စွာ ပြစ်ကူပေးနိုင်သည့် light attackerများကို ရွေးချယ်လာခဲ့သည်။ OXလေယာဉ်စီမံကိန်းဟု လျို့ဝှက် အမည်ပေးကာ counter-insurgency(COIN) လေယာဉ်များဖြစ်သော AT-6(PC-9ကို အမေရိကန်မှ လိုင်စင်ယူကာ ပြန်ထုတ်သည့် လေယာဉ်) ဆွန်ဇာလန်နိုင်ငံထုပ် PC-21လေယာဉ်နှင့် ဘရာဇီးနိုင်ငံထုတ် Super Tucano လေယာဉ်များ တင်ဒါခေါ်ယူခဲ့သည်။

တပ်မတော်လေ PC တိုက်လေယာဉ်များ

မြန်မာ့ တပ်မတော်လေမှလည်း ထိုအချက်ကို အမိအရယူကာ သောင်းကျန်းသူနှိမ်နင်းရေးနှင့် တန်းမြင့်ဂျက်လေယာဉ် သင်တန်းများ ပေးနိုင်ရန် K-8Wလေယာဉ်ကို TOTစာချုပ်ချုပ်ဆို၍ စက်ရုံလိုက်ဝယ်ယူ ထုတ်လုပ်ခဲ့သည်။ ထိုK-8Wတိုက်လေယာဉ်မှာ KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ခိုက်သော သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးတွင် မြေပြင်တပ်ဖွဲ့များကို ထိရောက်စွာ ပစ်ကူပေးနိုင်ခဲ့သည်။

မြန်မာ့တပ်မတော်လေ K-8W များ

သို့သော် K-8လေယာဉ်သည် တိုက်လေယာဉ် အမောင်းသင်လေယာဉ်တစ်စီးအဖြစ် အသုံးပြုရန် သင့်တော်မှု အားနည်းသောကြောင့် ကနဦးတိုက်လေယာဉ် အမောင်းသင်လေယာဉ်(lead in fighter trannier-LIFT) လေယာဉ်တစ်စီးကို ဝယ်ယူရန်အစားထိုးရန် လိုအပ်သည်။  မြန်မာ့တပ်မတော်လေ အတွက် သင့်တော်မည့် လေယာဉ် သုံးမျိုးကို နှိုင်းယှဉ် ဖော်ပြလိုက်ပါသည်။ထို လေယာဉ်များမှာ-

၁။FTC-2000(JL-9)mountain eagle
၂။L-15 Lead In Fighter trannier
၃။Yak-130တို့ဖြစ်ကျသည်။

FTC-2000(JL-9)mountain eagle

-ထုပ်လုပ်သည့်နိုင်ငံ-တရုပ်ပြည်သူ့သမ္မတနိုင်ငံ
-ထုပ်လုပ်သည့်ကုမ္ပဏီ-CATIC aircraft production Chengdu aeronautical factory

တရုပ်တပ်မတော်လေတပ်သည် ကျောင်းဆင်းခါစ တိုက်လေသူရဲလောင်းများကို ကြားခံလေ့ကျင့်ရေး တိုက်လေယာဉ်အဖြစ် F-7တိုက်လေယာဉ်များဖြင့် လေ့ကျင့်ပေးလျှက်ရှိသည်။ သို့သော် F-7တိုက်လေယာဉ်များသည် ကြားခံတိုက်လေယာဉ် စစ်စစ်မဟုတ်ပဲ တိုက်လေယာဉ်တစ်စီးဖြစ်ပေရာ K-8လေယာဉ်မောင်းတက်ခါစ လေသူရဲများအတွက် မောင်းနှင်ရခက်ခဲစေပါသည်။ထို့အတွက် သာမန်ပျံသန်းမူကို မနည်းသင်ကြားရသောအခါ နည်းဗျုဟာမြောက် တိုက်ခိုက်ရေးလေ့ကျင့်မှု အတွက်ထိရောက်မူမရှိပေ။ ထိုလေယာဉ်၏ အမြန်နှုန်း အလွန်အမင်းမြင့်မားမှု ဟာ တိုက်လေသူရဲငယ်လေးများအတွက် ကြီးမားသော ခြောက်လှန့်မူပင်ဖြစ်သည်။ ထို့ကြောင့် ကြားခံအစားထိုးရန် လေယာဉ်တစ်စီးအား အလျှင်အမြန်တည်ဆောက်ရေး တာဝန်ပေးအပ်လာသည်။ ထိုအခါ ယခုလက်ရှိရှိနေသော FT-7(JJ-7)ကို အဆင့်မြင့်တင်ခြင်းဖြင့် အလွယ်ကူဆုံးအစားထိုးမူပင်ဖြစ်သည်။ F-7မှာ F-7 interceptorကို multirole အဖြစ် စမ်းသပ်နေသော F-7MF စီမံကိန်းရှိနေပေသည်။ ထို F-7လေယာဉ်သည် ယခင်လေယာဉ်များကဲ့သို့ အင်ဂျင်လေဝင်ပေါက် intakeကို ရှေတွင်မထားပဲ ဘေးသို့ Side intakeအဖြစ် ထုတ်ထားသည်။

ယခင်လေယာဉ်၏ လေဝင်ပေါက်ထိပ်က ACPထဲတွင် ရေဒါတပ်ဆက်ရသောအခါ နေရာအခက်အခဲကြောင့် အားကောင်းသည့် ရေဒါတပ်ဆင်နိုင်ခြင်းမရှိပေ။ထိုကြောင့် side intakeအဖြစ်ထားကာ လေယာဉ်ဦး Noseတွင် ရေဒါတပ်ဆင်နိုင်ပေသည်။

ထိုပင်မဒီဇိုင်းကို အခြေခံကာ နှစ်ယောက်မောင်း အမောင်းသင်တိုက်လေယာဉ်အဖြစ် တည်ဆောက်ခဲ့သည်။ထိုလေယာဉ်သည် Mig-21 mongolကို အခြေခံယူတည်ဆောက်ထားသော FT-7Eလေယာဉ် ကိုယ်ထည်ကို အခြေခံကာ F-7MFဒီဇိုင်းကို ရောနှော၍ တည်ဆောက်ထားသည်။ ထိုလေယာဉ်အား J-10,Su-27,J-11ကဲ့သို့သော 4th generation တိုက်လေယာဉ်များအတွက် ရည်ရွယ်ကာ တည်ဆောက်ခဲ့သည်။ JL-9လေယာဉ်တောင်ပံကို FT-7Eလေယာဉ်တောင်ပံကဲ့သို့ ပင့်တင့်အားကောင်းမွန်မှု နဲ့ wing loading လျော့ချပေးနိုင်သော double delta wingကို တပ်ဆင်ထားသည်။ ထိုတောင်ပံသည် F-7Eကဲ့သို့ပင် leading edge flap မပါဝင်ပေ။ နောက်ထိုင်ခုံမှာ F-7လေယာဉ်ကဲ့သို့ ရှေ့ထိုင်ခုံနှင့် တတန်းတည်း ဖြစ်မနေပဲ အနည်းငယ်မြင့်တင်ကာ နောက်ထိုင်ခုံနည်းပြအတွက် ရှေ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်စေကာ သင်ကြားရလွယ်ကူစေရန် ပြုလုပ်ထားသည်။ယခင် FT-7အသုံးပြုသော WP-7Bအင်ဂျင်အစား F-7Eအတွက်အသုံးပြုသော WP-13Fအင်ဂျင်ကို အသုံးပြုထားသည်။ အီတလီနိုင်ငံလုပ် Grifo S-7 PESAရေဒါကို အသုံးပြုထားပြီး electronic counter အဖြစ်အသုံးပြုနိုင်ရန် podများလည်း တပ်ဆင်နိုင်သည်။ F-7လေယာဉ်များကဲ့သို့ တောင်ပံအောက် pylonလေးခုနှင့် ကိုယ်ထည်တွင် တစ်ခု(အပိုဆီတိုင်ကီနှင့် တခြားစစ်ဆင်ရေးသုံး podများသာတပ်ဆင်နိုင်)တပ်ဆင်နိုင်သည်။ payloadအဖြစ် 2000kgအဖြစ်ငယ်ဆောင်နိုင်သည်။ အသံထက်၁.၅ဆအထိပျံသန်းနိုင်သည်။

FTC-2000(JL-9)၏ စွမ်းဆောင်ရည်များမှာ အောက်ပါအတိုင်းဖြစ်သည်
-အင်ဂျင်-WF-13P turbojet engine
-တွန်းကန်အားအချိုး-0.86
-အများဆုံးပျံနိုင်သောနှုန်း-အသံခက်၁.၅ဆ
-စစ်ဆင်နိုင်သော အကွာအဝေး-၂၈၉မိုင်
တပ်ဆင်နိုင်သော လက်နက်-PL-5,PL-7,PL-9(တာတိုပြစ်)PL-11(တာလတ်ပြစ်)နှင့် ဝေဟင်-မြေပြင်ပြစ် လေဆာပဲ့ထိန်းဒုံးများ

L-15(JL-10)

JL-15လေယာဉ်သည် တရုပ်ပြည်သူသမ္မတလေတပ်
 ခေတ်မှီကနဦးအမောင်းသင်တိုက်လေယာဉ် လိုအပ်ချက်အတွက် အမောင်းသင်လေယာဉ်များ ထုပ်လုပ်သော nanchaung စက်ရုံကို cheduစက်ရုံမှာ ထုပ်လုပ်သော FTC-2000အပြိုင်ထုပ်လုပ်ရန် တာဝန်ပေးခဲ့သည်။ ထိုL-15တိုက်လေယာဉ်ကို yakovlev ကုမ္ပဏီမှ ထုပ်လုပ်သော Yak-130နှင့် အတော်ပင်ဆင်တူနေပါသည်။ ထိုလေယာဉ်အား Yakovlevကုမ္ပဏီမှ အကူအညီပေးခဲ့သည် ဟူ၍လည်းဆိုပါသည်။ ခေတ်မှီတိုက်လေယာဉ်တစ်စီးတွင် ရှိသင့်သော အချက်များနှင့်ပြည်စုံပြီး ဖန်သားပြင်လေယာဉ်မောင်းခန်း(glass cockpit)နှင့် ခေတ်မှီလေ့ကျင့်ရေးအထောက်အကူပြု ပစ္စည်းများတပ်ဆင်ထားသည်။ Angle of Attack 30°အထိ လှုပ်ရှားစစ်ကစားနိုင်သောကြောင့် မျိုးဆက်မြင့်တိုက် လေယာဉ်များအတွက် အထူးပင်သင့်လျှော်သော အမောင်းသင် တိုက်လေယာဉ်တစ်စီးဖြစ်သည်။ အထူးသဖြင့် Su-27/30နှင့် J-11/15/16ကဲ့သို့ အဆင့်လွန် လှုပ်ရှားစစ်ကစားနိုင်သော လေယာဉ်များအတွက် အထူးပင်သင့်တော်သည်။ ပထမဆုံးစမ်းသပ်လေယာဉ်တွင် ယူကရိန်း၏ AI-222-25အင်ဂျင်တပ်ဆင်ပြီး ဒုတိယမြောက်လေယာဉ်တွင် AI-222-25Fအင်ဂျင်တွင် အပိုဆီကျွေးစနစ် A/Bပါဝင်သောကြောင့် အသံထက်မြန်အောင် ပျံသန်းလာနိုင်ခဲ့သည်။ထိုကြောင့် အသံထက်မြန်သော လေယာဉ်ကို ကနဦးတိုက်လေယာဉ် အမောင်းသင်လေယာဉ်(Lead in Fighter Trannier) အဖြစ်လည်းကောင်း အသံထက်မြန်အောင်မပျံသန်းနိုင်သော လေယာဉ်ကို တန်းမြင့် အမောင်းသင်ဂျက်လေယာဉ်အဖြစ်လည်းကောင်း ထုပ်လုပ်ထားသည်။ ယခုတန်းမြင့် အမောင်းသင်နေသော K-8နေရာတွင် အစားထိုးပြီး L-15ဖြင့် တန်းမြင့်အမောင်းသင်ရော ကနဦးအမောင်းသင်တိုက်လေယာဉ်အဖြစ်ပါ အစားထိုးရန်စီစဉ်နေပါသည်။ လက်နက်တပ်ဆင်နိုင်သည့်နေရာ အဖြစ် တောင်ပံအောက် လေးခုနှင့် တောင်ပံအဖျားတွင်နှစ်ခု တပ်ဆင်နိုင်ပါသည်။

L-15အမောင်းသင်တိုက်လေယာဉ်၏ စွမ်းပကားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ထုတ်လုပ်သည့်နိုင်ငံ-တရုပ်နိုင်ငံ
ထုတ်လုပ်သည့်ကုမ္ပဏီ-CATIC aircraft production Nanchaung aeronautical factory
-အင်ဂျင်-AI-222-25(L-15AJT)
-AI-222-25F(L-15 LIFT)with afterbunner
-အများဆုံးပျံသန်းနိုင်သောနှုန်း-အသံထက် ၁.၆ဆ
-စစ်ဆင်နိုင်သည့်အကွာအဝေး-340မိုင်
-အဝေးဆုံးပျံသန်းနိုင်သောအကွာအဝေး-၁၉၆၈မိုင်

Yak-130

၁၉၉၁ခုနှစ်တွင် ရုရှား၏ L-29/39လေယာဉ်များ အစားထိုးရန် တင်ဒါခေါ်ယူခဲ့ပြီး Sukhoi S-54,Myasischev M-200,Mig-ATနှင့် Yak-UTSတို့ ယှဉ်ပြိုင်ရာ Mig-ATနဲ့ Yak-UTS တို့သာကျန်ရှိကာ ဆက်လက် ယှဉ်ပြိုင်စေခဲ့ပါသည်။ ထို Yak-UTSကို Aermacchiနှင့် ပူးပေါင်းကာ ဒီဇိုင်းရေးဆွဲ ထုပ်လုပ်ခဲ့သည်။ Amercchiမှာ ခွဲထွက်ကာ Me-346အဖြစ် ထုပ်လုပ်ခဲ့သည်။၂၀၀၂ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် Mig-ATကို ကို အနိုင်ရကာ ၂၀၀၉ခုနှစ်တွင် ရုရှားလေတပ်မှ မှာယူခဲ့သည်။

Yak-130တိုက်လေယာဉ်တွင် ခေတ်မှီ စစ်ဆင်ရေးစနစ်များ တပ်ဆင်ထားပြီး 4++generationနှင့် 5 generationတိုက်လေယာဉ်များကို မောင်းနှင်မည့်လေသူရဲများအတွက် လေ့ကျင့်မှု အထောက်အပံ ၈၀%အထိ ပေးနိုင်ပါသည်။ ခေတ်မှီ တိုက်လေယာဉ်များတွင်ပါဝင်သော လေဆာစနစ်ဖြင့် ပစ်မှတ်ရှာဖွေစနစ်(IRST) လေသူရဲဦးထုပ်မှ ပြစ်မှတ်ချိန်ရွယ်မူစနစ်(Helmet mounted sight system)နှင့် ခေတ်မှီ လေကြောင်းလမ်းညွန် စနစ်များကိုပါ အသုံးပြုနိုင်သည်။ အပေါ့စားတိုက်ခိုက်ရေးနှင့် ကင်းထောက်ခြင်း တာဝန်ကိုပါ ထမ်းဆောင်နိုင်ပြီး payloadအဖြစ် 3000kgအထိ သယ်ဆောင်နိုင်ပါတယ်။ အီလက်ထရောနစ် podများကို တပ်ဆင်နိုင်ပြီး ကမ္ဘာမြေဆွဲအား ၉ဆအထိ စွမ်းဆောင်နိုင်ပါတယ်။AI-222-25အင်ဂျင်ကို တပ်ဆင်ထားပြီး တွန်းကန်အားအချိုး ၀.၇၈အထိရရှိပါတယ်။ လက်နက်နပ်ဆင်နိုင်သော နေရာ ကိုးခုရှိပြီး ကိုယ်ထည်အောက် တစ်နေရာ တောင်ပံအောက် ၆နေရာ တောင်ပံအဖျားတွင် နှစ်နေရာ တပ်ဆင်နိုင်သည်။

Yak-130အမောင်းသင်တိုက်လေယာဉ်၏ စွမ်းပကားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
-ထုပ်လုပ်သည့်နိုင်ငံ-ရုရှား
-ထုပ်လုပ်သည့်ကုမ္ပဏီ-Yakovlev
-အင်ဂျင်-AI-222-25 turbofun engine
-အများဆုံးပျံနိုင်သော အကွာအဝေး-၁၅၈၂မိုင်
-တွန်းကန်အားအချိုး-၀.၇၈

အားနည်းချက်နှင့်အားသာချက်များကို နှိုင်းယှဉ်ခြင်း

FTC-2000 moutain eagle

အားသာချက်များ

-အမောင်းသင်လေယာဉ်တစ်စီး အဖြစ်သာမက တိုက်လေယာဉ်တစ်စီးအတိုင်း စွမ်းဆောင်နိုင်သောကြောင့် အခြားသော တာဝန် နှစ်မျိုးကို တစ်ခါတည်း ထမ်းဆောင်နိုင်သော လေယာဉ်ဖြစ်သောကြောင့် ငွေကြေးအင်အား နည်းပါးသော နိုင်ငံတွေအတွက် တိုက်လေယာဉ်တစ်စီးအဖြစ်ပါ အသုံးပြုနိုင်သည်။
-ရေဒါပါသောကြောင့် မြင်တာလွန် စစ်ဆင်ရေး (BVR Combat)ကို အခြားလေယာဉ်များထက်စစ်ဆင်နိုင်ခြင်း
-အီလက်ထရောနစ်တန်ပြန်စစ်ဆင်ရေး တာဝန်ကိုပါ ထမ်းဆောင်နိုင်ခြင်း
-အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းနိုင်ခြင်း
-ပြုပြင်ထိန်းသိမ်းရ လွယ်ကူခြင်း
-F-7လေယာဉ်နှင့် မကွာခြားသောကြောင့် နည်းပညာ ရှုပ်ထွေးမူ မရှိခြင်း

အားနည်းချက်
-အမောင်းသင်တိုက်လေယာဉ်ထက် တိုက်လေယာဉ် ပိုမိုဆန်နေခြင်း
-အင်ဂျင်တစ်လုံးထဲ ဖြစ်သောကြောင့် စိတ်ချရမူ အားနည်းခြင်း
-K-8လေယာဉ်နှင့် ယှဉ်လျှင် အမြန်နှုန်းမှာ အမောင်းသင်တိုက်လေယာဉ်တစ်စီးအတွက် လိုအပ်သည်ထက် ပိုမိုများပြားနေခြင်း
-လက်နက်တပ်ဆင်နိုင်မူ နည်းပါးခြင်း
-FT-7လေယာဉ်နှင့်သိပ်ကွာခြားမူ မရှိသောကြောင့် သင်ကြားမူအတွက် ခက်ခဲခြင်း
-မျိုးဆက်မြင့် 4++ Generation နှင့် 5 generationတိုက်လေယာဉ်တို့အား ထောက်ပံပေးနိုင်မူ နည်းခြင်း
-အသုံးပြုသည့်နိုင်ငံမှာ တရုပ်ပြည်သူ့တပ်မတော်လေတပ်က လွဲ၍ အသုံးပြုသည့် နိုင်ငံမရှိခြင်း

L-15

အားသာချက်

-အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းနိုင်ခြင်း
-တန်းမြင့် ဂျက်လေယာဉ် အဖြစ်ကော အမောင်းသင်တိုက်လေယာဉ် အဖြစ်ပါ အသုံးပြုနိုင်ခြင်း
-လှုပ်ရှားစစ်ကစားမူ ကောင်းမွန်ခြင်း
မျိုးဆက်မြင့်တိုက်လေယာဉ်များအတွက် အထောက်အပံကောင်းများ ပေးနိုင်ခြင်း
-အင်ဂျင်နှစ်လုံးဖြစ်သောကြောင့် စိတ်ချယုံကြည်ရမူကောင်းမွန်ခြင်း
-ပြည်ပနိုင်ငံများ၏ စိတ်ဝင်စားမူခံရခြင်းနှင့် ဝယ်ယူမူရှိခြင်း

အားနည်းချက်

-တရုပ်လေတပ်က FTC-2000နဲ့ တင်ဒါယှဉ်ပြိုင်မူတွင် ရှုံးနိမ့်ခြင်းကြောင့် အပိုပစ္စည်း ရရှိရန်ခက်ခဲခြင်း
-နည်းပညာရှုပ်ထွေးမူရှိခြင်း
-ရေဒါမပါဝင်ခြင်း
-စစ်ဆင်ရေးတွင် အသုံးကျမူနည်းခြင်းကြောင့် ငွေကြေးအင်အားနည်းသော နိုင်ငံတွေ အတွက် ခက်ခဲစေခြင်း

Yak-130

အားသာချက်များ
-ခေတ်မှိတိုက်လေယာဉ်များအတွက် အထောက်အပံဖြစ်စေခြင်း
-အင်ဂျင်နှစ်လုံးဖြစ်သောကြောင့် စိတ်ချယုံကြည်ရခြင်း
-စစ်ဆင်ရေးတွင် အသုံးဝင်မူကောင်းမွန်ခြင်းနှင့် Attackerတစ်စီးကဲ့သို့ စွမ်းဆောင်နိုင်ခြင်း
-လက်နက်တပ်ဆင် သယ်ဆောင်နိုင်မူ ကောင်းမွန်ခြင်း
-ရုရှားနိုင်ငံထုပ်လက်နက်မျိုးစုံတပ်ဆင်နိုင်ခြင်း
-နိုင်ငံအများအပြား အသုံးပြုမူကြောင့် စိတ်ချယုံကြည်ရသော လေယာဉ်ဖြစ်ခြင်း

အားနည်းချက်

-နည်းပညာရှုပ်ထွေးခြင်း
-ဈေးနှုန်းမြင့်မားခြင်းတို့ဖြစ်သည်။

သုံးသပ်ချက်
မြန်မာတပ်မတော်လေအတွက် ကနဦးတိုက်လေယာဉ်များ ပိုင်ဆိုင်ခြင်းဖြင့် တိုက်လေယာဉ်မောင်းနှင်မည့် လေသူရဲများကို အထောက်အကူပြုရုံမျှမက တိုက်လေယာဉ်တွင် သင်ကြားပေးရမည့် အချိန်နှင့်ငွေကြေးပါသက်သာပြီးသား ဖြစ်စေပါတယ်။ထိုကြောင့် ယခုကဲ့သို့ ကနဦးအမောင်းသင်တိုက်လေယာဉ်(Lead in fighter trainer)များ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ။

sky(၁၆.၂.၂၀၁၄)