Thursday, February 27, 2014

တပ်မတော် (ကြည်း)၊(လေ) အမြောက်နှင့် သံချပ်ကာတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်း

မြန်မာ့တပ်မတော်သည် မြန်မာပြည်၏ အချုပ်အချာ အာဏာကိုအပြည့်အဝ ကာကွယ်ပေးနေသော အင်အားစုကြီးတစ်ခုဖြစ်သည်နှင့်အညီ ပြောင်းလဲလာသည့် ခေတ်သစ်စစ်ရေးအတွေးအခေါ်များ၊ နည်းပညာများအား အမြဲအစဉ်မပြတ် လေ့လာကာ လေ့ကျင့်နေကြရမှာဖြစ်ပါတယ်...။
 

တပ်မတော်အနေနှင့် ကျွှန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲများနောက်ပိုင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေအနေဖြင့် ရေတပ်စစ်ရေယာဉ်များ၊လေတပ်လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်အနားများကို ပုံများနှင့်တကွ အများပြည်သူတို့ လေ့လာနိုင်စေရန်နှင့် အသိပေးရန်ထုတ်ဖော်ပြသခဲ့ကြပါတယ်...။ ဒါဟာ တပ်မတော်ကိုပြည်သူနှင့် ပိုမိုထိတွေ့စေပြီး ပြည်သူများရဲ့ အားကိုးယုံကြည်မှုကို ပိုမိုရရှိစေမှာဘဲဖြစ်ပါတယ်...။

အခုတလော မြဝတီသတင်းမှာပါလာတဲ့ မြန်မာ့တပ်မတော် (ကြည်း)၊(လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်း၊ လေ့ကျင့်ခန်း (အနော်ရထာ)အကြောင်း လူပြောများနေတာတွေ့ရပါတယ်...။ မိမိတို့ တပ်မတော်အပေါ် အမှန်တကယ်လည်း လေးစားဂုဏ်ယူမိပါတယ်...။ ထူးထူးခြားခြား သတိထားမိလိုက်တာကတော့ ၁၅၅မမ Soltam M71 ဟောင်ဝစ်ဇာအမြောက်ကြီးများ၊ ၁၂၂မမ အတွဲလိုက်ပစ် ဒုံးများ နှင့် လေတပ်မှာ MIG-29SE, Mi-35P ရဟတ်ယာဉ်များဘဲဖြစ်ပါတယ်...။ နောက်ထပ်လည်း စိတ်ဝင်စားဖွယ်ရာ စစ်လက်နက်အတော်များများပါဝင်ပင်မယ့်လို့ ပိုစ့်ခွဲပြီး တင်ပေးလိုက်ပါ့မယ်...။

ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်တဲ့စစ်လက်နက်များအကြောင်းကို ပုံများနှင့်တကွ ဖော်ပြပေးပါ့မယ်..

ပူးပေါင်းတပ်ဖွဲ့ဝင်များ
တပ်မတော်ထုတ် ကျည်ကာဝတ်စုံများ၊ဖိုင်ဘာဦးထုပ်များဖြင့် တွေ့ရသည့် ပူးပေါင်းလေ့ကျင့်ခန်းအတွင်းက တပ်မတော်သားများဖြစ်ပါသည်။

အကြမ်းဖက်တပ်ဖွဲ့များ (SOTF)
အထူးတပ်ဖွဲ့(SOTF)များမှ ရန်သူ့အမြောက်စခန်းအား သိမ်းပိုက်ခြင်း စစ်ရေးလေ့ကျင့်ခန်းအတွင်း
 ဖြစ်ပါသည်။


၆၀မမ စိန်ပြောင်းဖြင့် ပစ်ခတ်လေ့ကျင့်နေစဉ်

၁၂၀မမ စိန်ပြောင်းများဖြင့် ပစ်ခတ်လေ့ကျင့်နေမှု (120mm Heavy Mortar)

၁၀၅မမ အမြောက် (105mm Howitzer)


၁၅၅မမ အမြောက် (Soltam M71)
Soltam M71 ခေါ် ၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီးများကို အစ္စရေးနိုင်ငံမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်၏ ပထမဆုံးသော ၁၅၅မမလက်နက်ကြီးများဖြစ်ပါသည်။ ယခုအခါတွင် ပဲ့ထိန်းကျည်စနစ်များပင် ပစ်ခတ်နိုင်စေရန် အဆင့်မြှင့်တင်ထားပြီး ဖြစ်ပါသည်။

၁၂၂မမ အတွဲလိုက်ပစ်ဒုံး (122mm MRLS)
 ပုံတွင်မြင်တွေ့ရသော အတွဲလိုက်ပစ်ဒုံးများကို Type-81 122mm MRLS စနစ်များဟု သိရပြီး ၁၉၉၀ခုနှစ်များကတည်းကပင် တရုပ်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ရာ မြန်မ-ယိုးဒယား နယ်စပ်တင်းမာချိန်က လူသိများ၊လူပြောများခဲ့သော ဒုံးလက်နက်ဖြစ်ပါသည်။ ယခုအချိန်တွင်မူ အဆိုပါ ၁၂၂မမဒုံးများအား တပ်မတော်မှထုတ်လုပ်နိုင်နေပြီဖြစ်ပြီး အင်အားတောင့်တင်းသည့် ဒုံးတပ်ဖွဲ့ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။

BAAC-87 သံချပ်ကာယာဉ်
တပ်မတော်ထုတ် သံချပ်ကာယာဉ်အမျိုးစားဖြစ်ပြီး မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားသည့် SEA Games ပြိုင်ပွဲကာလတလျှောက် လုံခြုံရေးယူပေးခဲ့သည့် သံချပ်ကာယာဉ်များလည်း ဖြစ်ပါသည်။

Type-91 IFV (ခြေလျင်သုံး တိုက်ယာဉ်)
 
 

ပုံစံ-၅၉ဒီ/အမ် ပင်မတိုက်ပွဲဝင်တင့်ကား (Type-59D/M MBT)
  
ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများကို တရုပ်တပ်မတော်မှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင်မှု အလုံးစုံအဆင့်မြှင့်တင် မွမ်းမံခြင်း( Fully Upgraded ) ပြုလုပ်ခဲ့ပြီးဖြစ်ရာ တပ်မတော်၏ တင့်နှင့်သံချပ်ကာတပ်ဆိုင်ရာ စစ်ရေးစွမ်းရည်ကို တိုးတက်စေခဲ့ပြန်ပါသည်။
  
  တင့်နှင့် သံချပ်ကာယာဉ်များ တပ်ဖြန့်ထားစဉ်

ပုံတွေနှင့်တကွ ဖော်ပြပေးချင်တာမို့လို့ ပိုစ့်အရမ်းရှည်လွန်းသွားပါတယ်...။ ထို့ကြောင့်လေတပ်နှင့်လေကာတပ်အကြောင်း သီးသန့်ပိုစ့်အဖြစ် ဖော်ပြပေးသွားပါဦးမယ်ခင်ဗျာ...။ :)

9 comments:

  1. မြန်မြန်လေးတင်ပါဗျို့

    ReplyDelete
  2. ရှည်ပါစေရှည်ပါစေ၊ဒီပို့စ်ကိုတော့အားလုံး
    ကရှည်လေကြိုက်လေပါ။မြန်မြန်ထပ်တင်
    ပေးပါအုံး။

    ReplyDelete
  3. ကောင်းတယ် လေတပ်လေးမြန်မြန်တင်ပေးပါဦး

    ReplyDelete
  4. it is not ပူးပေါင်းတပ်ဖွဲ့ဝင်များ.It senior general and his guards going to his chopper

    ReplyDelete
  5. BTR3U နဲ့ type - 92 IFV နဲ့ဘယ်လိုတွေကွာလည်းသိရင်ပြောပြ ပေးကြပါ နော

    ReplyDelete
  6. နောက်တပ်မတော်နေ့မှာပြ ခဲ့တဲ့ အ ပေါ့စားတင်ဖြတ် သံချက်ကာ ယဉ် Type 92 နဲ့ဘာကွာလည်း သိတဲ့လူရှိရင် ဝင်ဆွေးနွေးပေးပါဦး

    ReplyDelete
  7. http://www.youtube.com/watch?v=pDW81UrKV1M

    အဲဒါကြီးနဲ့သာ ဆော်လိုက်ရရင်တော့ ဘယ်ပြောကောင်းမလဲ..

    ReplyDelete
  8. အထူးတပ်တွေလက်နက်တွေကိုအဆင့်မြင့်ပေးစေလိုပါတယ် ပြီးတော့လက်နက်တွေမှာACOG Sightတွေတပ်စေချင်ပါတယ်

    ReplyDelete