Sunday, January 10, 2016
တပ်မတော်ထုတ် CIWS-N ရေတပ်သုံးမြန်နှုန်းမြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်
တပ်မတော် (ရေ)အကြောင်း စိတ်ဝင်စားတဲ့ ညီ၊အစ်ကိုတွေအတွက် ကျနော်လေ့လာထားတဲ့ လက်နက်စနစ်အကြောင်းအနည်းငယ် ဖော်ပြပေးသွားပါ့မယ်…။
အောင်ဇေယျ ပဲ့ထိန်းဒုံးတပ်ဖရီးဂိတ်အပေါ်မှာ ပထမဆုံးမြင်ရတဲ့ လက်နက်စနစ်ဖြစ်ပြီးတော့ နောက်ပိုင်းစစ်ရေယာဉ် အတော်များများမှ တပ်ဆင်ဖို့ သင့်တော်တဲ့ လက်နက်စနစ်ကတော့ ၁၄.၅မမ ၆ပြောင်းတွဲ မြန်နှုန်းမြင့် (CIWS- Close-In Weapon System) စက်ကြီးပဲဖြစ်ပါတယ်…။၁၄.၅မမ ၆ပြောင်းတွဲ မြန်နှုန်းမြင့် လက်နက်စနစ်ကို အတိုကောက်အားဖြင့် DI CIWS လို့ပဲ မှတ်ထားကြပါဦးစို့..
DI CIWS စနစ်ကို တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ခဲ့ပါတယ်… ပြည်ပနိုင်ငံတစ်ခုနဲ့အတူ ဒီဇိုင်းရေးဆွဲခဲ့ကြတဲ့ အဲ့လက်နက်စနစ်ကိုတော့ ၂၀၀၅ခုနှစ်ဝန်းကျင်ကတည်းက တီထွင်အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်…။ DI CIWS စနစ်ကို အကြမ်းဖျင်းအားဖြင့် လေကြောင်းရန် ကာကွယ်ရေးတပ်သုံး ယာဉ်တွဲလက်နက်စနစ် ၊ ယာဉ်တင်လက်နက်စနစ် နဲ့ သင်္ဘောပေါ်တပ်ဆင်နိုင်တဲ့စနစ်ဆိုပီး ၃မျိုး သတ်မှတ် ထုတ်လုပ်ထားပါတယ်…။ သင်္ဘောတင် DI CIWS ကိုတော့ အတော်များများလည်း မြင်ဖူးနေကြမှာပါ..။ မမြင်ဖူးသေးတဲ့ ညီ၊အစ်ကိုတွေအတွက် ပုံလေးတွေတင်ပေးသွားပ့ါမယ်…။ (ရေတပ် သီချင်းများမှ ရယူထားပါသည်။)
အဆိုပါ DI CIWS-N ကိုတော့ ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ အထိုင်တပ်ဆင်ပေးထားနိုင်ပါတယ်…။ ထူးခြားချက်ကတော့ လက်နက်စနစ်ကို လူလိုက်ပါပစ်ခတ်နိုင်သလို လက်နက်ထိန်းချုပ်မှုအခန်းကနေလည်း အမိန့်ပေးပစ်ခတ်နိုင်ပါတယ်…။ ကမ္ဘာ့ရေတပ်မတော်များသုံး CIWS စနစ်များလိုပဲ အနီးကပ်ချည်းကပ်လာတဲ့ ရန်သူ့လေယာဉ်များ ၊ ခရုစ်ဒုံးပျံများကို ချေမှုန်းနိုင်စွမ်းရှိပီး ပီးခဲ့သော ရေတပ်လေ့ကျင့်ခန်းများအတွင်းကလည်း မောင်းသူမဲ့လေယာဉ် (ပစ်မှတ်အတု)ကို ပစ်ခတ်ချေမှုန်းနိုင်ခဲ့ပါတယ်…။ လက်နက်စနစ်ရဲ့ ထိရောက်မှု အကွာအဝေးနဲ့ အသေးစိတ်အချက်လက်များကိုတော့ နိုင်ငံသားတယောက်အနေနဲ့ ထိန်းသိမ်းသွားရမှာမို့ စာဖတ်သူ ညီ၊အစ်ကိုတို့အနေနဲ့ သည်းခံပေးနိုင်ဖို့ မျှော်လင့်ပါတယ်..။
DI CIWS-N အနေနဲ့ ရုရှားတပ်မတော်သုံး AK-630 ၃၀မမ ၆ပြောင်းတွဲ မြန်နှုန်းမြင့်အမြောက်များလိုပဲ ထပ်တူတဲ့ စွမ်းဆောင်ရည်များပိုင်ဆိုင်ထားတာမို့ အရည်အသွေးပိုင်းမှာ စိုးရိမ်စရာမရှိပါဘူး..။ ရရှိထားသော အချက်လက်များအချို့အရ ရေတပ်ရဲ့ စစ်လက်နက်များ အထူးသဖြင့် အမြောက်စနစ်များကို အဆင့်မြင့်တင်မှုများပြုလုပ်နေပါတယ်…။ အမြောက်များနဲ့တွဲဘက်အသုံးပြုရတဲ့ ရေဒါစနစ်များကို ပြည်တွင်းမှပင် ထုတ်လုပ်နိုင်ခဲ့ခြင်းကလည်း အားရစရာပါ…။ နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြသထားတဲ့ လက်နက်ထိန်းချုပ်စနစ် (ပြည်တွင်းထုတ်) များကို လေ့လာကြည့်မယ်ဆိုရင် အမြောက်စနစ်များသာမက ဒုံးများကိုပင် ထိန်းချုပ်နိုင်တဲ့နည်းပညာများ မြန်မာ့ရေတပ်မတော်အနေနဲ့ အပြည့်အဝပိုင်ဆိုင်လာပြီဖြစ်ပါတယ်….။
 နောက်ဆုံးအနေနဲ့ ဂုဏ်ယူစရာကတော့ ရေတပ်အနေနဲ့ ယခင်အသုံးပြုခဲ့တဲ့ အမြောက်များ (ခေတ်မမီတော့သော) နေရာမှာ အစားထိုးအသုံးပြုသွားတော့မှာ ဖြစ်ပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားသော စနစ်များတပ်ဆင်သွားတော့မှာဖြစ်ပါတယ်..။ ထို့ပြင် မြေပြင်လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်ဖွဲ့တိုင်းကို တပ်ဆင်ပေးနိုင်တော့မှာ ဖြစ်ကာ အလိုအလျောက်ထိန်းချုပ်မှုစနစ်အဖြစ် တပ်မတော်ရဲ့ အင်အားတစ်ရပ်အဖြစ် ထွက်ပေါ်လာတော့မှာဖြစ်ကြောင်း မိမိလေ့လာထားသလောက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်….။
ပါဝင်ဆွေးနွေးလိုတဲ့ ညီ၊အစ်ကိုများကိုလည်း ဖိတ်ခေါ်ပါတယ်..။ စစ်လက်နက်ဆိုင်ရာသတင်းများ၊ ဆောင်းပါးများလည်း ပေးပို့နိုင်ပါတယ်...။
KoMM
12 comments:
  1. ဘယ်​လို​ပြောရမလဲဆို​တော့..... ​အတိုင်းထက်​အလွန်​​ပေါ့ဗျာ :-D
    ကြိုးစားကြပါ..... တပ်​မ​တော်​သားအ​ပေါင်းတို့
    Frigate ၈စီးနဲ့ ​ရေငုပ်​သ​င်္ဘော ၂စီးဆိုပြီး ကြားလို့ပါ
    Stealth Destroyerထုတ်​လို့​ကော ရမလားခင်​ဗျ :-)
    ReplyDelete
  2. မင်္ဂလာသတင်းပါဗျာ အတိုင်းထက်​အလွန်​ဝမ်း
    သာပါတယ်
    ReplyDelete
  3. RADAR GUIDED ပစ်ခတ်နိုင်ရင်တော့အတိုင်းထက်အလွန်ပေါဗျာ၊
    ReplyDelete
  4. ​အစွမ်းထက်​မှာ​တော့​သေချာတယ်
    ReplyDelete
  5. I really loved reading your thoughts, obviously you know what are you talking about! Your site is so easy to use too, I’ve bookmark it in my folder
    survival guns
    ReplyDelete
  6. လေယာဉ်တင်သင်္ဘော တည်ဆောက်နိုင်အောင်
    ကြိုးစားပါ
    မြန်မာရေတက်ကို အမြဲအားပေးပါတယ်
    ReplyDelete
  7. ကြိုက်ပီလေ
    ReplyDelete
  8. အဲ့ဒါတွေကို US ကလို ဟဲလီ ကော်ပတာ တွေမှာ စမ်းတက် သုံးကြည့်ပါလား
    ReplyDelete
  9. အကိုရေ topol m အကြောင်းတင်ပေးပါဦး
    ReplyDelete
  10. ပြန်​Shareပါရ​စေ
    ReplyDelete