



ပီဂျီဇက်-၂၀၀၀၏ ပစ်မှတ်ပြရေဒါစနစ်

မူလ ဂျာမနီထုတ် Gepard စနစ်ဖြစ်သည်

တရုပ်၏ ပုံတူပြုထားသော စနစ်ဖြစ်သည်

ပီဂျီဇက်-၂၀၀၀
ထိရောက်မှု အကွာအဝေး....... မီတာ ၄၀၀၀
ကျည်ပစ်ခတ်နှုန်း...... ၁မိနစ်တွင် ကျည် ၅၅၀ (တစ်ပြောင်းစီမှ ဖြစ်သည်)
ဒီစနစ်အကြောင်းကတော့ များများစားစားရှာမရသေးပါဘူး တွေ့ရသလောက်ကတော့ မြေပြင်မှဝေဟင်ပစ်ဒုံးတွေ တပ်ဆင်မထားကြောင်းတွေ့ရပါတယ် ဂျာမနီကလည်းတပ်ဆင်မထားပါဘူး..။ပြီးတော့ အမြောက်ယာဉ်အတွက် သီးသန့်ရေဒါယာဉ် ထားပါတယ်...။ အမြောက်ယာဉ်ရှိရေဒါထက် ပို၍ထိရောက်မည်ဖြစ်သော်လည်း စနစ်တစ်ခုရွေ့ ပါက အပိုအလုပ်တစ်ခုဖြစ်သွားမည်ဖြစ်ပါသည်။
ခြေလျင်တပ်များအား လေကြောင်းရန်အကာကွယ်ပေးမည့်စနစ်များ ဖြစ်သောကြောင့် ရွေ့ ပြောင်းမှုလွယ်ကူရေးမှာ အရေးအပါဆုံးဖြစ်လာနိုင်ပါသည်။ထို့ပြင် ရန်သူ့တိုက်ခိုက်ရေးရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန်လုံလောက်သည့် ၃၅မမ စက်သေနတ်ကြီးများ တပ်ဆင်ထားသော်လည်း ဒုံးစနစ်များ မတပ်ဆင်ထားခြင်းက အားနည်းချက်တစ်ခုအဖြစ် မြင်နိုင်ပါသည်။နောက်ပိုင်းတွင် တပ်ဆင်လာမည်ဟုလည်း သိရပြီး အစောပိုင်းကာလက ထုတ်လုပ်ခဲ့သော အမျိုးအစား-၉၅ များတွင်ပင် ဒုံးစနစ်တပ်ဆင်ထားပါသည်။မြန်မာ့ လေကြောင်းရန်ကာကွယ်ရေးတပ်များမှ တဆင့်သိရသလောက်တွင် မိမိတို့ လက်ရှိအသုံးပြုနေသော Tunguska M1 များသည် ပို၍ပင်သာလွန်ကောင်းမွန်နေပြီး ထိရောက်မှုတွင်လည်း ပိုမိုစိတ်ချရသည်ဟု သိရပါသည်။
မြန်မာပြည်တွင်းရှိ တပ်စခန်းတစ်ခု ဖြစ်ပါတယ် အထဲမှာရှိတာတွေကတော့... :D ...

မသိပါဘူးခင်ဗျာ ဟင်းဟင်းဟင်း..။
မြန်မာ့တပ်မတော်သုံး Tunguska M1 လေကြောင်းရန်ကာကွယ်ရေးယာဉ် (အမျိုးအစားတူ) ဖြစ်ပါသည်။

မြန်မာပြည်သုံး လေကြောင်းရန်ကာကွယ်ရေး ခေတ်မှီ ဒုံးစနစ်အတော်များများအား ယူကရိန်းနိုင်ငံမှ ဝယ်ယူတပ်ဆင်ခဲ့သည်ဟု သိရပါသည်။
အားရစရာပါလားဗျာ.....
ReplyDelete