Friday, April 13, 2018

Hwasong-14 ICBM (သို့) ​မြောက်​ကိုးရီးယား၏ ဓားတစ်​လက်


မြောက်​ကိုးရီးယားတို့အ​နေဖြင့်​ ဆိုဗီယက်​​ခေတ်​​ကောင်းစဉ်​ ကွန်​မြူနစ်​နိုင်​ငံများအား စီးပွှား​ရေး စစ်​​ရေးအကူအညီများ ​ထောက်​ပံ့​ရေး အစီစဉ်​အရ ထိုအချိန်​က အလယ်​လတ်​အတန်းစားရှိ​သော ဒုံးပျံနည်းပညာများအား ရှိခဲ့ပါသည်​။ အတွဲလိုက်​ဒုံးနည်းပညာများ တာတိုတာလတ်​ ဗျုဟာ​မြောက်​ဒုံးနည်းပညာများရရှိခဲ့​သော ​မြောက်​ကိုးရီယားအ​နေဖြင့်​ စီးပွှား​ရေး​ကောင်းမွန်​​သော ၁၉၇၀ခုနှစ်​များသည်​ အဘက်​ဘက်​က တိုးတက်​​သော အချိန်​လည်းဖြစ်​ခဲ့ပါသည်​။ ၄င်းတို့၏ နည်းပညာဖွံ့ဖြိုးတိုးတက်​မှုများသည်​လည်း ထိုအချိန်​မှ စတင်​လာခဲ့သည်​ဟု ဆိုနိုင်​ပါသည်​။
 
          Hwasong Series ဒုံးများအား လိုအပ်​ချက်​အ​ပေါ်မူတည်​၍ ထုတ်​လုပ်​ခဲ့ကြပြီး တာတို တာလတ်​ နဲ့ တာ​ဝေးထိုး​ဖောက်​စစ်​ဆင်​​ရေး မဟာဗျုဟာ​မြောက်​ဒုံးလက်​နက်​များ ပိုင်​ဆိုင်​ထားပါသည်​။ Hwasong series ဒုံးပျံများထဲမှ Hwasong-10 Musudan နဲ့ Hwasong-13 ဒုံးများသည်​ နာမည်​​ကျော်​ဒုံးပျံများဖြစ်​ကြကာ ပြည်​ပသို့ တင်​ပို့​သောဒုံးလက်​နက်​များထဲတွင်​မှု ဆိုဗီယက်​ ဒုံးလက်​နက်​တိုက်​၏ နာမည်​​ကျော်​ Scud အမျိုးစားဒုံးများကို ပြုပြင်​မွန်းမံထား​သော Hwasong-5/6/9 များသည်​ အထူးလူသိများပါသည်​။ အ​ရှေ့အလယ်​ပိုင်း စစ်​ပွဲမျးအတွင်းတွင်​လည်း ​မြောက်​ကိုးရီးယားတို့၏ ဒုံးလက်​နက်​များပါဝင်​ တိုက်​ပွဲဝင်​ခဲ့ဖူးပြီး အာရှနိုင်​ငံတချို့သို့လည်း Hwasong-6/9 ဒုံးများ တင်​ပို့ခဲ့ဖွယ်​ရှိပါသည်​။

ယခုပိုစ့်​တွင်​မူ Hwasong-14 မဟာဗျုဟာ​မြောက်​ ဒုံးစနစ်​အ​ကြောင်း အကြမ်းဖျင်း​ဖော်​ပြသွားပါမည်​။ Hwasong-14 တာ​ဝေးပစ်​ဒုံးပျံအား မူလက Hwasong-13 ဒုံးပျံများ အဆင့်​မြင့်​တင်​မှုအဖြစ်​ ​ဖော်​ပြခဲ့ပါသည်​။ Hwasong-13 ဒုံးပျံများသည်​ အ​မေရိကတိုက်​အထိ ​တိုက်​ခိုက်​နိုင်​​စေရန်​ ဒီဇိုင်းထုတ်​တည်​​ဆောက်​ထား​သော်​​ကြောင့်​လည်း နာမည်​​ကျော်​ ဒုံးပျံများဖြစ်​လာခဲ့ပါသည်​။ Hwasong-13 သည်​ အ​မေရိက၏ ​အထူး​စောင့်​ကြည့်​ ဒုံးစနစ်​တစ်​ခုထဲတွင်​ အပါဝင်​ဖြစ်​ပြီး ၄င်းအား အဆင့်​မြင့်​တင်​ထား​သော Hwasong-14 မှာ ပိုမို​ကောင်းမွန်​ဖွယ်​ရှိပါသည်​။ ၂၀၁၅ခုနှစ်​တွင်​ ပထမဆုံးအကြိမ်​ ထုတ်​​ဖော်​ပြသခဲ့​သော ဒုံးစနစ်​ဖြစ်​ကာ နိုင်​ငံတကာပညာရှင်​များအ​နေဖြင့်​ ဒုံး၏ ဖွဲ့စည်းတည်​​ဆောက်​ပုံအား ကာလအတန်​ကြာ ​မေးခွန်းထုတ်​ခဲ့ကြပါသည်​။


Hwasong-14 သည်​ Hwasong-13 ထက်​ အလျားပိုတိုကာ လုံးပတ်​ပိုမိုကျယ်​ဝန်း​သော ဒီဇိုင်းရှိပါသည်​။ အကွားအ​ဝေးအားဖြင့်​ ၉၉၀၀ကီလိုမီတာအထိ ပစ်​ခတ်​နိုင်​ပြီး နူးကလီးယားထိပ်​ဖူးသယ်​​ဆောင်​နိုင်​​သော အဆိုပါဒုံးအား ​မြောက်​ကိုးရီးယားအ​နေဖြင့်​ စမ်းသပ်​မှုများ ပြုလုပ်​ခဲ့ဖွယ်​ရှိပြီး ​အောင်​မြင်​ခြင်းမရှိဟု ယူဆရနိုင်​ပါသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ ထိုဒုံးပျံများသည်​ ​နှောင်းပိုင်းကာလ စစ်​​ရေးပြပွဲများတွင်​ ပါဝင်​လာခြင်းမရှိခဲ့​တော့ပဲ အဆိုပါဒုံးအမည်​ဖြစ်​​သော Hwasong-14 ဒုံးအား ပုံစံအသစ်​ဖြင့်​ မြင်​​တွေ့လာကြရ​တော့သည်​။ ထို့​ကြောင့်​ ယခင်​က ပြသခဲူ့း​သော ​ခေါင်းတို Hwasong-14 ဒုံးစီမံကိန်းကာ ရပ်​ဆိုင်းကာ ၄င်းထက်​ပိုမို ​ခေတ်​မီ​သော ဒုံးနည်းပညာအသစ်​ဖြစ်​​သော ဒုံးပျံအား ပိုမိုအာရုံစိုက်​ခဲ့ကြပုံရှိပါသည်​။ နာမည်​တူ အသစ်​​ဖော်​ပြ​သော ဒုံးစနစ်တွင်​မူ အခြား​သော ဒုံးပျံများကဲ့သို့ ထိပ်​ဖူးချွန်​ပုံစံအား ပြန်​လည်​အသုံးပြုးထားပြီး ၂၀၁၈ခုနှစ်​အ​စောပိုင်း စစ်​​ရေးပြပွဲတွင်​ တရုပ်​နိုင်​ငံ Sino မှ ထုတ်​လုပ်​​သော ယာဉ်​ဆွဲဒုံးသယ်​ယာဉ်​​အ​ပေါ်တွင်​ တပ်​ဆင်ပြသခဲ့ကြပါသည်​။

ထိုတို့ပြသချိန်​တွင်​လည်း နိုင်​ငံတကာဒုံးကျွမ်းကျင်​ပညာရှင်​များမှ ဒုံးအတုဖြစ်​မည်​ဟု ​ကောက်​ချက်​ချသုံးသပ်​မှုများရှိခဲ့​သော်​လည်း ​မြောက်​ကိုးရီးယားတို့သည်​ အဆိုပါဒုံးအား ၂ကြိမ်​တိတိ ပစ်​ခတ်​စမ်းသပ်ပြခဲ့ကာ ၂ကြိမ်​စလုံးပင်​ ​အောင်​​အောင်​မြင်​မြင်​ဖြင့်​ သတ်​မှတ်​လုပ်​​ဆောင်​ချက်​များအတိုင်း လပ်​​ဆောင်​နိုင်​ခဲ့ပါသည်​။
Hwasong-14 ဒုံးပျံသည်​ အဆင့်​၂ဆင့်​နည်းပညာ အသုံးပြုထားကာ ဒုံးအား တာ​ဝေးပိုမိုပို့​ဆောင်​နိုင်​​စေရန်​ ထုတ်​လုပ်​ထားပါသည်​။ အစိုင်​ခဲ​လောင်​စာအသုံးပြု​သော ဒုံးစနစ်​ဖြစ်​ပြီး ဒုံးအလျားမှာ ၁၈မှ၂၀မီတာအတွင်းရှည်​လျားနိုင်​ပါသည်​။

Hwasong-14 တွင်​အသုံးပြု​သော ပထမအဆ်င့်​ဒုံးအင်​ဂျင်​မှာ ရုရှား၏ R-36 ICBM တွင်​အသုံးပြု​သောအင်​ဂျင်​အမျိုးအစားဖြစ်​နိုင်​ပြီး ယူကရိန်းနိုင်​ငံထုတ်​ဖြစ်​သည်​ဟု ယူဆကြပါသည်​။ သို့​သော်​မည်​သို့မည်​ပုံဖြင့်​ ​မြောက်​ကိုးရီးယားတို့သည်​ အဆိုပါဒုံးအင်​ဂျင်​နည်းပညာအား ရရှိခဲ့သည်​ကို တိကျစွာ မ​ဖော်​ထုတ်​နိုင်​​သေးပဲရှိသည်​။ တရုပ်​ ရုရှားနဲ့ ယူကရိန်း စသည့်​နိုင်​ငံများမှ ရရှိခဲ့သည်​ဟု လက်​ခံထားကြသည်​။
ဒုတိယအဆင့်​ဒုံးအင်​ဂျင်​မှာမူ ဆိုဗီယက်​​ခေတ်​ R-27 SLBM ဒုံးအင်​ဂျင်​အား အသုံးပြုထားပါသည်​။ Hwasong-14 ICBM သည်
အကွာ​ဝေးအားဖြင့်​ ကီလိုမီတာ ၁၁ ၀၀၀ အထိပစ်​ခတ်​နိုင်​စွမ်းရှိလာကာ ထိုအကွာအ​ဝေးသည်​ အ​မေရိကတိုက်​အား ပစ်​ခတ်​နိုင်​သည့်​ အကွာအ​ဝေးဖြစ်​သည်​။

Hwasong-14 ဒုံးပျံအား တရုပ်​နိင်​ငံထုတ်​ WS51200 ဒုံးသယ်​ယာဉ်​​ပေါ်တွင်​ တင်​​ဆောင်​ကာ အ​ရေး​ပေါ်အချိန်​တွင်​ပင်​ ယာဉ်​​ပေါ်မှ ​ဒုံးအား ပစ်​ခတ်​နိုင်​​စေရန်​ပြုပြင်​ထား​ကြောင်း​တွေ့ရပါသည်​။ ဒုံးအား ပစ်​ယာဉ်​​ပေါ်တွင်​ သယ်​​တောင်​နိုင်​ခြင်း​ကြောင့်​ မိမိဒုံးတပ်​ဖွဲ့အား အလစ်​ငိုက်​မဖမ်းမိခင်​ ​ရွေ့​ပြောင်းနိုင်​ခြင်း မိမိဘက်​မှ ပစ်​ခတ်​မှုအပြီး တန်​ပြန်​ပစ်​ခတ်​မှုများ ရန်​သူမှ မပြုလုပ်​နိုင်​မီ အချိန်​မီထွက်​ခွာ​စေနိုင်​ခြင်း စသည့်​အကျိုးများရရှိ​စေပါသည်​။ ထို့အပြင်​ ​မြောက်​ကိုးရီးယားအ​နေဖြင့်​ ၄င်း၏ ဒုံးလက်​နက်​များအား ​မြေ​အောက်​လှိုဏ်​ဂူများအတွင်း ထည့်​သွင်းထား​လေ့ရှိရာ ရန်​သူအ​နေဖြင့်​ အလွယ်​တကူတိုက်​ခိုက်​မှုမျိုးလည်း ကြုံ​တွေ့နိုင်​မည်​မဟုတ်​ပါ။ သို့​​သော်​ ဒုံးတင်​ယာဉ်​များသည်​ အ​သေတပ်​ဆင်​ထား​သော ဒုံးပစ်​ပြွန်​များထက်​ ထိန်းသိမ်းစရိတ်​များပြား​သော ပြသနာတစ်​ခု​တော့ရှိ​နေဆဲဖြစ်​သည်​။
Komm

No comments:

Post a Comment