
မြန်မာ့တပ်မတော် (လေ) အတွက်ဖြစ်သည်ဟု လူသိများသော ရုရှားထုတ် အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဖြစ်ပါသည်။ ဘင်္ဂလားဒေ့်နိုင်ငံကလည်း ရုရှားဆီက အမ်အိုင်-၃၅တွေ ဝယ်နိုင်ဖို့ စိတ်အားထက်သန်နေကြပြီး မကြာခင်ကပင် အမေရိကန် သန်း၈၅၀တန်ဖိုးရှိ စစ်လက်နက်ဝယ်ယူေ၇း စာချုပ်ချုပ်ခဲ့ကြသည်။ ဘင်္ဂလားလေတပ်အတွက် အက်စ်ယူ-၃၀များ ဝယ်ယူဖို့ဖြစ်နိုင်ပါတယ်... ထို့ပြင် လေတပ်စခန်းများကာကွယ်ရေးအတွက် Buk-m1များလည်း ဝယ်ယူနိုင်ပါသည်...။



မြန်မာ့ဝေဟင်အား ကာကွယ်ပေးမည့် တပ်မတော် (လေ)မှ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်
အမှတ်စဉ် (၂၇၀၂) ဖြစ်ပါသည်။


မြန်မာ့တပ်မတော် (လေ)မှ တိုက်ခိုက်ရေးစစ်လေယာဉ်များ (အမ်အိုင်ဂျီ-၂၉ နှင့် အက်ဖ်-၇ တိုက်လေယာဉ်များ)

တပ်မတော် (လေ) ရှိ သယ်ယူပို့ဆောင်ရေး ဝိုင်-၈ဒီ လေယာဉ်ကြီး

ကျွှန်တော်တို့ဆီမှာ အသုံးစရိတ်တွေ လျှော့ချနေချိန် အိမ်နီးချင်းနိုင်ငံတွေအနေနှင့် တိုးမြှင့်နေချိန်ဖြစ်ပါတယ်... ယိုးဒယားလေတပ်က မကြာမှီမှာ တိုက်လေယာဉ်အသစ်တွေ လက်ခံရရှိပါတော့မယ်.... ရေတပ်သင်္ဘောအသစ်တွေ ရေချပါတော့မယ်.... ဘင်္ဂလားဒေ့်က လေတပ်ကိုအဆင့်မြှင့်တင်ပြီး ဒေသတွင်းနိုင်ငံတွေထဲမှာ ခေတ်အမှီဆုံးရေတပ်ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေပါပြီ ပြည်ပကျုးကျော်မှုကို တုံ့ပြန်နိုင်ရန် မကြာသေးခင်က တာတိုလေယာဉ်ပစ်ဒုံးတွေ ဝယ်ထားပြီး ခေတ်မှီနည်းပညာစနစ်ဖြစ်သော Buk-m1များ ဝယ်ယူဖို့ စိုင်းပြင်းနေပြီဖြစ်ပါတယ်.....။ ရေတပ်အတွက် စစ်ရေယာဉ်များ ဝယ်ယူနေပြီ သံချပ်ကာ၊တင့်များအား အဆင့်မြှင့်တင်မှု ပြုလုပ်နေပြီ ဖြစ်ပါတယ်....။ ကျွှန်တော်တို့နိုင်ငံမှာလည်း အခုအဆင်မပြေရင်တောင် နောင်မှာထပ်ဖြည့်ဖို့လိုလာပါလိမ့်မယ်....။