မြန်မာ့တပ်မတော်မှ ရေတပ်အရာရှိများအား F21 ပဲ့ထိန်းဒုံးပါ ဖရီးဂိတ်ကြီးနှင့် အတူတွေ့ရစဉ်

မြန်မာ့တပ်မတော် (ရေ) အတွက် သတင်းကောင်းကတော့ တရုပ်ရေတပ်မှ Jianghu အမျိုးအစား ၀၅၃အပ်က်၁ ပဲ့ထိန်းဒုံးပါ ဖရီးဂိတ် ၂စီး မကြာမှီမှာရောက်လာတော့မှာ ဖြစ်ပါတယ်....။ တရုပ်ရေတပ်သင်္ဘောကျင်းမှာတွေ့ရတဲ့ စစ်ရေယာဉ်တွေကို တပ်မတော် (ရေ)၏ ဆေးအရောင်များသုတ်လိမ်းထားပြီး အဆင့်မြင့်တင်မှုအဖြစ် သင်္ဘောဖျက်ဒုံးများအား လက်ရှိတပ်ဆင်ထားသည့် စနစ်ထက်ပို၍အဆင့်မြင့်သော စီ-၈၀၂ (သို့) စီ-၈၀၅ များဖြင့် အစားထိုးမည်ဟု သိရပါသည်...။ ဖရီးဂိတ်များသည် သက်တမ်းအိုပြီဟု ဆိုနိုင်သော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ အကြီးစားပြုပြင်မှုများ ပြုလုပ်ခဲ့ပြီး ထိန်းချုပ်ရေးစနစ်များလည်း အဆင့်မြင့်တင်ထားသည်ဟု သိရပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ယိုးဒယား နှင့် ဘင်္ဂလားနိုင်ငံရေတပ်များကလည်း အသုံးပြုနေဆဲ ဖြစ်တာမို့ ဘယ်လိုစနစ်တွေတပ်ဆင်ပြီး ဘယ်လိုအသာစီးရမယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါ...။
တပ်မတော် (ရေ) အတွက်ဟု နာမည်ကြီးနေသည့် အဆင့်မြင့်တင်ထားသော ဖရီးဂိတ်များ

တပ်မတော် (ရေ)အတွက် ရောက်ရှိလာမည့် ယခုဖရီးဂိတ်များသည် တရုပ်ရေတပ်၏ ၅၅၄ နှင့် ၅၅၇ စစ်ရေယာဉ်များ ဖြစ်ပြီး တပ်မတော် (ရေ) ၏ ရေပြင်ပိုင်နက်ကာကွယ်ရေးကို ပိုမိုအားကောင်းလာစေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ပြင်ယခုလို ရေပြင်ပြဿနာဖြစ်နေချိန်တွင် ရောက်ရှိလာမည်ဖြစ်သဖြင့် ပို၍ပင် အားတက်၊အားရဖွယ်ရာပင် ဖြစ်ပါသည်။ နှစ်နိုင်ငံရေပြင်ပိုင်ဆိုင်မှုများအား အေးချမ်းစွာဖြေရှင်းနိုင်မည် ဖြစ်သော်လည်း
နောင်တချိန်တွင် ဖြစ်ပေါ်လာဖွယ်ရှိသည့် အငြင်းပွှားမှုများအတွက် အလွန်လိုအပ်နေသော အချိန်လည်းဖြစ်ပါသည်။
တပ်မတော် (ရေ)အတွက်ဟု ယုံကြည်ရသော အချက်မှာ--
ဖရီးဂိတ်များတွင် တွေ့ရသည့် စစ်ရေယာဉ်များ၏ နံပတ်များသည် တရုပ်ရေတပ်သုံးလည်းမဟုတ်၊ ဘင်္ဂလားရေတပ်သုံးလည်းမဟုတ်ဘဲ တပ်မတော် (ရေ)၏ အမှတ်အသားများဖြစ်နေခြင်း..
တပ်မတော် (ရေ)ရှိ အောင်ဇေယျ ဖရီးဂိတ်ကြီး F11

ဘင်္ဂလားဒေ့်၏ F25 ဖရီးဂိတ်ကို ကြည့်ပါ သူတို့ရဲ့ ဖရီးဂိတ်တွေမှာ နံပတ်ကို အနက်နှင့်သာ သုတ်လိမ်းထားပါတယ်...

တပ်မတော် (ရေ) အတွက်ဟု သိရသည့် ဖရီးဂိတ်ကြီး

တရုပ်နိုင်ငံတွင် အဆင့်မြင့်တင်မှု ပြုလုပ်ပြီး ပင်လယ်ပြင်တွင် စမ်းသပ်မောင်နှင်နေစဉ် ဖြစ်ပါသည်။ ရေယာဉ်တွင် ရေယာဉ် နံပတ်သုတ်လိမ်းထားခြင်း မရှိသေးပါ...။
ကျွှန်တော်ဆီရောက်တဲ့သတင်းလေးတွေနှင့် ပုံတွေ အချက်လက်တွေကို လေ့လာပြီးရေးတာဖြစ်ပါတယ် တပ်မတော် (ရေ)အတွက် ဖြစ်နိုင်ချေ ၉၀% လောက်ကတော့ သေချာပါတယ်ခင်ဗျာ....။
တရုပ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းတက်နေဆဲ ရေတပ်အရာရှိများ သတင်းနှင့် ဆက်စပ်နိုင်ပါတယ်....။ နောက်ပိုင်းမှာ ဘယ်လို အဆင့်မြင့်တင်ပြီး ဘယ်လို အသုံးပြုမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ....။ ဆက်စပ်သတင်းတွေကို ဖော်ပြပေးကြဖို့ တောင်းဆိုချင်ပါတယ်....။
ပုံတွေပြန်တင်ပြီး...။