Saturday, March 1, 2014

CN-295 ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး လေယာဉ်





CN-295 လေယာဉ်သည် airbus လေယာဉ်ကုမ္ဗနီ၏ C-295 လေယာဉ်ကို အင်ဒိုနီးရှားတွင် စက်ရုံတည်၍ ထုတ်လုပ်သော လေယာဉ်ဖြစ်သည်။ စပိန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်သော တာဘိုအင်ဂျင်သုံး အင်ဂျင်၂လုံးတပ် သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး စပိန်၊ ဘရာဇီး၊ ပိုလန်နှင့် ပေါ်တူကီတို့တွင် အများဆုံးအသုံးပြုသည်။

စုစုပေါင်း အစဉ်းရေ ၁၀၀ကျော် တည်ဆောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၅နိုင်ငံက အသုံးပြုလျက် ရှိသည်။
ပြေးလမ်းတိုတွင် အတက် အဆင်း ပြုလုပ်နိုင်ခြင်း၊ မြေလမ်းပေါ်တွင် တက်/ဆင်းနိုင်ခြင်း၊ ပြုပြင်ထိမ်းသိမ်းမှု လွယ်ကူခြင်းကြောင့် ထင်ရှားသည်။ တစ်စင်းလျင် ဒေါ်လာ ၂၈သန်းခန့် ရှိသည်။

ပိုင်းလော့ ၂ဦးဖြင့် မောင်းနှင်ရပြီး၊ အလေးချိန် ၁၀တန်ကို သယ်ဆောင်လျက် တစ်နာရီ မိုင် ၃၀၀ကျော်အထိ အမြင့်ပေ၃သောင်းမှ ပျံသန်းနိုင်သည်။ 
ဖေါ်ကာ F27 များအစားထိုးရန် တည်ဆောက်ခဲ့သော လေယာဉ်များဖြစ်သဖြင့် မူလ ဖေါ်ကာ လေယာဉ်အသုံးပြုသူများ အနေဖြင့် အဆင်ပြေစွာ အသုံးပြုနိုင်သည်။
CN295M သည် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး အမျိုးအစားဖြစ်ပြီး လူ ၇၀/ လေထီးစစ်သည် ၄၈ဦး/ လူနာထမ်းစင် ၂၇ခု/ အပေါ့စား စစ်သုံးယာဉ် ၃စင်း သယ်ဆောင်ပေးနိုင်သည်။ ပင်လယ်ပြင် ဆားငွေ့ဒဏ်ခံနိုင်အောင် တည်ဆောင်ထားသဖြင့် ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်းများပါ ဆောင်ရွက်နိုင်သည်။ အင်ဒိုနီးရှား နိုင်ငံတွင် စက်ရုံတည်၍ ထုတ်လုပ်သည့် အမျိုးအစားဖြစ်သည်။

CN-295MPA/ASW သည် ရေကြောင်း ကင်းလှည့်ခြင်းနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး အမျိုးအစားဖြစ်သည်။ လက်နှက်ချိတ်ဆွဲရန် နေရာ ၆ခု ပါဝင်ပြီး သင်္ဘောဖျက် ဒုံးများနှင့် တော်ပီတိုများ သယ်ဆောင်ထားနိုင်သည်။
CN-295 AEW&C သည် အစ္စရေးပါဝင် အဆင့်မြင့်တင်ထားသော ရေဒါစနစ်တင် စနစ်ဖြစ်ပြီး ၃၆၀ဒီကရီ ထောက်လှမ်းနိုင်သော တာဝေးရေဒါစနစ်များ ရန်သူမိတ်ဆွေ ခွဲခြားသော စနစ်များတပ်ဆင်ထားသည်။ 

 သို့သော် C-295 များသည် ၂၀၀၈မှ ၂၀၁၂အတွင်း ၄ကြိမ်တိုင်တိုင် စက်ချို့ရွင်းမှုကြောင့် ပျက်ကျခဲ့ပြီးနောက် အမှာစာများ ထက်ဝက်ခန့် ဖျက်သိမ်း/လျော့ချခံရသည်။ 

ထို့ကြောင့် ၂၀၁၃ ခုနှစ် လေကြောင်းပြပွဲများတွင် CN295W အဖြစ် အဆင့်မြင့်တင်ခဲ့ကြသည်။
ကျန်းမာချမ်းသာကြပါစေ။