Saturday, April 30, 2011

UH-60 Black Hawk



အစ္စရေးနိုင်ငံတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များနည်းပါးလျက်ရှိရာ လိုအပ်ချက်ကိုဖြည့်ရန်အတွက် UH-60 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များအား လက်နက်နှင့် အာရုံခံကိရိယာများတပ်ဆင်ရန် စီစဉ်လျက်ရှိသည်။အစ္စရေးတွင် AH-64 တိုက်ခိုက်ရေးရဟတ်ယာဉ် ၄၈စီးသာရှိပြီး ၎င်းရဟတ်ယာဉ်များသည် ဂါဇာတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ၌ နည်းပညာအသစ်များအား အသုံးခဲ့ပြုရာအထူးကောင်းမွန်စွာ တွေးထင်ထားသည်ထက် ဆောင်ရွက်ခဲ့ကြသည်။နောက်ပိုင်းတွင် မည်သည့်ထိုးစစ်ကို မဆို တိုက်ခိုက်ရာတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် UH-60 ရဟတ်ယာဉ် တစ်ဒါဇင် သို့မဟုတ် ထိုထက်ပိုသည့် အရေအတွက်ကို တိုက်ခိုက်ရေးယာဉ်များအဖြစ် လက်နက်တပ်ဆင်သွားမည်ဖြစ်သည်။
UH-60 ရဟတ်ယာဉ်များအား လက်နက်တပ်ဆင်ရေးမှာ အသစ်အဆန်းများမပါဝင်ပေ။ဘလက်ဟော့ရဟတ်ယာဉ်များအတွက် လက်နက်ကိရိယာများ ယခင်ကပင် အစုံလိုက်ရှိပြီးဖြစ်သည်။ESSSခေါ် ပြင်ပလက်နက်တပ်ဆင်ရေး စနစ်များကလည်း အသင့်ရှိနေရာ UH-60 ရဟတ်ယာဉ်များအား AH-64 ယာဉ်များကဲ့သို့ အတောင်ပံအတိုကလေး၂ခုကိုတပ်ဆင်ကာ ထိုအတောင်ပေါ်တွင် ဟဲလ်ဖိုင်းယားဒုံပျံများ၊ဒုံကျည်များနှင့် စက်သေနတ်များကို တပ်ဆင်ရန်ဖြစ်သည်။ESSS စနစ်များကို UH-60၏ လေယာဉ်မှုးခန်းတွင် ဆက်သွယ်ထားခြင်းဖြင့် ထိုနေရာမှလက်နက်များကို ထိန်းချုပ်ပစ်ခတ်နိုင်သည်။
အစ္စရေးတို့က AH-64 ရဟတ်ယာဉ်များအဖြစ် AH-64၏ လက်ဦးပုံစံနှင့် အကြမ်းအားဖြင့် တူညီစေရန် ဖန်တီးခဲ့ကြသည်။ယင် AH-60 ရဟတ်ယာဉ်များတွင် ဟဲလ်ဖိုင်းယား ဒုံပျံများနှင့် ၇.၆၂မမ သို့မဟုတ် ၁၂.၇မမ စက်သေနတ်များတပ်ဆင်ထားခဲ့သည်။ထို့အတူအာရုံခံကိရိယာများလည်း ပိုမိုတပ်ဆင်ထားသည်။ဤနည်းအားဖြင့် အစ္စရေးအနေဖြင့် တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်ဒါဇင်ခန့်ကို အလျင်အမြန်ရရှိမည်ဖြစ်သည်။UH-60ရဟတ်ယာဉ်မှုးများကိုလည်း AH-64ရဟတ်ယာဉ်မှုများ လုပ်ဆောင်ရမည့် လုပ်ငန်းများကို လေ့ကျင့်ပေးလျက်ရှိသည်။
UH-60 ကို အဆင့်မမြင့်တင်မည်တွေ့ရစဉ်

UH-60 ကို အဆင့်မြင့်တင်အပြီးတွေ့ရစဉ်

No comments:

Post a Comment