
မြန်မာ့တပ်မတော်ရှိ ပင်မတိုက်ပွဲဝင်တင့်ကားများ အမျိုးအစား-၅၉ဒီ နှင့် ၆၉ တင့်ကားများအား ခြေလျင်-တင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်းတွင် တွေ့ရစဉ်ဖြစ်ပါသည်။အမျိုးအစား-၅၉ဒီ ပင်မတိုက်ပွဲဝင်တွေကို ရုရှားရဲ့ တီ-၅၄ တင့်ကားအား ပုံတူယူထားသည့် တရုပ်တပ်မတော်၏ အမျိုးအစား-၅၉ တင့်ကားအား အဆင့်မြင့်တင်ထားသည့် ပင်မတိုက်ပွဲဝင်တင့်ကားကြီးများ ဖြစ်ပါသည်။လက်ရှိအချိန်ထိ တရုပ်တပ်မတော်တွင် အားထားရသော ၅၉ဒီများဖြစ်ပါသည်။
တရုပ်တပ်မတော်သုံး အမျိုးအစား-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကား

သံချပ်ကာ/ခြေလျင်ပူးတွဲ စစ်ဆင်ရေးဝင် တပ်မတော်မှစစ်သည်များ

တပ်မတော် အမြောက်တပ်ရှိ ဗျုဟာမြောက် ၁၅၅မမ Soltam အမြောက်ကြီး

အစ္စရေးတပ်မတော်ထုတ် ဗျုဟာမြောက် ၁၅၅မမ အမြောက်ကြီးတစ်လက်အား တပ်မတော်မှ စစ်သည်များ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်းတွင် လက်တွေ့ပစ်ခတ်လေ့ကျင့်မှု ဆောင်ရွက်နေစဉ်တွေ့ရစဉ် ဖြစ်ပါသည်။
မြန်မာ့တပ်မတော်လေရှိ အဆင့်မြင့်တင်ထားသော အမ်အိုင်-၁၇ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကြီးတစ်စင်း

တပ်မတော်လေရှိ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တစ်စင်း

တပ်မတော်လေ လေတပ်စစ်သည်များ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်အား ဒုံးလက်နက်များ တပ်ဆင်နေသည်ကို တွေ့ရစဉ်ဖြစ်ပါသည်။(ပုံ-ဖိုးတရုပ်)
လေတပ် စစ်သည်များစွမ်းရည်ပြပွဲဆိုင်ရာ အချက်အလက်များ၊ဓါတ်ပုံများရှိပါက ပို့ပေးကြပါဦးဗျာ...။
Wai Him Soe said
ReplyDeleteစွမ်းရည်ပြပွဲကမစ်-၂၉တွေမှာဒုံးတပ်ဆင်ထားခြင်းမရှိပါ။လက်နက်
ချိတ်ဆွဲရန်ကိရိယာပင်ဖြုတ်ထားပါသည်။အထက်ပါပုံမှာလေတပ်တေးသီချင်းမှကူးယူထားခြင်းဖြစ်သည်။
အစိုးရမှစစ်အသုံးစရိတ်တွေကို၁.၂ဘီလီယံကျော်သာချပေးတော့သည်။ထိုငွေဖြင့်ကြည်း၊ရေ၊လေတပ်ဖွဲတောင့်တင်းအောင်ဆောင်ရွက်ရန်မလောက်ငပါ။လေတပ်အသုံးစရိတ်မှာလည်းနည်းပါးမည်ဖြစ်သည်။
ReplyDeleteထို့ကြောင့်ထိုငွေအနည်းငယ်ဖြင့်တန်ဖိုးနည်းပြီးများများရသည့်စွမ်းရည်နိမ့်သည့်လေယာဉ်များမ၀ယ်ယူဘဲတန်ဖိုးကြီးမားသောစွမ်းရည်မြင့်သည့်လေယာဉ်အနည်းငယ်ကိုဝယ်ယူရန်ဖြစ်သည်။သို့မဟုတ်ပါကလက်ရှိရှိရင်းစွဲမစ်-၂၉များအားM1/M2ဖြစ်နိုင်လျှင်OVTအဆင့်ရောက်အောင်အဆင့်
မြင့်တင်သင့်ပါသည်။ထို့ပြင်အစ္စရေး၏အကူအညီဖြင့်အီလက်ထရွန်နစ်ထိန်းချုပ်ရေးရေဒါAESMစနစ်တပ်ဆင်ရန်ဖြစ်သည်။ထိုသို့အဆင့်မြင့်တင်ထားပါကလေတပ်အင်အားကြီးမားသည့်ထိုင်းလေတပ်အားအတိုင်းအတာတစ်ခုအထိတန်ပြန်နိုင်မည်ဖြစ်သည်။
မှားသွားလို့ပါ။AESMမဟုတ်ပါဘူး။AESAအီလက်ထရွန်နစ်ထိန်းချုပ်ရေးရေဒါပါ။
ReplyDeleteဟုတ်ကဲ့ပါ ကိုဝေဟင်စိုးရေ... ကျွှန်တော်မသိလို့ပါ.. ကျေးဇူးဘဲဗျာ အစ်ကိုမပြောရင် အမှားကြီးဖြစ်နေမှာပါ..။ ကိုဝေဟင်စိုးရေ.. လေတပ်တေးသီချင်းကို ပို့ပေးလို့ရမလားဗျ ကျွှန်တော်စိတ်ဝင်စားလို့ပါ...။
ReplyDeleteပုံတွေကြည့် မ၇လို့  ကျေးဇူးပြုပြိးတင်ပေးပါအုံး
ReplyDeleteဟုတ်ကဲ့ ပြန်တင်ပေးပါ့မယ်ခင်ဗျာ...။
ReplyDelete