Friday, January 18, 2013

သတိထား လေ့လာနိုင်စေရန်အတွက်

အားလုံးမင်္ဂလာပါခင်ဗျာ.... အသစ်မတင်ဖြစ်တာတောင် အတော်ကြာသွားခဲ့ပါပြီ.... ဒီနေ့အတွက်တော့ ကျွှန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ကာကွယ်ရေးမြင့်တင့်မှုအပိုင်းလေးတွေ လေ့လာမိသလောက်ပြန်ပြီး ဝေမျှပေးပါ့မယ်.....။


ကမ်းရိုးတန်းရှည်လျှားလှတဲ့ မြန်မာ့ပင်လယ်ပင်မှာ တပ်မတော် (ရေ)အနေနှင့် အရင် ၁၉၉၉ခုနှစ်များအတွင်းက ယိုးဒယားရေတပ်နှင့် ထိတွေ့မှု၊ ၂၀၀၈-၁၀ခုနှစ်များအတွင်း ဘင်္ဂလားရေတပ်နှင့်ထိတွေ့မှုများ ရှိခဲ့ပါတယ်.....။ အနီးစပ်ဆုံး ဘင်္ဂလားရေတပ်နှင့် ထိတွေ့မှုကို လေ့လာကြည့်မယ်ဆိုရင် ဘင်္ဂလားရေတပ်ဟာ အဲဒီအချိန်က အားကိုးစရာဆိုလို့ ဖရီးဂိတ် ၂ စင်းသာရှိပြီး တပ်မတော် (ရေ)မှာတော့ ဖရီးဂိတ် (၁)စင်းနှင့် ပဲ့ထိန်းဒုံးတပ် ရေယာဉ် (၁၀)စင်းကျော်ပါဝင်ခဲ့ပါတယ်....။

 အဆိုပါတင်းမာမှုပြီးနောက် ဘင်္ဂလားရေတပ်ရဲ့ အင်အားတိုးချဲ့မှုဟာလည်း စိုးရိမ်စရာကောင်းလောက်အောင်း မြင့်မားခဲ့ပါတယ်... ကော်ဗတ်ရေယာဉ် (၂)စင်း၊ဖရီးဂိတ် (၂-၃)စင်း၊ဒုံးတပ်ရေယာဉ် (၂-၃)စင်း၊တိုက်ရေယာဉ်အချို့နှင့် စုစုပေါင်း အစင်း (၂၀)နီးပါးဖြည့်တင်းခဲ့ကြပါတယ်.....။ နောက်ထပ်ခြေလှမ်းတစ်ရပ်အဖြစ်လည်း ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ ကြိုးပမ်းနေကြပါတယ်....။ လေတပ်အနေဖြင့်လည်း တာတိုပစ်လေကာစနစ်များ၊တိုက်လေယာဉ်အသစ်များ၊ ရဟတ်ယာဉ်များနှင့် ကြည်းတပ်အတွက် အမြှောက်၊တင့်အသစ်များ၊တင့်ဖျက်ဒုံးများစသည်ဖြင့် ထပ်မံအားဖြည့်ခဲ့ကြပြန်ပါတယ်......။

အခုနောက်ဆုံးအနေနှင့်ကတော့ ရုရှားနိုင်ငံဆီမှ ဒေါ်လာ (၁) ဘီလီယံတန်ဖိုးရှိ လက်နက်များဝယ်ယူရေးဘဲဖြစ်ပါတယ်....။ အစက သန်းပေါင်း (၈၅၀)လို့ သိရပင်မဲ့ ထပ်တိုးပြီးဝယ်ယူမဲ့ အခြေအနေဖြစ်ပါတယ်....။ ဘက်စုံသုံးတိုက်လေယာဉ်များဝယ်ယူဖို့လည်း ကြိုးပမ်းနေကြပါတယ်.....။

မြန်မာ့တပ်မတော် အနေနှင့်လည်း နိုင်ငံတကာစစ်တပ်များနည်းတူ ခေတ်မှီတပ်မတော်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိတယ်ဆိုတာတွေ့ကြရမှာ ဖြစ်ပါတယ်......။ ရေတပ် စစ်သင်္ဘောအသစ်များ၊ရေချခြင်း၊တပ်တော်ဝင်ခြင်း များအပြင် ဆောက်လုပ်ဆဲရေယာဉ်များကိုလည်း ကျွှန်တော်တို့ လေ့လာခွင့်ရခဲ့ပြီဖြစ်ပါတယ်.....။ ကမ်းထိုးရေယာဉ်များမှသည် ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ်များအထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်......။

မြန်မာ့တပ်မတော် (ရေ)မှ လက်နက်တပ်ဆင်မှုအပိုင်းများ ဆောင်ရွက်နေသော ကျန်စစ်သားဖရီးဂိတ် စစ်ရေယာဉ်ကြီး၏ ဂရပ်ဖစ်ပုံတစ်ခု


တပ်မတော် (ရေ)မှ အင်အားတိုးချဲ့ဖြည့်တင်းမှုသတင်းများကို ကျေနပ်နေရင်းတွေ့လိုက်ရတဲ့ သတင်းကတော့ ယိုးဒယားရေတပ်ရဲ့ ရေယာဉ်များအကြောင်းဘဲဖြစ်ပါတယ်.....။ ယိုးဒယားရေတပ်ဟာဆိုရင် အသေးစားလေယာဉ်တင် သင်္ဘော (ရဟတ်ယာဉ်တင်) တစ်စင်းပိုင်ဆိုင်ထားတဲ့ ရေတပ်ဖြစ်ပါတယ်..... လက်ရှိအသုံးပြုနေတဲ့ ဖရီးဂိတ်များဟာလည်း အနောက်နိုင်ငံထုတ်များအပြင် တရုပ်ရေတပ်ဆီမှ မှာယူထားသော ရေယာဉ်များလည်း ပိုင်ဆိုင်ထားကြပါတယ်....။ အခုမကြာသေးခင်သတင်းတစ်ပုဒ်မှာတွေ့ရပါတယ်..... "ယိုးဒယားရေတပ်အတွက် အမေရိကန်ရေတပ်မှ အသုံးပြုပြီး ဖရီးဂိတ်များ ပေးအပ်"ဆိုတဲ့သတင်းဘဲဖြစ်ပါတယ်.....။

 ယိုးဒယားရေတပ်၏ စစ်ရေယာဉ် နရစွမ်

ဒါဟာစိတ်ဝင်စားစရာကောင်းသလို စောင့်ကြည့်သင့်တဲ့ သတင်းတစ်ပုဒ်ပါ.... မိမိတို့ရေယာဉ်တိုးချဲ့မှုများနှင့် ပတ်သက်လို့ တန်ပြန်အားဖြည့်မှုတစ်ခုလေလား...ဆိုတာကတော့ ယိုးဒယားတွေကိုယ်တိုင်ဘဲ သိပါလိမ့်မယ်......။ ခေတ်မှီဖရီးဂိတ်ရေယာဉ် (၂)စင်းထပ်မံ ပိုင်ဆိုင်လာတော့မဲ့ ယိုးဒယားရေတပ်ဟာ လက်ရှိအချိန်မှာ ပြဿနာမရှိပင်မဲ့ မိမိတို့အနေနှင့် သတိထားရမဲ့အချက်ဖြစ်ပါတယ်.....။ ရေယာဉ်တွေရလာမယ်၊ ပြီးတော့ ရှိရင်းစွဲ ရေယာဉ်တွေအတွက် ဒုံးလက်နက်အသစ်တွေထပ်ရမယ်.... ဒီအချက်တွေဟာ စိတ်ဝင်စားစရာအချက်တွေပါ။

အမေရိကန်ရေတပ်မှ လက်ခဲ့ရရှိထားကြသည့် စစ်ရေယာဉ် (၂)စင်းအား တွေ့ရစဉ်

 USS RENTZ(FFG-46)


USS VANDEGRIFT(FFG-48)



"....အမေရိကန်ရေတပ်မှ ထိုင်းရေတပ်သို့ Oliver Hazard Perry (OHP) Class ၊ ပဲ့ထိန်းဒုံးပျံတင် Frigate စစ်ရေယာဉ်နှစ်စီး USS RENTZ(FFG-46) နှင့်USS VANDEGRIFT(FFG-48) အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် Grant အစီအစဉ်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

OHP Frigate များသည် ၁၉၇၀ ခုနှစ်ခန့်တွင် ဒုတိယကမ္ဘာစစ်နှောင်းပိုင်း Destroyer များ၏ နေရာတွင် အစားထိုးရန် စတင်ပေါ်ပေါက်ခဲ့သည်။ကနဦးတွင် ကမ်းတက်စစ်ဆင်ရေး၊ထောက်ပံ့ပို့ဆောင်ရေး နှင့် အရပ်ဘက် ကုန်သွယ် ရေယာဉ်များ ရေငုပ်သင်္ဘောရန်ကာကွယ်ရေး အတွက် ရည်ရွယ်ခဲ့ပြီး နောက်ပိုင်းတွင်
ရေပြင်စစ်ဆင်ရေး တာဝန်တပ်ဖွဲ့နှင့် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးတပ်ဖွဲ့တို့၏ အစိတ်အပိုင်းအဖြစ် အသုံးပြုခဲ့ကြသည်။ အမေရိကန်နိုင်ငံတွင် ၅၅ စီး တည်ဆောက်ခဲ့ပြီး U.S Navy တွင် ၅၁ စီး၊Australian Navy တွင် ၄ စီး အသုံးပြုခဲ့သည်။ထို့ပြင် နောက်ပိုင်း၌ Taiwan တွင် ၈ စီး၊Spainတွင် ၆ စီး၊Australia တွင် ၂ စီး ထပ်မံတည်ဆောက်၍ သက်ဆိုင်ရာ ရေတပ်များတွင် အသုံးပြုခဲ့ကြသည်။U.S Navy ၏ အချို့ OHP Frigate များကို Bahrain၊Egypt၊Poland၊ Pakistan၊ Turkey နိုင်ငံ ရေတပ်များသို့ ရောင်းချခြင်း( သို့မဟုတ်) လွှဲပြောင်းပေးခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။..." မြန်မာရေတပ် (စိတ်ဝင်စားသူများ) ပေ့ခ်ျတွင် ဖော်ပြထားချက်ဖြစ်ပါသည်......။



မိမိတို့နိုင်ငံ၏ ပတ်ဝန်းကျင်ရှိ နိုင်ငံများ၏ စစ်အင်အားတိုးချဲ့မှုများအား သတိထားလေ့လာမိစေရန် ရည်ရွှယ်ပါသည်....။

(ကျွှန်တော် စက်မှ မြန်မာလို့ ရိုက်မရဖြစ်နေတယ်ဗျို့.... ဇော်ဂျီကီးဘုတ်လေးရှိရင် တင်ပေးကြပါဦးဗျာ.... သူများဆီက သုံးရတော့ သိပ်အဆင်မပြေဘူးပေါ့ဗျာ....။ :D )

10 comments:

  1. ဘာမှာဂရုစိုက်နေစရာမလိုဘူး မြန်မာပြည်မှာ ပြည်သူတွေနဲ့တပ်မတော်ပူပေါင်းပြီး လေယဉ်ေ၇ယဉ် စစ်သုံးပစည်းတွေလုပ်လုပ်၇တယ် စီုး၇ကသာ ဒီလမ်းကြောင်တွေဖွင့်ပေပါ ပညာရှင်တွေရှိပါသေးတယ် စိုး၇ငွေကြေးနဲ့ပေါ့လေ

    ReplyDelete
  2. လေတပ်နဲ့ ကြည်းတပ် ကိုတိုးချဲရလိမ့်မယ်ထင် တယ် လေတပ်က ရေတပ်ကို ထောက်ပံ့ ထားလိုရ တယ် ကျွန်တော် အမြင် ပြောတာပါ

    ReplyDelete
  3. နေဗီဆီးလ်တွေထားရှိသင့်ပါတယ်ဗျာ။

    ReplyDelete
  4. ကျွန်တော်အလုပ်လုပ်တဲ့နေရာကထိုင်းစစ်သဘောကျင်းနဲ့ကပ်ရက် sattahip navy ship yard. သူတို့တရုတ်စစ်သဘော်တွေကိုအဆင့်မြှင့်နေတာ။ photo တော့မရိုက်ချင်ဘူးတော်ကြာပြသနာတတ်မှာဆိုလို့၊ carrier ကိုတောင်2012 မှာdock တင်သေးလို့photo ရိုက်ထားသေးတယ်... ၄xx series china made ရဲအမြှောက်ကိုပြောင်းတပ်နေတာ အတော်ကိုကြီးတယ်.. ဘယ်လောက်mm လဲတော့မသိဘူး၊ လက်ရှိလဲ 5xxseries ကို BAE system ရဲ့designနဲဆောက်နေတာ... အတော်ပြီနေပြီ... stealth design နဲ့တူတယ်....မြန်မာမှာလဲအဲလိုအဆင့်မြှင့်သင့်နေပြီး... တခါတလေဒီblog ကိုကြည့်ပြီးကို့ရေတပ်ကိုတော်ရင်လေးမိတယ်... thai ရေတပ်နဲ့မြန်မာရေတပ်... စစ်လက်နက်ပိုင်းမှာလိုက်မှီဖို့အများကြီးလိုနေသေးတယ်...

    ReplyDelete
  5. i believe national war between Thailand and Bangladesh is low in current situation. we should more emphasize on coastal guard and patrol operation, this is a bigger threat to national security.

    ReplyDelete
  6. ကိုမြန်မာရဲ့ email လေး တစိတ်လောက် သိချင်လို့ပါ
    အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ အကို

    ReplyDelete
  7. myanmar မှာ တပ်မ တော် ၂ ခုတိုး သင့်နေပြီ။ coast guard နဲ marine ကို ပြော တာ ပါ

    ReplyDelete
  8. တပ်မတော်မှာလူအင်အားကတော့
    လုံလောက်နေပါပြီနိုင်ငံတကာနဲ့
    ရက်ဘောင်တန်းနိုင်ဘို့ပဲ
    စဉ်းစားရတော့မယ်

    ReplyDelete
  9. နေဗီဆီးလ် က လီးမလို.လား မင်းအမလိုးမလို.ထားမလို.လား နေဗီဆီးလ် ရှိတဲ.နေရာတွေဘာဖြစ်နေလဲဆိုတာမင်းသိလား နာတို. ဗိုလ်ချုပ်ဘာပြောခဲ.မင်းမသိဘူး လီး brain နဲ. မင်းမေလိုးမယ်.ကောင်တွေ ခေါ်ထားမလို.လား

    ReplyDelete
  10. တပ်ရင်းတရင်းကို လူ ၂၅၀လောက်သတ်မှတ်ပါလား။တပ်ရင်းကများပြီးလူအင်အားမရှိဖြစ်နေမယ်။စစ်ကြောင်း၁က ၁၀၀ စစ်ကြောင်း၂က၁၀၀ နောက်ချန်နဲ့ သင်တန်းအတွက်၅၀ပေါ့ ။နောက်တန်းမှာရဲမေကင်းစောင့် တာလည်းမဟုတ်သေးဘူး။တပ်ရင်းတိုင်းကို comando တွေလိုသုံးလို့ ရအောင်လုပ်ပါ။ကျည်ကာအင်းကျီ ဦးထုပ်တွေလည်းလူတိုင်းကိုပေးနိုင်အောင်လုပ်ပါ။စစ်သားတယောက်ကိုတွေ့ တာနဲ့ ရန်သူကြောက်သွားလောက်အောင်စစ်ပစ္စည်းတွေတပ်ဆင်ပေးပါ။အဲ့ ဒါစိတ်ဓါတ်စစ်ဆင်ရေးပဲ။တပ်မ၈၈ကို ကေအိုင်အေကြောက်တာလူလေးတွေကငယ်တာမပါဘူး။ရွယ်တူတောင့် တောင့် တင်းတင်းတွေ။လူမြင်တာနဲ့ ရှိန်တယ်ဆိုတာအဲ့ ဒါပေါ့ ။

    ReplyDelete