Saturday, January 26, 2013

ဒုံးလက်နက်များက စကားပြောလာမည်...။

မြန်မာ့တပ်မတော် (ရေ)၏ ရေယာဉ်များဖြည့်တင်းမှု၊တပ်ဆင်လာနိုင်မှုနှင့် စွမ်းရည်ထက်မြက်လာခြင်းစသည့် အကြောင်းများကြောင့် မိမိတို့ အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း ရေယာဉ်များအပြိုင်အဆိုင်တပ်ဆင်လာကြသည်ကို
 လေ့လာသိရှိရပါသည်..။

ထို့အပြင် အခုတလောတွေ့ရသည့် ဘင်္ဂလားဆိုက်မှ လုပ်ယူထားသည့် ဗီဒီယိုဖိုင်ထဲတွင် တပ်မတော် (ရေ)အား နှိမ်ကာ တင်ပြထားသည်ကိုတွေ့ရပြီး သူတို့ရေတပ်၏ မရှိသည့် ရေငုပ်သင်္ဘောများ၊ဖရီးဂိတ်များအား ဖော်ပြကာနှိုင်းယှဉ်ခြင်းများပြုလုပ်ကာ မီဒီယာဘက်မှယှဉ်ပြိုင်လာသည်ကိုတွေ့ရပါသည်....။

မြန်မာ့တပ်မတော် (ရေ)၏ ခေတ်မှီစစ်ရေယာဉ်ပိုင်ဆိုင်မှုသည် ဒေသတွင်းနိုင်ငံများအကြားတွင် အမြင့်ဆုံးအခြေအနေရှိပါသည်....။ ၅စီးရီးစစ်ရေယာဉ်များ၊ ပြည်တွင်းထုတ် ဖရီးဂိတ်ကြီးများ၊ ကိုယ်ပျောက်နည်းပညာသုံးရေယာဉ်ကြီးများအပါအဝင် ကမ်းထိုးယာဉ်များနှင့် ရှပ်ပြေးယာဉ်များအထိ မိမိတို့ရေတပ်မှ တပ်ဆင်ထုတ်လုပ်နိုင်ချိန်တွင် ဘင်္ဂလားရေတပ်သည် တပ်မတော် (ရေ)အား ယှဉ်ပြိုင်နိုင်စေရန် ရည်ရွှယ်ကာ တရုပ်ရေတပ်မှ ဖရီးဂိတ် ပုံစံ-၀၅၃h၂ ၂စင်း နှင့် အခြားဖရီးဂိတ်များ၊ ရေယာဉ်သစ်များစွာကို ဝယ်ယူခဲ့ပြီးဖြစ်ပါသည်.....။

ဒုံးပျံ ၈ စင်းတပ်ဆင်ထားပြီးဖြစ်သည့် အောင်ဇေယျဖရီးဂိတ်စစ်ရေယာဉ်

ယနေ့ခေတ်၊ယနေ့အချိန်အခါတွင် ရေယာဉ်များသည် ဟိုးအရင်ခေတ်များကဲ့သို့ အမြောက်ချင်း၊ လှမ်းပစ်ဖောက်ခွဲရသော ခေတ်မဟုတ်တော့ပေ....။ မိမိတို့၏ တပ်ဆင်ထားသော ဒုံးစနစ်များ၊ရေဒါစနစ်များနှင့် ခေတ်မှီ အာရုံခံစနစ်များ၊ရန်သူ့ဒုံးများအား လှည့်စားလမ်းလွှဲစေနိုင်သည့်စနစ်များအားဖြင့် အဓိကတိုက်ပွဲဝင်လာကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်များတွင် ပဲ့ထိန်းဒုံးစနစ်များအား အဓိကအားဖြည့် ဖြည့်တင်းလာသည်ကိုလည်း တွေ့ရပါသည်....။

တပ်မတော်(ရေ)ရှိ ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်များ

ဖရီးဂိတ် စစ်ရေယာဉ်များ
အောင်ဇေယျ (F11)........................... Kh-35E× ၈စင်း
မဟာဗန္ဓုလ (F21)............................. စီ-၈၀၂ × ၈စင်း
မဟာသီဟ သူရ (F23)....................... စီ-၈၀၂ × ၈စင်း

F21 Missile Frigate
F23 Missile Frigate

အပေါ့စားဖရီးဂိတ်/ကော်ဗတ် စစ်ရေယာဉ်များ

အနော်ရထာ......................... စီ-၈၀၂ × ၄စင်း
ဘုရင့်နောင်...........................စီ-၈၀၂ × ၄ စင်း

Anawratha Light Frigate (C-802×4)

Bayint Naung Light Frigate (C-802×4)
 
အမြန်တိုက်ခိုက်ရေးယာဉ်များ

ဟောင်ဇင်အမျိုးအစား (၁ဂျီ)......... စီ-၈၀၁အေ × ၄စင်း (ရေယာဉ် ၆ စင်းအတွက် ၄×၆=၂၄စင်း)

Type-037-IG Houxin Class FACM (C-801A×4)

၅စီးရီးရေယာဉ်............................စီ-၈၀၁အေ × ၂စင်း (ရေယာဉ် ၁၀ စင်းအတွက် ၂×၁၀=၂၀စင်း)

5 Series FACM (C-801×2)
 
ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ် (၄၉၁)..... စီ-၈၀၁အေ × ၄စင်း
Stealth FACM (C-801A×4)


အပေါ်ကစာရင်းတွေအရဆိုရင်တော့ တပ်မတော် (ရေ)ဆီမှာ ပဲ့ထိန်းဒုံး (၃)မျိုးနှင့် လက်ရှိတပ်ဆင်မှုအရ ဒုံး (၇၂)စင်းအပြင် အသင့်အနေအထားအဖြင့် တပ်ဆင်ထားသည့် ဒုံးများထက် ၂-၃ဆမျှ ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်....။ ထို့ပြင် မိမိတို့ရေတပ်၏ တရုပ်ဆီမှ ဝယ်ယူထားသည့် F21၊F23 စစ်ရေယာဉ်များရှိ ဒုံးစနစ်များလည်း ရှိသေးရာ အဆိုပါဒုံးစနစ်များအားလည်း ၅စီးရီး ရေယာဉ်များပေါ်တွင် တပ်ဆင်ပေးနိုင်မည်ဟု ယူဆရပါသည်....။ထို့ပြင် ကမ်းရိုးတန်း ကာကွယ်ရေးဒုံးစနစ်အသစ်များလည်း ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်....။ (တည်နေရာများ ဖော်ပြခွင့်မရှိပါ...။

တတိယမြောက် ၁၀၈မီတာ ဖရီးဂိတ်စစ်ရေယာဉ်ကြီး တည်ဆောက်မှု မြင်ကွင်း
Third Missile Frigate


မိမိတို့ ရေတပ်၏ ရေချပြီး လက်နက်တပ်ဆင်မှုအပိုင်းပြုလုပ်နေဆဲဖြစ်သည့် ကျန်စစ်သား စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်မည့် ဒုံးစနစ်များအား ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါ...။ တည်ဆောက်ဆဲ တတိယဖရီးဂိတ်ကြီးပေါ်တွင်လည်း ပဲ့ထိန်းဒုံး ၈စင်းတပ်ဆင်မည်ဖြစ်ရာ ရေတပ်၏ ဒုံးလက်နက်ပိုင်ဆိုင်မှုကို မိမိတို့ဘာသာ စာဖတ်သူတို့ ခန့်မှန်းနိုင်မည်ဖြစ်ပါသည်....။

မြန်မာ့တပ်မတော် (ရေ)အနေဖြင့် ဘင်္ဂလားရေတပ်၏ ရေတပ်တိုးချဲ့မှုကို အမြဲလေ့လာစောင့်ကြည့်နေသကဲ့သို့ ယိုးဒယားရေတပ်၏
 ရေတပ်တိုးချဲ့မှုကိုလည်း စောင့်ကြည့်လျက်ရှိပါသည်...။ ယိုးဒယားရေတပ်သည်လည်း မကြာမှီ တရုပ်ရေတပ်ဆီမှ ပုံစံ-၀၅၄ ဖရီးဂိတ်ကြီးများ ပိုင်ဆိုင်ထားဖို့ရှိပါသေးသည်....။ သီးသန့်အတည်ပြုချက် မရရှိသေးပါ...။ မြန်မာ့တပ်မတော် (ရေ)အနေဖြင့်လည်း နောင်ဖြစ်လာနိုင်မည့် အရေးများအတွက် အစီအစဉ်များရှိပြီးဖြစ်ရာ ဖရီးဂိတ် ဂစင်း၊ကော်ဗတ် ၃စင်းနှင့် အမြန်တိုက်ခိုက်ရေးယာဉ်အသစ်များ ကမ်းထိုးယာဉ်၊ထောက်ပို့ရေးယာဉ်ကြီးများတည်ဆောက်လျက်ရှိပါသည်....။ မိမိတို့ ရေတပ်အနေဖြင့် ပတ်ဝန်းကျင် ရေတပ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပါက ယခင်ကအဖြစ်ပျက်များကဲ့သို့ပင် မိမိပိုင်နက်များအား ကျူးကျော်စော်ကားမှုများအား ဆက်လက်ခံနေရဦးမည်ဖြစ်ပေသည်....။

ပြောင်းလဲလာသော နိုင်ငံအရေးနှင့် အတူ ပြည်ပရင်းနှီးမြုပ်နှံမှုများ ပိုမိုများပြားလာမည်ဖြစ်ရာ ကမ်းလွန်ရေနံလုပ်ကွက်များကဲ့သို့သော ပင်လယ်ပြင်ပိုင်နက်များအား ကာကွယ်ရန်အတွက်လည်း ပိုမိုခေတ်မှီ ထက်မြက်သည့် စွမ်းဆောင်ရည်မြင့်မားသော ဖရီးဂိတ်များ၊ရေယာဉ်ကြီးများပိုင်ဆိုင်ထားနိုင်ကာမှ မိမိတို့ ရေပြင်ပိုင်နက်အတွက် ပြီးပြည့်စုံလာမည်ဖြစ်ပါသည်.....။... ပြီးပြည့်စုံသည့် ကာကွယ်ရေးစနစ်ပိုင်ဆိုင်နိုင်မှသာလျှင် မိမိတို့တိုင်းပြည်၏ ဝေဟင်၊ရေပြင်နှင့် မြေပြင်ပိုင်နက်များကို ကာကွယ်ပေးနိုင်မည်ဖြစ်ပါတော့သည်....။

(ဒီအပတ်အတွက်တော့ မိမိလေ့လာမိသလောက်လေးကို တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ....။ ဒီထက်ပိုပြည့်စုံတဲ့ သုံးသပ်ချက်များ၊စိတ်ဝင်စားဖွယ်ရာများနှင့် မြန်မာ့တပ်မတော်၏ စိတ်ဝင်စားဖွယ်၊ဂုဏ်ယူဖွယ်ရာများကို ဆက်လက်ဖော်ပြပေးပါဦးမည်ခင်ဗျာ....။ ကိုmm)

12 comments:

  1. စစ်ရေယာဉ်အမျိုးအစားတွေက ဘယ်လိုခွဲတာလဲ။ ဖရီးဂိတ်တို့ ကော်ဗတ်တို့။ ဘာတွေကွာတာလဲ။

    ReplyDelete
    Replies
    1. ဖြစ်နိုင်ရင် စစ်ရေယာဉ်အမျိုးအစား တွေအကြောင်း ပို့စ်တင်ပါဦး အကိုရေ။ ဗဟုသုတရတာပေါ့

      Delete
  2. တပ်မတော်(ရေ)မှာ ရေငုတ်သဘောင်္တွေရှိတယ်ဆိုတာဟုတ်ပါသလား ကိုMMရေ...ရခိုင်ဘက်မှာ ရှိတယ်တဲ့။

    ReplyDelete
    Replies
    1. ရေငုပ်သင်္ဘော ၇ စီးလောက်ရှိပါတယ် ရေတပ်သင်္ဘောကျင်းမှာလည်း နူကလီးယား ရေငုပ် သင်္ဘော(၃)စီး တည်ဆောက်နေပါတယ်

      Delete
  3. တတိယမြောက်ဖရီးဂိတ်အမည်လေးသိပါရစေ။

    ReplyDelete
  4. စတုတ္ထမြောက်က ကျန်စစ်သားပါ။ ၀ါသနာရှင်တွေရဲ့ စစ်သင်္ဘောပုံစံငယ်လေးတွေ တင်ကြရအောင်။

    ReplyDelete
  5. Myanmar navy should consider buying some submarines(preferably not from China) & in the meantime they should increase anti submarine capability of the surface crafts. Submarine with it stealthily capacity can cause a lot of damage to surface warships as proven by Nazi U-boats during WWII.

    ReplyDelete
  6. တရုတ်လိုမျိုး သင်္ဘောပစ်ဒုံးတွေဆောက်ပီးချထားလိုက်ဗျာ. အနားမလာရဲအောင် C-602 တွေတောင်တော်တော်ကောင်းတယ်နော်

    ReplyDelete
  7. ကို mm ရေ၊ အရင်ကပိုစ့်တစ်ခုမှာ ၄၉၁ မှာ တပ်ထားတဲ့ဒုံးကို စီ ၈၀၂လို့ ဖေါ်ပြဖူးတယ်။ အခုပို့စ်မှာတော့ စီ၈၀၁အေ လို့ဖေါ်ပြတယ်။ ကိုအမ်အမ်အနေနဲ့လည်း ရနိုင်သလောက်ဓါတ်ပုံ၊ သတင်းလေးတွေက အခြေပြုသုံးသပ်ရတာဆိုတော့ အခက်အခဲရှိမှာပဲ။ အခု ၈၀၁ အေ ကကော။ သေချာပြီလား။ အနီးကပ်ဓါတ်ပုံတွေလည်း ရပြီဆိုတော့ ၈၀၁အေ က confirm လား၊ ခွဲရအောင် သွင်ပြင်လက္ခဏာလေးတွေကိုကြည့်ပြီး သုံးသပ်ပေးပါဦး၊ အတည်ပြုချက်လေးလည်း ပေးပါဦးဗျ။ ကျေးဇူးတင်စွာဖြင့်

    ReplyDelete
  8. ဖရီးဂိတ်ဆို တာblue sea မှာရေပေါ့်ရေအောက်ဝေဟင် စစ်ဆင်နိုင် စွမ်းရှိ သည်။ထိုးစစ်ဆင်နိုင် စွမ်း ရှိ သည်။corvette သည် frigate ထက်အရွယ်ကောလက်နက်ကော အနည်းငယ်သေးပါသည်။

    ReplyDelete
  9. တိုက်သင်္ဘောနဲ့ ဖျက်သင်္ဘောကို ဘယ်လိုခွဲခြား အဓိပ္ပာယ်ဖွင့်ပြီး စစ်ဆင်ရေးတာဝန်/ လှုပ်ရှားစစ်ကစားမှုတွေက ဘယ်လိုကွာတယ်ဆိုတာ ပြောပြပေးပါဦး ကိုMMရေ.. ကောဗတ်တွေကိုရော ဘယ်လိုစစ်ရေးတာဝန်တွေပေးနိုင်တယ်ဆိုတာလေး အကျယ်တဝင့်ရှင်းပြပေးပါဗျာ...

    ReplyDelete
  10. ရေငုပ်သင်္ဘောရှိတာလား
    ရေမြုပ်သင်္ဘောရှိတာလား:)

    ReplyDelete