Saturday, March 23, 2013

မြန်မာ့တပ်မတော်နေ့ အခမ်းအနားကို ရင်ခုန်ကြည့်ခြင်း

ကျွှန်တော်အနေနှင့် အလုပ်မအားလို့ ပိုစ့်မတင်ဖြစ်ခဲ့ပင်မဲ့ ဒီနေ့ထိ အားပေးကြလို့ ကျေးဇူးအထူးပါခင်ဗျာ...။

အခုတလော ကျွှန်တော်တို့ စစ်ရေးစိတ်ဝင်စားသူများအကြား အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ သတင်းကတော့ မြန်မာ့တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားဘဲဖြစ်ပါတယ်...။ တပ်မတော်နေ့နှင့် ပတ်သက်ပြီးတော့ အားလုံးလည်း သိပြီးသားဖြစ်လို့ ထွေထွေထူးထူး မရေးတော့ပါဘူး... ဒါပင်မဲ့ တပ်မတော်နေ့ အခမ်းအနားမှာပါဝင်မဲ့ စစ်သည်များနှင့် စစ်ယာဉ်များအကြောင်းကတော့ ကျွှန်တော်ကိုယ်တိုင်လည်း အထူးစိတ်ဝင်စားလို့လေ့လာမိပါတယ်...။ အဲဒီထဲက သိခွင့်ရတဲ့ တစ်ချို့ကို ပြန်လည် ဝေမျှပေးသွားပါ့မယ်...။ ရရှိထားတဲ့ အချက်လက်တွေ ဘယ်လောက်မှန်ကန်မှုရှိတယ်ဆိုတာကတော့ မတ်လ ၂၇ ရက်နေ့ကြရင် အတိအကျ သိနိုင်မှာဘဲဖြစ်ပါတယ်....။
Multi Purpose Wheel Vehicle 1/2 ton, Naung Yoe Gallantry

စစ်သည်များ

(၂၀၁၂ ခုနှစ်တပ်မတော်နေ့ အခမ်းအနားမှ စစ်သည်များ)

တပ်မတော်နေ့ စစ်ရေးပြပွဲမှာပါဝင်ချီတက်မဲ့ တပ်ရင်း၊တပ်ဖွဲ့များကတော့ အပြောင်းအလဲသိပ်မရှိဘူးလို့ သိရပါတယ်...။ ဒါပင်မဲ့လို့ စစ်သည်များဝတ်ဆင်မဲ့ အဝတ်အစားပိုင်းကတော့ အနည်းငယ်အပြောင်းအလဲ ရှိဟန်တူပါတယ်...။ အရင်နှစ်များက ဝတ်ဆင်ခဲ့တဲ့ အစိမ်းသောက်သောက်မှာ အနည်းငယ် အရောင်ဖျော့တယ်လို့ မြင်မိပါတယ်...။ တပ်မတော် (ရေ) အနေဖြင့်လည်း အပြောင်းအလဲတချို့မြင်တွေ့ရမှာဖြစ်ပါတယ်...။ ဝတ်စုံ ပုံစံ(၂)မျိုးဖြစ်မယ်လို့ သိရပါတယ်...။ လေတပ်မတော်ကတော့ အပြောင်းလဲဆုံးလို့ ဆိုနိုင်မယ်ထင်ပါတယ်.... အဖြူပြောက်ကြားလေးဖြစ်နေလို့ပါတယ်... ပုံစံဘယ်နှမျိုးဆိုတာကတော့ မသိရသေးပါဘူးခင်ဗျာ....။

တပ်မတော် (ကြည်း)

တပ်မတော် (ရေ)
တပ်မတော် (လေ)

စစ်ယာဉ်များ

ယခုနှစ် တပ်မတော်နေ့ အခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ စစ်ယာဉ်များလည်း ပါဝင်ချီတက်မည်ဟု သိရသဖြင့် အထူးစိတ်ဝင်စားစရာပင်ဖြစ်ပါသည်....။ စစ်ယာဉ်များနှင့်ပတ်သက်ပြီး အမျိုးမျိုးကြားနေရပင်မဲ့ ဘယ်စစ်ယာဉ်တွေပါမယ်ဆိုတာ မသိရသေးပါဘူး....။

အဲဒီထဲက တစ်ချို့ကတော့...
- အမြောက်တပ်ဖွဲ့နှင့်အတူ အမြောက်လက်နက်များ
-လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဒုံးလက်နက်များ၊ စက်အမြောက်များ
-သံချပ်ကာ၊ယန္တာရားတပ်ဖွဲ့ဝင်များနှင့်အတူ သံချပ်ကာ၊တင့်ကားများ စသည်ဖြင့် အကြမ်းဖျင်းသိရပါသည်...။

 ထိုအထဲမှ လေကြောင်းရန်ကာကွယ်ရေးပိုင်းတွင် အထူးစိတ်ဝင်စားကြမည်ဟု ယူဆသောကြောင့် အနည်းငယ်ထပ်မံဖော်ပြပါက ရုရှားတပ်မတော်၏ S-125 ဒုံးပျံများ (နေတိုးအခေါ် SA-3) များအား အဆင့်မြှင့်တင်ထားသော Pechora 2M မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်းဒုံးပျံတင်ယာဉ်များ ပါဝင် ပြသသွားမည်ဟု သိရပါသည်...။

ဗင်နီးဇွဲလားတပ်မတော်သုံး Pechora 2m SAM (ပုံစံတူသာဖြစ်သည်)

နောင်ရိုးဂျစ်

နောက်ဆုံးတစ်ခုအနေနှင့် စိတ်ဝင်စားဖွယ်ရာတစ်ခုကတော့ မြန်မာ့တပ်မတော်သုံး နောင်ရိုးဂျစ်ခေါ် စစ်သုံးယာဉ်များဘဲဖြစ်ပါတယ်...။ တပ်မတော်နေ့တွေမှာတော့ မြင်တွေ့ရတတ်ပါတယ်...။ ကာကွယ်ရေးဦးစီးချုပ်၏ အနီးကပ်ကိုယ်ရံတော်များ အသုံးပြုသည့် စစ်သုံးယာဉ်များဘဲဖြစ်ပါတယ်...။ ပုံစံ ဘယ်နှမျိုးနှင့် ထုတ်လုပ်ထားတယ်ဆိုတာကတော့ မသိရသေးပါဘူး....။

၂၀၁၂ခုနှစ် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် နောင်ရိုးဂျစ်များ
မြန်မာ့တပ်မတော်သုံး နောင်ရိုးဂျစ်တစ်စီးအား တွေ့ရစဉ်

 
အခုတော့ ဒီလောက်ပါဘဲခင်ဗျာ...။ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုသာ ကျွှန်တော်တို့ စိတ်ဝင်တစားနှင့် စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်....။ ပုံတွေရရှိကြရင်လည်း ကျွှန်တော် မေလ်း komm.myanmar ဂျီးမေလ်းကို ပို့ပေးနိုင်ပါတယ်ခင်ဗျာ... :D

3 comments:

  1. ကိုMMရေ မျှော်လိုက်ရတာဗျာ
    post အသစ် မတင်တော့ အဟောင်းတွေ ပြန်ရှာဖတ်
    လိုက်တာ အကုန် ပြီးသွားပြီ
    စစ်ဝတ်စုံတွေနဲ့ ပတ်သက်လို့ကတော့ ပြောက်ကျား
    မဟုတ်ချင်နေ ရာသီဥတု ပတ်ဝန်းကျင်နဲ့ လိုက်လျောညီပြီး
    ဝတ်ဆင်ရာမှာ သက်တောင့် သက်သာ ရှိဖို့က ပိုအရေးကြီး
    မယ်ထင်ပါတယ်
    အစ္စရေးတပ်သားတွေ ပြောက်ကျားဝတ်နဲ့ ပုံ မတွေ့ဖူးဘူး

    ပြီးတော့ ကျနော်တို့ တပ်မတော်နဲ့ အစ္စရေးတပ်မတော်တို့
    ပတ်သက်မှုတွေ ရှိသလား .
    အစ္စရေးတို့ ရဲ့ iron dome စနစ်အကြောင်းကို ဖတ်ချင်
    ပါတယ်
    ဆက်ပြီးအားပေးနေပါဦးမယ်

    ReplyDelete
    Replies
    1. မြန်မာ့တပ်မတော်နဲ့ israel တပ်မတော်နဲ့က အင်မတန်နက်နဲတဲ့ဆက်ဆံရေးရှိပါတယ်။ ဒီက f-7 တွေကို mk2 အဆင့်မြှင့်တာ၊ အမြောက်တွေကို gps စနစ်တပ်ဆင်တာ။ လက်နက်ထုတ်တဲ့အပိုင်းမှာအကူအညီပေးတာ။ အများကြီးရှိပါသေးတယ်။ iron dome က missile သာမက rocket တွေကိုပါကာကွယ်နိုင်တယ်ပြောတာပဲ။ drawback ကတော့ လက်လုပ်missiles တွေထက် သူ့ missile ကဈေးပိုကြီးတယ်။ အဲဒေါ့ တစ်ဖက်က သွန်ပြီး ပစ်ရင်ဘယ်လိုမှ ကာကွယ်ဖို့တွက်ခြေမကိုက်ဘူး။

      Delete