Sunday, May 5, 2013

ဒေသတွင်းရေတပ်ဖွဲ့များဆိုင်ရာ အပိုင်း-၁

မင်္ဂလာပါခင်ဗျာ.... ဒီနေ့တော့ အချိန်လည်းရတာမို့ ရေးချင်တာလေးတွေ တချို့ရေးတင်ပေးခဲ့ပါ့မယ်....။
အခုတလော သတင်းတွေထဲမှာ ကြားနေရတဲ့ ရေတပ်မတော်များရဲ့ သတင်းလေးတွေကနေ အစချီချင်ပါတယ်....။

ဘင်္ဂလားရေတပ်၏ တပရစ် ဖရီးဂိတ် စစ်ရေယာဉ်များ

မြန်မာ့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားနိုင်ငံဟာ မိမိတို့ မြန်မာနိုင်ငံရဲ့ ရေတပ်အင်အားတိုးတက်လာမှုကို မျက်ခြေမပြတ် စောင့်ကြည့်နေရင်းနှင့် သူတို့ရဲ့ ရေတပ်ကို အဆင့်မြင့်တင်နေတဲ့ ရေတပ်တစ်ခုဖြစ်ပါတယ်...။ အလွယ်ကူဆုံးနှင့် အရှင်းဆုံး ဥပမာတစ်ခုပြရမယ်ဆိုရင်တော့... တလောကမှ သတင်းကြီးလာတဲ့ ပုံစံ-၀၅၃H၂ စစ်ရေယာဉ် တပတ်ရစ်များ ဝယ်ယူဖြည့်တင်းလာမှုဘဲဖြစ်ပါတယ်....။ အဆိုပါ ဖရီးဂိတ်များအနေဖြင့် တပ်မတော် (ရေ) ၏ ပုံစံ-၀၅၃H၁ များထက် ပိုမိုအဆင့်မြှင့်သည်ဟု ယေဘူရအားဖြင့် အထင်ရောက်စေနိုင်သော်လည်း မြန်မာ့ရေတပ်၏ ဖရီးဂိတ်ကြီးများပေါ်တွင် တပ်ဆင်ထားသည့် လက်နက်စနစ်များ၊ဒုံးစနစ်များနှင့် အီလက်ထရောနစ်စစ်ဆင်ရေးဆိုင်ရာ နည်းစနစ်များသည် ပို၍ပင်သာနေဆဲဖြစ်သည်...။ အသေးစိတ်အချက်လက်များနှင့် ဖော်ပြခွင့်မရသဖြင့် အကြမ်းဖျင်းမျှသာ ဖော်ပြခြင်းဖြစ်ပါသည်...။

 စစ်ရေယာဉ်များ နှိုင်းယှဉ်မှု


ထို့ပြင် တရုပ်ရေတပ်ဆီမှလည်း အမြန်တိုက်ခိုက်ရေးယာဉ် ၂ စင်းဝယ်ယူထားရာ ဘင်္ဂလားရေတပ်၏ အင်အားကိုတိုးချဲ့လျက်ရှိကြောင်း ခန့်မှန်းမိကြမည်ဖြစ်ပါသည်...။ အဆိုပါ အမြန်တိုက်ခိုက်ရေးယာဉ် ၂ စင်းသည် မြန်မာ့တပ်မတော် (ရေ)ရှိ ၄၉၁ ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ်အား အဓိကယှဉ်ပြိုင်လာမည့် စစ်ရေယာဉ်များဖြစ်လာနိုင်ပါသည်...။ စစ်ရေယာဉ် ၅၉၁ ထက် အနည်းငယ်ပို၍ရှည်လျားပြီး တပ်ဆင်ထားသည့် လက်နက်စနစ်ပိုင်းကို အနည်းငယ်ဖော်ပြပေးပါမည်...။
တန်ချိန်-၆၄၈ တန်၊၆၄.၂မီတာ အရှည်ရှိပြီး တစ်နာရီ ရေမိုင် ၂၈ နှုန်းဖြင့် မောင်းနှင်နိုင်စွမ်းရှိသည်...။

တပ်ဆင်ထားသည့် လက်နက်စနစ်များ နှိုင်းယှဉ်မှု
ရေတပ်ဆိုင်ရာ အချက်လက်များအား မိမိလေ့လာမိသလောက်လေးမျှသာဖြစ်ပြီး တရားဝင် စာရင်းဇယားများ မဟုတ်ပါ...။ အမှားယွင်းရှိနိုင်ပါသည်....။

ဒီနေ့တော့ အမြည်းသဘောလေးလောက်ပေါ့ဗျာ.... ၂ပတ်တစ်ကြိမ်လောက်တော့ ရေးပေးဖို့ အဆင့်သင့်ပြန်ဖြစ်နေပါပြီခင်ဗျာ....။ ဆွေးနွေးမှုတိုင်းကို ကြိုဆိုပါတယ်..... :-)

10 comments:

  1. ပိုစ်အသစ် မတွေ့ရတာအတော်ကြာနေပီဘဲ။

    ReplyDelete
  2. ဘင်္ဂလားဒေ့ရ် ကြည်းတပ်အကြောင်း သိချင်ပါတယ် ဖြစ်နိုင်ရင်ပြည့်ပြည့်စုံစုံတင်ပေးပါခင်ဗျား

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်

    ReplyDelete
  4. ရေဒါကောင်းကောင်းတပ်သင့်တယ်။

    ReplyDelete
  5. ဘွဲ့ရများရေတပ် သို့ဝင် လျှင် မည်သို့ဆက်သွယ် ရမည်ကိုပြည့်ပြည့်စုံစုံရှင်းပြ ပေပါ

    ReplyDelete
  6. ဘွဲ့ရများရေတပ်သို့ဝင် လျှင် မည်သို့ဆက်သွယ် ရမည် မည်သည့်ရာထူးနှင့်စ၍တာ ဝန်ထမ်းဆောင် ရမည်ကိုရှင်းပြ ပေးပါ လေးစားလျှက်-------

    ReplyDelete
  7. တရုပ် ကမြန်မာ့ ရန်သူတွေကို မြှေက်ပေးနေ
    လက်နက်ရောင်နေတာ ဒါ ဆွေမျိုးပေါက်ဖော်
    စည်းကမ်းဖောက်ဖျက်တာ
    သစ္စာ မရှိ သူ မဆက်ဆံ တာ အကောင်းဆုံးပဲ
    မစု ကို ဘယ်တော့မှ မဲမပေးတော့ဘူး ကတိ
    ank

    ReplyDelete
  8. Destroyer မြန်​မာ ​ရေတပ်​က ​​ဆောက်​ဖို့ရှိလား

    ReplyDelete
  9. Destroyer မြန်​မာ ​ရေတပ်​က ​​ဆောက်​ဖို့ရှိလား

    ReplyDelete
  10. Destroyer မြန်​မာ ​ရေတပ်​က ​​ဆောက်​ဖို့ရှိလား

    ReplyDelete