Monday, September 2, 2013

Mil Mi-17 အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်မျိုးကွဲများ

ကျွှန်တော်တို့ အလွယ်နဲ့ Mi-17 လို ခေါ်လေ့ရှိတဲ့ အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အကြောင်းကို အစ်ကိုတစ်ယောက်ထံမှ စုဆောင်းထားတဲ့ အချက်လက်တချို့ကို အခြေခံကာဖော်ပြပေးခြင်းပါတယ်....။

Mil Mi-17 အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ရုရှားနိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကမ္ဘာ့အရပ်ရပ်ရှိ စစ်တပ်များနှင့် အရပ်ဖက်များတွင်မကျန် ဘက်စုံသုံး ရဟတ်ယာဉ်အဖြစ် နာမည်ကျော်ကြားလျက်ရှိပါတယ်....။ မြန်မာ့တပ်မတော်(လေ)ဟာလည်း Mi-17 ရဟတ်ယာဉ်မျိုးကွဲများကို တပ်မတော်(လေ)၏ လိုအပ်ချက်အတိုင်း ၁၉၉၅ခုနှစ်များမှ စတင်ကာ
ဝယ်ယူဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်....။ အဓိကတာဝန်ဖြစ်သည့် သယ်ယူပို့ဆောင်ရေးတာဝန်များအပြင် စစ်ဆင်ရေးအရလိုအပ်ပါကလည်း အသုံးပြုနိုင်တဲ့ ရဟတ်ယာဉ်အမျိုးအစားဖြစ်ပါတယ်...။

မြန်မာ့တပ်မတော်(လေ) အနေဖြင့် အစီးရေ မည်မျှတာဝန်ထမ်းဆောင်နေသလည်းဆိုတာ မသိရပင်မဲ့ Mi-17 ရဟတ်ယာဉ်ရဲ့ မျိုးကွဲတချို့ကိုတော့ ကျွှန်တော်တို့အနေနှင့် အနီးစပ်ဆုံးဖြစ်စေရန် လေ့လာရင်း တင်ပြပေးသွားပါ့မယ်ခင်ဗျာ....။

Mil Mi-17S (သို့) Mi-172 VIP Version

Mi-17S (သို့) Mi-172 VIP Version ရဟတ်ယာဉ်များကို အထူးမွမ်းမံထားသည့် အတွင်းခန်းအပြင်အဆင်များအပြင် ခေတ်မှီနည်းစနစ်များ တပ်ဆင်ထားသည်ဟု သိရပါတယ်...။ လက်ရှိအချိန်မှာတော့ တပ်မတော်(လေ) အနေနှင့် VIP ရဟတ်ယာဉ် (၂)စင်း ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု ယူဆရပါတယ်....။

 
 အထက်က ပုံမှာမြင်တွေ့ရတဲ့ VIP ရဟတ်ယာဉ်ကတော့ မကြာသေးခင်ကဘဲ တပ်တော်ဝင်ထားတဲ့ ရဟတ်ယာဉ်တစ်စင်းဖြစ်ပါတယ်....။

Mi-17-S (သို့) Mi-17 MD 1995 VIP Version


 Mi-17-1V Gunship Version
 နောက်ထပ်ဖော်ပြပေးမယ့် ရဟတ်ယာဉ်အမျိုးစားကတော့ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး နှင့် လက်နက်တပ်ဆင်ထားနိုင်တဲ့ Mi-17-1V ရဟတ်ယာဉ်ဘဲဖြစ်ပါတယ်...။ အင်ဂျင်ပိုင်းအနေဖြင့် Klimov TV3-117VM အင်ဂျင်ကို အသုံးပြုထားပြီး Mi-8MTV-1 အမျိုးစားရဲ့ Export Version ဖြစ်ပါတယ်...။

  
  
Mi-171Sh (သို့) Mi-17-1V အဆင့်မြှင့်တင်ထားခြင်းလော..
 အထက်ပါပုံမှာတွေ့ရတဲ့ အချက်လက်များအရ Mi-17-1V လို့ သတ်မှတ်ထားပင်မဲ့ ထူးခြားတဲ့ အချက်လက်တချို့ကြောင့် အဆင့်မြှင့်တင်ထားသည့် Mi-17-1V ဘဲလား.. Mi-171Sh လားဆိုတာကတော့ မသိရသေးပါဘူး...။ ကျွှန်တော်တို့ရဲ့ အားနည်းချက်သာလျှင်ဖြစ်ပါလိမ့်မယ်ခင်ဗျာ....။

MI-17 MD Versions
နောက်အမျိုးစားကတော့ Mi-17 MD အုပ်စုထဲက (၂)မျိုးဖြစ်ပါတယ်....။ Mi-17 MD မျိုးကွဲများအနက် တပ်မတော်(လေ)တွင် အသုံးပြုသည့် အမျိုးစားများကတော့ Mi-17 MD 1995 နှင့် Mi-17 MD 1996 တို့ဘဲဖြစ်ပါတယ်....။


Mi-17 MD 1995 အနေဖြင့် ပုံကောင်းကောင်းမရှိသေးပါသဖြင့် အနည်းငယ်မှုန်ဝါးနေပါသည်...။ နာဂစ်ကာလအတွင်းတွင် တွေ့ရသော Mi-17 MD 1995 အမျိုးအစား ရဟတ်ယာဉ်တစ်စင်း ဖြစ်ပါသည်...။
 Mi-17 MD 1995 နှင့် 1996 အမျိုးစားတို့အကြား ကွဲပြားမှုကို တွေ့နိုင်ပါသည်...။
Mi-17 MD 1996 အမျိုးအစား ရဟတ်ယာဉ်တစ်စင်းအား တွေ့ရစဉ်



မြန်မာ့တပ်မတော်(လေ)ရှိ Mi-17 ရဟတ်ယာဉ် မျိုးကွဲများသည် အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်နေကြလျှက်ရှိပြီး လေထီးစစ်သည်များ၏ လေ့ကျင့်ခြင်း၊ အမြောက်ချိတ်ဆွဲပျံသန်းခြင်းများအပြင် ရှေ့တန်းစစ်ဆင်ရေး တာဝန်များကိုလည်း ကျေပြွန်စွာ ထမ်းဆောင်လျက်ရှိကြောင်းကို မိမိတို့ အဖွဲ့အနေဖြင့် တင်ဆက်ပေးလိုက်ရပါသည်ခင်ဗျာ...။

အမြောက်ချိတ်ဆွဲပျံသန်းခြင်း လေ့ကျင့်ခန်း ဆောက်ရွှက်နေစဉ်

 မြန်မာ့တပ်မတော်၏ အထူးတပ်ဖွဲ့ (သို့) လေထီးတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ခန်းတစ်ခု


ပုံကိုးကား- တပ်မတော်(လေ) အစီအစဉ်များ

8 comments:

  1. သိပ်မကြာခင် ချင်းပြည်နယ် နဲ့  ဝေးလံ ပြီး တည်ရခက်တဲ့ နေရာတွေ က ဆက်သွယ်ရေး တိုင်တွေ စိုက်ဖို့  ဒီ ရဟတ်ယာဉ်ကြီးတွေ အသုံးတော် ခံအုံးမှာ မြင်ရောင်ပါသေးတယ်....

    မစဉ်းစားတတ်တောင် ဆိုဗွီယက်ပြည်ထောင်စု ကြီး ဘယ်လို သုံးသွားတယ် ကြည့်ရင် ဘက်ပေါင်းစုံ အသုံး ချဖို့  တော်တော် အသုံး ဝင်နေစဲ အကောင်ကြီးတွေ ဘဲ ဗျ

    ReplyDelete
  2. မဂ်လာပါ ကို MM ။
    ကျွန်တော်တို့ဆီမှာရှိတဲ့ Mi 35 တွေနဲ့ Apache AH 64 ဘယ်ဟာကပိုကောင်းလည်းနှိုင်းယှဉ်ချက်ကလေးသိချင်ပါတယ်။
    Mi 35 တွေမှာကိုယ်ပိုင် anti air defenseးစနစ်တွေပါလားလည်းသိချင်ပါတယ်။
    ကို MM အချိန်တွေဖြုန်းတီးရတာအားနာပါတယ်။အကျဉ်းချုံးလောက်ပဲဖြစ်ဖြစ်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျ။

    ReplyDelete
  3. လေတပ်အတွက်တော့အစ္စရေးကနည်းပညာနဲနဲလောက်ဖြစ်
    ဖြစ် ရရင် အရမ်းကောင်းမယ်ဗျ။အရင်က တည်းကကျနော်တို့
    နှစ်နိုင် ငံလေတပ်တွေအဆက်အဆံရှိတာကြားဖူးတယ်။

    ReplyDelete
  4. တိုက်ဂါးဖြစ်ဖြစ်; အပါချီဖြစ်ဖြစ်တိုက်ခိုက်ရေး ရဟတ်ယဉ် တွေဝယ်ယူသင့်ပါတယ်"

    ReplyDelete
  5. အခု လောလောဆယ် Mi-24 အစီး ၅၀ နဲ့ Mi-2 ၁၂စီး ၀ယ်လိုက်ပြီလို့ သိရတယ်။ ဘာလို့ SU-35 တွေ မ၀ယ်တာလဲ မသိဘူး။ ပြည်တွင်း အတွက် ရည်ရွယ်တာလား အသိဘူး။

    ReplyDelete
  6. Wiki မှာ အောက်ပါအတိုင်းရေးထားပါတယ်။
    ".....Myanmar is also in the process of buying Su 30 from Russia. During his recent visit to Naypyitaw, Russian Defence Minister agreed to supply at least 24 Su 30s to Myanmar Air Force.[citation needed] Myanmar Parliament has already passed a defence budget that allow 1.4 bn $ for buying new weapons and armaments......"
    တကယ် ဟုတ်မဟုတ် မသိပါ။

    ReplyDelete
    Replies
    1. ဖတ်မိပါတယ်၊တင်ထားတာတောင်၃-၄လရှိပြီ။
      ဘာသံမှထပ်မကြားရပါ။

      Delete
  7. ကိုmmရေ mi အမျိုးအစားနဲ့ us ကApache ဘာတွေကွာခြားတာလဲ ဘယ်သူကပိုကောင်းတာလဲ

    ReplyDelete