Friday, December 20, 2013

SS-26 (သို့) Iskander ခေါ် မဟာဗျူဟာမြောက် တာတိုပစ်ဒုံးပျံများ




 ပင်လယ်ကွေ့ စစ်ပွဲများဆီက လူသိများထင်ရှားခဲ့သော မဟာဗျူဟာမြောက် တာတိုပစ် ဒုံးပျံများ သယ်ဆောင်ကာ ရွေ့လျားတိုက်ပွဲဝင်နိုင်ခဲ့သော SCUD စနစ်များသည် ခြောက်ခြားစရာကောင်းလောက်အောင် စွမ်းဆောင်ရည် မြင့်မားခဲ့ကြသည်။ သို့သော်လည်း အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်များနှင့် ခေတ်မှီတိုးတက်လာသော လေကြောင်းရန် ကာကွယ်ရေး စနစ်များကြောင့် ထို SCUD စနစ်များသည် စွမ်းရည်ကျဆင်းလာခဲ့ကြရသည်။ ထို့ကြောင့် အမေရိကန်တို့၏ လေကြောင်းအရေးသာ စိုးမိုးမှုနှင့် တိကျပစ်ခတ် ချေမှုန်းနိုင်မှုတို့သည် ယနေ့အထိ ရှေ့တန်းတင် အလေးထားရသော မဟာဗျူဟာ အဖြစ်ရပ်တည်နေလျက်ရှိသည်။ ထိုအခြေအနေများအတွက် တစ်ဘက်တွင်လဲ မြေပြင်မှမြေပြင်ပစ် တာတို ဒုံးလက်နှက်များကို ယနေ့ခေတ် မြင့်မားသော နည်းပညာများ ပေါင်းစပ်ကာ ဒုံးခွင်းဒုံးစနစ်များ၊ လေကြောင်းရန်စနစ်များကို ကျော်လွန်နိုင်ခြင်းသာမက တိကျစွာ ချေမှုန်းပစ်ခတ်နိုင်ခြင်း စွမ်းရည်များကိုပါ ထည့်သွင်းလာနိုင်ခဲ့သည်။ ထို့ကြောင့် မြေပြင်မှ မြေပြင်ပစ် Ballastic missile များသည်လဲ အမေရိကန်တို့၏ cruise ဒုံးပျံများနည်းတူ ရင်ဘောင်တန်း ရပ်တည်လာလျက်ရှိသည်။

ပင်လယ်ကွေ့စစ်ပွဲမှ အီရတ်၏ SCUD ဒုံးပျံများ

မူလ SCUD စနစ်များသည် လျင်မြန်စွာ စစ်ကစားနိုင်မှု၊ အဖျက်စွမ်းအား ကြီးမားမှု၊ လွယ်ကူစွာ ပစ်ခတ်နိုင်မှု စသည့် အားသာချက်များရှိသော်လည်း တိကျစွာ ချေမှုန်းနိုင်မှုနှင့် တန်ပြန် ဒုံးခွင်းဒုံးစနစ်များ၏ ဟန့်တားမှုကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ချေ။ မည်သည့်နေရာမှ ပစ်ခတ်လာမည်ကို ရန်သူက မမျှော်မှန်းနိုင်သော်လည်း၊ ကြီးမာလှသည့် ဒုံးကျည်တစ်ခု လေထဲသို့ရောက်နေချိန်တွင် ပျံသန်းချိန်နှေးကွေးခြင်း၊ ပုံသေပျံသန်းပုံလမ်းကြောင်းဖြင့်သာ ပစ်ခတ်နိုင်ခြင်းတို့ကြောင့် ဒုံးခွင်းစနစ်များဖြင့် အလွယ်တကူ ဖျက်စီးဟန့်တားခြင်း ခံကြရသည်။ ထိုစနစ်အားနည်းချက်များကို ဖြေရှင်းရန် SCUD စနစ်များကို SCUD-D အဆင့်ထိ အဆင့် မြင့်တင်ခဲ့ကြသော်လည်း ကုန်ကျစားရိတ်ကြီးမားခြင်းကြောင့် အခြားထိရောက်သော စနစ်သစ်များဖြင့် အစားထိုးနိုင်ရန် စီစဉ်ခဲ့ကြသည်။
SS-23 spider
၁၉၈၇ခုနှစ် ဝန်းကျင်လောက်တွင် SS-23 spider ခေါ် OTR-23 Oka တာတိုပစ် ဒုံးစနစ်ကို ထုတ်လုပ်ခဲ့ပြီး ထိုဒုံးကျည်သည် အသံထက် မြန်သော နုန်းဖြင့် ပျံသန်းနိုင်ကာ ပစ်ခတ်လာနိုင်ခဲ့သည်။ အကွာအဝေး မိုင်၂၅၀ထိ ထိရောက်ပြီး နူကလိယျအပါအဝင် ထိပ်ဖူးအမျိုးမျိုး ပြောင်းလဲ တပ်ဆင်နိုင်သည့် ထိုစနစ်ကို ထိရောက်အကွာအဝေး မိုင်၁၂၀ထိ လျော့ချကာ ဆိုဗီယက်မိတ်ဖက် နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြသည်။ သို့သော် တိုးတက်လာနေသော ရေဒါစနစ်များနှင့် ဒုံးပျံကာကွယ်ရေး စနစ်များကို ကျော်လွန်ရန် လိုအပ်နေဆဲ ဖြစ်တာကြောင့် ၁၉၉၀မှ စတင်က အဆင့်မြင့်တင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေခဲ့ရာမှ ၁၉၉၄ခုနှစ်တွင် SS-26 The stone သို့မဟုတ် 9k720 Iskander အဖြစ် ပေါ်ထွက်လာခဲ့သည်။ ၂၀၀၄ခုနှစ် ရုရှားစစ်ရေးပြတွင် ထုတ်ဖေါ်ပြသခဲ့ပြီး မည်သည့် ဒုံးပျံကာကွယ်ရေးစနစ်မဆို ကျော်လွန်နိုင်သည်ဟု ဆိုထားသော ထိုစနစ်ကို IskanderE, IskanderM, IskanderK စသည်ဖြင့် ထုတ်လုပ်ခဲ့ကြသည်။

လောင်စာခဲအသုံးပြုထားသော ထိုဒုံးကျည်သည် အလေးချိန် ၃၈၀၀ ကီလိုဂရမ်ရှိပြီး IskanderE တွင် ၅၀၀ကီလိုဂရမ်၊ IskanderM တွင် ၈၀၀ကီလိုဂရမ် အလေးချိန် ထိပ်ဖူးကို သယ်ဆောင်နိုင်သည်။ cluster munition warhead ဗုံးပဒေသာ စနစ်များ၊ Fuel-air explosive enhance-blast warhead လေကွဲစနစ်များ၊ earth penetrator for bunker blusting မြေထဲသို့ ထိုးဖေါက်နိုင်သည့် ဘန်ကာဖျက်စနစ်များ အပြင် electro-magnetic pulse အီလက်ထောနစ်စစ်ဆင်ရေးအတွက် ရေဒါဖျက်စနစ်များ စသည့် ဒုံးကျည်ထိပ်ဖူး အမျိုးမျိုးကို တပ်ဆင်နိုင်သည်။
IskanderM အမျိုးအစားသည် ပိုမိုတိကျသော လမ်းညွှန်စနစ်များ တပ်ဆင်ထားပြီး အကွာအဝေး မိုင် ၂၅၀ထိ ပစ်ခတ်နိုင်သည်။ IskanderE အမျိုးအစားသည် ပြည်ပတင်ပို့သည့် အမျိုးအစားဖြစ်ပြီး အကွာအဝေး မိုင်၁၇၀ထိ ပစ်ခတ်နိုင်သည်။ ထိရောက်မှု အကွာအဝေးကို အဆင့်မြင့်တင်နိုင်သည်။ ထူးခြားသည်မှာ ဒုံပျံ၏ ပျံသန်းနုန်း၊ ပျံသန်းခြင်း စနစ်နှင့်၊ တိကျမှုဖြစ်သည်။ ယခင်မြေပြင်ပစ် ဒုံးပျံများ၏ မတိကျမှု၊ အလွယ်တကူ ချေမှုန်းဟန့်တားခံရမှုတို့ကြောင့် အမေရိကန်၏ လေကြောင်းမှ တိကျချေမှုန်းမှု စနစ်များသည် များစွာသာလွန်ခဲ့သော်လည်း ယခု Iskander ဒုံးပျံစနစ်သစ်များကြောင့် လေသူရဲများကို လေ့ကျင့်ကြရရခြင်း၊ လေယာဉ်နှင့် နည်းပညာများစွာ အဆင့်မြင့်ရန်လိုအပ်ခြင်း၊ လမ်းညွှန်စနစ်များ အဆင့်မြင့်ရန်လိုအပ်ခြင်း စသည်တို့ရှိမှသာ ပြုလုပ်နိုင်မည့် ရန်သူ့နောက်ပိုင်းနယ်မြေသို့ နက်ရှိုင်းတိကျစွာ ချေမှုန်း ပစ်ခတ်နိုင်ခြင်းကို ပြုလုပ်လာနိုင်ခဲ့သည်။ စစ်အရေး အသုံးဝင်မှုနှင့် ကုန်ကျစားရိတ် ချိုသာမှုကြောင့် များစွာ ထိရောက်သော စနစ်ဟုလဲ ဆိုနိုင်သည်။
ဒုံးကျည်စနစ်သစ်များသည် ရေဒါဒေါင့်ချိုးများကို လျော့ချထားပြီး အသံထက် ၃ဆ အမြန်နုန်းဖြင့် အမြင့်ဆုံး ၅၀ကီလိုမီတာထိ တက်ရောက်ကာ ထိုမှ တဆင့် ချိန်ရွယ်ထားသော ပစ်မှတ်ဆီသို့ အသံထက် ၅ဆမှ ၇ဆထိ မြန်သော အလျင်ဖြင့် ဝင်ရောက် ထိမှန်မည်ဖြစ်သည်။ ထို့အပြင် ဒုံးပျံတွင် ထည့်သွင်းထားသော ပျံသန်းမှု စနစ်သစ်များကြောင့် ရန်သူ့ဒုံးကျည်လမ်းကြောင်းများ၊ ရေဒါလမ်းကြောင်းများကို အနည်းငယ်ရှောင်ရှားလာနိုင်သည်။ ထို့အပြင် ရန်သူ၏ လေကြောင်းရန်နှင့် ရေဒါစနစ်များကို လမ်းလွှဲ decoy စနစ်များ ထုတ်လွှတ်နိုင်သလို  ၃-၄ကြိမ်မျှလဲ လမ်းကြောင်း ပြောင်းလဲ ပျံသန်းနိုင်လာသည်။

ထိုဒုံးစနစ်ကို ယာဉ်အဖွဲ့သား ၃ဦးဖြင့် လှုပ်ရှားမောင်းနှင် ပစ်ခတ်နိုင်ပြီး ထိုယာဉ်မှပင် နောက်ဆုံး စက္ကန့်အနည်းငယ် အချိန်ထိ ဒုံးကျည်ကို ထိမ်းချုပ်ထားနိုင်သည်။ ထို့အပြင် မောင်းသူမဲ့များ၊ AWAC စနစ်များ၊ ဂျိုတုစနစ်များဖြင့်လဲ လမ်းညွှန်ထိမ်းချုပ်ပေးနိုင်သလို သာမန် GPS စနစ်၊ လေဆာစနစ်သုံး အမြောက် အကဲကြည့်စနစ်ဖြင့် ပစ်မှတ်ညွှန်ပြပေးမှုကိုပင် ပေါင်းစပ်ပေးနိုင်သဖြင့် တိကျချေမှုန်းတွင် လွယ်ကူအဆင်ပြေခြင်းမှာ အားရစရာ အားသာချက်တစ်ခု ဖြစ်လာသည်။ ထို့အပြင် ဒုံးကျည်တွင် TV စနစ်နှင့် ရေဒါလမ်းညွှန်စနစ် ၂ခုပါဝင်တာကြောင့် မိမိရေဒါစနစ်ကို ရန်သူနှောက်ယှက်ထားချိန်မှာပင် ဒုံးကျည်တွင်ပါဝင်သော TV စနစ်ဖြင့် နောက်ဆုံးအချိန်အထိ မျက်မြင်ဖြင့် လမ်းညွှန် ထိမ်းချုပ်ထားနိုင်သည်။ IskanderM တွင် ပစ်မှတ်၏ ၅-၇မီတာ အတွင်း ထိမှန်အောင် ထိန်းချုပ်လမ်းညွှန်နိုင်သော ဒုံးလိမ္မာစနစ် တပ်ဆင်ထားပြီး IskanderE တွင် ၃၀-၇၀မီတာ အတွင်းသာ တိကျမှုရရှိသည်။  ပျံသန်းမှု စနစ်သစ်နှင့် လမ်းညွှန်စနစ်များကြောင့် မြေပြင်ပစ်မှတ်များသာမက ရွေ့လျား ပစ်မှတ်များကိုပင် ပစ်ခတ်နိုင်စွမ်း ရှိလာသည်။
ဒုံးတင်ယာဉ်
တစ်နာရီလျင် ၇၀ကီလိုမီတာထိ မောင်းနှင်နိုင်သော ဒုံးယာဉ်သည် ယာဉ်အဖွဲ့သား၃ဦးဖြင့် (အမိန့်ပေးယာဉ်၊ ဆက်သွယ်ရေးနှင့် ရေဒါစနစ်၊ ပြန်လည်ဖြည့်တင်ရေးယာဉ်တို့ဖြင့် ပူးတွဲ၍ မဟုတ်ပဲ) သီးခြား လွတ်လပ်စွာ စစ်ကစားနိုင်ပြီး၊ ဒုံးယာဉ်ပေါ်တွင် Iskander ဒုံး ၂စင်းထိ တင်ဆောင်တိုက်ပွဲဝင်နိုင်သည့်အပြင် မောင်းနှင်နေစဉ်မှာပင် ဒုံးကျည်ကို ထိမ်းချုပ်လမ်းညွှန်နိုင်တာကြောင့် ရန်သူ၏ တန်ပြန်တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ရှားနိုင်သည်။ SCUD စနစ်များပင်လျင် တန်ပြန်လေကြောင်း တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ခဲ့သည်ဖြစ်ရာ ဒုံးပျံ ၂စင်းထိ သယ်ဆောင် တိုက်ပွဲဝင်မည့် Iskander စနစ်သည် ၂ကျော့ ၂ကြိမ် အန္တရာယ်ပေးနိုင်သည့် စနစ်တစ်ခုဖြစ်သည်။ ဒုံးပျံများကို ပြန်လည်ဖြည့်တင်းရန် နာရီဝက်ခန့် အချိန်ယူရပြီး ပစ်ခတ်ရန် ၄မိနစ်ခန့် ကြာသည်။ ရွေ့လျားနေရာယူပြီးမှ ပစ်ခတ်ရန် ၁၅မိနစ်ခန့် အချိန်ယူပြီး ပစ်ခတ်ချိန်ကတော့ တစ်မိနစ်ထက် နဲသော အချိန်သာလိုသည်။ ပစ်ခတ်ရာမှ ပစ်မှတ်သို့ ထိမှန်ရန် ဒုံးကျည် ပျံသန်းချိန် ၄မိနစ်မှ ၆မိနစ်ခန့်သာ ကြာသည်။ ရန်သူ့အမြောက် စခန်းများ၊ ဒုံးကျည်စခန်းများ၊ အခြေစိုက် စခန်းများ၊ တင့်ကားတပ်များ၊ ရေဒါနှင့် လေယာဉ်ကွင်းများအပြင် ရန်သူ့ဌာနချုပ်များ၊ အရပ်သားများကြားတွင် ရောနှောပုန်းအောင်းနေသော စခန်းများ၊ မြေအောက်ဘန်ကာများအထိ ပစ်မှတ်မျိုးစုံကို တိုက်ခိုက်နိုင်သည်။ ၂၀၀၈ အောဆက်တီးယား စစ်ပွဲကာလတွင် ထိုစနစ်များကို ရုရှားတပ်များက အသုံးပြုခဲ့ပြီး ဂိုရီမြို့ရှိ ဂျော်ဂျီယာတို့၏ အမြောက်စခန်းများနှင့် တင့်ကားအခြေစိုက်တပ်များကို တိုက်ခိုက်ရာတွင် အောင်မြင်မှုရရှိခဲ့သည်။ လေကြောင်းရန်ကာကွယ်ရေး အကာအကွယ် ထူထပ်စွာဖြင့် နေရာယူချထားသော တင့်ကားတပ်ရင်းတစ်ရင်းကို IskanderM စနစ်ဖြင့် တိုက်ခိုက်ရာ ဒုံးကျည်တစ်လုံးတည်းဖြင့် တင့်ကား ၂၈စင်း၊ လူ၁၀၀နီးပါး ထိခိုက်ခဲ့ရသည်။ အမေရိကန်နှင့် နေတိုးတို့၏ ဒုံးပျံကာကွယ်ရေးစနစ်များ အဆင့်မြင့်တင်ခြင်းနှင့် နေရာယူချထားခြင်းကို အပူတပြင်း ပြင်ဆင် နေရာရွှေ့ပြောင်းခြင်းပြုခဲ့ရသော အောင်မြင်သည့် စနစ်တစ်ခုလဲဖြစ်သည်။
ကုန်ကျစားရိတ်သည် သာမာန် လေကြောင်းထိုးစစ်၊ ခရုစ်ဒုံးပျံ စနစ်များထက် များစွာသက်သာသောကြောင့် ရုရှားတို့ အားကိုးသော စနစ်တစ်ခုလဲဖြစ်သည်။ ဒုံးကျည်၏ သက်တမ်း ၁၀နှစ်ပေးထားသော ဒုံးစနစ်များသည် ပြင်ဆင်ထိမ်းသိမ်းရန် လိုအပ်ချက်နဲပါးပြီး အခြားသော အကဲကြည့်စနစ်များ၊ လမ်းညွှန်စနစ်များနှင့် လွယ်လင့်တကူ တွဲဖက် စစ်ဆင်အသုံးပြုနိုင်သည်။ သို့သော် အနိမ့်ပျံ cruise ခရုစ် စနစ်များထက် အဖျက်စွမ်းအားကြီးမားလွန်းခြင်း၊ ပိုမိုတိကျရန် လိုအပ်ခြင်းကြောင့် ၂၀၀၇ခုနှစ်တွင် IskanderK အမျိုးအစားကို ထပ်မံထုတ်လုပ်ခဲ့သည်။ IskanderK သည် ယခင် ballastic ဒုံးကျည် ၂စင်းအစား cruise ဒုံးပျံ ၄စင်းကို ပြောင်းလဲ တပ်ဆင်ထားပြီး လက်နှက်စနစ်၏ အချက်လက် များသည် တိကျရှင်းလင်းမှု မရှိသေးချေ။

IskanderK
Iskander စနစ်၏ အချက်အလက်များကို ဝီကီပီးဒီယားတွင် ယခုလိုဖေါ်ပြထားသည်။ 

·         Manufacturer: KB Mashynostroyeniya (KBM, Kolomna)
·         Launch range:
o    maximum: 500 km (Iskander-M, unofficial), 280 km (export version)
o    minimum: 50 km
·         Accuracy:
o    30–70 m (export version Iskander-E without homing system)
o    5–7 m with terminal phase optoelectronic homing system (Iskander-M)
·         time to launch: up to 4 min from highest readiness, up to 16 min from march
·         Interval between launches: less than a minute
·         Operating temperature range: -50 °C to +50 °C
·         Burnout Velocity: ~2100 m/s
·         Number of missiles:
o    on 9P78E launcher: 2 (export version)
o    on 9T250E transloader: 2
·         assigned service life: 10 years (Iskander-E)
·         Crew: 3 (launcher truck)
System components
The full Iskander system includes
·         missiles
·         transporter-erector-launcher vehicle (chassis of 8x8 MZKT-79306 ASTROLOG truck)
·         Transporter and loader vehicle (chassis of 8x8 MZKT-79306 ASTROLOG truck)
·         Command and staff vehicle (chassis of KAMAZ six wheel truck)
·         Information preparation station vehicle (chassis of KAMAZ six wheel truck)
·         Maintenance and repair vehicle (chassis of KAMAZ six wheel truck)
·         Life support vehicle (chassis of KAMAZ six wheel truck)
·         Depot equipment set
·         set of equipment for TEL training class
·         set of equipment for CSV training class
·         Training posters
·         Training missile mock-up
Intended targets
The system is intended to use conventional warheads for the engagement of point and area targets, including:
·         hostile fire weapons (missile systems, multiple launch rocket systems, long-range artillery pieces)
·         air and missile defense weapons, especially stationary
·         fixed- and rotary-wing aircraft at airfields
·         command posts and communications nodes
·         troops in concentration areas
·         critical civilian infrastructure facilities





မကြာသေးခင်က ထွက်ပေါ်လာသော အတည်မပြုနိုင်သည့် သတင်းများအရ မြန်မာ့တပ်မတော်သည် Missile strategic and Defense Command ဒုံးလက်နှက် ပစ်လွှတ်ရေးနှင့် ကာကွယ်ရေးတပ်ဆိုသည်ကို ဖွဲ့စည်းခဲ့သည်ဟု ဆိုထားပြီး ထိုထဲတွင် Iskander စနစ်များလဲ ပါဝင်သည်ဟု ရေးသားထားပါသည်။ ဟုတ်သည် မှန်သည်၊ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည် သေချာတိကျမသိရှိသော်လည်း မျှော်လင့်စရာ ကောင်းသည့် စနစ်တစ်ခု ဖြစ်သည်ကတော့ သေချာလှပါသည်။ SCUD ဒုံးပျံများကို တစ်ချက်မလွဲ ပစ်ခတ်ဖျက်ဆီးနိုင်သော အမေရိကန်တို့၏ Patriot ဒုံးစနစ်ကို ဒုံးခွင်းဒုံးဟု ခေါ်ဆိုခဲ့သောကြောင့် ယခု Patriot စနစ်များ မဟန့်တားနိုင်တော့ပဲ ယင်းတို့ကို တန်ပြန်ချေမှုန်းမည့် Iskander စနစ်ကို ဒုံးခွင်းဒုံးဖျက် စနစ်ဟု ခေါ်ဆို သမုတ်ရမည်လား တွေးဆနေမိပါတော့သည်။ ကျန်းမာချမ်းသာကြပါစေ။  ။

1 comment:

  1. အခုလိုသိခွင့်၇လို့ ကျေးဇူးတင်ပါတယ်။တိုက်လေယာဉ်နဲ့ စစ်သဘောင်္များအကြောင်းလဲ တင်ပြပေးပါအုံး ခင်ဗျာ

    ReplyDelete