
ဘင်္ဂလားရေတပ်အနေနှင့် စစ်ရေယာဉ်များတိုးချဲ့မှုကို အပြင်းအထန်ကြိုးပမ်းနေတယ်ဆိုတာ သိသာလှပါတယ်...။ အဆိုပါတိုးချဲ့မှုများအနက် ထူးထူးခြားခြားကတော့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ရေယာဉ်ဟောင်းကြီး ၁စီး၊ အင်္ဂလန်ရေတပ်၏ ကော်ဗတ်အဟောင် ၂စီး၊တရုပ်ရေတပ်မှ Durjoy Class အမြန်ရေယာဉ် ၂စီး၊ Type-053H2 ဖရီးဂိတ်အဟောင်း ၂စီး နှင့် ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ် အသစ် ၂စီးတို့ ဝယ်ယူမှုဖြစ်ပါတယ်...။ ပုံစံ-၀၅၆ ကော်ဗတ်ကလွှဲလို့ ကျန်တဲ့စစ်ရေယာဉ်တွေကတော့ ဘင်္ဂလားရေတပ်အနေနှင့် လက်ခံရရှိပြီးဖြစ်ပါတယ်...။ အဲ့တော့ ဘင်္ဂလားရေတပ်အတွက် တည်ဆောက်နေဆဲ ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ်ကို လေ့လာကြည့်ကြရအောင်ပါ...။
ပုံစံ-၀၅၆ ကိုယ်ပျောက်နည်းပညာသုံး ကော်ဗတ်ဟာ တရုပ်နိုင်ငံမှ တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ်များဖြစ်ပြီး ပုံစံ-၀၃၇ ရေယာဉ်များနေရာမှာ အစားထိုးရန်ဖို့အတွက် ရည်ရွှယ်တည်ဆောက်ခဲ့တဲ့
ရေယာဉ်အမျိုးစားဖြစ်ပါတယ်...။ တန်ချိန် ၁၄၀၀ရှိပြီး မီတာ(၉၀)အရှည်ရှိတဲ့ အဆိုပါရေယာဉ်များဟာ အမြန်နှုန်း ရေမိုင်(၂၈)နှုန်းနှင့်မောင်းနှင်နိုင်ပါတယ်..။ အင်ဂျင်ပိုင်းမှာကတော့ CODAD ဒီဇယ်အင်ဂျင် ၂လုံးတပ်ဆင်ထားပါတယ်..။ ကော်ဗတ်စစ်ရေယာဉ်တစ်စင်းအတွက် လုံလောက်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားပါတယ်...။
ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ်ရဲ့ လက်နက်စနစ်တွေကတော့-

၁.စီ-၈၀၂ ရေပြင်မှရေပြင်ပစ်ဒုံး............... ၄စင်း
၂.အေကေ-၁၇၆ ၇၆မမ........................ ၁လက်
၃.အက်ဖ်အယ်လ်-၃၀၀၀အန်န် SAM....... ၈စင်း
၎.H/PJ-17 ၃၀မမ အမြေက်ာ................၂ လက်
၅.၁၂.၇မမ စက်သေနတ်...................... ၂လက်
၆.ပုံစံ-၇၂၆ တော်ပီဒို........................... ၆စင်း တို့ဖြစ်ပါတယ်...။
လက်နက်စနစ်ပိုင်းအတွက်တပ်ဆင်ထားတဲ့ ရေဒါစနစ်တွေကတော့-
1.Surface Search Radar
2.Air Search Radar
3.Gun Fire Control
4.Missile Fire Control
5.Navigation
6.Data Link
7.Data System တို့အပြင် ရေငုပ်သင်္ဘောရှာဖွေထောက်လှမ်းရေးအတွက်ကိုတော့ Towed Array Sonar စနစ်အသုံးပြုထားပါတယ်...။

ပင်လယ်ပြင်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက်လည်း တရုပ်ရေတပ်သုံး Z-9 ရဟတ်ယာဉ်တစ်စီး သယ်ဆောင်နိုင်ပါတယ်...။
တရုပ်တပ်မတော်ထုတ် (ရုရှားမူရင်းထုတ်) အေကေ-၁၇၆မမ ၇၆မမ ရေတပ်သုံးအမြောက်

၃၀မမ ခေတ်မှီအမြောက်စနစ် (ဘင်္ဂလားရေယာဉ်တွင် အဆိုပါအမြောက်စနစ်ပါမပါမသိရသေး)
အမြာက် စမ်းသပ်ပစ်ခတ်နေစဉ်
FL-3000N CIWS (တာတို လေကြောင်းရန် ကာကွယ်ရေးဒုံးစနစ်)
ရေငုပ်သင်္ဘောရှာဖွေရေးသုံး Z-9 ရဟတ်ယာဉ် သယ်ဆောင်ထားစဉ်
တရုပ် ရေတပ်မတော်ရှိ တပ်တော်ဝင်ပြီး ပုံစံ-၀၅၆ ကိုယ်ပျောက်နည်းပညာသုံး ကော်ဗတ်စစ်ရေယာဉ်များ
သုံးသပ်ချက်။ ။ ပုံစံ-၀၅၆ ကိုယ်ပျောက်နည်းပညာသုံး ကော်ဗတ်စစ်ရေယာဉ်များသည် ၂၀၁၂ခုနှစ်အတွင်းမှ တပ်တော်ဝင်ခဲ့ကြသည့် ရေယာဉ်များဖြစ်ပြီး တရုပ်ရေတပ်၏ အားထားရသော စစ်ရေယာဉ်များဖြစ်ခြင်းကြောင့် ဘင်္ဂလားရေတပ်၏ ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ်များ ပိုင်ဆိုင်လိုမှုသည် ၄င်းတို့ရေတပ်၏ အိုမင်းနေပြီးဖြစ်သော ဖရီဂိတ်များအပါဝင် အမြန်သွားတိုက်ခိုက်ရေးယာဉ်များအား အစားထိုးရန်ဟု ခန့်မှန်းရပါသည်...။ လက်ရှိရေတပ်၏ စစ်သင်္ဘောများတွင် ၄၀ရာခိုင်နှုန်းကသာ စစ်ကစားနိုင်စွမ်းရှိသည်ဟု သိရှိထားရပြီး မြစ်တွင်းလှုပ်ရှား စစ်ကစားနိုင်သည့် ရေယာဉ်ငယ်များသာ ပိုင်ဆိုင်ထားကြပါသည်...။
ထို့ကြောင့် လစ်ဟာနေသည့် စစ်ဆင်ရေးစွမ်းရည်အား ဖြည့်တင်းရာတွင် ပုံစံ-၀၅၆ရေယာဉ်များ ဖြည့်တင်းခဲ့ကြခြင်းဖြစ်ပါသည်..။ အင်္ဂလန်နှင့်အမေရိကန်ရေတပ်မှ ရရှိထားသည့် ရေယာဉ်များမှာလည်း အလွန်အိုဟောင်းနေကြပြီဖြစ်ရာ အလွန်ဆုံးသုံးရမှ ၁၀-၁၅နှစ်ဟု သိရပြီး ထိုထက်ပင် ပိုမိုဆိုးရွားနိုင်ပါသည်...။ ပုံစံ-၀၅၃H၁ ဖရီဂိတ် (၁)စင်း ပိုင်ဆိုင်ထားသည့် ဘင်္ဂလားရေတပ်သည် တလောလေးကမှ ပုံစံ-၀၅၃H၂ ဖရီဂိတ် (၂)စင်းဖြည့်တင်းထားပြီး SY-2 များအစား စီ-၈၀၂အေ ရေပြင်မှရေပြင်ပစ် ဒုံးများတပ်ဆင်ထားပါသည်...။ အဓိကအားနည်းချက်အနေဖြင့် ခေတ်သစ် စစ်ပွဲများတွင် အဓိကအရေးပါလာသည့် သင်္ဘောဖျက်ဒုံးတပ် တိုက်လေယာဉ်များ ရှာဖွေထောက်လှမ်းနိုင်စွမ်း နည်းပါးမှုဖြစ်ပါသည်...။
(စကားချပ်။ ။ မိမိတို့ ရေတပ်၏လေတပ်ဖွဲ့ကို မကြာမှီ ဖွဲ့စည်းသွားမည်ဖြစ်ပြီး တရုပ်လေတပ်၏ C-802A သင်္ဘောဖျက်ဒုံးများ တပ်ဆင်နိုင်သည့် နာမည်ကျော် JH-7A များ ဝယ်ယူမည်ဖြစ်ရာ ဘင်္ဂလားရေတပ်၏ ရေယာဉ်စုများအတွက် အိမ်မက်ဆိုးများ ဖြစ်နေစေဦးမည် ဖြစ်ပါသည်။)
သို့သော် ပုံစံ-၀၅၆ ရေယာဉ်တွင် အားသားချက်များလည်း ရှိနေပါသည်။ ကိုယ်ပျောက်နည်းပညာအသုံးပြုထားခြင်း၊ FL-3000N ကဲ့သို့သော် တာတိုလေကာစနစ်တပ်ဆင်ထားခြင်း ၃၀မမ နည်းပညာမြှင့်စက်အမြောက်တပ်ဆင်ထားခြင်း စသည်သို့သည် တပ်မတော်(ရေ)၏ ပြည်တွင်းတည်ဆောက်ခဲ့သည့် ၄၉၁ ကိုယ်ပျောက် အမြန်တိုက်ခိုက်ရေးယာဉ်များနှင့် နှိုင်းယှဉ်နိုင်ပါသည်..။
မိမိတို့ရေတပ်အပေါ်တွင် မည်သည့်အကျိုး သက်ရောက်နိုင်ပါမည်နည်းဟု ဆိုရလျှင် သိသာလှသည့် သက်ရောက်မှုရှိမည်မဟုတ်ပါ။ မကြာမှီတပ်တော်ဝင်တော့မည့် ကျန်စစ်သား ကိုယ်ပျောက်နည်းပညာသုံး ဖရီဂိတ်ကြီး တပ်တော်ဝင်ခြင်းအပါဝင် ၇၉မီတာရှိ ကိုယ်ပျောက် ကော်ဗတ်စစ်ရေယာဉ်များနှင့် F13 ကိုယ်ပျောက် ဖရီးဂိတ်များ ရေချခြင်းအခမ်းအနားပြုလုပ်တော့မည်ဖြစ်ရာ လာမည့် ၃-၄အတွင်း တပ်မတော်(ရေ)သည် ဒေသတွင်းနိုင်ငံများအကြား အင်အားတောင့်တင်းသော ရေတပ်မတော်ကြီးတစ်ရပ် ပိုင်ဆိုင်နိုင်လာတော့မည် ဖြစ်ပါသည်...။
အချူပ်အားဖြင့်ဆိုရသော် ဘင်္ဂလားရေတပ်၏ ရေယာဉ်တိုးချဲ့မှုသည် တပ်မတော်(ရေ)အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်မဟုတ်သေးစေကာမှု မကြာမှီအချိန်အတွင်းတွင် တပ်မတော်(ရေ)သည်လည်း ပြည်ပမှ ဖရီဂိတ်ရေယာဉ်များအပါအဝင် လိုအပ်သည့် ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်များ၊တိုက်လေယာဉ်များ ဝယ်ယူမှုကို အချိန်မကြန့်ကြာစေဘဲ အမြန်ဖြည့်တင်းသင့်နေပြီဖြစ်ပါသည်...။
အားလုံးကို အစဉ်လေးစားလျှက်-
ကိုmm