Wednesday, May 7, 2014

လေတပ်အကြောင်း သတိထားမိတာလေးများ

ကျွှန်တော်လည်း ပိုစ့်မတင်ဖြစ်တာကြာသွားပါပြီး၊ ဒီနေ့တော့ အချိန်လည်းရတာမို့ စစ်တပ်ရဲ့ သတင်းထူးလေးတွေအပေါ် ကျွှန်တော့်အမြင်သက်သက်ဖြင့် ဖော်ပြပေးသွားပါ့မယ်...။

CN-235-220 MPA (ပင်လယ်ပြင် ကင်းလှည့်စောင့်ကြည့်ရေး လေယာဉ်)

ပထမအချက်ကတော့ အားလုံးလည်း စိတ်ဝင်စားနေကြတဲ့ လေတပ်သတင်းပါ။ လေတပ်အတွက် တိုက်လေယာဉ် အသစ်တစ်မျိုး ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းမှုဆိုရင်လည်း မမှားနိုင်ပါဘူး။ ကာကွယ်ရေးဦးစီးချူပ်ရဲ့ ရုရှားခရီးစဉ်တုန်းက အားလုံးမြင်တွေ့လိုက်ရတဲ့ MiG-29M/M2 နှင့် MiG-35 တိုက်လေယာဉ်များ သွားရောက်ကြည့်ရှု့မှုသတင်းများမှအစ လေတပ်ရဲ့ လက်ရှိ MiG-29B တိုက်လေယာဉ်များကို MiG-29SMT အဆင့်မြှင့်တင်လိုမှုများ နှင့် အခုနောက်ဆုံး လူပြောများတဲ့ JF-17 ဘက်စုံသုံးတိုက်လေယာဉ်များအကြောင်းကတော့ လူပြောအများဆုံးဖြစ်နေပါတယ်...။ ဒီယူဆချက်များ ဘယ်လောက်အထိ မှန်နိုင်ပြီး ဘယ်လောက်ထိအကောင်အထည် ပေါ်လာနိုင်မလည်းဆိုတာကတော့
 တွေးစရာအချက်အဖြစ် ရှိနေဆဲပါ။

စိတ်ဝင်စားတဲ့ ညီ၊အစ်ကိုများအတွက် သတင်းကောင်းတစ်ခုကတော့ လေတပ်ဦးစီးချုပ်ရဲ့ တရုပ်ပြည်ခရီးစဉ်ပဲဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဘာတွေဖြစ်လာနိုင်မယ်ဆိုတာ မသိရသေးပင်မယ့်လို့ ထူးထူးခြားခြားသတင်းတွေပါလာဖို့ အားလုံးမျှော်လင့်နေကြသလို လေတပ်ရဲ့ သက်တမ်းရင့် F-7M တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှုပြုလုပ်ဖို့ သဘောတူညီမျှ ရကောင်းရနိုင်တယ်လို့ သိရပါတယ်။ တစ်ချိန်က လေတပ်ရဲ့ ပင်မကျောရိုးဖြစ်ခဲ့တဲ့ F-7M တိုက်လေယာဉ်များကို အစ္စရေးမှ အကူညီယူကာ အဆင့်မြှင့်တင်မှုပြုလုပ်ခဲ့ကြဖူးပါတယ်။ F-7M တိုက်လေယာဉ်များကို တပ်မတော်(လေ)မှ အစီးရေ (၆၀)ကျော် အထိပိုင်ဆိုင်ထားခဲ့ဖူးပါတယ်...။ F-7 တိုက်လေယာဉ်များကို တရုပ်နိုင်ငံမှ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ရုရှားရဲ့ ကမ္ဘာကျော် MiG-21 တိုက်လေယာဉ်များကို ပုံတူယူကာ ထုတ်လုပ်ထားခြင်းဖြစ်ပီး မူလ MiG-21 တိုက်လေယာဉ်များထက်ပင် စွမ်းဆောင်ရည်မြှင့်တဲ့ F-7 မျိုးကွဲများရှိပါတယ်။ လတ်တလောသတင်းများအရ ပါကစ္စတန်လေတပ်ရဲ့ F-7PG များဟာ F-7 မျိုးကွဲများအနက် အဆင့်မြှင့်ဆုံးလို့ သိရပီး လေတပ်ရဲ့ F-7M တိုက်လေယာဉ်များကို အမှန်တကယ် အဆင့်မြှင့်တင်ဖြစ်မယ်ဆိုရင် ဘယ်လိုနည်းပညာမျိုးပါလာမလား ဆိုတာကတော့ အထူးစိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါ။

JF-17 ဘက်စုံသုံးတိုက်လေယာဉ်

နောက်တစ်ချက်ကတော့ သတင်းကြီးနေတဲ့ JF-17 ဘက်စုံသုံးတိုက်လေယာဉ်များအကြောင်းပါ။ JF-17  တိုက်လေယာဉ်ကို တရုပ်နှင့်ပါကစ္စတန် ပူးပေါင်းထုတ်လုပ်နေတာဖြစ်ပီးတော့ အဆင့်မြှင့်တင်မှု၊ စမ်းသပ်မှု အမျိုးမျိုး လုပ်ဆောင်နေရဆဲ တိုက်လေယာဉ်တစ်မျိုးဖြစ်ပါတယ်...။ ဒီတော့ ဒီလေယာဉ်ရဲ့ စွမ်းဆောင်ရည်ကို မိမိတို့အနေနှင့် အတိအကျပြောလို့မရသေးပါဘူး။ တရုပ်ကိုယ်တိုင်တောင် သူ့လေတပ်မှ မသုံးပဲ J-10A/ J-10B ပြည်တွင်းထုတ်နှင့် J-11 စသည့် တိုက်လေယာဉ်များကို အဓိကထားနေတာကို သတိထားမိပါတယ်။ သို့သော် မိမိတို့လေတပ်ရဲ့ ဘတ်ဂျက်အရ ဝယ်ယူဖြည့်တင်းရမှာမို့ ကန်ဒေါ်လာ သန်း ၁၅-၂၀ ဝန်းကျင် တိုက်လေယာဉ်များကိုသာ မျှော်မှန်းနိုင်သေးတာကိုတော့ လက်ခံထားရပါမယ်..။

 ဒီထက် ပိုသင့်တော်တဲ့ MiG-35 တိုက်လေယာဉ်များဆိုရင်တော့ စွမ်းဆောင်ရည် အရမ်းကွာသွားပြီး ဈေးနှုန်းလည်း သိသိသာသာ မြှင့်နေပါတယ်။ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များအနေနှင့်လည်း အထိုပါအချက်များကို သေချာသိထားပီးသားဖြစ်မှာမို့ မိမိတို့နိုင်ငံအတွက် အသင့်တော်ဆုံးသော တိုက်လေယာဉ်မျိုးဆက်သစ်တစ်မျိုး မကြာတော့သော ကာလမှ ပိုင်ဆိုင်လာတော့မယ်ဆိုတာ သေချာနေပြီ ဖြစ်ပါတယ်...။

တပ်မတော်(လေ)ရှိ BN-2 Islander MPA
 
 လေတပ်အတွက် နောက်ထပ်သတင်းထူးတစ်ခုကတော့ ပင်လယ်ပြင်စိုးမိုးရေးဆိုင်ရာ ကင်းလှည့်ရေးလေယာဉ်တစ်မျိုးအကြောင်းပဲဖြစ်ပါတယ်...။ မိမိတို့လေတပ်မှာ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ပင်လယ်ပြင် ကင်းလှည့်ရေးလေယာဉ်များထက် စွမ်းဆောင်ရည် ပိုမိုမြှင့်မားတဲ့ လေယာဉ်အမျိုးစားတစ်မျိုး လိုအပ်နေပါပြီ။ ဒီအချက်ကို ပိုမိုသေချာသွားစေတာကတော့ ကာကွယ်ရေးဦးစီးချူပ်ရဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်းက CN-235 အမျိုးစား လေယာဉ်များထုတ်လုပ်ရေးစက်ရုံကို လေ့လာကြည့်ခဲ့ကြောင့်ဖြစ်ပါတယ်။ စပိန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပူးတွဲထုတ်လုပ်နေတဲ့ အဆိုပါလေယာဉ်များဟာ လေတပ်ရဲ့ BN-2 Islander များကို အားဖြည့်ပေးနိုင်မယ့် အမျိုးစားလည်း ဖြစ်ပါတယ်...။ ကျယ်ပြောလှတဲ့ မြန်မာ့ရေပြင်ပိုင်နက်ကို အပြည့်အဝကာကွယ်ပေးဖို့အတွက် အမှန်တကယ်လိုအပ်နေပါတယ်...။



 CN-235-220 MPA လေယာဉ်များအား ဆက်လက်လေ့လာလိုပါက- Click နှိပ်ပါ
ကာကွယ်ရေးဦးစီးချူပ်၏ အင်ဒိုနီးရှားခရီးစဉ်- Click နှိပ်ပါ

သတိထားမိတာလေးတွေပါ ဆက်လက်ဖော်ပြပေးပါဦးမည်... :)

6 comments:

  1. ရေတပ်ကို ပါအင်အား ဖြည့် ရာရောက်အောင် JF 17 တစ်အုပ်လောက်ဝယ်သင့်ပါတယ်။ စီ ၈၀၂ သင်္ဘော ဖျက်ဒုံး တွေတင် နိုင် တော့... တစ်အုပ်လောက်ဆို ဖရီးဂိတ် ၁၀ စီး လောက်ကို ခြိမ်း ခြောက်ဖို့ လုံ လောက်မှာပါ..။ kh-35 ဒုံး တွေ တပ်ဆင် နိုင်တဲ့ မစ်ဂ် တွေဝယ်မယ်ဆို ရင်ဈေးများ ပြီး ပိုင်ဆိုင်နိုင်တဲ့ အရေအတွက်နည်း နိုင်ပေမယ့်.. ပို ပြီး ခြိမ်း ခြောက်လွှမ်း မိုး နိုင်မယ်ထင်ပါတယ်..။ ဘက်စုံ သုံး မို့.... ဘတ်ဂျက် ချင့် ချိန်ရတဲ့ နိုင်ငံအတွက် ပိုသင့် တော် မယ် ထင်ရတယ်။ မစ်ဂ် ၂၉ တွေကို အက်စ် အမ် တီ တွေအဖြစ် အဆင့် မြှင့် ပြီးရင် ဂ၇စ်ဖင် တွေ... ဂျေ ၁၀ တွေနဲ့ တန်း ညှီနိုင်မယ် လို့ မျှော်လင့်ပါတယ်။ ၄+ + ထက် ပို ကောင်း တာ လေး တွေ၇ှိလာ ပါစေ ဗျာ...။ေ၇တပ်အတွက် asm တွေတပ်နိုင်တဲ့ ဒရုန်း တွေ ဆင်ပေး နိုင်ရင် ကောင်း မယ်ဗျာ နော်..။ သေချာ တာက တော့ မြန်မာ့ တပ်မတော် မှာနယ်စပ်နဲ့ ပင်လယ်ပြင် တွေ ကို စောင့် ကြည့် ဖို့ ကိုယ် ပိုင်ဂြိုဟ်တု လို နေပြီဆို တာပဲ....။စိတ်ကူးရှိတာ ပြောတာပါ...... ။

    ReplyDelete
    Replies
    1. ရုရှား က စစ်ဖြစ်နိုင်ချေ ရှိနေသေးတယ်နော်။ စာချုပ်တွေချုပ်ပြီး ရောက်လာ အောင်ထိုင်စောင့် နေပေမယ့် ၊ မမျှော်လင့် တာတွေကြောင့် မပေးပို့နိုင်တော့ ရင်.second choice အတွက်..လည်း.. အဆင် သင့် လုပ်ထားသင့်တယ်။ ထင်တာ တွေပြောကြည့် တာပါဗျာ..။

      Delete
  2. တရုတ်လုပ်ကိုမကြိုက်ဘူး။ရုရှလုပ်လေယာဉ်ဆူခွိင်း၃၀ s တွေဝယ်သင့်တယ်အရေတွက်ထက်အရည်အသွေးတိုက်စွမ်းရေကတရုတ်ထက်အများကြီးသာတယ်။အနောက်နိုင်ငံလေယာဉ်တွေကျုးကျော်လာရင်တရုတ်လုပ်လေယာဉ်တွေကဘာမှမယှဉ်နိုင်ဘူး။

    ReplyDelete
  3. We should consider quality fighting forces over quantity forces.အေ၇အတွက်​နဲ့ တိုက်​တာထက်​ အေ၇အ​သွေး​ကောင်း​ကောင်းကျစ်​ကျစ်​လစ်​လစ်​ စစ်​တပ်​ မျိုးဖွဲ့စည်းတာပို​ကောင်းပါမယ်​၊တိုက်​ပွဲမှာအ​သေအ​ပြောက်​အဆုံးအရှုံးနဲပြီး ထိေ၇ာက်​မှူရှိတဲ့​ခြေမှုန်းေ၇းတိုက်​ပွဲဖြစ်​ဖို့အေ၇အ​သွေး​ကောင်းတဲ့လက်​နှက်​မျိုးလိုအပ်​ပါမယ်​၊ နမှူနာအားဖြင့်​ Falkland ကျွန်း တိုက်​ပွဲမျိုး​ပေါ့

    ReplyDelete
  4. ဘတ်ဂျက်နဲရင်လဲ နောက်နှစ်ပေါ့ တရုပ်ကိုအားမကိုးစေချင်ဘူး အသစ်ဝယ်မဲ့အစား ရှိပြီးသား B တွေကို SMT မြှင့်သင့်ပါတယ် Bကော SE ကော SMT ဆို ကောင်းတာပေါ့ နောက်မှ SU တွေကို လှမ်းသင့်တယ် တရုတ်ကို လျှော့သင့်တယ်လို့ မြင်ပါတယ် SMT 10 စီးလောက် အရင်ဆုံးဖြစ်သင့်တယ်

    ReplyDelete
  5. ကျွန်တော်တို့ဆီမှာUAVတွေအားနည်းနေတယ်လို့ထင်တယ်ဗျာ။အာဆီယံထဲမှာတောင်UAVတွေကိုယ်တိုင်ထုတ်လုပ်နေကြပြီကြားတယ်။အင်ဒို၊မလေး၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်း၊ဗီယက်နမ်တွေလို့တော့ဖတ်လိုက်ရတယ်။မြန်မာ့လေတပ်ရဲ့UAVတွေအကြောင်းလည်းသိချင်တယ်အစ်ကိုရေ

    ReplyDelete