Tuesday, May 27, 2014

၁၆၀မမ စိန်ပြောင်းကြီးများ







၁၆၀မမ ခြေလျင်သုံး စိန်ပြောင်းကြီးများကို ဒုတိယကမ္ဘာစစ် ဆိုဗီယက်ရုရှားတပ်မတော်က စတင်အသုံးပြုခဲ့သည်။ ခြေလျင်သုံး စိန်ပြောင်းကြီး(လက်နှက်ကြီး) တွင် အကြီးဆုံးဖြစ်သည်။
M-1943 ဟုခေါ်ဆိုသော ထိုစိန်ပြောင်းကြီးကို ၁၂၀မမ စိန်ပြောင်းများထက် ပိုမိုပြင်းထန်သော ကြောက်စရာ လက်နှက်တစ်ခု အဖြစ် အသုံးပြုခဲ့ကြသည်။ 
M-1943
၈၈ပေါင်ကျော် (၄၀ကီလိုဂရမ်) လေးသော ဗုံးသီးကို ပစ်ခတ်နိုင်ရန် အတွက် ပြောင်းအရှည် ၃မီတာထိ ထားရှိရပြီး ၃ချောင်းထောက်ဖြင့် ပစ်ခတ်ရသည်။
ထောင့်မြင့် ၈၀*၊ ထောင့်နိမ့် ၄၅* ဘေးဘယ်ညာ ၂၅* ပစ်ခတ်နိုင်သည်။ အကွာအဝေး ၅.၂ ကီလိုမီတာ (၃မိုင်) ထိ တစ်မိနစ်လျင် ၃ထောင့်မှ ၁၀တောင့်ထိ ပစ်ခတ်နိုင်သည်။ ဆိုဗီယက်၏ ထို၁၆၀မမ စိန်ပြောင်းစနစ်ကို ဆီးရီးယား၊ အီရန်၊ ပိုလန်စသည့် နိုင်ငံများက အသုံးပြုပြီး တရုတ်က ပုံစံ၅၆ စံလွန်စိန်ပြောင်း အဖြစ် ပြင်ဆင် ထုတ်လုပ်သည်။
ပုံစံ၅၆

 ပိုမိုလွယ်ကွယ်ရိုးရှင်းသော ပုံစံဖြင့် ထုတ်လုပ်ထားပြီး အကွာအဝေး ၈ကီလိုမီတာ ၄မိုင်ကျော် ထိ ပစ်ခတ်နိုင်လာသည်။ ထို စိန်ပြောင်းကို ပစ်ခတ်နိုင်စေရန် အတွက် စစ်သည် ၆ဦးမှ ၁၀ဦးထိ လိုအပ်သည်။
M66

 ၁၆၀မမ စိန်ပြောင်းစနစ် ကို အမေရိကန်မှ စမ်းသပ်ထုတ်လုပ်ပြီး သုံးဆွဲခဲ့သည်။ ထို့နောက် ဗီယက်နမ်စစ်ပွဲနှင့် အာရပ်အစ္စရေး စစ်ပွဲများတွင် အသုံးပြုပြီး အစ္စရေးက M66 အမည်ဖြင့် ထုတ်လုပ်သုံးဆွဲသည်။ ၃၈ကီလိုဂရမ် ဗုံးသီးကို အသုံးပြုသည်။ ပြောင်းအလျား အနည်းငယ်တိုပြီး ခြေလျင်သာမက ယာဉ်တင်အဖြစ်ပါ Makmat 160 mm အဖြစ် ရှားမင်းတင့်ပုံပြောင်းပေါ်တွင် အသုံးပြုသည်။ 
Makmat 160 mm
အကွာအဝေး ၉ကီလိုမီတာကျော် (၅မိုင်) ထိပစ်ခတ်နိုင်ပြီး ထောင့်မြင့် ၈၀* ထောင့်နိမ့် ၃၀* ဘေးဘယ်ညာ ၂၅* ထိပစ်ခတ်နိုင်သည်။
KIA စက်ရုံထုတ် ၁၆၀မမ ဗုံးသီးများ

၁၆၀မမ စိန်ပြောင်းဖြင့်
ခွင်းကျည်များ၊ မီးစုန်းဖြူသုံး လင်းကျည်များအပြင်၊ ဓါတု လက်နှက်များအထိ ပစ်ခတ်နိုင်သည်။ တရုတ်နှင့် အခြားနိုင်ငံအချို့တွင် မီးရှူးမီးပန်း ပစ်ဖေါက်ရန် အတွက် အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင်KIA, SSA နှင့် UWSA ဝ စသည့် လက်နှက်ကိုင်တပ်များတွင် အသုံးပြုလျက်ရှိသည်။
UWSA အမြောက်တပ်
KIA သုံး ၁၆၀မမစိန်ပြောင်း
 
၁၆၀မမ စိန်ပြောင်းအား သယ်ဆောင်လာစဉ်
တိုင်းရင်းသား လက်နှက်ကိုင် တပ်ဖွဲ့များ၏ ဓါတ်ပုံများသည် ဖေ့စဘွတ်ပေါ်ရှိ တိုင်းရင်းသားတို့၏ စာမျက်နှာများမှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။   ။

7 comments:

  1. ဒါအရမ်းစိုးရိမ်ဖို့ကောင်းတယ်.....သူတို့ဆီမှ ဒါမျိုးလက်နက်မရှိသင့်ဘူး....တရုတ်က ဒါမျိုးလုပ်နေပြီဆိုတော့ တရုတ်နဲ့ဆက်ဆံရေးကို ပြန်သုံးသပ်သင့်ပြီ.....စက်ရုံတောင်ရှိတယ်ဆိုတော့ တပ်မတော်အတွက် သတင်းဆိုးဆိုတာသေချာတယ်....

    ReplyDelete
  2. This is very good reason for kill them all.

    ReplyDelete
  3. ကျွန်တော်တို့ဆီမှာအသုံးနဲမယ်ထင်တယ်ဗျ။ကျွန်တော်မြင်ဖူးတာတော့120တွေပဲမြင်ဖူးတယ်

    ReplyDelete
  4. I give a suggestion that you will install the Target Acquisition Radar in target finding battlions. They can not move fastly in battle groud and you will prepare early to deploy the canon that more distance.

    ReplyDelete
  5. It is the wasting time and making rubbish that it expressed photos of KIA motor shell factory.

    At first, you must bomb out that factory till it flat down to the ground.

    ReplyDelete
  6. တရုတ်​ကအနီးကပ်​ဆုံးအင်​အားအကြီးဆုံးရန်​သူပဲ ​ကြောက်​စရာမလိုပါဘူးအ​ရေအတွက်​ပဲများတာအရည်​အ​သွေးကဆီနဲ့​ရေလိုကွာတယ်

    ReplyDelete