Thursday, February 11, 2016

MZKT6922 ယာဉ်များအကြောင်း



MZKT6992 ယာဉ်တွေဟာ off-road လေကြောင်းရန် ကာကွယ်ရေးသုံး ယာဉ်တွေအဖြစ် ဘီလာရုစ်ကုမ္မနီ ဖြစ်တဲ့ MZKT (Minskiy Zavod Kolyosnikh Tyagachev / Minsk Wheeled Tractor Factory - formerly MAZ) ကထုတ်လုပ်တာဖြစ်ပါတယ်။ ရုရှားလက်နက် ထုတ်လုပ်ရေး ကုမ္မနီ Almaz-Antey ကထုတ်လုပ်တဲ့ SA15 အမျိုးစားတွေကို ဘီးတပ်ယာဉ်ပေါ် တင်ထားနိုင်တဲ့ အမျိုးစားတွေဖြစ်တဲ့ Tor M2/M2E နဲ့ SA17 အမျိုးအစားတွေကို ဘီးတပ်ယာဉ်ပေါ် တင်ထားနိုင်တဲ့ အမျိုးအစားတွေ ဖြစ်တဲ့ BukM1/ M2 တွေအတွက် အဓိက ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ 
TorM1 on MZKT6992 prototype

MZKT6922 ယာဉ်တွေဟာ လမ်းကြမ်းသုံး စနစ်တွေ ဖြစ်ပြီး ၆x၆ ယာဉ်တွေပါ။ ရေဒါဖျက်ဗုံးတွေ ဒုံးကျည်တွေ၊ ကလက်စတာလို ဗုံးတွဲတွေနဲ့ လက်နက်ကြီးကျည်စ၊ လက်နက်ငယ်ဒဏ်တွေကို ကာကွယ်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ အပူအအေးလွန်ကဲတဲ့ အခြေအနေကို ခံနိုင်အောင် တည်ဆောက်ထားတာမို့ အပေါ်က လေကြောင်းရန် စနစ်တွေရဲ့ အဓိက ယာဉ်တွေဖြစ်ပြီး အခြား သော စနစ်တွေရဲ့ ဆက်သွယ်ရေးယာဉ်တွေ၊ အမိန့်ပေးယာဉ်တွေ အဖြစ်လဲ အသုံးပြုကြပါတယ်။
central tyre inflation systems (CTIS) ကို အသုံးပြုထားတာမို့ ဘီးတွေဟာ ထိခိုက်မှုဒဏ်ခံနိုင်လို့ တိုက်ရိုက်ကျည်ထိမှန် ပြီးရင်တောင် ကီလိုမီတာ၂၀ကျော် ကနေ ၄၀ထိ အမျိုးအစားလိုက် မောင်းနှင်နေနိုင်ပါတယ်။ 

ကနဦးပုံစံ

   ကနဦး ပုံစံတွေမှာ အရှေ့လေကာမှန်၂ချပ်နဲ့ ခေါင်းတိုတိုပုံစံကို ထုတ်လုပ်ခဲ့ပေမယ့် အော်တိုဂီယာစနစ်တွေနဲ့ ခေတ်မီဒစ်ဂျစ်တယ် စနစ်တွေပါဝင်တဲ့ ပုံစံတွေမှာတော့ ရှေ့လေကာမှန် ၃ချပ်အပြင် ချိတ်ဆွဲနိုင်တဲ့ သံမဏိကြိုးစနစ်တွေနဲ့ ဖြစ်ပါတယ်။
6922 ရဲ့ ကနဦးပုံစံဟာ Tor စနစ်တပ်ဆင်ဖို့ ဖြစ်တာမို့ လက်နက်စနစ် လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ယာဉ်ရဲ့ အပေါ်ပိုင်းမှာ ဘာအဖုအထစ်မှ မရှိစေတဲ့ မျက်နှာပြင်ကို ရယူထားပါတယ်။ ဒါ့အပြင် လက်နက်ရဲ့ တွန်းကန်မှုကို ခံနိုင်ရည်ရှိစေဖို့ စနစ်ဟောင်းဖြစ်တဲ့ ဟိုက်ဒရောလစ်စနစ်သုံး အပိုဒေါက်တိုင်တွေကို ထည့်သွင်းထားတာမို့ ရှေ့ဘီးရဲ့ နောက်ဘက်ကပ်ရပ်နဲ့ နောက်ဘီး၂လုံးရဲ့ နောက်ဘက်မှာ တွေ့မြင်နိုင် ပါတယ်။ ယာဉ်မောင်းခန်းကို အပူအအေးထိန်းညှိပေးတဲ့ အဲယားကွန်းစနစ် တွေကို ယာဉ်မောင်းခန်းရဲ့ နောက်ဘက်ဘေး တစ်ဖက်စီမှာ တွေ့နိုင်ပါတယ်။ 
69221 for BukM1/2

6922 ရဲ့ နောက်ထပ် ပုံစံတမျိုး ဖြစ်တဲ့ 69221 ကို Tor M2 စနစ်တွေနဲ့ Buk M2 စနစ်တွေ အတွက် ထုတ်လုပ်ခဲ့တာပါ။ လက်နက်ရဲ့ တွန်းကန်မှု ခံနိုင်စေဖို့ ဟိုက်ဒရောလစ် ဒေါက်တိုင် စနစ်တွေ အပြင် ယာဉ်ရဲ့ ဘီးတွေကို လိုသလို နိမ့်နိုင်မြင့်နိုင်တဲ့ (hydropneumatic suspension) စနစ်ထည့်သွင်းထားတာမို့ လမ်းအခြေအနေကို လိုက်ပြီး ၁ပေခန့် အနိမ့်အမြင့်ပြုလုပ်နိုင်ပါတယ်။

BukM2E system

Buk M1 တွေ အတွက် ထုတ်လုပ်တဲ့ စနစ်မှာတော့ လေကာမှန်တွေ အပြင်က နောက်ထပ် သံမဏိ အကာတစ်ထပ် ထပ်မံ ဖုံးအုပ်ထားလို့ ရအောင် ထည့်သွင်းထားပါတယ်။ Buk M1 စနစ်တစ်ခုလုံးစာ အတွက် အမိန့်ပေးယာဉ်အမျိုးအစား၊ ခဲယမ်းထောက်ပံရေးယာဉ် အမျိုးအစား၊ ဒုံးပစ်ယာဉ်အမျိုးအစား၊ ရေဒါယာဉ်အမျိုးအစား၊ ပစ်မှတ်ရှာယာဉ် အမျိုးအစား စသဖြင့် ထုတ်လုပ်ထားပြီး အားလုံးဟာ 69221 မျိုးခွဲတွေ ဖြစ်ကြပါတယ်။
69222

နောက်ထပ် 6922ရဲ့ မျိုးခွဲတစ်ခုကတော့ 69222 ဖြစ်ပြီး 9K33 Osa 1T / SA-8 Gecko တွေရဲ့ BAZ5937 တွေကို အစားထိုးနိုင်ဖို့ ထုတ်လုပ်ခဲ့ပါတယ်။ 
BAZ5937
ထူးခြားစွာ ကွဲလွဲချက်ကတော့ ယာဉ်ရဲ့ နောက်ဘက်ညာခြမ်းမှာ ယခင်မျိုးခွဲတွေကို အိတ်ဇောပေါက်ကို တွေ့ရှာ မဟုတ်ပဲ အပေါ်ဘက်ကို ဒေါက်လိုက်ထွက်နေတဲ့ အအေးပေးစနစ်တစ်ခုကို မြင်ရနိုင်ပါတယ်။ 
ယာဉ်မောင်းခန်းရဲ့ လေအေးပေး စနစ်တွေဟာလဲ ယာဉ်မောင်းခန်း အပေါ်မှာ ရှိနေတာမို့ မျက်နာပြင်အညီ ယူထားတဲ့ ယခင်မျိုးခွဲတွေနဲ့ သိသာစွာ ကွဲပြားပါတယ်။ လေကာ မှန်၂ချပ်သုံး အမျိုးအစားဟောင်းတွေနဲ့ လေကာမှန်၃ချပ်တပ်ထားတဲ့ အမျိုးအစား တချို့မှာ ဟိုက်ဒရောလစ်စနစ်သုံး ပြင်ပဒေါက်တိုင် နေရာ အချို့ မြင်တွေ့ရပေမယ့် ၂၀၁၀ နောက်ပိုင်း အမျိုးအစားတွေမှာ ဘီးတွေကို နိမ့်နိုင်မြင့်နိုင်တဲ့ စနစ်ကိုသာ အသုံးပြုထားတာကို မြင်တွေ့ရပါတယ်။
2010 နောက်ပိုင်းပုံစံ

 အောက်ခံ ယာဉ်အမျိုးအစား အနေနဲ့ 69222 ကို 9K33 Osa နဲ့ အဆင့်မြင့်တင်ထားတဲ့ T38 Stilet ၂ခုစလုံးမှာ အသုံးပြုထားပေမယ့် ၂၀၁၀ ရှေ့ပိုင်းထုတ်ပုံစံလား ၂၀၁၀နောက်ပိုင်းထုတ် ပုံစံလားဆိုတာ ပြင်ပဟိုက်ဒရောလစ် စနစ်ကိုသာ ကြည့်ပြီး ခွဲခြားနိုင်ပါတယ်။ 69222 အားလုံးဟာ ဒီဇယ်သုံးစနစ်တွေဖြစ်ပြီး မြင်းကောင်ရေ ၄၂၀ရှိ ၈လုံးထိုး YaMZ-7513.10-04 အင်ဂျင်ကို အသုံးပြုထားပါတယ်။ လက်နက်ကုမ္မနီရဲ့ သုတေသနဆိုင်ရာ ပြောကြားချက်တေါအရ သည်ဒီဇယ်အင်ဂျင်တွေဟာ Gas စနစ်တွေထက် ဆီစားရော အင်ဂျင်အပူထုတ်လွှတ်မှုပါ အများကြီးသက်သာတာမို့ ဝေဟင်ကနေ အပူရှာစနစ်သုံး ရှာဖွေချေမှုန်းမယ့် လေယာဉ်တွေအထွက် ရှာဖွေဖို့ ခက်ခဲစေမယ် ဆိုပါတယ်။ ဒါ့အပြင် အင်ဂျင်ခန်းအတွက် အအေးပေးစက် သပ်သပ်ပါရှိတာမို့ အပူရှာစနစ်ကို လျင်မြန်စွာ ပုန်းကွယ်နိုင်ပါတယ်။
မတူညီသော ပုံစံအသစ်တမျိုး

14 comments:

  1. ဟိုက် ပုဆိုးကြီးနဲ့ပါလား။???????

    ReplyDelete
  2. ကျ​နော်​တို့ဆီမှာလည်းရှိလာတယ်​​ပေါ့​နော်
    ဟဲဟဲ..... :-P

    ReplyDelete
  3. ၀မ်းသာစရာပဲ

    ReplyDelete
  4. အရမ်းဝမ်းသာစရာပဲ

    ReplyDelete
  5. HAPPY AND GLAD TO SEE IT FOR OUR COUNTRY. THINK BETTER NOT TO EXPRESS PHOTO.

    ReplyDelete
  6. HAPPY AND GLAD TO SEE IT FOR OUR COUNTRY. THINK BETTER NOT TO EXPRESS PHOTO.

    ReplyDelete
  7. ကားကတော့ ဟုတ်ပါပြီ ၊ BUK-M2 စွမ်းဆောင်ရည်ကလေးပါ သိချင်ပါသေးတယ် ။ ဒါမှမဟုတ်လည်း အလင်းပြပေးပါဦး ။ :D

    ReplyDelete
  8. အကိုရေ ရွှေရောင်ပစ်မှတ်ဆိုတဲ့ ဇာတ်ကားလေး ရှာနေတာကြာပြီ၊ ဘယ်မှာမှ ရှာမတွေ့လို့၊ ရှိရင်တင်ပေးပါအုံး

    ReplyDelete
  9. No one hate military....
    We hate only dictator :-)

    ReplyDelete
  10. ကိုMM​ရေ....
    Post​တွေတင်​ပါဦးဗျ
    Postတစ်​ခုတင်​လိုက်​ ၆လ​လောက်​​ပျောက်​သွားလိုက်​နဲ့
    ကျ​နော်​စိတ်​ပူလာပြီ
    ငပိ​ကြော်​များစား​နေရပြီလား
    ဒါမှမဟုတ်​ Moscowပဲသွား​နေရပြီလားလို့
    ဟဲဟဲ..... :-D
    စ,တာပါ စ,တာပါ :-)

    ReplyDelete
  11. When you are arranging again i am interested but it had been too late to visit your blog.
    books on the cold war

    ReplyDelete
  12. အသစ်တွေတင်ပါအုံး ကို .mmရေ

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete