Thursday, June 22, 2017

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံရေတပ်သင်္ဘောများ ပထမဆုံးအကြိမ် ပူးတွဲရေတပ်လေ့ကျင့်ရေးများ ဆောင်ရွက်ခဲ့ခြင်း



       မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ် လာရောက်ခဲ့ကြသည့် တရုတ်ရေတပ်မှ Type-052C Class Destroyer - Changchun နှင့် Type-054A Class Frigate - Jingzhou တို့သည် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်ထွက်ခွာချိန်တွင် မြန်မာပြည် ရေပိုင်နက်အတွင်း၌ နှစ်နိုင်ငံရေတပ်သင်္ဘောများ ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။


      သီလဝါဆိပ်ကမ်းမှ ထွက်ခွာလာသော တရုတ်ရေတပ်စစ်ရေယာဉ်များနှင် မြန်မာရေတပ်စစ်ရေယာဉ်များဖြစ်ကြသည့် ဖရီးဂိတ် အောင်ဇေယျ (F-11) နှင့် ကော်ဗက် အနော်ရထာ (771) ရေယာဉ်နှစ်စီးတို့သည် ဒေသစံတော်ချိန် ၁၄၀၀ နာရီတွင် ရေတပ်ပူးတွဲလေ့ကျင့်မှုကို စတင်ခဲ့ကြသည်။လေ့ကျင့်ခန်းတွင် တရုတ်ဖျက်သင်္ဘော Changchun နှင့် မြန်မာရေတပ်ဖရီးဂိတ် (F-11)တို့က တစ်ဖွဲ့၊ တရုတ်ဖရီးဂိတ် Jingzhou နှင့် မြန်မာရေတပ်ကော်ဗက် (771) တို့ကတစ်ဖွဲ့ ရေယာဉ်နှစ်စုခွဲကာ ပူးတွဲလေ့ကျင့်ခဲ့ကြပါသည်။


       လေ့ကျင့်မှုများအဖြစ် ရေယာဉ်အုပ်စုနှစ်စုအကြား မီးဖြင့်အချက်ပြဆက်သွယ်ခြင်းလေ့ကျင့်ခန်း၊ အလံဖြင့်အချက်ပြဆက်သွယ်ခြင်းလေ့ကျင့်ခန်းနှင့် VHF ရေဒီယိုလှိုင်းမှ ဆက်သွယ်ခြင်း စသည့် လေ့ကျင့်ခန်းများပါဝင်သည့် ဆက်သွယ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် တရုတ်ဖျက်သင်္ဘော Changchun မှ ဦးဆောင်ကာ ရေယာဉ်(၄)စီး စုပေါင်း၍ တစ်တန်းတည်းပုံပြုမောင်းနှင်ခြင်း (Single Column Formation ) ကို ပြုလုပ်ကာ ချိန်ညှိမောင်းနှင်ခြင်းကို ဆောင်ရွက်ကြပါတယ်။ လေ့ကျင့်ခန်းစတင်ပြီးနောက် (၂)နာရီခန့်အကြာ ဒေသစံတော်ချိန် (၁၆၀၀)နာရီတွင် တရုတ်ဖျက်သင်္ဘော Changchun မှ ရေယာဉ်စုသို့ လေယာဉ်ပျံတစ်စီး ပင်လယ်ထဲသို့ ပျက်ကျကာ လေသူရဲ(၂)ဦး ရေထဲတွင်ကျရောက်နေကြောင်း အကြောင်းကြားလာသဖြင့် မူလကအတိုင်း ရေယာဉ်နှစ်စုခွဲကာ ဖြန့်ကျက်ရှာဖွေသည့် Search and Rescue - SAR Mission Drill ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ပူးပေါင်းရှာဖွေကယ်ဆယ်ရေးအတွင်း တရုတ်ဖျက်သင်္ဘော Changchun နှင့် မြန်မာဖရီးဂိတ် အောင်ဇေယျ (F-11) စစ်ရေယာဉ်စုမှ ပင်လယ်အတွင်းသို့ ကျရောက်နေသည့် လေသူရဲများကို တွေ့ရှိပြီး အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါသည်။

      လေ့ကျင့်မှုစတင်ပြီး (၃)နာရီခန့်အကြာ ဒေသစံတော်ချိန် (၁၇၀၀)နာရီခန့်တွင် နှစ်နိုင်ငံစစ်ရေယာဉ်များ ပူးတွဲလေ့ကျင့်မှု ပြီးဆုံးခဲ့ပြီး နှစ်ဖက်စစ်ရေယာဉ်များ ပြန်လည်စုဖွဲ့ကာ တရုတ်နှင့် မြန်မာ စစ်ရေယာဉ်များမှ ရေတပ်သားများ မိမိတို့သင်္ဘောများပေါ်တွင် တန်းစီကာ အပြန်အလှန် လက်များဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြပါသည်။



UMS King Aung Zaeya Guided Missile Frigate




        သတင်းထောက်များ၏ မေးမြန်းမှုအား တပ်မတော်-ရေမှ စစ်ဦးစီးအရာရှိချုပ်-ရေ ဗိုလ်ချုပ်မိုးအောင်မှ ပြန်လည်ဖြေကြားရာတွင် "တရုတ်ရေတပ်သင်္ဘောများ မြန်မာပြည်သို့ ချစ်ကြည်ရေးအလည်အပတ် လာရောက်မှုမှာ အလွန်ပင်အရေးကြီးကြောင်း၊ ယခုအလည်အပတ် ခရီးစဉ်မှာ သာမန်ခရီးစဉ်တစ်ခုမျှသာမဟုတ်ပဲ နှစ်နိုင်ငံအကြား ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံအကြားနားလည်မှုကို မြင့်တင်ပေးသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း" ပြောကြားခဲ့ပါသည်။

      တရုတ်ရေတပ်မှ ရေယာဉ်စုမှူး ရှန်းဟိုမှ ဖြေကြားရာတွင် "ယခုအကြိမ်သည့် တရုတ်နှင့် မြန်မာရေတပ်နှစ်ခုအကြား ပထမဆုံးပူးတွဲလေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း၊ အဆိုပါလေ့ကျင့်မှုအတွင်း နှစ်ဖက်စလုံးမှ သတင်းပို့မှုဆက်သွယ်ရေးပုံစံများ၊ ပုံပြုမောင်းနှင်ပုံများကို အပြန်အလှန် လေ့လာနိုင်ခဲ့ကြောင်း၊ ပူးတွဲရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ စစ်ရေးမဟုတ်သောပူးတွဲလေ့ကျင့်မှုများနှင့် အခြားရေကြောင်းဆိုင်ရာလေ့ကျင့်မှုများကို ပူးတွဲလေ့ကျင့်နိုင်ခဲ့ကြောင်း၊ အဆိုပါပူးတွဲလေ့ကျင့်မှုများကြောင့် လွန်စွာမှအသုံးဝင်သော အတွေ့အကြုံကောင်းများကို ရရှိခဲ့ကြပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးတွဲဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်ကြောင်း" ပြောကြားသွားခဲ့ပါသည်။

      တရုတ်ရေယာဉ်စုဟာ ထိုပူးတွဲလေ့ကျင့်မှုအပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ဆက်လက်ထွက်ခွာသွားခဲ့ကြပါသည်။



Admin-YMN




5 comments:

  1. keep a close watch on bengladesh, enemy infiltrations in Rakhine state is another reminder. hundreds on terrorist cells ready to rise up in a limited war with black benglas.

    ReplyDelete
  2. အစ်ကိုရေ အခုလက်ရှိ မြန်မာ့တပ်မတော်က ကမ္ဘာ့အဆင့် ဘယ်လောက်ရှိပြီလဲ ပြီးတော့ အာရှာမှာရော မြန်မာအထက်မှာ ဘယ်နိုင်ငံတွေ ရှိသေးလဲဆိုတာ ရှိရင် တင်ပေးပါလား ဗျ

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. I have read your article, it is very informative and helpful for me.I admire the valuable information you offer in your articles. Thanks for posting it..

    จอมเวทย์มหากาฬ

    ReplyDelete