မြောက်ကိုးရီးယားတို့အနေဖြင့် ဆိုဗီယက်ခေတ်ကောင်းစဉ်
ကွန်မြူနစ်နိုင်ငံများအား စီးပွှားရေး စစ်ရေးအကူအညီများ
ထောက်ပံ့ရေး အစီစဉ်အရ ထိုအချိန်က အလယ်လတ်အတန်းစားရှိသော
ဒုံးပျံနည်းပညာများအား ရှိခဲ့ပါသည်။ အတွဲလိုက်ဒုံးနည်းပညာများ
တာတိုတာလတ် ဗျုဟာမြောက်ဒုံးနည်းပညာများရရှိခဲ့သော
မြောက်ကိုးရီယားအနေဖြင့် စီးပွှားရေးကောင်းမွန်သော
၁၉၇၀ခုနှစ်များသည် အဘက်ဘက်က တိုးတက်သော အချိန်လည်းဖြစ်ခဲ့ပါသည်။
၎င်းတို့၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ထိုအချိန်မှ
စတင်လာခဲ့သည်ဟု ဆိုနိုင်ပါသည်။

Hwasong Series ဒုံးများအား
လိုအပ်ချက်အပေါ်မူတည်၍ ထုတ်လုပ်ခဲ့ကြပြီး တာတို တာလတ် နဲ့
တာဝေးထိုးဖောက်စစ်ဆင်ရေး မဟာဗျုဟာမြောက်ဒုံးလက်နက်များ
ပိုင်ဆိုင်ထားပါသည်။ Hwasong series ဒုံးပျံများထဲမှ Hwasong-10 Musudan
နဲ့ Hwasong-13 ဒုံးများသည် နာမည်ကျော်ဒုံးပျံများဖြစ်ကြကာ
ပြည်ပသို့ တင်ပို့သောဒုံးလက်နက်များထဲတွင်မှု ဆိုဗီယက်
ဒုံးလက်နက်တိုက်၏ နာမည်ကျော် Scud အမျိုးစားဒုံးများကို
ပြုပြင်မွန်းမံထားသော Hwasong-5/6/9 များသည် အထူးလူသိများပါသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲမျးအတွင်းတွင်လည်း မြောက်ကိုးရီးယားတို့၏
ဒုံးလက်နက်များပါဝင် တိုက်ပွဲဝင်ခဲ့ဖူးပြီး
အာရှနိုင်ငံတချို့သို့လည်း Hwasong-6/9 ဒုံးများ
တင်ပို့ခဲ့ဖွယ်ရှိပါသည်။
ယခုပိုစ့်တွင်မူ Hwasong-14
မဟာဗျုဟာမြောက် ဒုံးစနစ်အကြောင်း အကြမ်းဖျင်းဖော်ပြသွားပါမည်။
Hwasong-14 တာဝေးပစ်ဒုံးပျံအား မူလက Hwasong-13 ဒုံးပျံများ
အဆင့်မြင့်တင်မှုအဖြစ် ဖော်ပြခဲ့ပါသည်။ Hwasong-13 ဒုံးပျံများသည်
အမေရိကတိုက်အထိ တိုက်ခိုက်နိုင်စေရန်
ဒီဇိုင်းထုတ်တည်ဆောက်ထားသော်ကြောင့်လည်း နာမည်ကျော်
ဒုံးပျံများဖြစ်လာခဲ့ပါသည်။ Hwasong-13 သည် အမေရိက၏
အထူးစောင့်ကြည့် ဒုံးစနစ်တစ်ခုထဲတွင် အပါဝင်ဖြစ်ပြီး ၄င်းအား
အဆင့်မြင့်တင်ထားသော Hwasong-14 မှာ
ပိုမိုကောင်းမွန်ဖွယ်ရှိပါသည်။ ၂၀၁၅ခုနှစ်တွင် ပထမဆုံးအကြိမ်
ထုတ်ဖော်ပြသခဲ့သော ဒုံးစနစ်ဖြစ်ကာ နိုင်ငံတကာပညာရှင်များအနေဖြင့်
ဒုံး၏ ဖွဲ့စည်းတည်ဆောက်ပုံအား ကာလအတန်ကြာ
မေးခွန်းထုတ်ခဲ့ကြပါသည်။
Hwasong-14 သည် Hwasong-13 ထက်
အလျားပိုတိုကာ လုံးပတ်ပိုမိုကျယ်ဝန်းသော ဒီဇိုင်းရှိပါသည်။
အကွားအဝေးအားဖြင့် ၉၉၀၀ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး
နူးကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သော အဆိုပါဒုံးအား
မြောက်ကိုးရီးယားအနေဖြင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ဖွယ်ရှိပြီး
အောင်မြင်ခြင်းမရှိဟု ယူဆရနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော်
ထိုဒုံးပျံများသည် နှောင်းပိုင်းကာလ စစ်ရေးပြပွဲများတွင်
ပါဝင်လာခြင်းမရှိခဲ့တော့ပဲ အဆိုပါဒုံးအမည်ဖြစ်သော Hwasong-14 ဒုံးအား
ပုံစံအသစ်ဖြင့် မြင်တွေ့လာကြရတော့သည်။ ထို့ကြောင့် ယခင်က
ပြသခဲူ့းသော ခေါင်းတို Hwasong-14 ဒုံးစီမံကိန်းကာ ရပ်ဆိုင်းကာ
၎င်းထက်ပိုမို ခေတ်မီသော ဒုံးနည်းပညာအသစ်ဖြစ်သော ဒုံးပျံအား
ပိုမိုအာရုံစိုက်ခဲ့ကြပုံရှိပါသည်။ နာမည်တူ အသစ်ဖော်ပြသော
ဒုံးစနစ်တွင်မူ အခြားသော ဒုံးပျံများကဲ့သို့ ထိပ်ဖူးချွန်ပုံစံအား
ပြန်လည်အသုံးပြုးထားပြီး ၂၀၁၈ခုနှစ်အစောပိုင်း စစ်ရေးပြပွဲတွင်
တရုပ်နိုင်ငံ Sino မှ ထုတ်လုပ်သော ယာဉ်ဆွဲဒုံးသယ်ယာဉ်အပေါ်တွင်
တပ်ဆင်ပြသခဲ့ကြပါသည်။
ထိုတို့ပြသချိန်တွင်လည်း
နိုင်ငံတကာဒုံးကျွမ်းကျင်ပညာရှင်များမှ ဒုံးအတုဖြစ်မည်ဟု
ကောက်ချက်ချသုံးသပ်မှုများရှိခဲ့သော်လည်း မြောက်ကိုးရီးယားတို့သည်
အဆိုပါဒုံးအား ၂ကြိမ်တိတိ ပစ်ခတ်စမ်းသပ်ပြခဲ့ကာ ၂ကြိမ်စလုံးပင်
အောင်အောင်မြင်မြင်ဖြင့် သတ်မှတ်လုပ်ဆောင်ချက်များအတိုင်း
လပ်ဆောင်နိုင်ခဲ့ပါသည်။
Hwasong-14 ဒုံးပျံသည်
အဆင့်၂ဆင့်နည်းပညာ အသုံးပြုထားကာ ဒုံးအား
တာဝေးပိုမိုပို့ဆောင်နိုင်စေရန် ထုတ်လုပ်ထားပါသည်။
အစိုင်ခဲလောင်စာအသုံးပြုသော ဒုံးစနစ်ဖြစ်ပြီး ဒုံးအလျားမှာ
၁၈မှ၂၀မီတာအတွင်းရှည်လျားနိုင်ပါသည်။
Hwasong-14
တွင်အသုံးပြုသော ပထမအဆ်င့်ဒုံးအင်ဂျင်မှာ ရုရှား၏ R-36 ICBM
တွင်အသုံးပြုသောအင်ဂျင်အမျိုးအစားဖြစ်နိုင်ပြီး
ယူကရိန်းနိုင်ငံထုတ်ဖြစ်သည်ဟု ယူဆကြပါသည်။
သို့သော်မည်သို့မည်ပုံဖြင့် မြောက်ကိုးရီးယားတို့သည်
အဆိုပါဒုံးအင်ဂျင်နည်းပညာအား ရရှိခဲ့သည်ကို တိကျစွာ
မဖော်ထုတ်နိုင်သေးပဲရှိသည်။ တရုပ် ရုရှားနဲ့ ယူကရိန်း
စသည့်နိုင်ငံများမှ ရရှိခဲ့သည်ဟု လက်ခံထားကြသည်။
ဒုတိယအဆင့်ဒုံးအင်ဂျင်မှာမူ ဆိုဗီယက်ခေတ် R-27 SLBM ဒုံးအင်ဂျင်အား အသုံးပြုထားပါသည်။ Hwasong-14 ICBM သည်
အကွာဝေးအားဖြင့် ကီလိုမီတာ ၁၁ ၀၀၀ အထိပစ်ခတ်နိုင်စွမ်းရှိလာကာ
ထိုအကွာအဝေးသည် အမေရိကတိုက်အား ပစ်ခတ်နိုင်သည့်
အကွာအဝေးဖြစ်သည်။
Hwasong-14 ဒုံးပျံအား တရုပ်နိင်ငံထုတ်
WS51200 ဒုံးသယ်ယာဉ်ပေါ်တွင် တင်ဆောင်ကာ အရေးပေါ်အချိန်တွင်ပင်
ယာဉ်ပေါ်မှ ဒုံးအား
ပစ်ခတ်နိုင်စေရန်ပြုပြင်ထားကြောင်းတွေ့ရပါသည်။ ဒုံးအား
ပစ်ယာဉ်ပေါ်တွင် သယ်တောင်နိုင်ခြင်းကြောင့် မိမိဒုံးတပ်ဖွဲ့အား
အလစ်ငိုက်မဖမ်းမိခင် ရွေ့ပြောင်းနိုင်ခြင်း မိမိဘက်မှ
ပစ်ခတ်မှုအပြီး တန်ပြန်ပစ်ခတ်မှုများ ရန်သူမှ မပြုလုပ်နိုင်မီ
အချိန်မီထွက်ခွာစေနိုင်ခြင်း စသည့်အကျိုးများရရှိစေပါသည်။
ထို့အပြင် မြောက်ကိုးရီးယားအနေဖြင့် ၄င်း၏ ဒုံးလက်နက်များအား
မြေအောက်လှိုဏ်ဂူများအတွင်း ထည့်သွင်းထားလေ့ရှိရာ ရန်သူအနေဖြင့်
အလွယ်တကူတိုက်ခိုက်မှုမျိုးလည်း ကြုံတွေ့နိုင်မည်မဟုတ်ပါ။
သို့သော် ဒုံးတင်ယာဉ်များသည် အသေတပ်ဆင်ထားသော
ဒုံးပစ်ပြွန်များထက် ထိန်းသိမ်းစရိတ်များပြားသော
ပြသနာတစ်ခုတော့ရှိနေဆဲဖြစ်သည်။
Komm