Monday, November 8, 2010

စစ်အေးကာလ အားပြိုင်မှု

ယခုနိုဝင်ဘာလသည် ဆိုဗီယက် နှင့် အမေရိကန်တို့၏ စစ်အေးကာလအင်းအားပြိုင်ဆိုင်မှုတွင် အလွန်စိုးရိမ်းဖွယ်ကောင်းသော ထိတ်တိုက်ရင်ဆိုင်မှုတရပ်၏ ၂၇နှစ် ပြည့်သည့်လဖြစ်သည်။

၁၉၈၃ ခုနှစ်နိုဝင်ဘာလ ၂ရက်နေ့မှ၁၁ ရက်နေ့အထိ နေတိုး(NATO)၏ နှစ်စဉ်ပြုလုပ်နေကြ စစ်ရေးလေ့ကျင့် မှုတရပ်ကို စွမ်းရည်ပြည့်ဝသော လေးသည်တော် အမည်ပေးလျက်ပြုလုပ်ခဲ့သည်။ထိုစစ်ရေးလေ့ကျင့်မှုကို ဆိုဗီယက်က အနောက်အုပ်စု သည်မိမိတို့အား နူကလီးယား ဖြင့် စစ်ဆင်တော့မည်ဟု သံသယ ရှိကာ မိမိတို့ နူကလီးယားလက်နက်များကိုလည်း အသင့်အနေထားတွင်ထားရှိခဲ့သည်။

ထိုစဉ်က အနောက်ဂျာမနီရှိ မိမိတို့တိုက်လေယာဉ်များကို အသင့်အနေထား ထားရှိခြင်း၊နူကလီးယားဗုံးတင်ဆောင်ထားသော ဗုံးကြဲလေယာဉ်များ၏ လေယာဉ်မှုးများကို
လေယာဉ်မောင်းခန်းတွင် အသင့်အနေအထားတွင်ထားရှိခြင်း၊ တာဝေးနှင့်တိုက်ချင်းပစ်ဒုံးပျံများအပါအဝင် အက်စ်အက်စ်-၂၀ ဒုံးကျည်များကိုအရှေ့ဥရောပရှိမဟာမိတ်နိုင်ငံများတို့ပို့ဆောင်ကာ တိုက်ပွဲဝင်ရန်ပြင်ဆင်ခဲ့ကြသည်။
ဆိုဗီယက်တို့ စစ်ပြင်ဆင်နေမှုကို နေတိုးအဖွဲ့မှ ဆိုဗီယက်ထောက်လှမ်းရေး(ဗြိတိန်စပိုင်)၏ အကြောင်းကြားမှုဖြင့် အမေရိကန်တို့ သိခဲ့ရပြီးမိမိတို့၏ အမှားကိုပြင်ဆင်နိုင်ခဲ့သည်။

အရှေ့နှင့်အနောက်၏ အားပြိုင်မှုအစ

၁၉၇၃ခုနှစ် ဆိုဗီယက်တို့ အာဖဂန်ကစ္စန်တို့ဝင်ရောက်ခဲ့ချိန်မှစတင်ကာ အရှေ့နှင့်အနောက်အားပြိုင်မှုစတင်ခဲ့သည်။အမေရိကန်တွင် ရော်နယ်ရီဂင် သမ္မတဖြစ်လာချိန်တွင် ဆိုဗီယက်တို့ကိုရင်ဆိုင်ရန် စစ်အင်းအားတည်ဆောက်ခဲ့သည်။
အထူးသဖြင့်မဟာဗျုဟာကာကွယ်ရေးဆိုင်ရာ နည်းလမ်းသစ်များ(အက်စ်ဒီအိုင်)ဟုခေါ်သည့် အာကာသစစ်ပွဲဆိုင်ရာသုတေသနပြုလုပ်ခဲ့မှုက ဆိုဗီယက်တို့ကို ထိတ်လန့်စေခဲ့သည်။ထိုတို့တဖက်နှင့်တဖက် အယုံအကြည်နည်းပါးနေစဉ် ရှရုားလေကြောင်းပိုင်နက်အတွင်းသို့ လမ်းမှားင်ြရောက်လာသည်ဆိုသော ခရီးသည်နှင့်လေယာဉ်ဝန်ထမ်း ၂၆၉ဦးပါသည့် တောင်ကိုရီးယားဘိုရင်းလေယာဉ်ကို ဆိုဗီယက်တိုက်လေယာဉ်က ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်သဖြင့် လေယာဉ်ပေါ်ပါလာသူ အားလုံးသေဆုံးမှုတရပ် ၁၉၈၃ စက်တင်ဘာအတွင်းဖြစ်ပွားခဲ့သည်။

ယင်းအဖြစ်ပျက်ကိုဆိုဗီယက်မှ ထောက်လှမ်းရေးတာဝန်ဖြင့်အနောက်အုပ်စုမှ တမင်ဝင်ရောက်စေခြင်းဖြစ်သည်ပြီး မိမိတိုက်လေယာဉ်မှ ၃ကြိမ်ထိ ဆက်သွယ်မေးမြန်းရာ မည်သို့မှအကြောင်းမပြန်သဖြင့် ပစ်ချခဲ့ရသည်ဟုဆိုသည်။

SS-20 နူကလီးယားဒုံကျည် (၁၉၈၈ထိ အသုံးပြုသည်)

ပိုမိုခေတ်မီသောနည်းပညာဖြင့် SS-25 ဒုံးကျည်

1 comment:

  1. မြန်မာနိင်ငံမှာကော မရှိဘူးလား SS-20 တို့ SS-25 တို့ မရှိဘုးလား အဲ့ဒါတွေက၀ယ်လို့ ကော်မရဘူးလား မြန်မာနိင်ငံမှာ ရှိမရှိ ကိုပြောပြပေးပါ ကို MM ရေတောင်းဆိုးပါတယ်နော်

    ReplyDelete