Saturday, November 27, 2010

ကတုတ်ကျင်းဖောက်ခွဲရေးဗုံးများ သမိုင်း

ကတုတ်ကျင်းဖောက်ခွဲရေးဗုံးများမှာ အမာခံပစ်မှတ်များအား ဖောက်ခွဲရန်နှင့် မြေအောက်တွင်နက်ရှိုင်းစွာ မြုတ်နှံထားသည့် ပစ်မှတ်များအားတိုက်ခိုက်ရန် ပုံစံထုတ်ပြုလုပ်ထားခြင်းဖြစ်သည်။ဒုတိယကမ္ဘာစစ်တွင် ဗြိတိသျှ ပုံစံထုတ်သူ Barmes Wallas က ယနေ့တွင် ကတုတ်ကျင်းဖောက်ခွဲရေးဗုံးဟုခေါ်မည့် ဗုံးနှစ်လုံးကို ပုံစံထုတ်ခဲ့ရာ ၁လုံးမှာ ၅တန်ရှိ၍ Tallboy ဟုခေါ်သည့်ဗုံးဖြစ်ပြီး အခြားမှာ ၁၀တန်ရှိသည့် Grand Stam "မြေငလျင်"ဗုံးဖြစ်သည်။ပုံစံများမှာ လေကြောင်း ဆန်လွန်ပြီး အမြီးပါရှိရာ ဗုံးများကိုလည်ပတ်စေသည်။ထို့ကြောင့် အမြင့်ပေ ၂၂,၀၀၀ မှ ကျလာစဉ်တွင် အသံတံတိုင်းကို ဖောက်ထွင်းနိုင်စေခဲ့သည်။ကတုတ်ကျင်းဖောက်ခွဲရေးဗုံးများဟူ၍ စုပေါင်းခေါ်ဆိုသောလည်း မြေငလျင်ဗုံး၏သဘောတရားမှာ ပိုမိုရှုထွေး၍ မာကျောသည့်မျက်နှာပြင်အား ဖောက်ထွင်းခြင်းထက်ပို၍ နက်နဲမှုရှိသည်။ မြေငလျင်ဗုံးမှာ ပစ်မှတ်တစ်ခုအား တိုင်ရိုက်ထိမှန်စေခြင်းမဟုတ်ဘဲ ဘေးနားတွင် ထိမှန်၍ ပစ်မှတ်အောက်သို့ ထိုးဖောက်ဝင်ရောက်၍ ကြီးမားသည့် လိုဏ်ခေါင်းကြီးဖြစ်ပေါ်စေရန် ပေါက်ကွဲပြီး တစ်ချိန်တည်းတွင် ပစ်မှတ်၏ အခြေခံအုတ်မြစ်များအား တုန်လှုပ်မှုဖြစ်စေသည်။မည်မျှခိုင်မာအောင်ပြုလုပ်ထားသည်ဖြစ်စေ လိုဏ်ခေါင်းတွင်းကြီးအတွင်းသို့ ပြိုကျလေသည်။ဗုံးများ၏ ကိုယ်ထည်အိမ်များမှာ အားဖြည့်ကွန်ကရိထက် ကျောက်သားများကို ပိုမိုလိုအပ်ပေရာ အထူခိုင်ခံသည့် သံမဏိဖြင့် ပြုလုပ်ထားသည်။ဖာဂ်ျရှိ ဂျာမန်ရေငုပ်သင်္ဘောများထားရာ မြေအောက်နေရာကို Grand Stam ဗုံးနှစ်လုံးထိမှန်ခဲ့ရာ ၁၅ပေ ထုရှိသော အားဖြည့်ကွန်ကရိအမာခံကို ဖောက်ထွင်းနိုင်ခဲ့၍ လက်ရှိဖောက်ထွင်းနိုင်မှုတွင် အကောင်းဆုံးအဆင့်ကို ညီမျှခြင်း သို့မဟုတ် ပို၍ပင်လုပ်ဆောင်နိုင်မှုရှိကြောင်းတွေရသည်။


ဒုတိယကမ္ဘာစစ်ပီးတွင် အမေရိကန်က Tallboy ဗုံးအား အဝေထိန်းလမ်းပြစံနစ်ထည့်သွင်း၍ပေါင် ၁၂,၀၀၀ ရှိ Tarzon ခေါ်ဗုံးကိုပြုလုပ်ခဲ့ပြီး ကိုးရီးယားစစ်ပွဲတွင် ကန်ဂျေအနီးရှိ မြေအောက်အမိန့်ပေးဌါနအား တိုက်ခိုက်ခဲ့သည်။


Disney အမည်၇ှိ ဒုံးကျည်အကူအညီပါဝင်သော ဒုတိယကမ္ဘာစစ်သုံးဗုံးတစ်လုံးအား ဂျာမန်ရေငုပ်သင်္ဘောများထားရှိရာ အထူးအမာခံအကာအကွယ်များရှိသည့် ပစ်မှတ်များပေါ်တွင် အသုံးပြုခဲ့သည်။တော်ဝင်ရေတပ်ဗိုလ်ကြီးတစ်ဦးမှ ပုံစံထုတ်သည့် ယင်းဗုံးမှာ ဖြေင့်တန်းမာကျောသည့် ကိုယ်ထည်ရှိ၍ ပေါင် ၄၅၀၀ လေးသည်။ထိုဗုံးကို အမြင့်ပေ ၂၀၀၀၀ မှချခဲ့ရာ ပေ၅၀၀၀ အရောက်တွင် ဘာရိုမီတာဖိအားသုံး စနက်တန်ခလုတ်ပြုတ်၍ အမြီးပိုင်းရှိဒုံးကျည်ကို အသက်ဝင်စေခဲ့ရာ အမြန်နှုန်း တစ်စက္ကန့်လျှင် ပေ၂၄၀၀ ကို ပစ်မှတ်နှင့် ထိချိန်တွင် ရရှိစေသည်။ယင်းကို အမှတ် ၉၂ ဗုံးကြဲယာဉ်အုပ်စုက ၁၉၄၅ ဖေဖော်ဝါရီလတွင် ပထမဆုံး စတင်သုံးစွဲပြီး နယ်သာလန်နိုင်ငံမြူဒင်ရှိ ဂျာမန်ရေငုပ်သင်္ဘောများထားရှိရာ အဆောက်အဦးများကို တိုက်ခိုက်ခဲ့သည်။ဗုံးများကို ဘီ-၁၇ ဖလိုင်း ဖို့ထရက်လေယာဉ်များ၏ အတောင်ပံတစ်ဘက်တစ်ချက်တွင် တစ်လုံးစီ ချိတ်ဆွဲ၍ တိုက်ခိုက်ခဲ့သည်။ဥရောပတွင် စစ်ပြီးဆုံးချိန်ထိ ဒစ္စနေးဗုံး ၁၅၈လုံးကို အသုံးပြုခဲ့သည်။
Tallboy ဗုံးဖြစ်သည်။

Grand stam ဗုံးဖြစ်သည်။

No comments:

Post a Comment