Monday, April 25, 2011

Myanmar Type-90B 122mm MLRS


မြန်မာ့တပ်မတော်ရှိ ၁၂၂မမ အတွဲလိုက်ပစ် ဒုံးပျံယာဉ်။
သူငယ်ချင်းတစ်ယောက်ဆီက ရတာပါ။အကြီးနှင့် ကြည့်ချင်ရင် ပုံကို Click နှိပ်လိုက်ရင်။

4 comments:

  1. လာမကြည့်ဖြစ်တဲ့ ရက်တွေ အတွင်း post တွေ အများကြီး တင်ထားတာပဲဗျ။ မကြည့်ရသေးတာတွေ တဝကြီး ကြည့်သွားပါတယ်။ ကျွန်တော်လည်း စာမေးပွဲနီးနေလို့ blog တွေမဖတ်ဖြစ်ဘူး ဖြစ်နေတယ်။ ဒီ Type 90B ကို အပြင်မှာတော့ မမြင်ဖူးဘူးဗျ။ တကယ်လည်း ကျွန်တော်တို့ တိုင်းပြည်မှာ ဒုံပျံတပ်တွေက တကယ့်ကို အနည်းအကျဉ်းပဲ ရှိပါသေးတယ်။

    ဒီပိုစ့်နဲ့ မဆိုင်တာကို နည်းနည်းပြောချင်တာက ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေမှာလည်း ပြည်ထောင်စုကို ချစ်တဲ့လူတွေ ရှိပါတယ်ဗျာ။ လူမျိုးအနေနဲ့ ပြောရရင် ကျွန်တော် မွန်-ဗမာ ပါ။ ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော် မြန်မာနိုင်ငံသား လို့ပဲ ခံယူတယ်။ လူမျိုးထက် နိုင်ငံကို ပိုချစ်တဲ့ မွန်သူရဲကောင်းတွေ ရှေးကလည်း ရှိခဲ့ပါတယ်ဗျာ (ဥပမာ- ဥပါကောင်း သမိန်ဗရမ်း)။ သမိန်ဗရမ်း ဂါမဏိနဲ့ စီးချင်းထိုးခဲ့တာ အင်းဝ နိုင်ငံတော် အတွက် မဟုတ်ဘူး၊ သူ အကျဉ်းသား ဘဝက လွတ်မြောက်ဖို့လည်း မဟုတ်ဘူး၊ အင်းဝနဲ့ ဟံသာဝတီ နှစ်ပြည်ထောင်လုံးက တိုင်းသူပြည်သားများအတွက်( တနည်း- မြန်မာလို့ ဒီနေ့ ခေါ်ကြတဲ့ ဒီတိုင်း၊ ဒီပြည်၊ ဒီမြေကြီး အတွက်)။ ဒီလို သူရဲကောင်းတွေကို တချို့တွေ့က မေ့ထားကြပြီး လူမျိုးရေး အမြင်နဲ့ တွေးခေါ်ကြတာ၊ ငြင်းခုံကြတာ စိတ်မကောင်းပါ။ ကျွန်တော်က မြန်မာနိုင်ငံသားလို့ပဲ ခံယူတယ်ဆိုလို့ တချို့ မွန်လူမျိုးများက ကျွန်တော့်ကို မျိုးမစစ်လို့ မျိုးမချစ်ဘူးလို့ ဆိုချင်ဆိုမယ်၊ မွန်စကား မွန်စာပေမှ မတတ်ရင် မွန်လူမျိုးလို့ မပြောနဲ့လို့လည်း ဆိုချင်ဆိုမယ်။ အပြစ်တင်ရင်လည်း ခံရပါမယ် ကျွန်တော် မွန်စကား မွန်စာ မတတ်ပါဘူး၊ (မွန်ပြည်နယ်မှာ ကြီးပြင်းတာမဟုတ်ဘဲ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ ကြီးပြင်းပါတယ်၊ မွန်စကားပြောတဲ့ ပတ်ဝန်းကျင် မဟုတ်လို့ အခွင့်မကြုံ မတတ်မြောက်ခဲ့ပါ၊) ဒါပေမယ့် ကျွန်တော် အရမ်းသင်ချင် တတ်ချင်ပါတယ် (ဆရာနိုင်ပန်းလှ ကလည်း မွန်လူမျိုးတိုင်း မွန်စာတတ်ရမယ်လို့ ဆိုပါတယ်)။ မွန်စကား တစ်ခုတည်း သင်ချင်တာတော့ မဟုတ်ပါဘူး တိုင်းရင်းသား ဘာသာစကား အားလုံးကို တတ်နိုင်သမျှ သင်ထား တတ်ထားချင်တယ်။ ကျွန်တော်က လူမျိုးအရ မွန်-ဗမာ၊ ငယ်စဉ်က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ကရင်လူမျိုးတွေ အကြား ကြီးပြင်းတယ်၊ အလုပ်ထဲရောက်တော့ တာဝန် ထမ်းဆောင်ရတာက ရှမ်းပြည်နယ် တောင်ပေါ်ဒေသ ရှမ်းလူမျိုးနဲ့ လာဟူလူမျိုးတွေနဲ့ အများဆုံးတွေ့ကြုံ ဆုံဆည်းရတယ်။ ကိုယ့်လူမျိုး တမျိုးတည်းကို ဘောင်ခတ် ထားလို့ ရပါ့မလား ..?? တိုင်းရင်းသား ပေါင်းစုံ နေထိုင်တဲ့ နိုင်ငံမှာ ရင်းနှီးမှု ချစ်ကြည်မှု မျှဝေခံစားမှုတွေနဲ့ပဲ ခရီးဆက်ကြရအောင်ပါ။ ပြည်ထောင်စုနဲ့ ပြည်ထောင်စုသား အားလုံးကို ကျွန်တော် ချစ်တယ်။

    ReplyDelete
  2. ဟုတ်တယ်ဗျာ...ကျွန်တော်လည်း တိုင်းရင်းသားပါဘဲ။ကျွှန်တော်ဆီမှာ လူမျိုးရေး ခွဲခြားထားတဲ့စိတ်မရှိပါဘူး။ပြည်တွင်းက ညီညွှတ်မှ ပြည်ပရန်ကို ကာကွယ်နိုင်မယ်ဗျာ...။

    ReplyDelete
  3. ကို Comrade နဲ့ ကို O
    ကျုပ်ကိုရည်ရွယ်ပြီး ပြောနေသလား? တကယ်လို့ ကျုပ်လုပ်ရပ်မှားနေရင် လူငယ်အချင်းချင်း အားမနာတမ်း ညီအစ်ကိုလို ပြောနိုင်ပါတယ်။ နိုင်ငံရေးလုပ်နေတဲ့ အချိန်မှာ မိမိရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ဦးစားမပေးပါဘူး။ နိုင်ငံ့အရေးပဲ ဦးစားပေးပါတယ်။ ခင်ဗျားတို့ ကျုပ်ကို ဆဲချင်ရင်လဲ ဆဲလို့ရပါတယ်။ မာန်မာနလဲ ကျုပ်မှာ မရှိပါဘူး။ ဒီမိုဝါဒစွဲ.. စစ်တပ်စွဲ. . .လူမျိုးစွဲမရှိပါဘူး။ ( ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓရဲ့ တရားဓမ္မကတော့ ကျုပ်ယုံကြည်တဲ့ နိုင်ငံရေး လမ်းစဉ်ပါပဲ။) တိုင်းပြည် စည်လုံးစေမယ့် အကြံပြုချက်မှန်သမျှ နားထောင်ပါမယ်။ မြန်မာလူမျိုးအားလုံးအပေါ်မှာ ဘယ်တုံးကမှလဲ နအဖ၊ ဒီမို၊ စစ်တပ်၊ ပြည်သူ၊ ကရင်၊ ကယား၊ ဗမာ၊ ရှမ်း၊ ရခိုင်ဆိုပြီး ခွဲခြားပြီး စဉ်းစား ဆုံးဖြတ်တဲ့ သူမဟုတ်ပါဘူး။ ကျုပ် ဘယ်သူ့မှ မျက်နှာ မလိုက်ဘူးဆိုတာ ပိတောက်မြေ၊ ကျေးစေတမန်မှာ စာဖတ်နေတဲ့ သူတိုင်း သိကြပါတယ်။ အခုကျုပ်လုပ်နေတဲ့ ကိစ္စကို မှားတယ်ထင်ရင် ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။ စကားမာမာ ပြောတာကတော့ ကျုပ်ရဲ့ သဘာဝမိုလို့ ဗွေမယူစေချင်ဘူး။

    (ps. အပေါ်မျိုးအောင်ဆိုတာ ဦးလွမ်းဆွေ ဘလော့မှာရေးထားတဲဟာနော်။ ခင်ဗျားတို့ကို ရည်ရွယ်ထားတာ မဟုတ်ဘူး။ အဖျက်ခံရမှာ ကြိုသိလို့ ဒီမှာလာရေးထားတာ)

    ReplyDelete
  4. @ကိုဇော်မျိုး

    ခင်ဗျားကို ပြောတာပါ၊ ဒါပေမယ့် တစ်ယောက်တည်းကို ရည်ရွယ်ပြီး ပြောတာတော့ မဟုတ်ပါဘူး။ ဒီဘလော့ကို ဖတ်ရင်းနဲ့ comments တွေကို လက်လှမ်းမှီသလောက် ဖတ်မိရင်းကနေ ကိုယ့်သဘောထားကို စာဖတ်သူ ညီနောင်တွေကို ပြောပြချင်မိလို့ပါ။ မြန်မာလူမျိုး အားလုံးအပေါ်မှာ ခွဲခြားပြီး စဉ်းစားဆုံးဖြတ်တာ မဟုတ်ဘူး ဆိုတာကို လေးစားပါတယ်။ တိုင်းပြည်ကို စည်းလုံးစေချင်တဲ့ စေတနာခြင်းက အတူတူပါပဲ။ ခင်ဗျားက အညာသားမို့ စကားမာမာ ပြောချင်ပြောတတ်မယ်၊ ဗွေယူစရာမရှိပါ။ ကျွန်တော်တို့က အကြေသားမို့ စကားချိုချို ပြောတတ်တာကိုလည်း အပျော့နည်းနဲ့ လှည့်ဖျားနေတယ်လို့တော့ အထင်မမှား စေချင်ပါ။ ကျုပ်တို့မှာ စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကရင်လူမျိုး ညီနောင်တွေ ရှိတယ်၊ ဟောဟောဒိုင်းဒိုင်း ပြောတတ်တဲ့ မွန်လူမျိုး ညီနောင်တွေ ရှိတယ်၊ စသဖြင့် နေထိုင်ရာဒေသ အလိုက် စကားဆိုပုံ အမျိုးမျိုး ကွဲပြားတဲ့ အတွက် ဒီအခြေခံ စကားပြောပုံလေးလောက်မှာ သည်းမခံနိုင်ကြရင် ၊ နားလည်မပေးနိုင်ကြရင် ပြည်ထောင်စုကြီး ခရီးရောက်မှာ မဟုတ်။ ပြည်ထောင်စုသား အားလုံးကို ခွဲခြားခြင်း မရှိသလို တိုင်းရင်းသား အားလုံးကို လေးစားကြောင်း ထပ်ပြောပါရစေ။

    ဒီဘလော့မှာတော့ ဒီကိစ္စကို ထပ်မဆွေးနွေးလိုတော့ပါဘူး၊ ဘလော့ပိုင်ရှင် ကိုMM ကိုအားနာလို့ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ဒီပြဿနာတွေ ဆွေးနွေးနိုင်တဲ့ တခြားနေရာတွေ အများကြီးရှိပါတယ်။ (မရှိရင်လည်း ကျွန်တော့် ဘလော့မှာ လာပြောလို့ ရပါတယ်) ဒါပေမယ့် စစ်ရေးကိစ္စ သီးသန့် (ပြည်တွင်းစစ် မဟုတ်) ဆွေးနွေးလို့ ကောင်းတဲ့ နေရာလေးကတော့ ဒီဘလော့ ပဲရှိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    regards,
    Comrade

    ReplyDelete