Tuesday, April 5, 2011

T-84 Main Battle Tank


ထိုင်းစစ်တပ်မတော်မှ ယူကရိန်းနိုင်ငံထုတ် ပင်မတိုက်ပွဲဝင်တင့်ကား အစီးရေ ၂၀၀ ဝယ်ယူမယ်လို့သိရပါတယ်။ဘယ်အချိန်မှာ ရောက်မှလည်းဆိုတာ မသိရသေးပါဘူး အိမ်နီးချင်းဘေးနိုင်ငံတွေ တစ်နိုင်ငံနှင့်မှ မတည့်တဲ့ အတွက် အခုလို တင့်ကားတွေကို ထပ်မံဝယ်ယူနေတာလို့မြင်ပါတယ်။ပြီးခဲ့တဲ့ အတော်တွင်းမှာ ကမ္ဘာဒီးယားနိုင်ငံကလည်း တီ-၅၅အေအမ် အမျိုးစားတွေကို ထပ်မံဝယ်ယူခဲ့မှုနှင့် သက်ဆိုင်ပါတယ်။အိမ်နီးချင်းနိုင်ငံတွေပေါင်းပြီး တိုက်ဖို့ ဘလော့က်တစ်ခုမှာ တွေခဲ့ရတာက မြန်မာ၊မလေးရှား၊ကမ္ဘာဒီးယား သုံးနိုင်ငံပေါင်းတိုက်ဖို့ဖြစ်ပါတယ် မလေးရှားနိုင်ငံနှင့် နယ်စပ်မှာ တိုက်ပွဲတွေကရှိ၊ကမ္ဘားဒီးယားနှင့်လည်းတိုက်ခိုက်နေရဆဲ ဖြစ်ပြီး နောက်တကြိမ် မြန်မာတပ်မတော်နှင့် ထိပ်တိုက်တွေ့လာရရင် ထိုင်းနိုင်ငံရဲ့ စစ်တပ်ဟာပြိုကွဲဖို့ဘဲကျန်ပါတော့တယ်။

4 comments:

  1. အာဆီယံနိုင်ငံတွေထဲမှာ စစ်ပါဝါပြချင်တဲ့နိုင်ငံတစ်ခုက ထိုင်းနိုင်ငံပါ။ဘယ် အာဆီံယံနိုင်ငံတွေကမှ အိမ်နီးချင်းနိုင်ငံတွေကို ရန်စကျူးကျော်တာမရှိပါဘူး။ထိုင်းကတော့ သူနိုင်မယ်ထင်ရင် ထင်တိုင်းကြဲတတ်တဲ့ပုံစံပေါက်နေပါတယ်။အာဆီယံနိုင်ငံတွေထဲမှာ အမေရိကန်တပ်စွဲထားတာဆိုရင်လည်း ထိုင်းမှာပဲဖြစ်တယ်။ဒီအတွက် ထိုင်းရဲ့ စစ်နည်းဗျူဟာလက်နက်ဖြည့်တင်းမှုတွေကို အမြဲစောင့်ကြည့်ဖို့ လိုမယ်။

    တရားဝင်ပေါ်တင် လက်နက်ပြိုင်ဆိုင်မှုမဖြစ်အောင်လည်း တားဆီးသင့်တယ်။အာဆီယံဟာ အစဉ်အမြဲငြိမ်းချမ်းသာယာဖွံ့ဖြိုးတဲ့ အာဆီယံမိသားစုအဖြစ် စည်းစည်းလုံးလုံးနဲ့ပဲမြင်ချင်ပါတယ်။

    ReplyDelete
  2. ဟုတ်ပါတယ။်ထိုင်းနိုင်ငံဟာ အမေရိကန်ကို အားကိုးပြီစွာကျယ်စွာကျယ်လုပ်နေတာပါ။လက်နက်ပြိုင်ဆိုင်မှုဟာ အာဆီယံဒေသတွင်းမှာတော့ တရားဝင်ပေါ်တင် မဟုတ်တောင် တိုးတိုးသိပ်သိပ်နှင့်တော့ ဖြစ်ပျက်နေပါတယ်။မလေးရှားက လေတပ်မှာ စင်ကာပူနှင့် ယှဉ်ပြိုင်နေပြီ အင်ဒိုနီးရှားက မလေး၊စင်ကာပူ စသည့်နိုင်ငံတွေရဲ့လေတပ်ကို အမှီလိုက်ဖို့လုပ်နေပါတယ်။ရေပြင်နယ်နိမိတ်ကျယ်တဲ့ အင်ဒိုနီးရှားမှာတော့ ရေတပ်ကို အင်းအားကြီးအောင်လုပ်ဆောင်နေပါတယ်။ဘင်္ဂလားဒေ့က အမျိုးစား-၅၉တွေကို အမျိုးစား-၅၉ဂျီ ဆိုပြီးအဆင့်မြင့်တင်နေပါတယ်။ဟိုးအရင်က ပါကစ္စတန်တင့်ကားတွေကို ဝယ်မယ်ပြောလိုက်၊ယူကရိန်းတင့်ကားဝယ်မယ်ပြောလိုက်...နောက်တော့ တရုပ်တပ်ဆီပြန်ရောက်သွားပါတယ်။

    ReplyDelete
  3. ဘင်္ဂလားဒေ့ရှ် ကုလားကတော့ ကော့ဘဇားမှာ အဆင့်မြင့် လေတပ်စခန်းတည်ဆောက်နေတယ်။ရေပြင်လေပြင်ကာကွယ်ဖို့လို့ဆိုတယ်။
    လေပြင်ကို ကာကွယ်ဖို့ထက် ရေပြင်ကိုကာကွယ်ဖို့အဓိက ရည်ရွယ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ဘာကြောင့်လည်းဆိုတော့ လေပြင်ကိုကာကွယ်ဖို့ဆိုရင် အစကတည်းက ဒီနယ်စပ်မှာဆောက်လို့လည်းရတာပဲ။

    အခုက မြန်မာနဲ့ရေပြင်ပိုင်နက်ကိစ္စဖြစ်ပြီးမှ ဒီလေတပ်စခန်းကို တိုးချဲ့တည်ဆောက်တာကို ကြည့်မယ်ဆိုရင် ရေပြင်ကိစ္စနောက်တစ်ခါဖြစ်လာရင် ဒီလေတပ်စခန်းကနေ အကူညီအထောက်ကူပေးမယ့် သဘောပါပဲ။

    ဒါကို ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကလည်း အထူးသတိထားစောင့်ကြည့်ပြီး လိုအပ်သလိုပြန်လည်ပြင်ဆင်ထားဖို့လိုပါတယ်။ရန်သူက ခြေလှမ်းတစ်လှမ်းတိုးတိုင်း ကိုယ်က ခြေလှမ်း ၂ ဆ ၃ဆလှမ်းနေနိုင်ဖို့လိုတယ်။နိုင်ငံအများစုက လေတပ်ကိုပဲအားကိုးကျတယ်။ဒီတော့ လေတပ်ကိုခေတ်မှီအောင်လုပ်လာကြတယ်။ဒါကို ကျွန်တော်တို့ကလည်း နားလည်သဘောပေါက်ထားပြီး ဒီလေတပ်စွမ်းအင်တွေကို ဖျက်ဆီးနိုင်မယ့် အဆင့်မြင့် ဒုံးကျည်စနစ်တွေရှိနေဖို့လိုမယ်လို့ ယုံကြည်တယ်။

    ReplyDelete
  4. ထိုင်းကအမေရီအန် အားကိုးနဲ့ ကြွနေတာ သူစစ်ပါဝါတာပြနေတာ ဘယ်နိင်ငံမှလဲ နိင်တာမဟုတ်ဘူး ထိုင်းဆိုတာ မြန်မာနိင်ငံ ရဲ့ ငယ်နိင် ဟုတ်တယ်မလား ကျွန်တော်ပြောတာ

    ReplyDelete