Saturday, May 21, 2011

Myanmar Army BTR-3U


နမူနာပုံဖြစ်ပါသည်

မြန်မာ့တပ်မတော်ထုတ် ဘီတီအာ-၃ယူ သံချပ်ကာကား ဖြစ်ပါသည်။မြန်မာ့တပ်မတော်တွင် အစီးရေ ၁၀၀၀ အထိထုတ်လုပ်လျက်ရှိပါသည်။

6 comments:

  1. မြန်မာ့ တပ်မတော်ထုတ်တွေက ဖုံးကွယ်ပုံဖျက်မှု ကောင်းအောင် တမင် အရောင်မွဲမွဲများ ထုတ်ထားတာများလား :P

    အောက်က တစီးနဲ့ အရောင်အသွေးချင်း ကွာလွန်းလို့လေ။ :D

    နောက်တာပါဗျာ။ ကိုယ့်နိုင်ငံတွင်းမှာ ထုတ်လုပ်နိုင်တာ ဂုဏ်ယူပါတယ်။ ပုံတွေ ကြည့်ရတဲ့ အတွက် ကျေးဇူးပါ။

    regards,
    Comrade

    ReplyDelete
  2. ကျွန်တော့်အထင်ကတော့ နေရာဒေသ ကွာလို့ဖြစ်ပါလိမ့်မယ်။မြန်မာနိုင်ငံက အပူပိုင်းနိုင်ငံ ဖုံတလောင်းလောင်းနဲ့ကိုး။ဒီတော့ ဘယ်သွားသွားဘယ်လာလာ ကားတွေမှာလည်း ဒီတိုင်းပဲ ဖုံတွေကြည့်ပါပဲ နယ်တွေမှာကလေ။အအေးပိုင်းဒေသနိုင်ငံတွေက ဖုံက သိပ်မရှိဘူး နှင်းပဲကျတယ် စိုစွတ်တယ် ဒါကြောင့် သန့်ရှင်းနေတယ်လို့ ထင်တာပဲ။

    မြန်မာနိုင်ငံက သုံးနေတာက ကြာနေပြီလားတောင်မသိဘူး။ဒါမှမဟုတ် ထိန်းသိမ်းမှုပိုင်းမှာ ညံ့ဖျင်းနေတာလည်းပါမယ်။လက်ရုံးတပ်တွေက ရှေ့တန်းထွက်ရတာလည်း သိပ်မရှိတော့ လေ့ကျင့်မှု နည်းတော့ ဂိုထောင်ထဲ လှောင်ပိတ်ထားသလိုဖြစ်နေတယ်။နည်းနည်းလေး အကုန်ကျခံပြီး လေ့ကျင့်မှုပြပြီး ဆီရောင်းစားတာတွေလိုမျိုးမဖြစ်အောင် အောက်ခြေထိ ကွင်းဆင်းပြီး လေ့ကျင့်မှုတွေကို ဦးစီးလုပ်ဆောင်ပေးသင့်တယ်။

    ReplyDelete
  3. ကျွှန်တော်ရိုက်တဲ့နေ့က နေမသာဘူးဗျ မိုးအုံနေတယ် ဟီးဟီး ကျွှန်တော်က ပျော်ပျော် နေတတ်လို့ပါ...ရှမ်းပြည်ဘက်ကို တက်တုန်းက ပုံတွေပါ..

    ReplyDelete
  4. စစ်သည်တွေကို သယ်ယူပို့ဆောင်ရေးအတွက် အရွယ်အစားသေးသေးနဲ့ ကျစ်ကျစ်လစ်လစ်ရှိတဲ့ Bren Carrier လိုသံချပ်ကာကားလေးတွေက ပိုအသုံးဝင်မယ်လို့ထင်ပါတယ်ဗျာ၊
    သူ့ရဲ့ ပုံစံဒီဇိုင်းလေးကလဲတော်တော်မိုက်တယ်။ Myanmar Cupid Community ထဲက " မြန်မာ့တပ်မတော်အကြောင်းသိကောင်းစရာ" forum ထဲမှာတော့ ရောင်စုံသောင်းကျန်းသူတွေကို နှိမ်နင်းခဲ့တုန်းက တော်တော်အသုံးပြုခဲ့တယ်လို့သိရပါတယ်၊ အမှန်ကတော့ သူက transport အတွက်ပါ
    စစ်သည် ၄ယောက်ကနေ ၁၄ယောက်အထိ သယ်ဆာင်နိုင်ပါတယ်၊ ဒါပေမယ့် တိုက်ပွဲဝင်ရာမှာ စက်သေနတ်မျိုးစုံ တပ်ဆင်အသုံးပြုကြပြီး မော်တာနဲ့ တင့်ကားဖျက်လောင်ချာတွေလဲ တင်ဆောင် ပစ်ခတ်ကြတယ်လို့ဆိုပါတယ်။ မီးသေနတ်တပ်ဆင်ထားတဲ့ carrier အမျိုးအစားတောင်ရှိပါတယ်၊ အမြောက်ငယ်တွေကိုပြောင်းရွေ့နေရာချတဲ့အခါ အမြောက်ဆွဲယာဉ်၊ရှေ့တန်းမှာ စစ်မြေပြင် လူနာတင်ယာဉ် စစ်ကြောင်းချီတက်ရာမှာ ကင်းထောက်ယာဉ် စသည်ဖြင့် အသုံးပြုခဲ့ကြပါတယ်။အဓိက အလေးပေးအသုံးပြုမှုအရ အမျိုးအစားတွေ ကွဲပြားပါတယ်၊ အများဆုံးအသုံးပြုခဲ့တဲ carrier အမျိုးအစားမှာဘရင်းဂန်းတင်ပြီး ပစ်ခတ်တိုက်ပွဲဝင်လေ့ရှိလို့ Bren Gun Carrier နောက်တော့ Bren carrier လို့ခေါ်လာကြပါတယ်၊ သူ့ရဲ့အမည်မှန်ကတော့ Universal Carrier ပါ၊
    ဒုတိယကမ္ဘာစစ်မှာ အင်္ဂလန်က စတင်ထုတ်လုပ်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ သြစတေးလျ၊ နယူးဇီလန်အပြင် အမေရိကန်မှာပါ ဒီ carrier အမျိုးအစားတွေထုတ်လုပ်လာတယ်၊ကမ္ဘာ့သမိုင်းတလျှောက် ထုတ်လုပ်မှုအများဆုံးနဲ့ အသုံးပြုမှုအများဆုံး သံချပ်ကာကားလို့ဆိုပါတယ် ၊
    စစ်အတွင်းမှာ နာဇီဂျာမနီက Bren carrier အများအပြား သိမ်းဆည်းရမိတော့ တင့်ကားဖျက်လက်နက်တွေ တပ်ဆင်ပြီး Panzerjaeger လို့ အမည်ပေးကာ ပြုပြင်ထုတ်လုပ်ခဲ့ပြန်ပါတယ်၊
    ဂျာမန်တင့်ကားဖျက်အထူးအဖွဲ့တွေကိုတင်ပြီးမဟာမိတ်တို့ရဲ့တင့်ကားတွေကို အမဲလိုက်ခဲ့ကြပါသတဲ့၊( သူတို့စစ်နိုင်နေတဲ့အချိန်မှာ ဖြစ်မှာပေါ့ဗျာ) :P

    လက်ရှိ မြန်မာ့တပ်မတော်မှာတော့ ဒီလို ပေါ့စားသံချပ်ကာကားလေးတွေ အသုံးပြုမပြု သေချာမသိပါဘူးခင်ဗျ။ ခြေလျင်ခြေမြန်စစ်သည်တွေ အတွက် အရမ်းအသုံးဝင်မယ့် သံချပ်ကာအမျိုးအစားလို့ထင်မိပါတယ်။ ဂျစ်ကားထက် နဲနဲပိုကြီးတဲ့ အရွယ်အစားရှိပြီး ပုံစံကတော့ သာမန်သံချပ်ကာကားအကြီးတွေနဲ့ခပ်ဆင်ဆင်တူပါတယ်၊ သူကတော့ပိုသေးပြီး ချုံ့ထားတဲ့ဒီဇိုင်းမျိုးပေါ့ ၊ကျစ်လစ်သေးကွေးတဲ့အတွက် သိပ်နေရာမယူသလို မြေနေရာအနေအထားလဲ သိပ်မရွေးပဲ တောထဲတောင်ထဲမှာတောင်မောင်းနှင်လို့ရပါတယ်တဲ့ဗျ၊
    မြန်မာပြည် ရာသီဥတု မြေမျက်သွင်ပြင် နဲ့ကိုက်ညီအောင်ပြုပြင် ခေတ်နဲ့အညီ နည်းပညာတွေ မြှင့်တင်ပြီး
    ပြည်တွင်းမှာတည်ဆောက်အသုံးပြုသင့်တယ်လို့ထင်ပါတယ်။
    ဒေသတွင်းမှာဆိုရင် ယိုးဒယား(ထိုင်း) က အမေရိကန်ကပေးထားတဲ့ Humvee ဂျစ်တွေ သုံးနေကြတာကြာပါပြီ၊ ကျွန်တော်တို့က ဂျပန်တပတ်ရစ် Double cab လေးပေါ်မှာ MA-4 တင်ပြီးသွားယှဉ်မယ်ဆိုရင် ရမှာမဟုတ်ပါဘူး
    Infantry Fighting Vehicle အနေနဲ့ မြန်မာ့တပ်မတော်မှာ အားကိုးအားထား တိုက်ယာဉ် တစ်ခုခုရှိသင့်ပါတယ်၊

    မှတ်ချက်။ ။ပြောရအုန်းမယ် P.C gamerတွေ ဆိုရင်သိပါလိမ့်မယ်၊
    Company of Heros : Tales of Valor (computer game) မှာဆိုရင် British တပ်မှာ Bren Carrier ပါပါတယ်၊ စက်သေနတ် ထပ်ပြီး တပ်ဆင်ပေးလိုက်ရင် ရန်သူ့ infantry တွေကို တော်တော်ခြိမ်းခြောက် နိုင်ပါတယ်။ anti-tank unit တွေကိုတော့ မနိုင်ဘူးပေါ့ :(
    ဒါပေမယ့် ဘာပဲပြောပြော Bren Carrier ကတော့ ကျွန်တော့ favourite unit ပါပဲ၊ :)

    Bren Carrier အကြောင်း အကျယ်တ၀င့်သိချင်ရင်တော့/-
    http://en.wikipedia.org/wiki/Universal_Carrier
    http://military.discovery.com/technology/vehicles/ifv/ifv-07.html
    http://www.lancers.org.au/site/Bren_Gun_Carrier.asp မှာကြည့်နိုင်ပါတယ်၊
    youtube.com မှာလဲ Bren Carrier လို့ရိုက်ထည့်ပြီးရှာနိုင်ပါတယ်၊ video clip ပါတွေ့နိုင်ပါတယ်၊

    ReplyDelete
  5. ကိုOk soeရေ spam ထဲဝင်သွားလို့ပါ ပြန်တင်ပေးလိုက်ပါတယ် ခင်ဗျာ.. လင့်တွေများသွားလို့ ဖြစ်ပါလိမ့်မယ်..။နောက်ထပ်လည်း လာရောက်ဆွေးနွေးပေးပါဦးခင်ဗျာ..။

    ReplyDelete
  6. ကွန်မန့်ပြန်တင်ပေးတဲ့အတွက်ကျေုးဇူးအထူးတင်ရှိကြောင်းပါ၊ ကိုMM ခင်ဗျား

    ReplyDelete