Friday, May 20, 2011

Myanmar buy SS2 Rifle from Indonesian Army

အင်ဒိုနီးရှားတပ်မတော်မှ ဝယ်ယူမည့်ဟုသိရသော စစ်လက်နက်အမျိုးအစားများဖြစ်ပါသည်။မည်သည့်အမျိုးအစားဖြစ်မည်ကို မသိရသေးပါ။မြန်မာ့တပ်မတော် အထူးတပ်ဖွဲ့များတွင် အသုံးပြုရန် သို့မဟုတ် ကိုယ်ရံတော်တပ်ဖွဲ့များတွင် အသုံးပြုမည်ဟု ယုံကြည်ရပါသည်။၅.၅၆မမကျည် ကို အသုံးပြုမည်ဖြစ်ပြီး မြန်မာ့တပ်မတော်ရှိ အမ်အေ-၁ အမျိုးအစား များတွင်လည်း ၅.၅၆မမ ကျည်ကို အသုံးပြုထားသည်။
SS2 V1

SS2 V4

SS2 V5


မြန်မာ့တပ်မတော်မှ ဝယ်ယူမည်ဖြစ်သော ချေမှုန်းရေး စက်လက်နက် အမျိုးအစားများဖြစ်သည်။အင်ဒိုနီးရှားတပ်မတော် ကာကွယ်ရေးဌါနမှ ရောင်းဝယ်မှုပြုလုပ်ရန်ပြင်ဆင်နေပြီးဖြစ်သည်။

7 comments:

  1. တပ်ရင်းတွေမှာ သုံးစွဲဖို့တော့ မဖြစ်နိုင်ဘူး။ရှိရင်း MA series တွေနဲ့တော့ အစားထိုးမှာတော့မဟုတ်ဘူး။တပ်ရင်းတွေမှာ သုံးဖို့ဆိုရင်လည်း SS2 V4 လိုမျိုး စနိုက်ပါလက်နက်လောက်ပဲ ဖြည့်တင်းပေးချင်ပေးနိုင်တယ်။အထူးတပ်ဖွဲ့တွေအတွက်ပဲ ဖြစ်ချင်ဖြစ်နိုင်တယ်။ကျည်ဆံကလည်း MA ကျည်ဆံဆိုတော့ ကျည်ဆံအတွက် အထွေထူးဝယ်စရာမလိုအပ်တော့ဘူးဆိုတော့ မြန်မာနိုင်ငံအတွက်နဲ့သင့်လျော် ကိုက်ညီတဲ့အတွက် ရောင်းချ ၀ယ်ယူတာဖြစ်မယ်။ဒီလက်နက်တွေက MA အမျိုးစားတွေနဲ့ သိပ်မကွာတော့ ပြုပြင်ထိန်းသိမ်းရတာလည်း လွယ်ကူမယ်ထင်တယ်။

    ပြည်သူ့ရဲတပ်ဖွဲ့တွေကိုလည်း လက်နက်မြှင့်တင်ပေးသင့်တယ်။အခုက အကြမ်းဖက်သမားတွေက အားနည်းတဲ့ အဖွဲ့စည်း အရပ်ဘက်လိုမျိုး (ပြည်သူ့ရဲ အပါဝင် လက်နက်မရှိတဲ့ ဆက်သွယ်ရေးနဲ့စာတိုက်ရုံး အစိုးရဌာနတွေအားလုံး) အပါဝင်တွေကို ဗုံးခွဲအကြမ်းဖက် ၀င်စီးတိုက်နေကြတာတွေ့ရတယ်။ဒီအကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက် အဖွဲ့စည်းတိုင်း ရုံးတိုင်းမှာ လုံခြုံရေးအထူးသတိထားပြီး ဖြစ်လာရင် ပြန်လည်ခုခံနိုင်အောင် လက်နက်တွေ တပ်ဆင်ပေးထားသင့်တယ်။CCTV ကင်မရာမျိုးတွေကို အစိုးရရုံးဌာနတွေတိုင်းကို တိုးချဲ့တပ်ဆင်သင့်တယ်။တစ်နိုင်ငံလုံးအတိုင်းတာနဲ့များသောငြားလည်း လုံခြုံရေးအတွက် နေရာတိုင်းမှာ အကုန်ကျခံပြီး တပ်ဆင်သင့်တယ်။

    မြန်မာပြည်သူတွေ အကြမ်းဖက်သမားတွေရန်မှ ကင်းလွတ်ပါစေ။

    ReplyDelete
  2. အင်ဒိုက SS-2တွေဝယ်မယ်ဆိုတာအမှန်ပြောရရင်အာဆီယံဥက္ကဌရာထူးအ
    တွက်အင်ဒိုကိုစည်းရုန်းတဲ့အနေနဲ့ရောဖားတဲ့အနေနဲ့ရောဝယ်တာပါ။SS-2 လိုဘာမှအထူးအဆန်းမပါတဲ့သာမန်RIFLEလောက်တော့ကျွှန်တော်တို့ရဲ့DIတပ်
    ကထုတ်နိုင်ပါတယ်အခုဆိုယင်DI ကAll FIBRE ALLOY RIFLEတွေတောင်
    ထုတ်နေပါပြီ။အလကားနိုင်ငံငွေတွေကုန်တာပေါ့ဗျာ၊ဟိုအယင်အာဆီယံဝင်ဖို့
    လုတ်တုန်းကလည်းစင်ကာပူရေတပ်LSTသင်္ဘောရန်ကုန်ကိုလာလယ်တုန်း
    ဖားတဲ့အနေနဲ့ပါလာတဲ့ရေတပ်သားအားလုံးကိုTRADER'S HOTEL မှာထားတယ်။တရုတ်ကလူတွေအတွက်ဆိုပိုဆိုးပေါ့ဗျာ။
    ဒါနဲ့HOUXIN ( 471 SERIES )သင်္ဘောတွေမှာ HY-2 မတပ်ဆင်ထားပါ။၄၇၁,၅၅၆,၇၇၁ SERIESသင်္ဘောတွေမှာ c-801တွေတပ်ဆင်ထားတာပါ။ ၇၇၁နဲ့၇၇၂မှာတောင် C-801ဘဲတပ်ထားရပါတယ် C-802မတပ်ထားပါ။C-801တွေ
    ဟာ range 40KM ( over 20 notical miles )လောက်ဘဲပြစ်နိုင်ပါတယ်။
    ဓာတ်ပုံထဲကCorvetteသင်္ဘောထုတ်နေတဲ့သင်္ဘောကျင်းဟာရေတပ်သင်္ဘော
    ကျင်းမဟုတ်ပါ။ကျွှန်တော့အထင်၇၇၁နဲ.၇၇၂ထုတ်တုန်းကဆင်မလိုက်
    သင်္ဘောကျင်းကပုံတွေထင်ပါတယ်။
    အမြဲအားပေးလျှက်ပါ
    ၅၅၆

    ReplyDelete
  3. MA series တွေနဲ့သိပ်မကွာပါဘူး ဝယ်မယ့်ဝယ် iseral က ဝယ်သင့်ပါတယ်

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ရာဇ၀င်အရိုင်းခံပြီး အင်ဒိုကုလားတွေဆီက
    ဘာမှမ၀ယ်ရင် အကောင်းဆုံးပဲဗျာ။
    သိပ်လိုအပ်ရင် မြန်မာကိုလက်နက်ရောက်မဲ့
    အခြားတိုင်းပြည်တွေ အများကြီးရှိပါတယ်။

    ReplyDelete
  7. သမိုင်းကြောင်းပြန်ရရင် မြန်မာက အင်ဒို ကို နေ၀င်းစတင်း လေယာဉ်စင်းလုံးတိုက်
    အလကားပေးဖူးပါတယ်။

    ReplyDelete