Sunday, May 8, 2011

Myanmar Defence Service Academy



မြန်မာတပ်မတော် စစ်တက္ကသိုလ် စစ်သင်တန်းများတွင် စစ်ရေးလေ့ကျင့်နေစဉ်။

2 comments:

  1. ကျနော် စိုးရိမ်တာ တစ်ခုရှိတယ်ဗျ။ မြန်မာ့တပ်မတော်ဟာ တဖြေးဖြေးနဲ့ ကြီးထွားလာပါပြီ။ ငွေကြေးတွေလဲ အများကြီး သုံးထားပါတယ်။ အဲလို ငွေကြေးတွေများများကို ကိုင်တွယ်ရလေလေ အကျင့်ပျက် ခြစားမှုတွေလဲ ပိုပြီးဆိုး၇ွားလာလေလေ ဖြစ်တတ်ပါတယ်။ ( ခေတ်မှီလက်နက်တွေဝယ်ရင် နောက်ကွယ်မှာ ပွဲစားတွေက ဗိုလ်ချုပ်တွေကို လဒ်ထိုးတဲ့ ဓလေ့ထုံးဆံကတော့ နိုင်ငံတိုင်းမှာရှိပါတယ်။) လက်ရှိလဲ စစ်တပ်အတွင်း ခြစားနေတာ ခင်ဗျားတို့လဲ သိပါတယ်။ အကျင့်ပျက်ခြစားမှုကို ဥပဒေတွေ စစ်စည်းကမ်းတွေနဲ့ ထိမ်းလို့ရမယ်မထင်ပါဘူး။ စစ်စည်းကမ်းတွေကို မျက်ကွယ်ပြုပြီး အကျင့်ပျက်နေတဲ့ စစ်တပ်က အရာရှိကြီးတွေ အများကြီးရှိတာပဲ မဟုတ်ပါလား? ဒီမိုနိုင်ငံတွေက စစ်တပ်တိုင်းဟာ အကျင့်ပျက်ခြစားမှုကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ စည်းကမ်းတို့ ဥပဒေတို့ဆိုတာ ဖေါက်ရဲရင် ဖေါက်ဖို့ သိပ်ကိုလွယ်ပါတယ်။ လက်တွေ့ကျကျပြောမယ် . . . . စည်းကမ်းထိမ်းတယ်ဆိုတာ သိပ်ပြီး မထိရောက်ဘူး။

    ကျနော့အမြင်ကတော့ ဥပဒေတွေထုတ်ပြီး စစ်စည်းကမ်းတွေ တင်းကျပ်တာထက် အကျင့်စာရိတ္တကောင်းမွန်အောင် လုပ်တာက အထိရောက်ဆုံးလို့ မြင်ပါတယ်။ အကျင့်စာရိတ္တကောင်းမွန်တဲ့သူဟာ ဖေါက်ပြန် အလွဲသုံးစား လုပ်လိုစိတ်ရှိမှာ မဟုတ်ပါဘူး။ ဖေါက်ပြန်လိုစိတ်မရှိမှတော့ ဥပဒေတွေ စစ်စည်းကမ်းတွေလဲ တင်းကျပ်ဖို့ လိုမှာ မဟုတ်တော့ဘူး။

    အကျင့်ပျက်ခြစားမှုဆိုတာ ဂုဏ်တု ဂုဏ်ပြိုင်ချင်တဲ့ စိတ်တွေကြောင့် ဖြစ်ပေါ်ရတာပါ။ ငါ့ အိမ်က နန်းတော်ကြီးလောက် ခမ်းနားတယ်.. ငါ့ကားက ဈေးဘယ်လောက်ကြီးတယ်…. ငါ့နားမှာ စိန်နားကပ်ကြီးရှိတယ် . . . ငါကဟိုတယ်မှာ မင်္ဂလာဆောင်တယ် . . ဆိုတဲ့ ဂုဏ်တု ဂုဏ်ပြိုင် စိတ်တွေ ကြီးထွားနေရင် အကျင့်ပျက်မှုတွေကို ထိမ်းလို့ရမှာ မဟုတ်ပါဘူး။

    ဒါ့ကြောင့် မြန်မာ့လူ့ဘောင်ကြီးရဲ့ အကျင့်စာရိတ္တတွေမြင့်မားလာအောင် အစိုးရအနေနဲ့ အလေးထား ဆောင်ရွက်သင့်ပါတယ်။ မီဒီယာတွေမှာ စာရိတ္တမြင့်မားရေး ပညာပေးမှုကို အင်တိုက်အားတိုက် လုပ်သင့်ပါတယ်။ ထို့အတူပဲ အစိုးချည်းအားကိုးလို့ မရပါဘူး။ ကျုပ်တို့ လူငယ်တွေ ကိုယ်တိုင်က မြန်မာ့လူ့ဘောင်အတွင်းမှာ စာရိတ္တမြင့်မားလာအောင် အုတ်တစ်ချပ် သဲတစ်ပွင့်လုပ်ကိုင်ပေးဖို့ လိုပါတယ်။ အကျင့်ပျက်ချစားနေတဲ့ ကမ္ဘာကြီးမှာ ကျုပ်တို့သာ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် မြန်မာပြည်ဟာ ကမ္ဘာမှာ ထိပ်တန်းနိုင်ငံဖြစ်လာနိုင်ပါတယ်။ တပ်တွင်းမှာလဲ ပိုမိုပြီး စည်းလုံးလာပြီး ပျော်စရာ လုပ်ငန်းဌာနကြီး ဖြစ်လာပါလိမ့်မယ်။ ကျနော်ပြောတဲ့ အယူအဆဟာ တက္ကသိုလ်ကြီးတွေက ထုတ်တဲ့ စာအုပ်ထူထူးကြီးတွေမှာ မရေးထားပဲ ဗုဒ္ဓဘာသာ အယူအဆ အစစ်သာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့တရား ဓမ္မဟာ လက်တွေ့ကျသလားဆိုတာ မိမိဖာသာ စဉ်းစားကြပါရန်။

    ReplyDelete
  2. ဒီပုံက စစ်တက္ကသိုလ်မှာ မဟုတ်ဘူး။စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းတွေဝတ်ရတာက ဒီလိုယူနီဖောင်းအဆင့်မဟုတ်သေးဘူး သာာမန် ချီထည် အိုဂျီ အဆင့်ပဲဝတ်ရသေးတာ။ဗိုလ်လောင်းသင်တန်းအချိန်က ရဲဘော် တပ်သားသစ် ဘ၀ပဲ။

    ဒါကအရာရှိသင်တန်း တစ်ခုခုမှာဖြစ်နိုင်တယ်။
    တပ်စုမှူးသင်တန်းဖြစ်မယ်။ပုံစံတွေက ငယ်သေးတယ်။ယူနီဖောင်းတွေက တပ်ရင်း တိုင်းအလိုက် ဘက်တွေနဲ့ဝတ်ထားတာဆိုတော့။နေရာကို ကြည့်ရတာ ဗထူးမှာဖြစ်မယ်။

    ReplyDelete