Tuesday, May 24, 2011

Myanmar Navy GunFAC 559

လေကြောင်းရန်ကာကွယ်ရေး စစ်သေနတ်ပါ ၅၅၉ အမျိုးအစား တိုက်ခိုက်ရေး အမြန်ယာဉ်


၅၅၉ စစ်သင်္ဘောပေါ်မှ လေကြောင်းရန်ကာကွယ်ရေး စက်သေနတ်

QJG-၀၂ ၁၄.၅မမ လေကြောင်းရန်ကာကွယ်ရေး စက်သေနတ် (၅၅၉ တိုက်ရေယာဉ်)

မြန်မာ့တပ်မတော် ရေ တွင် ၅၅၁ မှ ၅၆၀ အထိ တိုက်ခိုက်ရေး အမြန်ယာဉ် မျိုးစုံ ထုပ်လုပ်ထားပါသည်။

5 comments:

  1. လေကြောင်းရံအတွက် စက်သေနတ်ပစ်၇တဲ့သူက အန္တရာယ်များလွန်းပါတယ်။ဘာလို့လည်းဆိုတော့ သူက အကာကွယ်မရှိပဲ ပစ်ခတ်နေရလို့ပါ။တကယ်တမ်းကြတော့ ရန်သူ့လေယာဉ်အုပ်လိုက်များလာရင် စက်သေနတ်နဲ့ပစ်ခတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။စက်သေနတ်နေရာမှာ ပစ်ခတ်သူအတွက် ပုန်းခိုရာ အကာကွယ်တစ်ခုခုအောက်ကနေပြီးမှ ပစ်ခတ်ရင် ပိုပြီး လုံခြုံစိတ်ချရပါတယ်။အခုလို အကာကွယ်မရှိပဲ ထိုင်ခုံပေါ်ထိုင်ပြီး ဇိမ်နဲ့ပစ်နေလို့မရပါဘူး။သားကောင်တွေကို စိမ်ပြေနပြေပစ်ရတာမဟုတ်ပဲ ရန်သူ့လေယာဉ်အုပ်တွေကို ပစ်ချရမှာဖြစ်တဲ့အတွက် သူပစ် ကိုယ်ပစ်လုပ်နေတဲ့အချိန်မှာ ကိုယ်မှာက အကာကွယ်မရှိရင် အချိန်ကြာကြီးတောင့်ပြီး မပစ်ခတ်နိုင်ပါဘူး။ထိမှာပဲ။

    မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ပဲ နိုင်ငံအားလုံးမှာလည်း စက်သေနတ်နေရာကို ဒီလိုပဲ အကာကွယ်မရှိပဲ ထားကြတာ တွေ့ရတယ်။အဲဒီ အကာကွယ်မရှိပဲ ပစ်ခတ်ရတဲ့ စက်သေနတ်နေရာလေးကိုတော့ သိပ်ပြီး သဘောမကျလှပါဘူး။

    တပ်မတော်မှာ အန္တရာယ်အများဆုံးက သံချပ်ကာတပ် နဲ့ ရေတပ် လို့ပဲမြင်တယ်။သံချပ်ကာဆိုတာကလည်း အတွင်းထဲကနေပဲ တိုက်နေရတာပါပဲ။ရန်သူ့လက်နက်ထိရင်လည်း ရှောင်တိမ်လို့လည်းမရ ပုန်းရှောင်လို့လည်းမရပါဘူး။လက်နက်ကြီးထိရင် သေတာများပါတယ်။ရေတပ်ဆိုရင်လည်း ကိုယ့်ရေယာဉ်က ခေတ်မမှီရင် ရန်သူ့ရဲ့ လေတပ် ရေတပ်တွေက ဖျက်ဆီးချေမှုန်းတာကို ခံရတဲ့အခါမှာ ဘယ်မှ ရှောင်ပုန်းပြေးလို့မရပါဘူး။အကာကွယ်ဆိုလို့ ဒီသင်္ဘောကြီးပဲရှိတာပါ။ဒီသင်္ဘောကြီးပျက်ဆီးရင် ရဲဘော်တွေလည်း သေမှာပဲ။အခြားယာဉ်ငယ်တွေနဲ့ ထွက်ပြေးလည်း မလွတ်ပါဘူး။

    ဒါကြောင့် ရေတပ်ကို ပိုမိုခေတ်မှီအောင်မြှင့်တင်သင့်တယ်။ရေတပ်အတွက်တစ်ခုတည်းမဟုတ်ပဲ လေကြောင်းရံကာကွယ်ရေးစနစ်နဲ့ ခေတ်မှီရေဒါစနစ်တွေကောင်းကောင်းရှိမှ တပ်ဆင်ထားမှ တော်ကာကျမယ်။

    ReplyDelete
  2. နိုင်ငံတိုင်းရှိရေတပ်များတွင်အမျိုးအစားတူသည့်ရေယာဉ်များအားအမှတ်စဉ်seriesလိုက်ပေးလေ့ရှိပါတယ်။သင်္ဘောတစ်စီး၏အမှတ်စဉ်ကိုသိရုံနှင့်ထို
    ရေယာဉ်စုရဲ့အင်အားကိုခန့်မှန်းလို့မရပါ၊တည်ဆောက်သည့်planပေါ်မူတည်ပြီး
    အရေအတွက်အမျိုးမျိုးရှိပါတယ်။
    အောက်ပုံတွင်တွေ့ရသော၅၅၁အမျိုးအစားနှင့်ရရ၁တို့မှာဗိုလ်ချုပ်ကြီး
    ကြည်မင်းလက်ထက်ကထဲကတည်ဆောက်ခဲ့တဲ့ရေယာဉ်များဖြစ်ပါတယ်။တည်ဆောက်ကထဲကIsarelရဲ့ missile systemကိုတပ်ဆင်ဖို့လုတ်ထားပေမဲ့ရေချ
    ပြီး၅နှစ်၆နှစ်ကြာသည့်တိုင်အောင်မည်သည့်missileမှတပ်ဆင်ခွင့်မရခဲ့ပါ။India
    သို့သွားလယ်ခါနီးမှအိမ်နီးချင်းနိုင်ငံexerciseတွင်အနှိမ်(အလှောင်)မခန်ရ
    အောင်ကောက်ခါငင်ကာ C-801ကိုတပ်ခဲ့ရပါတယ်။
    ၅၅၃၊၅၅၄နဲ့new version၅၅၅၊၅၅၈၊၅၅၉စသည်တို့မှာmissile FACများအဖြစ်
    တပ်မတော်ရေမှရည်မှန်း၍တည်ဆောက်ခဲ့သော်လည်းခွင့်ပြုချက်မရသေးတာ
    ကြောင့်Light Attackအနေနဲ့AA Gunsများသာတပ်ဆင်ထားရပါတယ်။ပိုဆိုး
    တာကသချို့သင်္ဘောတွေမှာ(၅၅၄၊၅၅၅၊၅၅၉)Fire control radar
    နဲ့surface search radar
    တွေမတပ်ဆင်နိုင်သေးဘဲNavigation radarနှင့်Manual AA Gunများသာတပ်
    ထားတာတွေ့ရမှာပါ။၂၀၁၀နှစ်လယ်မှာရေချထားတဲ့ FACအသစ်လေးစီးနဲ့လော
    လောလတ်လတ်ဆင်မလိုက်သင်္ဘောကျင်းမှာတည်ဆောက်ပြီးရေချလိုက်တဲ.
    FAC လေးစီး။စုစုပေါင်းထိုရှစ်စီးမှာမည်သည့်လက်နက်မှမတပ်ဆင်ရသေးပါ။
    ၅၅၆

    ReplyDelete
  3. ကိုmg ပြောတာကျွှန်တော်လည်း ထောက်ခံတယ်ဗျာ.. တင့်ကားတွေ ကျွှန်တော် သဘောကျပင်မဲ့ ကြောက်တယ်ဗျ..ဟီးဟီး ဒါပင်မဲ့ တင့်ကားတွေမှာ လည်း အာပီဂျီ လိုမျိုး တင့်ကားဖျက်ဒုံးတွေကို တန်ပြန်တိုက်ဖျက်မည့် စနစ်တွေတော့ ရှိကြပါတယ်..မြန်မာ့တပ်မတော် တီ-၇၂အစ် လိုတင့်တွေမှာတော့ တပ်ဆင်ထားမှန်းတွေ့ရပါတယ်..။
    ကိုkong ရေ အခုလို အားလုံးသိအောင်ပြောပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့လည်း ပါဝင်ဆွေးနွေးပေးကြပါဦး....။

    ReplyDelete
  4. မြန်မာပြည်သူတစ်ယောက်ဖြစ်တဲ့ ကျုပ်ကတော့ ခင်ဗျားတို့ စကားတွေကို ဘ၀င်မကျဘူးဗျို့။ စစ်သားပဲဗျာ. . . ဘယ်လိုပဲ သေသေပေါ့။ သေနတ်ထိလို့ပဲ သေသေ။ လက်နက်ကြီးကြောင့်ပဲ သေသေ ။ မြွေကိုက်လို့ပဲ သေသေ။ သံချပ်ကာ ကားထဲမှာပဲ သေသေ။ ရေနစ်လို့ပဲ သေသေ။ လေယဉ်ပျံပျက်ကျလို့ပဲ သေသေ. . . ဘာဖြစ်လဲ? တစ်သက်မှာ တစ်ခါပဲ သေရမှာကို အဲလောက်ကြီးတွေးပြီး စိုးထိတ်နေတာ သဘောမကျဘူး။ အရပ်ဖက်ကလူတွေ ခင်ဗျားတို့လို အန္တာရယ်မများဘူးလို့တော့ မထင်ပါနဲ့။ ကျန်းမာရေးဌာနကလူတွေ ဆေးအဆိပ်သင့်ပြီး ဒုက္ခိတဖြစ်တာတွေ၊ ရောဂါရတာတွေရှိပါတယ်။ လျှပ်စစ်ဝန်ထမ်းတွေလဲ လုပ်ငန်းမှာသေတာတွေ အများကြီးပါပဲ။ အလုပ်ရုံတွေမှာ အသေဆိုးနဲ့ သေတဲ့ အလုပ်သမားတွေ အများကြီးရှိပါတယ်။ ကျုပ်အဖေအသိဆိုရင်… . သူဆေးကုပေးနေတဲ့ အရူးက ခေါင်းကို ရိုက်လိုက်တာ အခုထက်ထိ ဒုက္ခိတဖြစ်သွားရှာတယ်။၈၈မှာဆိုရင်လဲ ကျောင်းသားလေးတွေဟာ သေနတ်နဲ့ပစ်မှာကို သိပါရက်နဲ့ တိုင်းပြည်အတွက် အသေခံခဲ့ကြတာပဲ။

    ချရဲ.. သတ်ရဲ.. သေရဲတဲ့ စိတ်ဓါတ်တွေရှိမှ စစ်သားလို့ပဲ မြင်တယ်။ စစ်ဖြစ်မှာကို ကြောက်ပြီး နိုင်ငံရေးနည်းအရဖြေရှင်းနိုင်ရင် ကောင်းမှာပဲ ဆိုပြီးမျှော်လင့်တဲ့စကားကိုလဲ ဘ၀င်မကျဘူး။ စစ်ဖြစ်ရင် ဘယ်လိုချမယ်ကွာ. . . ဘယ်လိုလက်နက်တွေသုံးမယ်ကွာဆိုတဲ့ အားမာန်ပြည့်တဲ့ စကားမျိုးပဲကြားချင်ပါတယ်။ ကို Khai soe လို “တိုက်ပြီးဟေ့ဆိုရင်တော့ တရုပ်ကို ဂရုစိုက်နေလို့ မဖြစ်တော့ဘူးဗျ..” လို့ ရဲရဲဝင့်ဝင့်နဲ့ ပြတ်ပြတ်သားသား စိတ်ဓါတ်ရှိတဲ့ စစ်သားကို အရမ်း လေးစားမိတယ်။ တိုင်းပြည်လိုအပ်နေတာက အဲလို စစ်သားမျိုးပဲဗျ။ မြန်မာနိုင်ငံအတွက် သေရမှာကို အဲလောက်ဂရုစိုက်နေရင် စစ်သားမလုပ်ကြပါနဲ့။

    ReplyDelete
  5. အခုခေတ်က လူ့အခွင့်ရေး တကြော်ကြော်နေတဲ့ခေတ်ကိုး။စစ်ဖြစ်ရင် လက်နက်ကိုင်နှစ်ခုကြားပဲမဟုတ်ဘူး နောက်ဆက်တွဲပြည်သူတွေပါ ပါလာမယ်။လူ့အခွင့်ရေးချိုးဖောက်တာတွေရှိလာမယ်။ဆိုးကျိုးတွေက ပိုများလာမှာများတယ်။ဒီတော့ တတ်နိုင်သလောက်တော့ ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းကြချင်တာပါပဲ။မတတ်သာတော့မှ တိုက်ကြမှာပဲ။

    စစ်သားတွေဆိုတာကလည်း မဖြစ်မနေမို့ တိုင်းပြည်မှာ အဖွဲ့စည်းတစ်ခုအနေနဲ့ထားကြရတာပါ။နိုင်ငံတစ်ခုနဲ့တစ်ခု စစ်မဖြစ်ဘူး မကျူးကျော် အနိုင်မကျင့်ကြဘူးဆိုရင် ဒီစစ်သားအဖွဲ့စည်းတွေကို ဘယ်နိုင်ငံမှ ထားမှာမဟုတ်ဘူး။သူတို့လည်း လူသားတွေပဲ။မဖြစ်လို့သာ တိုက်ခိုက်နေရတာ ဘယ်သူက တိုက်ခိုက်ချင်မှာလဲ။ဘယ်သူမှ အလကားနေ သတ်ဖြတ် သေချင်နေမှာလဲ။စစ်ဆိုတာ နိုင်ငံရေးအရဖြေရှင်းလို့မရမှသာ မတတ်သာမှ တိုက်ခိုက်ရတာပါ။အနိဌအာရုံတွေနဲ့ ဘယ်သူမှအကျိုးမရှိဘူး။

    စစ်မဖြစ်ချင်လို့ပဲ နိုင်ငံတစ်ခုနဲ့တစ်ခု သံတမာန်ဆက်သွယ်ရေးတွေထားပြီး အချင်းချင်းပြေလည်အောင် ညှိနှိုင်းမှုလုပ်နိုင်အောင် ထားပေးထားတာပါ။ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒေါသအလျောက်လုပ်တဲ့သူက အမှားတွေနဲ့ပဲ ရင်ဆိုင်ရမှာပဲ။သွေးအေးအေးနဲ့ စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှ တော်ကာကျမယ်။သူများမြှောက်ပေးတိုင်းလည်း ဂွေးတတ်အောင် ကနေဖို့မလိုဘူး။သူများ ခြောက်တိုင်းလည်း အလကားနေ ကြောက်နေစရာမလိုဘူး။အဲဒီ့ မြှောက်ပေးခြင်း ခြောက်ပေးခြင်းတွေရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်တွေရှိတယ်ဆိုတာ သတိမှုရမယ်။

    တိုက်ထုတ်ရမယ့်အချိန်ရောက်ရင်တော့ တပ်မတော်က ဘယ်သူမှ ဂရုမစိုက်ပဲ သူ့ပါသာ တိုက်ထုတ်သွားပါလိမ့်မယ်။မတိုက်ထုတ်ခင်အကြားမှာ တတ်စွမ်းသရွေ့ ငြိမ်းချမ်းစွာ ဖြေရှင်းကြတာ မကောင်းပေဘူးလား။

    ReplyDelete