Sunday, July 24, 2011
ထိုင်း ရဟတ်ယာဉ်များ ခဏ ခဏ ပျက်ကျခြင်း (စဉ်းစားမိသလောက်ပါ)
ကို Hawk Hunter ရေးတဲ့ ယိုးဒယား ရဟတ်ယာဉ်များ ပျက်ကျနေရခြင်း အကြောင်းဖြစ်ပါတယ်။ထပ်ဆင့်ပေးပို့ ပေးတဲ့ ကိုComrade နှင့် ကို Hawk Hunter တို့ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...။
အဖြစ်နိုင်ဆုံးကတော့ ရာသီဥတုပါ။ တနင်္သာရီ ကမ်းရိုးတန်းဒေသဟာ မိုးများပြီး စိုစွတ်တဲ့ ဒေသ၊ တောင်းကုန်းတောင်တန်း ထူထပ်ပြီး မိုးမရွာတဲ့ အချိန်တောင် အခါမလပ် မြူဆိုင်းနေတတ်လို့ ရဟတ်ယာဉ်တွေ လေယာဉ်တွေ အတွက် ကန့်သတ်ချက် အများဆုံး ဒေသတစ်ခုလည်း ဖြစ်တယ်။ Bell 212 လို ရဟတ်ယာဉ်မျိုးက ခေတ်မမှီတော့ဘဲ တချို့နိုင်ငံတွေမှာ အရပ်သုံး အနေနဲ့ပဲ သုံးပါတော့တယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံက Bell 212 တွေက ဗီယက်နမ်စစ်ပွဲကာလတုန်းက သုံးခဲ့တဲ့ လက်ကျန်တွေပါ၊ သက်တမ်း ကြာမြင့်ပီ ဖြစ်သလို သူတို့ရဲ့ flying hours လည်း အရမ်းမြင့်နေပါပြီ။ maintenance ကြောင့်သာ operational ဖြစ်နေသေးတဲ့ သဘောပဲ။
Bell 212 ရဟတ်ယာဉ်
Black hawk ကတော့ ခေတ်မှီရဟတ်ယာဉ်လို့ ဆိုနိုင်တယ်၊ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရှိတဲ့ ယာဉ်တွေက upgraded version တွေတော့မဟုတ်ဘူး၊ အဟောင်းတွေပေါ့။ ဒါပေမယ့် ဘယ်လောက်ပဲ ခေတ်မှီတဲ့ ရဟတ်ယာဉ်ဖြစ်ဖြစ် ရသီဥတု ကိုတော့ မလွန်ဆန်နိုင်သေးပါဘူး၊ Black hawk ပျက်ကျနေတဲ့နေ့က မိုးလည်း သည်းထန်စွာ ရွာနေသလို လေပြင်းတွေလည်း တိုက်နေတယ်လို့ ဆိုတယ်။ ဒီလို ရာသီဥတုမျိုးနဲ့ ဆိုရင် ဘယ်ရဟတ်ယာဉ်မှ မပျံသန်းသင့်တဲ့ ရာသီဥတုပါ။ All- weather operational stealth attack helicopter ဆိုတာ တကယ်တော့ ကြိုးပမ်းဆဲ စမ်းသပ်ဆဲ အဆင့်ပါ။ ရဟတ်ယာဉ်တွေအတွက် ရန်သူ့ရေဒါကို ရှောင်ကွင်းဖို့ထက် ရာသီဥတုဆိုးကို ကျော်လွှားဖို့က ပိုခက်ခဲတာပါ။
Black Hawk ရဟတ်ယာဉ်
နောက်တစ်ချက် အနေနဲ့ မြန်မာနိုင်ငံက ပစ်ချတာ မဖြစ်နိုင်ဘူးလား ??
မြန်မာနိုင်ငံက လေကြောင်းရန် ကာကွယ်ရေး အခြေအနေကို အကြမ်းမျဉ်း ပြောပြရရင် အဲဒီ့ တနင်္သာရီ ကမ်းရိုးတန်းဒေသမှာ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း အချို့ရှိပါတယ်။ ကွပ်ကဲမှုဌာန တစ်ခုလည်း ရှိပြီး လေကြောင်းရန် ကာကွယ်ရေး သတင်းပေးတပ်ရင်း (အလွယ်ပြောရရင်တော့ ရေဒါ တပ်ရင်းပေါ့) လည်း ရှိတယ်။ ဒါပေမယ့် အဲဒီ့ ဒေသတစ်ခုလုံးကို လွှမ်းခြုံထားနိုင်တဲ့ ပီးပြည့်စုံတဲ့ စနစ်တစ်ခု မဖြစ်သေးဘူး။ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း လို့ သိကြတဲ့ တပ်ရင်းတွေကို အကြမ်းမျဉ်းနားလည်အောင် ရှင်းပြရရင် သုံးမျိုး သုံးစား ရှိတယ်။ Long range, high attitude air defence battalion (အဝေးကြီးက အမြင့်ကြီးပျံလာတဲ့ လေကြောင်းပစ်မှတ်တွေကို ပစ်ချနိုင်တယ်၊ SAM ဒုံးပျံတွေ သုံးတယ်)၊ median range, median attitude air defence battalion (အလယ်အလတ် အကွာအဝေးနဲ့ အလယ်အလတ် အမြင့်က ပစ်မှတ်တွေကို ပစ်ချနိုင်တယ်၊ SAM တွေသုံးတယ်) short range, low attitude air defence battalion ( အနီးကပ် အကွာဝေးနဲ့ အနိမ့်ပျံ ပစ်မှတ်တွေကို ပစ်ချနိုင်တယ်၊ ပခုံးထမ်း ဒုံးကျည်တွေ၊ လေယဉ်ပစ် စက်အမြောက်တွေ သုံးတယ်)။ အဲဒီ့ စနစ် သုံးမျိုးလုံးကို ချထားနိုင်မှ ပြည့်စုံတဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြစ်တာပါ။ ကမ်းရိုးတန်း ဒေသမှာ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတွေ ချထားပေမယ့် median နဲ့ long range surface-to-air missile တွေ မချထားနိုင်သေးဘူး။ ပခုံးထမ်း ဒုံးကျည်သုံးတဲ့ တပ်ရင်းတွေနဲ့ လေယာဉ်ပစ် စက်အမြောက်တွေ တပ်ဆင်ထားတဲ့ တပ်ရင်းတွေ ပဲ ထားနိုင်ပါသေးတယ်။ တပ်တည်တွေကို ကျွန်တော် အတိအကျ ပြောခွင့် မရှိပမယ့် မြို့တွေ အနီးအနားမှာပဲ အခြေစိုက်ထားပါတယ်။ (ဆိုလိုတာ ထိုင်း-မြန်မာ နယ်စပ်မျဉ်း အနီးမှာ မရှိပါဘူး)။ အဲဒီ့တော့ နယ်စပ်မျဉ်း အနီးမှာ ပျံသန်းနေတဲ့ ထိုင်းရဟတ်ယာဉ်ကို မြန်မာ့ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတွေက လှမ်းပစ်လို့ မရပါဘူး။ ထိုင်း-မြန်မာနယ်စပ်က ရှေ့တန်းစခန်းတွေမှာ ရှိမယ်ဆိုရင်တော့ ပစ်ချနိုင်မှာ ဖြစ်ပေမယ့် အဲဒီ့ လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေကို ရှေ့တန်း စခန်းတွေမှာ deploy လုပ်ထားခြင်း မရှိပါဘူး၊ အခြေစိုက် တပ်ရင်းတွေမှာပဲ ရှိနေတယ်။ ဆိုတော့ လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေနဲ့ ပစ်ချတာလုံးဝ မဖြစ်နိုင်ဘူး၊ အဝေးကနေ Long range missile နဲ့ လှမ်းပစ်မယ်ဆိုရင်တော့ အင်မတန် သိသာတဲ့ ကိစ္စပါ။ အခုလို ဘာကြောင့်မှန်း မသိဘဲ ပျက်ကျတာမျိုး မဖြစ်ပါဘူး။
နောက်ဆုံးတစ်ချက်ပါ ...
လေကြောင်းရန် ကာကွယ်ရေး စနစ်ကနေ ပစ်ချတာ မဟုတ်ပေမယ့်၊ ဖြစ်နိုင်ချေလည်း ရှိပါသေးတယ်၊ အဲဒါကတော့ ခြေလျင်တပ်တွေရဲ့ ရှေ့တန်းစခန်းတွေကနေ ပစ်ချနိုင်စွမ်းတော့ ရှိနေတယ်။ ရှေ့တန်းစခန်းတွေမှာ နာမည်ကျော် RPG-7 လို လက်နက်တွေ ရှိပါတယ် (မြန်မာ့ တပ်မတော် ထုတ်လက်နက်ကတော့ MA-10 လို့ ခေါ်တယ်၊ ဆိုမာလီယာမှာ အမေရိကန် black hawk နှစ်စီးကို ပစ်ချခဲ့တဲ့ ဟာမျိုးပေါ့)။ လက်နက် တန်ဖိုးက နည်းပေမယ့် ရဟတ်ယာဉ်တွေကို အင်မတန် ဒုက္ခပေးနိုင်တယ်၊ ကမ္ဘာအရပ်ရပ်က စစ်ပွဲတွေမှာ RPG-7 နဲ့ ပစ်ချခံခဲ့ရတဲ့ ရဟတ်ယဉ်တွေ မနည်းပါဘူး။ ဖြစ်နိုင်ချေ ဆိုပေမယ့် ဖြစ်ဖို့တော့ အင်မတန် ခဲယဉ်းပါတယ် အမိန့်မရဘဲ တဖက်နိုင်ငံက ရဟတ်ယာဉ်ကို ပစ်ချလို့မရဘူး။ ထိုင်းနယ်စပ်မှာ ထိုင်းစစ်တပ်က ရဟတ်ယာဉ်တွေ လာနေတာဟာ အထူးအဆန်း မဟုတ်လို့ပါ၊ မြန်မာဘက်က ရှေ့တန်းစခန်းက ရဲဘော်တွေ အားလုံး ကောင်းကောင်းရင်းနှီးတဲ့ အရာပါ၊ ထိုင်းစခန်းတွေကို လူအချိန်းအပြောင်းလုပ်ရင် ၊ ရိက္ခာချရင် သူတို့က ရဟတ်ယာဉ်နဲ့ ပဲ လုပ်ပါတယ်။ တပတ်ကို အနည်းဆုံး ၂ စီးလောက် ပုံမှန် လာတာကို မြန်မာဘက်က စခန်းတွေကနေ လှမ်းမြင်နေကျပါ။ ဒီတော့ပစ်ချမယ်လို့ မထင်ပါဘူး။
မြန်မာ့တပ်မတော်ထုတ် အမ်အေ-၁၀ ပခုံးထမ်းလောင်ချာ RPG-7
ဒီ Note ကို ဖတ်မိတဲ့ မိတ်ဆွေတွေလည်း ကိုယ့်အမြင်လေးတွေ ရေးသွားပေးကြပါဦး
လေးစားလျက်
9 comments:
  1. ကျွန်တော်တို့ရှီမှာပြီးခဲ့တဲ့နှစ်က(ကပစ)စမ်းသပ်အောင်မြင်သွားတဲ့ပခုံးထမ်း ဒုံးကျည်တွေ(ကပစပြောစကားအရထိုစမ်းသပ်အောင်မြင်သွားတဲ့ပခုံးထမ်း ဒုံးကျည်တွေဟာလေယာဉ်ပစ်၍မရဘဲရဟတ်ယာဉ်သာပစ်နိုင်တယ်ပြောပါတယ်နည်းပညာနိမ့်လို့လားဘာကြောင့်မှန်းမသိပါ)လေကြောင်းရန်တပ်ရင်းတွေမှာတပ်ဆင်နေပါပြီလားခင်ဗျာ??၊ကြည်းတပ်မှာတပ်ဆင်နေရင်ရေတပ်မှာလည်းသင်္ဘောတွေမှာတပ်ပေးရင်ကောင်းမယ်ဗျာဘာမှမရှိတာနဲ့စာရင်တစ်ခုခုရှိနေရင်အားရှိတာပေါ့ဗျာ၊တစ်ခုတော့ယိုးဒီးယားရဟတ်ယာဉ်မှူးတွေကိုချီးကျူးတယ်ဗျ၊ရာသီဥတုဒီလောက်ဆိုးနေတာတောင်သေသေကျေကျေသဘောထားပြီးပျံတယ်အသေခံတယ်အတုယူသင့်တယ်လို့ထင်ပါတယ်။
    556
    ReplyDelete
  2. ကျွန်တော် သိသလောက်တော့ (ကပစ) က ထုတ်တဲ့ ပခုံးထမ်းဒုံးပစ်လောင်ချာ က တရုတ်လုပ် HN-5 ရဲ့ ကော်ပီ ဗျ။ HN-5 ကိုယ်တိုင်ကလည်း SAM-7 ရဲ့ ကော်ပီ။ မြန်မာနာမည်တော့ ဘယ်လို ပေးထားလဲ မသိဘူး။ နည်းပညာနိမ့်လို့ ဆိုတာတော့ ဖြစ်နိုင်ပါတယ်။ သူ့ထက်ပိုပြီး နည်းပညာမြင့်တဲ့ ပခုံးထမ်း ဒုံးတွေလည်း သုံးပါတယ်၊ ရုရှားလုပ် Igla (SAM-18) နဲ့ Igla-1 (SAM-16) တွေပေါ့။ တပ်နံပါတ် (၃၀၀၀) ကျော်နဲ့ စတဲ့ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတွေမှာ တပ်ဆင်ထားပါတယ်၊ ဥပမာ- လကတ(၃၀၂၆)။ အလုံအလောက် ထုတ်နိုင်ပြီဆိုရင်တော့ ရေတပ်သင်္ဘောတွေမှာရော ခြေလျင်တပ်တွေမှာပါ တပ်ဆင် ပေးသင့်တယ်။
    regards,
    Comrade
    ReplyDelete
  3. ဟုတ်တယ်ဗျ ဘယ်စနစ်မဆို အစပိုင်းတော့ အားနည်းချက်တွေရှိနိုင်တာပေါ့ဗျာ နောက်ပိုင်းပိုကောင်းတဲ့ စနစ်တွေ အဖြစ် ပြောင်းလဲလာနိုင်မှာပါ။ဒီဒုံးတွေကို ကျွှန်တော်တို့ ပိုပြီး စွမ်းရည်ထက်အောင်ထုတ်နိုင်ရင်တော့ ရှေ့တန်းတပ်တွေကို တပ်ဆင်ပေးသင့်တယ်ဗျ ဘယ်တိုက်ပွဲမဆို တိုက်လေယာဉ်တွေဘဲ ဝင်တိုင်တာမှ မဟုတ်တာဗျာ ရဟတ်ယာဉ်တွေက ပါနေကြဆိုတော့ ဒီစနစ်သာ အပြည့်အဝတပ်ဆင်ပေးနိုင်ရင်တော့ ရဟတ်ယာဉ်တွေရဲ့ ရန်က ကောင်းကောင်းလွတ်နိုင်ပြီပေါ့ဗျာ ကောင်းပါတယ် ဆက်လက်ကြိုးစားကြရင် ဖြစ်လာမှာပါ....။နည်းပညာရှိနေပြီဆိုတော့ အကောင်းဆုံးပေါ့ဗျာ...။
    ReplyDelete
  4. ကျွန်တော်က သာမန်ပြည်သူတစ်ယောက်မို့ အထက်က bro တို့လိုတော့
    မဆွေးနွေးနိုင်ပါဘူးဗျာ။
    ဒီ site ကို forward link ကနေတဆင့်ဝင်ကြည့်မိတဲ့နေ့ကစပြီး နေ့စဉ်နီးပါး
    ဒီ blog ကို ရေးသားပေးတဲ့ ko M M ကို အထူးကျေးဇူးတင်မိပါတယ်ဗျာ။
    မြန်မာ့တပ်မတော်ကြီးမှာ ခေတ်မှီလက်နက်တွေရှိနေတာကို သိခွင့်ရလိုက်တော့
    မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကျေနပ်မိရတာပေါ့ဗျာ။
    ReplyDelete
  5. ဟုတ်ကဲ့ပါ ခင်ဗျာ ဒီဆိုက်မှာ ဝင်ရေးတဲ့ သူအတော်များများဟာ အစ်ကို့လိုဘဲ သာမန်ပြည်သူတွေများပါတယ် ခင်ဗျာ.. ပြောရရင်တော့ ကိုယ့်နိုင်ငံရဲ့ တပ်မတော်ကို တိုးတက်စေချင်သူတွေလို့ ပြောရပါမယ် ခင်ဗျာ..။ကျွှန်တော်ကိုယ်တိုင်ကလည်း ဆွေးနွေးပေးကြတဲ့ စာတွေကို ဖတ်ပြီး အခုချိန်ထိရေးဖြစ်တာပါ နောက်လည်း လာလည်ဖို့ဖိတ်ခေါ်ပါတယ် ခင်ဗျာ..။ကျေးဇူးတင်ပါတယ် ကိုkooo ခင်ဗျာ..။
    ReplyDelete
  6. အကိုရေ ကျွန်တော်လည်း စစ်အကြောင်းကိုနားလည်တဲ့သူတစ်ဦးတော့မဟုတ်ပါဘူး
    ဒါပေမဲ့ သိတာလေးတွေကို ဆွေးနွေးတာတို့တော့ဝါသနာပါပါတယ်ခင်ဗျ
    အကြောင်းမညီညွတ်လို့အမှားပါလို့ရှိရင် အကို့ကိုရောအားလုံးကိုရောတောင်းပန်ပါတယ်ခင်ဗျား
    ReplyDelete
  7. ရပါတယ်ဗျာ ရေးသာရေးပါ ကျွှန်တော်တို့အားလုံးက တပ်မတော်ကို ခေတ်မှီတပ်မတော်တစ်ရပ်ဖြစ် စေချင်ကြတာဘဲမဟုတ်လားဗျ ရပါတယ်ဝင်ရေးပါ
    ReplyDelete
  8. ညီက​တော့ဝါသနာအရမ်းပါလို့ပါ ဆယ်​တန်း​အောင်​ပြီးပြီးချင်​၀င်​မယ်​လုပ်​​ပေမဲ့ အ​ကြောင်းအမျိုးမျိုး​ကြောင့်​မ၀င်​ခဲ့ရဘူး ကျွန်​​တော့်​အကိုက​တော့ေ၇တပ်​ထဲမှာပဲ
    ReplyDelete