Tuesday, February 21, 2012

ဒေသတွင်းနိုင်ငံများ၏ စစ်ဝတ်စုံများ


မြင်ရတဲ့သူတိုင်းက အားကျလာစေရမယ့် ဝတ်စုံမျိုးအပြည့်အစုံထုတ်ပေးထားနိုင်ခဲ့ရင်တော့ စစ်သည်တွေရဲ့ စိတ်ဓါတ်သာမက မြင်ရတဲ့သူတိုင်းအတွက် အားကိုးချင်စရာဖြစ်လာမယ်လို့ ယူဆပါတယ်...။မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုနှင့်အတူ တပ်မတော်ရဲ့လက်ရှိအားနည်းနေသေးတဲ့ အချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ မျှော်လင့်ရပါတယ်... အဲဒီထဲကတစ်ချက်ဖြစ်တဲ့ စစ်သည်တိုင်းစစ်ဝတ်စုံ၊အသုံးဆောင်ပစ္စည်းများ ပြည့်စုံစွာတပ်ဆင်ထားနိုင်ရေးဘဲဖြစ်ပါတယ်...။ တိုက်ပွဲတစ်ခုအတွင်းမှာ စစ်ဝတ်စုံဟာ အဓိကမဟုတ်သော်လည်း မိမိတို့စစ်သည်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာတွင် သိသိသာသာပြောင်းလဲစေမည်ဟု ယူဆပါသည်။
ခေတ်မှီတပ်မတော်ကြီးတစ်ရပ် ဖြစ်စေနိုင်ဖို့အတွက်လည်း စစ်သည်များရဲ့ စစ်ဝတ်စုံဟာ တခန်းတနေရာက ပါဝင်ပါတယ်....။ မိမိတို့နိုင်ငံရှိ တပ်မတော်သားများအားလုံးအား ဒေသတွင်းနိုင်ငံများထက် သာလွန်ကောင်းမွန်သော စစ်ဝတ်စုံများဖြင့် တွေ့မြင်လိုသော ဆန္ဒဖြစ်ပါသည်။

တပ်မတော်စစ်ဝတ်စုံ (မိမိတပ်ကို ပြန်နှိမ်နေချင်မဟုတ်ပါ)

ဘင်္ဂလားဒေ့်၏ စစ်ဝတ်စုံ

ယိုးဒယား၏ စစ်ဝတ်စုံ

ကမ်ဘေားဒီယား၏ စစ်ဝတ်စုံ

မလေးရှား၏ စစ်ဝတ်စုံ

စင်ကာပူ၏ စစ်ဝတ်စုံသစ်

တောင်ကိုးရီးယား၏ စစ်ဝတ်စုံ

အပေါ်ကတွေ့ရတဲ့ စစ်သည်များဟာ အနောက်နိုင်ငံတွေက မဟုတ်ကြပါဘူး မိမိတို့နည်းတူ အာရှသားတွေသာဖြစ်ကြပြီး မိမိတို့ အိမ်နီးချင်းနိုင်ငံများရဲ့ စစ်သည်များဖြစ်ပါတယ်...။ မကြာတော့သော အချိန်တစ်ခုအတွင်းမှာ မြန်မာ့တပ်မတော်မှ စစ်သည်များအားလည်း နိုင်ငံတကာအဆင့်မှီစစ်ဝတ်စုံများဖြင့်
တွေ့ရဖို့ မျှော်လင့်ရပါတယ်ခင်ဗျာ...။
(ဒီနေ့စိတ်ထဲပေါ်လာလို့ ရေးခြင်းဖြစ်ပါတယ်... မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်မရှိပါခင်ဗျာ...)
ပုံများပြန်တင်ပြီး..။

9 comments:

  1. Love those pixilated camo ACUs of SG military. http://www.strikehold.net/2009/04/12/singapore-armed-forces-pixilated-camo-combat-uniform/

    ReplyDelete
  2. ဒူးကာများ၊ တံတောင်ဆစ်ကာများ ၀တ်ဆင်နိုင်စေဖို့ အစကတည်းက စိတ်ကူးယဉ်ကြည့်မိပါတယ်။ တပ်မတော်သားတွေ စစ်မြေပြင်မှာတိုက်စွမ်းရည်တက်လာမှာအမှန်ပါ။ ခုန်လို့ကောင်း၊ ၀ပ်လို့ကောင်း၊ မှောက်လို့ကောင်း၊ သူတို့ရဲရဲတင်းတင်းတိုက်ပွဲဝင်နိုင်တာပေါ့။
    မခက်ဘူးလို့ထင်ပါတယ်။ ဖိုက်ဘာ(သို့)ရာဘာ၊ Mould လုပ်ရတာလည်းမခက်ဖူးလို့ထင်ပါတယ်။ ဒီကစက်မှုလုပ်ငန်းတွေကို တင်ဒါစနစ်နဲ့အပ်နှံ လုပ်ကိုင်ခိုင်းရင်ဘယ်လိုလည်းခင်ဗျာ။

    ReplyDelete
  3. ဦးထုပ်ကတော့ အာဆီယံလေ့ကျင့်မှုသွားတဲ့ ဦးထုပ်ကို သဘောကျပါတယ်။
    မြန်မာရာသီဥတု၊ ကုန်ကျစရိတ်၊ ဆောင်းနေကျအရာ၊ နွေ၊ မိုး၊ ဆောင်း ရာသီဥတု ကိုက်ညီတယ်လို့ထင်တယ်။ မြို့တွင်းစစ်မြေပြင်များအတွက် Bullet Proof တစ်ကယ်ဖြစ်သော Helmet ကိုသဘောကျပါတယ်။ သူက အခြားသော Optional Accessories များတပ်ဆင်နိုင်လို့ပါ (နောင်တတ်နိုင်လာတဲ့အခါကျရင် တစ်မျိုးပြောင်းစရာ မလိုတော့ဘူးပေါ့ခင်ဗျာ)
    အ၀တ်အစားကတော့ အေးပြီး အကြမ်းခံလောက်အောင်၊ အသား အနာတရမဖြစ်လောက်အောင် ထူဖို့လိုပါတယ်။ အရောင်ကတော့ Type of Battlefield အလိုက်အမျိုးမျိုးရှိသင့်ပါတယ်။ တပ်မတော်တွင်တာဝန်ယူနေကြသော အကိုကြီးများအားလုံး ၀ိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ပေးကြဖို့ ပြောလိုပါတယ်ခင်ဗျာ။

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ကောင်းတယ်ဗျ ဒီနှစ်အတွင်းအမြန်ဖြစ်နိုင်ရင် ကောင်းမယ်ဗျ... ဒီနေ့တပ်မတော်နေ့မှာ စစ်ရေးပြပွဲရှိမလားဗျ ကြားမိကြသေးလား...

    ReplyDelete
  6. ရှိတယ်ဗျ၊ အခု နေပြည်တော်ကိုတောင် ရောက်နေကြပြီ။ ဒီနှစ်တော့ နည်းနည်းပိုပြီး ထူးခြားမယ်လို့ ကြားတာဘဲဗျာ။

    ReplyDelete
  7. ၀မ်းသာပါတယ်ခင်ဗျာ။ ကို DR. Naing ပြောပုံဆိုရင် ပျောက်ကြားစစ်ဝတ်စုံဖြစ်မှာပေါ့။ ကောင်းတယ်။ စစ်ရေးပြပွဲသတင်းလည်းကျေးဇူး။

    ReplyDelete
  8. Warmly welcome for the news and thanks for those put in more effort to change all our armed force uniform. Really appreciate it!

    ReplyDelete
  9. ငယ်ငယ်တုံးကဆိုနေကျသီချင်း၁ပုတ်ရှိပါတယ် (ကြံ့ခိုင်တဲ့စစ်တပ်ကOGဘောင်းဘီဂွတွေကကွဲထွက်လို့နေပြီဟေ့)
    ပြီးတော့ရဲဘော်တွေကို့လစာနဲ့ကိုယူနီဖောင်းဝယ်ရတာလဲမဖြစ်သင့်ပါဘူးဗျာ
    PS အပေါ်မှာပြထားတဲပုံထဲကယူနီဖောင်းတွေကတော်တော်သားနားပါသေးတယ်
    (မိမိတပ်ကို ပြန်နှိမ်နေချင်မဟုတ်ပါ)

    ReplyDelete