Tuesday, February 28, 2012

မြန်မာ့တပ်မတော်သုံး အမျိုးအစား-၉၂ သံချပ်ကာယာဉ်များ


မြန်မာ့တပ်မတော်သုံး တရုပ်နိုင်ငံထုတ် အမျိုးအစား-၉၂ သံချပ်ကာယာဉ်များ ဖြစ်ပါသည်။
မြန်မာ့တပ်မတော်တွင် ဘီတီအာ-၃ယူများ အသုံးမပြုမှီ ၁၉၉၇ခုနှစ်ဝန်းကျင်ကတည်းကပင် အသုံးပြုခဲ့သည်ဟု သိရပြီး Armoured Personnel Carriers (APC) နှင့် Infantry Fighting Vehicle (IFV) ၂မျိုးစလုံး အသုံးပြုသည်ဟု သိရပါသည်။

Type-92 IFV ယာဉ်
အမျိုးအစား-၉၂ IFV တွင် ၂၅မမစစ်အမြောက်အား ပင်မလက်နက်အဖြစ်တပ်ဆင်ပြီး ၇.၆၂မမ သေနတ်အား ပစ်ကူပေးလက်နက်အဖြစ် အသုံးပြုပါသည်။ယာဉ်မောင်းစစ်သည် ၃ဦးနှင့်အခြား စစ်သည် ၉ လိုက်ပါနိုင်သည်။ ၁၉၉၅ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး တန်ချိန် ၁၅.၃တန်ရှိသည်။တစ်နာရီတွင် ၉၀ကီလိုမီတာနှုန်းဖြင့် လမ်းပေါ်တွင် မောင်းနှင်နိုင်ပြီး စစ်ဆင်နိုင်မှုအကွာအဝေး ကီလိုမီတာ ၈၀၀ ရှိပါသည်။
မြန်မာ့တပ်မတော်သုံး Type-92 IFV

တရုပ်တပ်သုံး သံချပ်ကာယာဉ်

Type-92 APC သံချပ်ကာယာဉ်
အမျိုးအစား-၉၂ APC တွင် ၁၂.၇မမ စစ်သေနတ်ကြီးအား တပ်ဆင်ထားပြီး ယာဉ်မောင်းစစ်သည် ၂ဦးနှင့် အတူ အခြား စစ်သည် ၁၁ဦး စုစုပေါင်း ၁၃ဦး လိုက်ပါနိုင်သည်။ ၁၉၉၇ခုနှစ်အတွင်းတွင် စတင်ထုတ်လုပ်ခဲ့ပြီး တန်ချိန်မှာ ၁၅တန်ရှိပါသည်။ တစ်နာရီတွင် ၉၀ကီလိုမီတာနှုန်းဖြင့် လမ်းပေါ်တွင် မောင်းနှင်နိုင်ပြီး စစ်ဆင်နိုင်မှုအကွာအဝေး ကီလိုမီတာ ၈၀၀ ရှိပါသည်။ အမျိုးအစား-၉၂ လူစီးသံချပ်ကာယာဉ်တွေကို တာချီလိတ်မှာ တပ်ချထားပါတယ်...။ ယိုးဒယားဘက်ကလည်း မယ်ဆိုင်မှာ သံချပ်ကာတပ်ရင်းရှိပါတယ်...။

မြန်မာ့တပ်မတော်သုံး လူစီးသံချပ်ကာယာဉ်

မြန်မာ့တပ်မတော်မှ ပြန်လည်၍ အဆင့်မြှင့်တင်ထားသည်ဟု သိရပါသည်။
တရုပ်တပ်သုံး လူစီးသံချပ်ကာယာဉ်

သံချပ်ကာပုံတွေအခုလို့ ပို့ပေးကြတဲ့အတွက် ကျေးဇူးပါဘဲဗျာ နောက်လည်း အဆင်ပြေရင်ပို့ပေးကြပါဦးခင်ဗျာ...။
ပုံတွေပြန်တင်ပြီး...။

1 comment:

  1. It is something you don't see it on Wiki. Thanks Ko MM

    ReplyDelete