Tuesday, April 3, 2012

တပ်မတော် အမြောက်တပ်ရှိ ၁၀၅မမ အမြောက်များ


မြန်မာ့တပ်မတော် ခြေလျင်၊အမြောက်နှင့် တင့် ပူးတွဲစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုအတွင်းတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည့် အမြောက်တပ်မှ အမြောက်များဖြစ်ပါသည်။

မြေပြင်ပစ်မှတ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်
Satellite surveillance Target decetion system


မြေပြင်အကဲခတ်ခြင်းများ ဆောင်ရွက်နေစဉ်

အမ်-၅၆ ၁၀၅မမ (ဆားဘီးယားထုတ်) အမြောက်



ယခင် ယူဂိုဆလားဗီးယားနိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး အမြောက်၏ထိရောက်မှု အကွာအဝေးမှာ မီတာ ၁၁၈၀၀-၁၃၀၀၀ (၆မိုင်ကျော်) အထိထိရောက်မှု ရှိသည်ဟု သိရပါသည်။ အသုံးပြုသော ကျည်အမျိုးအစားလိုက် အပြောင်းလဲရှိနိုင်ပါသည်။

အမ်-၁၀၁ ၁၀၅မမ (အမေရိကန်ထုတ်) အမြောက်



မြန်မာ့တပ်မတော် အမြောက်တပ်များတွင် တွင်ကျယ်စွာအသုံးပြုနေဆဲဖြစ်သော အမ်-၁၀၁ ၁၀၅မမ အမြောက်များကို အမေရိကန်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိရောက်မှုပစ်အားအထူးကောင်းမွန်သည်ဟု သိရပါသည်။
(ပုံတွေမရရင် ပြောပေးကြပါဦးခင်ဗျာ... တချို့ကိုတော့ ပြန်ပြုင်ထားပါပြီ...။)

4 comments:

  1. ကျေးဇူး အထူးတင်ပါတယ် ကိုMM ။ နေ့တိုင်းဝင်ကြည့်ပါတယ်။ပြောရရင် site ကိုတစ်ချိန်လုံးဖွင့်ထားပါတယ်။ အခက်အခဲတွေကိုအမြဲကျော်လွှားနိုင်ပါစေဗျာ။

    ReplyDelete
  2. ကို mm ရေ၊ ကြည့်လို့ကောင်းသဗျာ။ အမ် ၅၆-၁၀၅ ကိုတော့အခုမှမြင်ဖူးတာပဲ။ Satellite surveillance Target decetion system နဲ့ control မော်တော်ယာဉ်က ဘာစနစ်လဲ၊ ဘယ်လောက်ကောင်းလဲ ဆိုတာ သိသူအကိုကြီးများပြောပြကြပါဦးခင်ဗျာ။ ဖိုးတရုတ်ကင်းအဆိုအရတော့ အမြောက်ကျည်ထုတ်လုပ်မှုက အားရစရာပဲ၊ တစ်လကို စက်ရုံတစ်ခုကို လေးသောင်းခန့်ဆိုတော့ ပစ်လို့တောင်မကုန်ဘူး၊ မြန်မာ့တပ်မတော်ရဲ့အမြှောက်စွမ်းရည်ကောင်းတာကိုတော့ အိမ်နီးချင်းနိုင်ငံများလည်းသိကြပါတယ်။ ဒုံးပျံစွမ်းရည်ကောင်းဖို့ပဲကျန်တယ်။ တာလတ်ပစ်လို့ဆိုရမယ့် ဒုံးပျံစမ်းသပ်မှု သုံးလုံးမှာတစ်လုံးပဲအောင်မြင်သေးတယ်လို့ဆိုတယ်။ ဒါတောင်ပစ်မှတ်ထိမှု မသေချာဘူး။ အကွာအဝေးကို သူတို့အပြောကတော့ အိန္ဒိယသမုဒ္ဒရာထဲက ဒိုင်ဂိုဂါးစီးယားကျွန်းကို မှီလောက်တယ်လို့ခန့်မှန်းကြတယ်။ ကျွန်တော်လည်းလျှောက်ဖတ်ထားတာပါ။ တိတိကျကျလေးသိချင်မိတယ်။ ကျေးဇူးပြုကြပါဦးခင်ဗျာ။

    ReplyDelete
  3. We like to see your BLOG , so keep up, do not give up.Thank you.

    ReplyDelete
  4. အမြောက်တပ်သားတွေဘီအေ၆၃ ကြီးလွယ်ထားရတာမလေးဘူးလားဗျာလှုပ်ရှားရခက်တာပေါ့

    ReplyDelete