Sunday, April 29, 2012

Chonma-Ho ပင်မတိုက်ပွဲဝင်တင့်ကားများ

မြောက်ကိုးရီးယားနိုင်ငံထုတ် ပင်မတိုက်ပွဲဝင်တင့်ကားများ








မြောက်ကိုးရီးယားနိုင်ငံဟာ စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရာမှာ ကျွှမ်းကျင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်... အနောက်နိုင်ငံနှင့် ရုရှား၊တရုပ်စသည့် နိုင်ငံကြီးများသာမက ဂျပန်၊တောင်ကိုးရီးယားစသည့် နိုင်ငံများကဲ့သို့ပင် ခေတ်မှီတင့်ကားကြီးများကို ထုတ်လုပ်နိုင်စွမ်းရှိတဲ့နိုင်ငံဖြစ်ပါတယ်...။








၂၀၁၂ခုနှစ် မြောက်ကိုးရီးယားစစ်ရေးပြပွဲအတွင်းမှာ ပြသသွားခဲ့တဲ့ တင့်ကားတချို့ဟာဆိုရင် စစ်ရေးစိတ်ဝင်စားသူများအတွက် လေ့လာအကဲခတ်ချင်စရာ အချက်လက်တွေဖြစ်ပါတယ်...
စစ်အေးခေတ်ကာလတွင် ဆိုဗီယက်နိုင်ငံမှ ခေတ်မှီ တီ-၆၂ ပင်မတိုက်ပွဲဝင်တင့်ကားများ ရရှိခဲ့ပြီး ထိုခေတ်အချိန်ခါကမူ ခေတ်မှီတင့်ကြီးများ အဖြစ်နာမည်ကျော်ကြားသည်။ ထို့နောက် အဆိုပါ တီ-၆၂ တင့်များအား လေ့လာခဲ့ပြီး မိမိတို့ပြည်တွင်းတွင်ပင် တပ်ဆင်ထုတ်လုပ်ခဲ့စေရာ ပြည်ပနိုင်ငံများသို့ပင် တင်ပို့ရောင်းချနိုင်သော အဆင့်ရောက်ခဲ့သည်။ တီ-၆၂ ပုံစံအား ပုံတူယူ၍ထုတ်လုပ် ထားသော တင့်များကို Chonma-Ho (မြင်းပျံ) ဟူသည့် အမည်ဖြင့် သတ်မှတ်ခဲ့ကြသည်။

ဒီတင့်တွေဟာ ရုတ်တရုက် ကြည့်လိုက်ရင် Pokpong-Ho တင့်တွေနှင့် ဆင်တူပင်မဲ့ တင့်ကားရဲ့ ဘီးတွေကို ကြည့်ချင်အားဖြင့် မဟုတ်ဘူးဆိုတာတွေ့ရမှာပါ... ဒီတင့်ရဲ့ ERA တပ်တဲ့ ပုံစံကတော့ တမျိုးပါ....။







ERA စနစ်သစ်ပါ ကျွှန်တော်လေ့လာမိသလောက်ကတော့ ဒီလို ERA စနစ်ကို ပထမဆုံးတွေ့ဘူးတာပါဘဲ ဆိုဗီယက်နိုင်ငံဟောင်းတချို့မှာ တီ-၇၂တွေကို ဒီလိုပုံစံ ERA တပ်တာတွေ့ဘူးပင်မဲ့ အနည်းငယ်တော့ ကွဲပြားမှုရှိပါတယ်....။














တန်ချိန် (၄၀)တန် ရှိပြီး စစ်သည် ၄ ဦးဖြင့် ဖွဲ့စည်းမောင်းနှင်သော အဆိုပါတင့်ကားများတွင် ၁၁၅မမ တင့်အမြောက်များ တပ်ဆင်ထားပြီး ၁နာရီတွင် ၅၀ ကီလိုမီတာ ဖြင့် မောင်းနှင်က ခရီးအကွာအဝေး ၄၅၀ကီလိုမီတာအထိ စစ်ဆင်မောင်းနှင် နိုင်စွမ်းရှိသည်။ (နောက်ပိုင်းတွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ကာ ကီလိုမီတာ ၆၅ အထိ မောင်းနှင်နိုင်သည်ဟု သိရပါသည်။)







လေ့လာမိတဲ့ အချက်လက်တွေဘဲ ဖြစ်တာမို့ ၁၀၀% မှန်တယ်မဆိုနိုင်ပါဘူးခင်ဗျာ... ဆက်စပ်တဲ့ သတင်းတွေ ပုံတွေရခဲ့ရင်လည်း ဆက်တင်ပေးပါ့မယ်...။

ဆက်လက် လေ့လာလိုပါက-- Chonma-Ho ပင်မတိုက်ပွဲဝင်တင့်ကားများ

1 comment:

  1. BROTHER , u need to delete the words in the chat box, as u said we are not a political site, we're just talking about weapons ...right ? I'm just telling u .... some of the words my brothers said are not good for our site ....i hope u understand .....it doesn't mean I'm not agree with u ...I'm totally agree with my brothers ...i just don't want to look our site like pho ta yoke...u know what i mean ....thanks

    ReplyDelete