Monday, May 7, 2012

ဂျာမနီထုတ် တင့်များတွင်အသုံးပြုသော အမြောက်ကျည်များ

ဒိန်းမတ်တပ်မတော်မှ တင့်ကားများမှာ ဂျာမနီထုတ်တင့်ကားများ ဖြစ်ပြီး ကန်ထရိုက်စာချုပ်အရ လက်ရှိအိုမင်းနေသော ၁၂၀မမ ဒီအမ်၃၃အေ၂ သံချပ်ကာဖောက်နိုင်ပြီး တည်ငြိမ်သောဆူးတောင်တပ်ဆင်ထားသော မီးကျည်ပါကျည်များကို ပုံစံပြောင်းလဲမည်ဟု သိရသည်။
(PELE) ကျည်များကို Leopard-2 ပင်မတိုက်ပွဲဝင်တင့်ကားများအတွက် တိကျမှုမှန်ကန်သော ပစ်ခတ်မှုစွမ်းရည်ရရှိရန် ဒီဇိုင်းပုံစံရေးဆွဲထုတ်လုပ်ထားသည်ဟု ဆိုသည်။ အထူးသဖြင့် ဆက်စပ်ထိခိုက်ပျက်စီးမှုနည်းနိုင်သမျှ နည်းစေပြီး မြို့တွင်းတိုက်ပွဲများတွင် အသုံးပြုနိုင်ရန် စီမံထားသည်။












ဤအမြောက်ကျည်အယူအဆကို ရုရှားမှ T-72၊ T-80၊T-90 ပင်မတိုက်ပွဲဝင်တင့်ကားများ အသုံးပြုသည့် အခြားအမျိုးအစားဖြစ်သည့် ၁၂၅မမကျည် အပါအဝင်အမြောက်ကျည်များထုတ်လုပ်သည့် နည်းစနစ်ကို အခြေခံထားသည်ဟုဆိုသည်။ ဒိန်းမတ်တပ်မတော်သည် ဂျာမနီနိုင်ငံမှ ၁၂၀မမ ဒီအမ်၅၃အေ-၁ (APFSDS-T) အမြောက်ကျည်များကိုမှာကြားထားရာ ယင်းကျည်များကို အသွင်ပြောင်းမည့် ဒီအမ်-၃၃အေ-၂ ကျည်များနေရာတွင် အစားထိုးမည်ဟု သိရသည်။
(APFSDS-T ၁၂၀မမ အမြောက်ကျည်)













ဒီအမ်၅၃အေ၁ အမြောက်ကျည်များသည် သြစတြီးယား၊ဂျာမနီ၊နယ်သာလန်နှင့် ဆွစ်ဇာလန်နိုင်ငံများတွင် လက်ရှိအသုံးပြုနေသော ဒီအမ်-၅၃ ကျည်အုပ်စုမှဆင်းသက်လာသော ကျည်များဖြစ်ပြီး အပူချိန်မလိုဘဲ တွန်းကန်အားသုံးစနစ်မှာ မျက်နှာပြင်တွင် နှစ်ထပ်သုပ်ထားသော တွန်းယမ်းနည်းပညာတွင် အခြေခံထားပြီး ယခုနောက်ဆုံးထုတ် မျိုးဆက်ဖြစ်သော ဒီအမ်-၆၃အေ၁ ကျည်များကိုသြစတြီးယား၊ဂျာမနီ နှင့် တူရကီနိုင်ငံသို့ ပေးပို့လျှက်ရှိသည်ဟုဆိုသည်။













Rheinmetall company၏ အဆိုအရ တွန်းအားသုံးစနစ်၏ အဓိကအကျိုးကျေးဇူးမှာ ကျည်ကိုအကွာအဝေးပိုမိုကျယ်ပြန့်သော ပတ်ဝန်းကျင်နေရာများတွင်  အပူချိန် အနှုတ်၄၆ ဒီဂရီမှ အပေါင်း ၆၃ ဒီဂရီအတွင်း ကောင်းစွာအသုံးပြုနိုင်သည်ဟု သိရသည်။ ဒီအမ်၆၃အေ၁ ကျည်များသည် ၁၂၀မမပြောင်းချောအမြောက်၏ ပြောင်းတိုက်မှုကို သက်သာစေပြီးပြောင်း၏ သက်တမ်းကိုလည်းရှည်စေသည်ဟု သိရသည်။

စင်ကာပူစစ်တပ်၏ Leopard ပင်မတိုက်ပွဲဝင်တင့်ကားများ
















(အဆင်မပြေမှုတွေ တချို့ကြောင့် ပိုစ့်တွေတင်ရတာအဆင်မပြေဖြစ်နေပါတယ် ထို့ကြောင့်ပိုစ့်အသစ်များ မတင်နိုင်သေးပါက နားလည်ပေးကြပါခင်ဗျာ... အားလုံးကိုကျေးဇူးတင်ပါတယ်....)

1 comment: