Wednesday, May 23, 2012

အဆင့်မြှင့်တင်ထားသည့် ဖရီးဂိတ်ကြီးများ

 မဟာဗန္ဓုလ ဖရီးဂိတ်စစ်ရေယာဉ်ကြီး















မြန်မာ့တပ်မတော် (ရေ)အတွက် တရုပ်နိုင်ငံမှ စစ်ရေယာဉ် (၂)စင်းကို မကြာသေးခင်အချိန်က ဝယ်ယူခဲ့ပါတယ်... အဆိုပါဝယ်ယူထားတဲ့ ဖရီးဂိတ်စစ်ရေယာဉ်တွေအနေနှင့် မူလတပ်ဆင်ထားတဲ့ SY-1 ရေပြင်မှရေပြင်ပစ် ဒုံး ၄စင်းဟာ သိသာတဲ့ စွမ်းဆောင်ရည်မဟုတ်ဘူးလို့ ကျွှန်တော်တို့ရေးခဲ့ကြပါတယ်.... ဒါပင်မဲ့ အခုနောက်ဆုံးတွေ့လိုက်ရတဲ့ ဓါတ်ပုံအထောက်အထားအရဆိုရင်တော့ Type-053H1 ဒုံးတပ်ဖရီးဂိတ်ကြီးတွေပေါ်မှာ SY-1 SSM တွေအစား ပိုမိုခေတ်မှီတဲ့ C-802 SSM တွေကို ပြောင်းလည်းတပ်ဆင်ထားတာကို တွေ့ရပါတယ်....။


ယခုတွေ့ရသည့် မဟာဗန္ဓုလ စစ်ရေယာဉ် ကြီးတွင် အရင်ကတပ်ထားတဲ့ ဒုံး ×၄ စင်း အစား ပို၍ခေတ်မှီသော ဒုံး × ၈စင်း ပြောင်းလဲတပ်ဆင်ပေးထားတာဟာ စစ်ရေယာဉ်ရဲ့ တိုက်ခိုက်ရေးစွမ်းဆောင်ရည်ကို သိသိသာသာ ပြောင်းလဲလာစေမဲ့ အချက်ဖြစ်ပါတယ်....။ မဟာသီဟသူရ စစ်ရေယာဉ်အပေါ်တွင်လည်း ပြောင်းလဲတပ်ဆင်ထားမည်ဟု ယူဆရပါသည်။


တပ်မတော် (ရေ)အနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့်  ဖရီးဂိတ်ကြီးများအပြင် တည်ဆောက်နေဆဲ ဖရီးဂိတ်များ၊ကော်ဗတ်များကိုလည်း ခေတ်မှီလက်နက်စနစ်များ ရေဒါစနစ်များဖြင့် ထည့်သွင်းတည်ဆောက် အဆင့်မြှင့်တင်နေသည်ကို တွေ့ရပါတယ်....။ အိမ်နီးချင်း ယိုးဒယားရေတပ်ကို ယှဉ်ပြိုင်နိုင်ရန်မူ ယခုအခြေနေထက် ပို၍ စွမ်းရည်မြှင့်မှားသော စစ်ရေယာဉ်များလိုအပ်နိုင်သော်လည်း ဘင်္ဂလားရေတပ်အတွက်မူ ယခု အဆင့်မြှင့်တင်သော သတင်းသည် မြန်မာ့ရေတပ် အပေါ်အမြင်များ ပြောင်းလဲစေမည်မှာ သေချာသည်။

တပ်မတော် (ရေ)၏ Type-053H1 ဒုံးတပ်ဖရီးဂိတ်စစ်ရေယာဉ်အား ၂၁.၃.၂၀၁၂ ရက်နေ့က တွေ့ရစဉ်














 ဖရီးဂိတ် စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် ၁၀၀မမ အမြောက်

















မြန်မာ့တပ်မတော် (ရေ) အနေနှင့် ယခုအခါတွင် ဖရီးဂိတ်စစ်ရေယာဉ် ၃စင်း တာဝန်ထမ်းဆောင်နေပြီး
 မြန်မာ့ရေပြင်အား ကာကွယ်ရန်အတွက် ရည်ရွှယ်၍ ဖရီးဂိတ်စစ်ရေယာဉ်အသစ်များ၊ ကိုယ်ပျောက်စစ်ရေယာဉ်များကိုလည်း တိုးချဲ့တည်ဆောက်လျှက်ရှိသည်ဟု သိရပါသည်...။

တပ်မတော် (ရေ)၏ ဒုံးတပ်ဖရီးဂိတ် (၃)စင်း၊ဒုံးတပ် ကော်ဗတ်စစ်ရေယာဉ် (၂)စင်း ၊ အမြန်တိုက်ခိုက်ရေးယာဉ် အစင်း (၂၀) တို့အပြင် ဟိုင်နန်း အမျိုးစား ရေငုပ်သင်္ဘောဖျက် စစ်ရေယာဉ်များ၊ ဟောင်ဇင် အမျိုးအစား ဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ်များ  ကမ်းရိုးတန်းစောင့်ကြည့်ရေးယာဉ်များ၊ Gun Class ကင်းလှည့်ယာဉ်များ နှင့် တည်ဆောက်ဆဲ စစ်ရေယာဉ်သစ်များသည် မြန်မာ့ရေပြင်အား ကျုးကျော်လာသည့် မည်သည့်ရန်သူကိုမဆို တိုက်ခိုက်ချေမှုန်း အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ရပါတယ်....။

(ကိုယ်ပျောက်တိုက်ရေယာဉ် နှင့် ပတ်သက်တဲ့ ဓါတ်ပုံအထောက်အထားများ ရရှိခဲ့ပါက တင်ပြပေးပါဦးမယ်ခင်ဗျာ...။ ကျွှန်တော်ဖော်ပြထားသည့် အချက်များတွင် အမှားယွင်းများ ရှိပါက ဝေဖန်၊ထောက်ပြပေးကြပါ....။)

4 comments:

  1. ကျေးဇူးပါဗျာ... ပြောပြကြတဲ့ အတွက်.... စကားမစပ် ရေတပ်သဘောင်္ံကျင်းက ဘာလို့  ကုန်တင် သဘောင်္ံတွေ မထုတ်လဲ ဗျ... သေချာ ပုံစံ ထုတ်ထားရင် အရေးကြုံရင် mi 35 ၁စီး ၂စီး တင်လို့ ရရင် မဆိုးဘူးနော်.... ဒါဆို ဘင်္ဂလားလို နိုင်ငံ လှဲ့ ကြည့်စရာမလို တော့ဘူး...

    ReplyDelete
  2. အခုလိုမျိုး မြန်မာ့တပ်မတော်ရဲ့ စစ်အင်အားကိုသိခွင့်ရလို့ ကျေးဇူးတင်ပါတယ် နောက်များမှာလည်း ပုံတွေကိုအကောင်းဆုံးတင်ပေးပါအုန်း...

    ReplyDelete
  3. တရုတ်က ဖျက်သိမ်းတော့မဲ့ အစုတ်(၂)စီး ၀ယ်လာတာ အခု ဒီရောက် စမ်းသုံးပြီးတော့ ဘာတွေဖြစ်နေ တယ်ဆိုတာ အဲဒီ သင်္ဘောက စစ်သည်တွေကို နည်းနည်းမေးကြည့် ...........

    ReplyDelete
  4. ကုန်တင် သ ဘောင်္ကမ ဆောက်ဘဲဝယ်တာပိုမမြန်ဘူးလား

    ReplyDelete