Friday, May 25, 2012

မြန်မာ့ရေတပ်၏ ဂုဏ်ယူဖွယ် ကိုယ်ပျောက် စစ်ရေယာဥင်္

မြန်မာ့ရေတပ်၏ ဂုဏ်ယူဖွယ် ကိုယ်ပျောက်တိုက်ရေယာဉ်



မြန်မာ့တပ်မတော် (ရေ)ရဲ့ စစ်အင်အားတိုးတက်လာပုံတွေကို ကျွှန်တော်အရင်ကလည်း တတ်နိုင်သလောက်လေးတော့ ပြောခဲ့ပြီးပါပြီ... ဒီနေ့မှာတော့ အားလုံးစိတ်ဝင်စားမယ်လို့ မျှော်လင့်တဲ့ ကိုယ်ပျောက် အမြန်တိုက်ခိုက်ရေးယာဉ် အမှတ် (၄၉၁) အကြောင်းကို အနည်းငယ် အကျယ်ချဲ့ပြောလိုပါတယ်....။( လေ့လာမိတဲ့အချက်အရတွေသာ ဖော်ပြရတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါ...)

မြန်မာ့တပ်မတော် (ရေ) အနေနှင့် ၁၉၉၆ခုနှစ်များမှစတင်ကာ ၄၅မီတာရှိသည့် ၅စီးရီး အမြန်တိုက်ခိုက်ရေယာဉ်များ စတင်ထုတ်လုပ်လာခဲ့ရာ ၂၀၀၃ခုနှစ်နှောင်းပိုင်းများမှစတင်ကာ ၇၇စီးရီး ကော်ဗတ်စစ်ရေယာဉ်ကြီးများ ထုတ်လုပ်နိုင်ခဲ့ပါသည်။ ၂၀၀၈ခုနှစ်အတွင်းတွင်မှု နာမည်ကျော် အောင်ဇေယျဖရီးဂိတ် စစ်သင်္ဘောကြီးကို ရေတပ် သင်္ဘောကျင်းမှစတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်ဟု သိရပါသည်....။ တပ်မတော် (ရေ)မှ တိုက်ခိုက်ရေးယာဉ်များအပြင် ကမ်းရိုးတန်းစောင့်ကြည့်ရေးယာဉ်များ၊ အမြန်ရေယာဉ်များ စသည်ဖြင့် ရေတပ်စစ်ရေယာဉ်များစွာ တည်ဆောက်နိုင်ခဲ့ပါသည်....။

၄၉၁ ကိုယ်ပျောက်စစ်ရေယာဉ်

တပ်မတော် (ရေ) ၏ လက်ရှိစစ်သင်္ဘောများကို လေ့လာမည်ဆိုပါက ပြည်တွင်းထုတ် စစ်ရေယာဉ်များကိုသာ အဓိကအသုံးပြုသည်ကို တွေ့ရမည်ဖြစ်ပြီး လက်ရှိအချိန်တွင်မှု တရုပ်မှ ဝယ်ယူထားသော ဖရီးဂိတ်စစ်ရေယာဉ်များကိုပါ စတင်အသုံးပြုနေပြီဟု သိရပါသည်။ တရုပ်ရေတပ်မှ ဝယ်ယူထားသော အက်ဖ်-၂၁ နှင့် အက်ဖ်-၂၃ ဖရီးဂိတ်များကိုလည်း မူလတပ်ဆင်ထားသော SY-1 SSM များအစား C-802 ဒုံးများပြောင်းလဲတပ်ဆင်ထားရာ တပ်မတော် (ရေ)၏ စွမ်းရည်ကို သိသိသာသာ မြှင့်တက်လာစေမည်မှာ အမှန်ပင်ဖြစ်ပါသည်....။

ယခုနောက်ဆုံးသိရသော အချက်များအရ တပ်မတော် (ရေ)သည် ကိုယ်ပျောက် စစ်သင်္ဘောများစတင်တည်ဆောက်နေပြီဖြစ်ရာ ပထမဆုံးသော အစင်းဖြစ်သည့် စစ်ရေယာဉ် ၄၉၁ကိုပင် ရေချပြီးဖြစ်သည်။ နောက်ဆုံးသိရသော အချက်အရ ၄၉၁ ကိုယ်ပျောက် စစ်သင်္ဘောသည် ရေချပြီးယုံသာဖြစ်ပြီး လက်နက်စနစ်များ၊ရေဒါစနစ်များ တပ်ဆင်ထားမှုမရှိသေးသည်ကို တွေ့ရမည်ဖြစ်ပါသည်။

ယခုတည်ဆောက်နေဆဲဖြစ်သော ကိုယ်ပျောက်စစ်ရေယာဉ်များသည် မကြာမှီပင် တပ်တော်ဝင် နိုင်တော့မည်ဟု ယူဆရပေရာ စစ်ရေယာဉ်များပြီးစီးပါက ဒေသတွင်းနိုင်ငံတွင် ကိုယ်ပျောက်တိုက်ရေယာဉ် ထုတ်လုပ်နိုင်သော ရေတပ်ဖြစ်လာမည်ဖြစ်ပါသည်....။ ထို့အပြင် တည်ဆောက်နေဆဲဖြစ်သော ကော်ဗတ် သို့မဟုတ် ဖရီးဂိတ် ကိုယ်ပျောက်စစ်ရေယာဉ်များလည်း ရှိနေပါသေးသည်...။

၄၉၁ ကိုယ်ပျောက် အမြန်တိုက်ခိုက်ရေး စစ်သင်္ဘော၏ အချက်လက်တချို့

ပင်မအမြောက်စနစ် ...... အေကေ-၃၆၀ ၃၀မမ CIWS
လေယာဉ်ပစ်စစ်အမြောက်....... ဇက်ပီယူ-၂ ၁၄.၅မမ အေအေ ×၂ (ဒုံး၏ အပေါ် နှင့် နောက်တွင် ၁ခုစီ)
သင်္ဘောဖျက် ပဲ့ထိန်းဒုံး....... စီ-၈၀၁/၈၀၂ ၄ လက်
ရေဒါစနစ်...... (သေချာမသိပါ)

ပုံတူစစ်ရေယာဉ်


(အထက်ပါအချက်လက်များသည် စစ်ရေယာဉ်၏ ပုံတူရေယာဉ်အား အဓိကထား၍ ပြောပြထားခြင်းဖြစ်ပါသည်... ထို့ကြောင့် လိုအပ်သည်များရှိပါက ထောက်ပြပေးကြပါဦးခင်ဗျာ....။)

3 comments:

  1. မြန်မာ တိုက်သဘောင်္ံတွေဟာ ရဟတ်ယာဉ်ကို ယာယီ ဆင်းနိုင်ယုံလား... စစ်ဆင်ရေး တလျှောက် သဘောင်္ံနဲ့  သယ်သွားနိုင်တဲ့ စစ်ရေယာဉ်ရှိလား သိလို ပါတယ် ခင်ဗျာ... ဗဟုတုသ ရအောင် သိခွင့်ရှိ သိသူရှိ သိပါရစေ...

    ReplyDelete
    Replies
    1. မြန်မာရေတပ် မှာ (၅)စီးရှိပါတယ် လေယာဉ်တင် သင်္ဘောက တော့ သင်္ဘောကျင်းမှာ ဆောက်နေဆဲ ပါ၊ ရေတပ် အတွက် ရဟတ်ယာဉ်က တော့ တရုတ် ကို မှာ ထားဆဲပါ

      Delete
  2. သေချာတယ်ဆိုရင် ၀မ်းသာစရာပါဗျာ...

    ReplyDelete