Wednesday, April 4, 2012

မြန်မာ့တပ်မတော်၏ တိုက်ခိုက်ရေးယာဉ်များ

မြန်မာ့တပ်မတော် စစ်သည်များ လေထီးခုန်သင်တန်း လေ့ကျင့်နေကြစဉ်


ရန်သူ့နောက်ကျောကိုထိုးဖောက်ဝင်ရောက် တိုက်ခိုက်ရမည့်တပ်ဖွဲ့များဖြစ်ရာ စစ်ပွဲတစ်ပွဲ၏ အနိုင်အရှုံးကို သိသိသာသာပြောင်းလဲစေနိုင်သည့် တပ်ဖွဲ့မျိုးဖြစ်ပါသည်။


တပ်မတော် (ရေ) စစ်ရေယာဉ် ၄၇၇၊ ၄၇၃ နှင့် ၇၇၂ အနော်ရထာ ကော်ဗတ်စစ်ရေယာဉ်

၇၇ စီးရီးစစ်ရေယာဉ် များအနက် လက်ရှိအချိန်တွင် ၇၇၁ နှင့် ၇၇၂ ကော်ဗတ်စစ်ရေယာဉ်များသာရှိပြီး ၇၇၃ စစ်ရေယာဉ်အားလည်း တည်ဆောက်နေဆဲ ဖြစ်သည်ဟု သိရပါသည်။ထို့ပြင် ယခုရောက်ရှိလာသော ဖရီးဂိတ်စစ်ရေယာဉ်များသည်လည်း တပ်မတော် (ရေ)အတွက် စွမ်းရည်ပိုင်ဆိုင်ရာတိုးတက်မှုရစေမည်မှာ အမှန်ပင်ဖြစ်ရာ အနာဂါတ်ကာလတွင် မိမိတို့ပြည်တွင်းထုတ် အဆင့်မြှင့်စစ်ရေယာဉ်ကြီးများဖြင့် မြန်မာ့ရေတပ်အား ထပ်မံတိုးချဲ့နိုင်မည်ဟု သိရပါသည်။

တပ်မတော် (လေ)ရှိ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ

ရေတပ်၏ BN-2 Islander ရေပြင် တာလတ်ကင်းထောက်ရေးလေယာဉ်

အိန္ဒိယနိုင်ငံမှ လက်ခံရရှိခဲ့ခြင်း ဖြစ်ပြီး အစီးရေ အတိအကျ ကျွှန်တော်မသိပါ...။ BN-2လေယာဉ်များကို အိန္ဒိယနိုင်ငံမှ အဆင့်မြှင့်တင်မှုပြုလုပ်ကာ ရေတပ်ကင်းထောက်လေယာဉ်များအဖြစ် ယနေ့အထိအသုံးပြုမှု ရှိနေဆဲဖြစ်ပါသည်...။

အိန္ဒိယရေတပ်၏ ကင်းထောက်လေယာဉ်များ

ပုံတွေပို့ပေးကြတဲ့အတွက် အထူးကျေးဇူးပါ... ဘလော့ဒ်လေးအား တတ်နိုင်သလောက်ပြန်လှည်တင်ပေးပါ့မည်... မမြင်ရသည့်ပိုစ့်များကို ပြန်လှည်ပြင်ဆင်နေပါပြီခင်ဗျာ...။

4 comments:

  1. ကျေးဇူးပါပဲကိုmm ရေတပ်မှာ ကင်းထောက်လေယာဉ်ရှိတာတော့ အခုမှကြားဖူးမြင်းဖူးတာပဲ တချို.နိုင်ငံက စစ်တပ်တွေဆိုရင် လေတပ်အပြင် ရေတပ်ပိုင်တိုက်ခိုက်ရေးလေယာဉ် သယ်ယူပို.ဆောင်ရေးလေယာဉ်၊ရဟတ်ယာဉ်တွေရှိကြတာဗျ

    ReplyDelete
  2. အဲဒီ ပေါက်စကွေး BN-2တွေကို ရတော့၊ အိန္ဒိယကိုဝိုင်းကန့်ကွက်လိုက်ကြတာဗျာ။ တရုတ်က C 802 တွေရောင်းတယ် ဆိုတုန်းကလိုပဲ။ သူကဘာတွေ စွမ်းလို့တုန်း၊ သူ့ကို အဆင့်မြင့်ရင်တော့ သင်္ဘောပစ်ဒုံးတပ်လို့ရမလား မသိဘူး၊ (ဂရပ်ဖစ်ပုံတစ်ခုမှာတွေ့လို့ ) နောက်ပီး ဝီကီစာရင်းထဲမှာ ၂စင်း ဒီထဲမှာတော့ ၃စင်းတွေ့တယ်ဗျ။ တရုတ်က Harbin Y12 တွေလဲ ရောင်းထားတယ် ကြားတယ် ဟုတ်လား၊ သိသူဖြေကြပါဦး။

    ReplyDelete
  3. ဘင်္ဂလားမှာလည်း F22B 053H3 ၀ယ်တယ်၊ မ၀ယ်ဘူးငြင်းနေကြတာ ဆူလို့ပဲ။ နောက်ဆုံးတော့မ၀ယ်ဖြစ်ဘူးထင်တယ်။ ဒါပေမယ့် အဲဒီသတင်းဖတ်ရတာတောင် ရင်ထဲမှာ သိမ်ငယ်လိုက်တာဗျာ။ ကျွန်တော်တို့ ဟိုနှစ်ကောင်အစား၊ အဲဒါကြီးတစ်စီးပဲဖြစ်ဖြစ်ရလိုက်ရင် ဘယ်လောက်ကြွားလို့ကောင်းလိုက်မလဲ။ တစ်ခြားနိုင်ငံကိုမလုပ်ချင်ဘူး၊ အဲဒီဘင်္ဂလားကိုပဲ လှော်ချင်တာ။ သူ့တို့ချီတက်တာလည်းကြည့်ဦး ဗုံမဟုတ်၊ ပတ်မဟုတ်နဲ့။ စကားမစပ် 2013 Seagame မတိုင်မှီ ရဲတပ်ဖွဲ့ကို အထူးဝတ်စုံတွေဆင်ပေးနိုင်မှဖြစ်မယ်ထင်တယ်။ ကမ္ဘောဒီးယားရဲတောင် တော်တော်လှနေတယ်။

    ReplyDelete
    Replies
    1. ကိုယ်ကတော့သိပ်နားမလည်ဘူး။ဝါသနာပါတယ်။ခောတ်မှီပြီးတောင့်တင်းစေ ချင်တယ်။ဘင်္ဂလားရေပိုင်နက်ရသွားတာလဲမကြေနပ်ဘူး။ရှင်မဖြုကျွန်းကိုလဲ သတိရတယ်။ပြည်တွင်းငြိမ်းချမ်းရေးရပြီး၊နိုင်ငံစီးပွားရေးဖွံ့ဖြိုးလာရင်တော့အ နဲဆုံးပတ်ဝန်းကျင်နိုင်ငံတွေ(အိန္ဒိယ၊တရုပ်မပါ)အလေးထားရတဲ့စစ်အင်အား ရှိ စေချင်တယ်။နိုင်ငံအာဏာကိုဝင်ထိန်းပြီးတည်ဆောက်ခြင်းထက်ဒီမိုကရေစီကျ ကျလေးနိုင်ငံကိုပူးပေါင်းတည်ဆောက်ပြီးချမ်းသာလာတာကပိုကောင်းပြီးစစ်အင်အားကိုခောတ်မှီအောင်ပိုလုပ်နိုင်မယ်ထင်တယ်။အမေရိကန်ပစ္စည်းတွေက ပိုခောတ်မှီပြီးအစွမ်းထက်တယ်လို့နားလည်ထားပါတယ်။

      Delete