
မြန်မာ့တပ်မတော် သံချပ်ကာနှင့်ယန္တာရားတပ်ဖွဲ့များတွင် ခေတ်မှီစစ်သုံးယာဉ်ကြီးများအား တပ်ဆင်အသုံးပြုလာရာ တရုပ်ထုတ်၊အိန္ဒိယထုတ် စစ်သုံးယာဉ်များအပြင် နာမည်ကျော် တီ-၇၂ ပင်မတိုက်ပွဲဝင်တင့်ကားများပင် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ပါသည်။

ရှုရားနိုင်ငံ(ယခင် ဆိုဗီယက်နိုင်ငံ)မှ ထုတ်လုပ်သော တီ-၅၄/၅၅ တင့်များအား တရုပ်နိုင်ငံမှ ပုံတူယူ၍ တပ်ဆင်ထုတ်လုပ်ထားသော ပုံစံ-၅၉ တင့်များသည် တရုပ်တပ်မတော်၏ ပင်မတိုက်ပွဲဝင်တင့်ကားကြီးများအဖြစ် အချိန်ကြာမြှင့်စွာ အသုံးပြုခဲ့သော တင့်များဖြစ်သည်။ ကမ္ဘာစစ်ပွဲအတော်များများတွင်လည်း ပါဝင်ခဲ့ပြီး အမေရိကန်နိုင်ငံနှင့် မဟာမိတ်တပ်ပေါင်းစုမှ တပ်ဖွဲ့များအား ယှဉ်ပြိုင်စစ်ပွဲဆင်နွဲခဲ့သည့် ၁၉၉၂ ပင်လယ်ကွေ့ စစ်ပွဲ အတွင်းတွင် အီရတ်စစ်တပ်သည် ပုံစံ-၅၉ တင့်များ၊ ပုံစံ-၆၉ တင့်များအား အသုံးပြုခဲ့ရာ အောင်မြင်မှုများရှိသကဲ့သို့ ရှုံးနှိမ့်မှုများစွာ ရင်ဆိုင်ခဲ့ရပါသည်...။

ထို့အချက်ကို ထောက်ဆ၍ တရုပ်တပ်မတော်သည် မိမိတို့လက်တွင်ရှိနေဆဲ ပုံစံ-၅၉ နှင့် ပုံစံ-၆၉ တင့်များအား အဆင့်မြှင့်တင်မှုပြုလုပ်ရန် နည်းလမ်းများရှာဖွေလာခဲ့ရာ အဓိကအားဖြင့် ပုံစံ-၅၉ တင့်များအား စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်နှင့် စစ်ကစားမှုမြန်ဆန်လာစေရန် ရည်ရွှယ်၍ ပုံစံ-၅၉ တင့်များတွင် အရင်ကတပ်ဆင်ထားသော 12150L (မြင်းကောင်ရေ ၅၃၀ အား) အင်ဂျင်များအစား ပို၍အားကောင်းသော 12150L7 (မြင်းကောင်ရေ ၅၈၀အား) ဒီဇယ်အင်ဂျင်များဖြင့် ပြောင်းလဲတပ်ဆင်ပြီး တင့်၏ ၁၀၀မမ အမြှောက်ပြောင်းအား ၁၀၅မမ အမြှောက်ပြောင်းများဖြင့် ပြောင်းလဲတပ်ဆင်လာသည်။ ထို့ပြင် ရန်သူ့ တင့်ဖျက်လက်နက်များအား ကာကွယ်ရန်အတွက် ERA ( explosive reactive armour)ဟု
ခေါ်သော ပေါက်ကွဲအားထိန်းစနစ်များအား တပ်ဆင်လာခဲ့သည်။
မြန်မာ့တပ်မတော်ရှိ တရုပ်ထုတ် ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများသည် ပုံစံ-၅၉တင့်များထက်ပို၍ ခေတ်မှီပြီး နည်းပညာမြှင့်မားသည်ဟု သိရပါသည်။ ထို့ပြင်မြန်မာ့တပ်မတော်တွင် တင့်ဖျက်ယာဉ်များအဖြစ် အီးအီး-၉ တင့်ဖျက်ယာဉ်များအပြင် ပိုမိုခေတ်မှီသော တရုပ်ထုတ် တင့်ဖျက်ယာဉ်ကြီးများလည်း တပ်ဆင်ထားပါသည်။
မြန်မာ့တပ်မတော်မှ ခေတ်မှီ ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားကြီးများ




(မိမိလေ့လာမိသလောက်သာ တင်ပြထားခြင်းဖြစ်ရာ အချက်လက်များ မှားယွင်းနေခြင်းများရှိပါက ဝေဖန်၊ထောက်ပြပေးကြပါခင်ဗျာ...။)
No comments:
Post a Comment