
မြန်မာ့တပ်မတော်ရှိ တင့်များအကြောင်းအား လေ့လာမိသလောက်တင်ပြပေးထားပြီးဖြစ်ရာ ယခုတွေ့ရသော တီ-၇၂အက်စ်တင့်များအတွက် အထူးအထွေပြောစရာမရှိပေ... သို့သော် မြန်မာ့တပ်မတော်သည် ယခုနောက်ပိုင်းကာလများတွင် ယခင်အခြေအနေထက်သိသိသာသာ စစ်ရေးစွမ်းရည်မြှင့်မှားနေစေရန် ရည်ရွှယ်၍ စစ်ရေးလေ့ကျင့်မှုကြီးများ ၊ တိုက်ပွဲဝင်လေ့ကျင့်ခန်းများအား ဆက်လက်ဆိုသလိုပင် လေ့ကျင့်လျက်ရှိရာ တပ်မတော်၏ အခြားတပ်ဖွဲ့များနည်းတူ တပ်မတော် သံချပ်ကာယန္တာရားတပ်ဖွဲ့သည်လည်း ယခင်ထက်များစွာ တိုးတက်လာပြီဟု သိရပါသည်။
တီ-၇၂အက်စ် ပင်မတိုက်ပွဲဝင်တင့်ကားကြီး (ယူကရိန်းနိုင်ငံမှ ရရှိသည်)


လေ့ကျင့်မှုအားကောင်းလာသဖြင့် စွမ်းရည်မြှင့်တက်လာသည်ဟု သိရပါသည်




တပ်မတော်၏ အားထားရသော တင့်ကားတပ်ဖွဲ့ကြီးများရှိ တီ-၇၂အက်စ် တင့်များ


မြန်မာ့တပ်မတော် သံချပ်ကာယန္တာရားတပ်ဖွဲ့ရှိ ခေတ်မှီ တီ-၇၂အက်စ် ပင်မတိုက်ပွဲဝင်တင့်ကားကြီးများ စစ်ရေးလေ့ကျင့်မှု မြင်ကွင်းများဖြစ်ပါသည်။ အခွေမှပြန်လည်ရယူထားခြင်းကြောင့် မှုန်နေသည်များအား ခွင့်လွှတ်ပေးကြပါခင်ဗျာ....။ ကျေးဇူးတင်ပါသည်....။
ကျွန်တော်စစ်သားမဟုတ်ပါဘူး.။ ကျွန်တော်တို့တပ်မတော်မှာ လက်ရှိသုံးနေတဲ့ တီ-၇၂ အစ်စ်တွေအပါအ၀င်. T-2000 တွေ၊ ယူကရိန်းက၀ယ်ပြီးဆင်နေတဲ့ သံချပ်ကာ ယဉ်တွေမှာ.... .Active Protection တပ်ဆင်ထားတယ်လို့ (အထူးသဖြင့် Hard Kill) ကြားမမိသေးပါဘူး.။ တောတောင်ထူထပ်မှုများပြီး အနိမ့်အမြင့်ထူပြောတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ မြေမျက်နှာ အသွင်အပြင် အနေ အထားမှာ Tank တွေ APC တွေကို အနီးကပ်ချေမှုန်းလို့ ရတဲ့RPG အပါအ၀င်အခြား ATGM တွေ၇န်က ကွာကွယ်ဖို့ဘာအကွာအကွယ်တွေ တပ်ဆင်ထားလဲ သိချင်တာပါ..။ ဒီအပုံအရ Shtora (Electro-optical jammer) နဲ့ ခပ်ဆင် ဆင် .. အ၀ိုင်း Box ပုံစံ တစ်ခုတွေ တပ်ထား လားသိချင် ပါတယ်။ နောက်တစ်ခုကကျွန်တော်တို့ Tank တွေရဲ့ စစ်ချီရာ မှာ Air-Cover ပေးတဲ့ လေ့ကျင့်ခန်း မျိုးတွေ၊ Tanks Operation တွေမှာ အနီး ကပ် ပစ်ကူပေး တဲ့ လေ့ကျင်းခန်းမျိုးတွေရော လုပ်ဖြစ်သလား..။ သိတဲ့သူများရှိရင် ပြောပြပေးပါဦး..ဗျား..။
ReplyDeleteဂျာမနီရဲ့ leopard 2A6 လေးကို ပင်မ တိုက်ပွဲဝင် တင့်အဖြစ်အသုံးပြုရင်အားရှိလိုက်မယ်ဖြစ်ခြင်း
ReplyDelete