Thursday, January 3, 2013

တပ်မတော် (လေ)ရှိ တိုက်ခိုက်ရေးယာဉ်များ

အခုတလော မြန်မာ့တပ်မတော် (လေ) နှင့် ပတ်သက်တဲ့သတင်းတွေ အင်တာနက်သတင်းတွေမှာ အတော်များများဖတ်ဖြစ်ကြမယ်ထင်ပါတယ်....။ ကျွှန်တော့်အနေနှင့်လည်း စိတ်ဝင်စားလို့ လေ့လာကြည့်တော့ ပျက်ကြတယ်ဆိုတဲ့သတင်းကို အတည်ပြုလို့မရခဲ့ပါဘူး....။ ပျက်ကြတယ်ဆိုတာထက် ပိုပြီးသေချာတာကတော့ လေတပ်လေယာဉ်တွေအကုန် အကောင်းပတိအတိုင်းရှိပါတယ်လို့ သိရပါသည်....။

ဘာဘဲဖြစ်ဖြစ် တပ်မတော် (လေ)အကြောင်းလေးထပ်သိချင်ကြမယ်လို့ မျှော်လင့်လို့ ဒီနေ့ ဝေဟင်ချစ်သူ စာမျက်နှာက ပုံတွေနှင့် ဖော်ပြပေးချင်ပါတယ်ခင်ဗျာ.....။

အမေရိကန်တပ်တွေအနေနှင့် မြောက်ဗီယက်နမ်က ကွန်မြူနစ်တွေကို တိုက်ထုတ်ခဲ့ချိန်မှ အဓိကအားထား အသုံးပြုခဲ့တဲ့ Bell ရဟတ်ယာဉ်အမျိုးစားတွေပါ....။
 နောက်ပိုင်းမှ မြန်မာ့တပ်မတော်ကိုလည်း ပေးအပ်ခဲ့ပါတယ်....။

ဘဲလ်-၂၀၅ ရဟတ်ယာဉ်
ဘဲလ်-၂၀၆ ရဟတ်ယာဉ်
 W-3 Sokol အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များ

 မြန်မာ့တပ်မတော် (လေ)မှ ယခုမြင်တွေ့ရတဲ့ ရဟတ်ယာဉ်များကို အကန့်သတ်နှင့် (သို့) အသုံးပြုမှု ရပ်ဆိုင်းထားပြီးလို့ သိရပါတယ်....။

 Mi-2 အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်
Mi-၂ ရဟတ်ယာဉ်တွေကိုတော့ အခုချိန်ထိ တပ်မတော် (လေ)မှ အသုံးပြုနေဆဲဖြစ်ပါတယ်....။ ရုရှားနိုင်ငံမှ ပညာရှင်များနှင့် ပူးတွဲကာ အဆင့်မြှင့်တင်မှု ပြုလုပ်ပြီးဖြစ်ပါတယ်.....။

Mi-17 အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်
ကိုဝေဟင်ဆီကနေ သိရသလောက်ကတော့ ဒီဘက်ဆုံးက ရဟတ်ယာဉ်က Mi-17-V5 လို့ သိရပါတယ်....။ လေ့လာမိတဲ့သူတွေအနေနှင့် အကျယ်ချဲ့ပြောပေးကြပါဦးဗျာ.....။

  အမောင်းသင်နှင့် အပေါ့စားတိုက်ခိုက်ရေး တိုက်လေယာဉ် ဂျီ-၄ များ
 မြေပြင်ပစ်ကူပေး တိုက်ခိုက်ရေး တိုက်လေယာဉ် A-5C
  ကျွှန်တော်တို့အနေနှင့် အစတုန်းက အေ-၅ တိုက်လေယာဉ်တွေဟာ သက်တမ်းကုန်ဆုံးခါနီးနေလို့ အနားပေးမယ်လို့ သိခဲ့ရပင်မဲ့ အခုအခါမှာတော့ အဆိုပါ တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှုပြုလုပ်ပြီး ခေတ်မှီနည်းပညာများပေါင်းစပ်တပ်ဆင်ထားပြီးဖြစ်ရာ အသစ်တစ်စင်းထက်ပင် ပိုမိုစွမ်းရည်ထက်မြက်လာသည်ဟု သိရပါသည်....။

 ကြားဖြတ်တိုက်လေယာဉ်အုပ် F-7 ၂ကေ တိုက်လေယာဉ်များ
အက်ဖ်-၇ တိုက်လေယာဉ်ကတော့ သူ့ခေတ်သူ့အခါတုန်းက အင်မတန်အစွမ်းထက်တဲ့ တိုက်လေယာဉ်အမျိုးအစားဖြစ်ပါတယ်...။ ကမ္ဘာ့လေတပ်အတော်များများမှာ သူ့ရဲ့ ပထမဆုံးပုံတူယူထားတဲ့ မစ်-၂၁ တိုက်လေယာဉ်တွေကို အခုထိအသုံးပြုနေဆဲဆိုတာ လေ့လာမိမယ်ဆိုရင် အဆိုပါတိုက်လေယာဉ်များရဲ့ စွမ်းဆောင်ရည်ကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်......။

မြန်မာ့တပ်မတော် (လေ)ရဲ့ ပင်မကျောရိုးဖြစ်လာသည့် မစ်-၂၉ တိုက်လေယာဉ်များ
မြန်မာ့တပ်မတော် (လေ)သည် ပြောင်းလဲလျက်ရှိသော နည်းပညာများ၊တိုးတက်ပြောင်းလဲမှုများကို အမှီလိုက်ကာ လေတပ်တိုက်လေယာဉ်များအား အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သည့် တိုက်လေယာဉ်များအား ဝယ်ယူဖြည့်တင်းခြင်း၊ ကာကွယ်ရေးစွမ်းရည်မြင့်တက်လာစေရန် ရည်ရွှယ်ကာ ဝေဟင်ပျံသန်းလေ့ကျင့်ခြင်းစသည့် အချက်များအား အမြဲလုပ်ဆောင်လျက်ရှိရာ ယခုအခါတွင် လေတပ်တွင် ယခင်ရှိရင်းစွဲတိုက်လေယာဉ်အမျိုးအစားထက် အဆင့်မြှုင့်မားသော မစ်-၂၉ SE များအားလည်း ဝယ်ယူဖြည့်တင်းခဲ့ပြီးဖြစ်ပါသည်.....။

ကိုးကား- ဝေဟင်ချစ်သူ စာမျက်နှာ

9 comments:

  1. မန်မာ့တပ်မတော် (လေ)မှ ယခုမြင်တွေ့ရတဲ့ ရဟတ်ယာဉ်များကို အကန့်သတ်နှင့် (သို့) အသုံးပြုမှု ရပ်ဆိုင်းထားပြီးလို့ သိရပါတယ်....။
    Which one???
    I heard Bell 205 Huey had many problems, another reason is they are old. It remind me about my classmate's father who lost his life when it crash on Irrawaddy River.

    ReplyDelete
  2. တပ်မတော်ရဲ့လေကြောင်း ကာ ကွယ်ရေးစနစ်တွေအကြောင်းဆွေးနွေးကြပါအုံး

    ReplyDelete
  3. W-3 Sokol ရဟတ်ယာဉ်များနှင့် ပတ်သက်ပြီး ဖော်ပြထားတာပါ ကိုphone ရေ...။

    ReplyDelete
  4. လေယဉ်သစ်တွေနဲ့အတူကြည်းတပ်အတွက်ခေတ်မှီလေကြောင်းကာကွယ်ရေးစနစ်တွေအလုံအလောက်တပ်ဆင်ထားသင့်တယ်လို့ထင်ပါတယ်

    ReplyDelete
  5. လေတပ်ကော ... ရေတပ်ပါ အတူတူ တိုးချဲ့သင့်ပါတယ် ... ဖြစ်နိုင်ရင် တာလတ်ပစ်ဒုံးတွေပါ သေသေချာချာ ဖြန့်ကျက်ချထားနိုင်တဲ့ အဆင့်ထိ မျှော်မှန်းပါတယ် ... ... ...

    ReplyDelete
  6. စနစ်တကျဆောင်ရွက်ပုံတွေကြည်.ရတောအလွန်ကျေနပ်အားရမိပါတယ်။နောက်ထပ်expandတွေလုပ်
    ပါအုံး။THANK YOU ALL VERY MUCH.အရာခမ်းသိမ်းအဆင်ပြေပါစေ။

    ReplyDelete
  7. မြန်မာ လေတပ်က တိုက်လေရင်တွေ နံပါတ်လေးမျိုးဆက်တွေ လားဆိုတာပြောပြပေးပါလား လို့ တောင်းဆိုချင်ပါတယ် နောက်ထပ်အဆင့်မြင့်တဲ့တိုက်လေယာဉ်တွေ ထပ်ပြီးအင်အားမဖြည့်တော့ဘူးလား ဆိုတာကော်ပြောပြပေးပါနော် ခုမြန်မာလေတပ်ကိုတော့အားရမီပါတယ် ဒါပေမယ့်ဒီထက်ပိုပြီးအဆင့်မြင့်စေချင်ပါတယ် ကျွန်တောသီချင်တာတွေ ကိုသိခွင့်ရတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ကို MM

    ReplyDelete
  8. ကို MM ရေ
    20 2 2013 မနေ့ကပေါ့
    အမေရိကန်စစ်ရဟတ်ယာဉ်တစီး
    ထိုင်းနိုင်ငံမှာပျက်ကျသွားတာသိပြီးပြီလား
    ရွှေမြွေဟောက်စစ်ဆင်ရေးလုပ်နေတဲ့
    အမေရိကန်စစ်ရဟတ်ယာဉ်ထင်တာပဲ
    အဲမှာလေ့လာနေတဲ့မြန်မာအရာရှိနှစ်ဦးကရော
    ပြန်ရောက်ပြီလားဗျာ
    ရွှေမြွေဟောက်စစ်ဆင်ရေးမှာ
    တခြားနိုင်ငံတွေကစစ်သားတွေထောင်သောင်းချီ
    ပါဝင်သလိုမျိုး မြန်မာနိုင်ငံကစစ်သားတွေပါဝင်
    နိုင်ယင်သိပ်ကောင်းမှာပဲဗျာ ပါ ဝင်နိုင်မယ်ဆိုယင်ရော နိုင်ငံတော်ကလိုအပ်တဲ့
    ငွေကြေးပစ္စည်းထောက်ပံ့ပေးနိုင်ပါ့မလား
    ကိုMM ရော ရွှေမြွေဟောက်စစ်ဆင်ရေးမှာ
    မြန်မာ့တပ်မတော်ကို ဘယ်အတိုင်းတာထိ
    မျှော်လင့်ထားပါသလဲ ။

    ReplyDelete
  9. မျှော်လင့်ချက် ကြီးကြီးမားမား မထားမိသေးဘူးဗျ အခုမှ လေ့လာသူအနေနှင့် ဆိုတော့လေ.. နောက်တော့ မသိဘူးပေါ့...။ ပါဝင်ဖြစ်ရင်တော့ နိုင်ငံတကာ အတွေ့အကြုံသစ်တွေ ရတာပေါ့ဗျာ...။

    ReplyDelete