Friday, February 22, 2013

မြန်မာ့ရေတပ်အကြောင်း ပြောချင်တာလေးတွေ

အခုတလော ဒေသတွင်းသတင်းတွေမှာ နာမည်ကြီးနေတဲ့ တပ်မတော် (ရေ) ရဲ့ ယိုးဒယားနိုင်ငံ၊ ဖူးကပ်ကို သွားရောက်ခဲ့တာနှင့် ပတ်သက်ပြီး ကျွှန်တော်တို့အတော်များများ အားရနေကြမယ်လို့ ယူဆပါတယ်....။ အမှန်ပြောရရင် တပ်မတော် (ရေ) စာမျက်နှာမှာ တွေ့ရသလို ဒုံးမပါ၊ရေဒါတပ်ဆင်မှုအားနည်းနှင့် ဆိုရင်တော့ အားမရတာ အမှန်ဘဲဖြစ်ပါတယ်...။ ဒါပင်မဲ့ ယိုးဒယားကို တကယ်ရောက်သွားတဲ့ အချိန်မှာတော့ အမြန်တိုက်ခိုက်ရေးယာဉ်တစ်စင်းရဲ့ ရှိသင့်တဲ့ စွမ်းဆောင်ရည်များကို အပြည့်အစုံတပ်ဆင်ထားတာ တွေ့ရပါတယ်....။

တပ်မတော် (ရေ) ၏ အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ


တပ်မတော် (ရေ) ရေတပ်သဘောင်္ကျင်းမှာ ထုတ်လုပ်ခဲ့သည့် အဆိုပါ ရေယာဉ်တွေအနေဖြင့် နိုင်ငံတကာကိုပင် သွားရောက်လည်ပတ်နိုင်တဲ့ အထိရှိနေပြီဆိုတာ သိရတဲ့ အတွက် မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့်လည်း ဂုဏ်ယူမိပါတယ်....။ တပ်မတော် (ရေ)ရဲ့ စွမ်းဆောင်ရည်များကို ပြသခွင့်ရခဲ့တယ်လို့လည်း မြင်မိပါတယ်....။ မြန်မာ့တပ်မတော် (ရေ)တွင် အဆိုပါ စစ်ရေယာဉ်များ (၅ စီးရီး ရေယာဉ်များ) အစီးရေ ၂၀ အထိပင် ပိုင်ဆိုင်ထားပြီး ဖြစ်ရာ တပ်မတော် (ရေ)၏ စွမ်းရည်များကို လေ့လာသိရှိနိုင်မည်ဖြစ်သည်....။

စစ်ရေယာဉ်များ တိုးချဲ့သင့်၊မသင့်

ဒီခေါင်းစဉ်ကတော့ ကျွှန်တော့်အတွေးသက်သက်သာဖြစ်ပါတယ်....။ ကျွှန်တော်တို့ ရေတပ်မှာ ဖရီးဂိတ် စစ်ရေယာဉ် (၃)စင်း လက်ရှိ တပ်တော်ဝင်လျက်ရှိပြီး မကြာသေးခင်က ရေချပြီးခဲ့သည့် ကိုယ်ပျောက်နည်းပညာသုံး ဖရီးဂိတ်နှင့်ဆိုပါက (၄)စင်း ရှိလာမည်ဖြစ်ပါသည်....။ အိမ်နီးချင်း ယိုးဒယား နိုင်ငံတွင် လက်ရှိ ၈စင်းပိုင်ဆိုင်ထားပြီး မကြာသေးခင်ကမှ အမေရိကန်ဆီမှ ၂ စင်း နှင့် တရုပ်ရေတပ်၏ နောက်ဆုံးပေါ် နည်းပညာသုံး ဖရီးဂိတ် ၂ စင်း ထပ်မံဝယ်ယူ အားဖြည့်လျက်ရှိပါသည်....။ ဘင်္ဂလားသည်လည်း ဖရီးဂိတ် စစ်ရေယာဉ် ၃-၄ အထိ ဝယ်ယူထားပြီး ဖြစ်ရာ ဖရီးဂိတ် ၆-၇ စီး အထိ ပိုင်ဆိုင်လာကြမည်ဖြစ်ပါသည်....။ တပ်မတော် (ရေ)၏ ဖရီးဂိတ် ပိုင်ဆိုင်မှုနှင့် နှိုင်းယှဉ်ပါက အရေအတွက် သာလွန် နေကြပြီဖြစ်သည်...။

တပ်မတော် (ရေ)တွင်လည်း ဖရီးဂိတ် (၈) စင်း ကော်ဗတ် (၃) စင်း တည်ဆောက်မည့် စီမံကိန်း ရှိထားရာ မည်သည့် အချိန်တွင် အကော်အထည်ဖော်မည်ကို အသေချာမသိရသေးပေ....။ မြန်မာ့ရေပြင်ပိုင်ဆိုင်မှု၊ ကမ်းရိုးတန်း အကျယ်အဝန်းသည် အဆိုပါနိုင်ငံများနှင့် စာရင်အတော်လေး ကျယ်ဝန်းသည်ကို တွေ့ရမည်ဖြစ်ပါသည်....။ မိမိတို့ အနေဖြင့်လည်း နိုင်ငံစီးပွားရေးအရ အမြန်ဆုံး အကော်အထည်ဖော်သင့်သည်ဟု ယုံကြည်ပါသည်.....။ နိုင်ငံစီးပွားရေးဆိုရာတွင် ပင်လယ်ပြင်ဆိုင်ရာ စီးပွားရေးများ၊ ရေနံလုပ်ကွက်များ (မိမိတို့ ရေနံရှာဖွေရေး အဖွဲ့အား ဘင်္ဂလားရေတပ်မှ ပိုင်နက် ကျုးကျော်ကာ ရန်ရှာဘူးသည်...) စသည့်ဖြင့် ရေပေါ်၊ရေအောက် သယံဇာတများအား ကာကွယ်ပေးနိုင်စေရန် ရေတပ်သည် အမှန်တကယ်ပင် တိုးချဲ့သင့်သည်ဟု ယူဆမိပါသည်....။

ယိုးဒယားနိုင်ငံရောက် တပ်မတော် စစ်ရေယာဉ်များ


မိမိတို့နိုင်ငံအနေဖြင့်လည်း ဒေသတွင်း နိုင်ငံများနည်းတူ အဆင့်မှီစေချင်သည်မှာ ကျွှန်တော်တို့ လူငယ်များ၏ နိုင်ငံချစ်စိတ်၊ တပ်မတော်အား အင်းအားတောင့်တင်းစေလိုသော စိတ်သက်သက်ဖြင့် ကျွှန်တော် ရေးရခြင်းဖြစ်ပါသည်ခင်ဗျာ....။ အမှားရှိပါက ခွင့်လွှတ်ကြပါရန်....။


မကြာမှီတွင် ရေတပ်သင်္ဘောကျင်းထုတ် ကမ်းထိုးရေယာဉ် (တင့်၊သံချပ်ကာတင်) များလည်း တပ်တော်ဝင် အခမ်းအနား ကျင်းပမည်ဟု သိခွင့်ရသဖြင့် ရေတပ်အတွက် အားသစ်တစ်ရပ်အဖြစ် မြင်ရပါသည်....။ တပ်မတော် (ရေ)တွင် လက်ရှိအသုံးပြုနေသည့် ကမ်းထိုးရေယာဉ်များ အနေဖြင့်လည်း နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းရည် မြင့်တင်မှုအဖြစ် ကမ်းထိုးစစ်ဆင်ရေး လေ့ကျင့်ခန်းများတွင် ပါဝင်လျက်ရှိသည်ကို တွေ့ရပါသည်....။

တပ်မတော် (ရေ) ၏ ကမ်းရိုးတန်း ကင်းစောင့်ရေယာဉ်များ

ဖရီးဂိတ်များ၊ အမြန်တိုက်ခိုက်ရေးယာဉ်များနည်းတူ၊ ကမ်းရိုးတန်း ကင်းလှည့်ယာဉ်များကိုလည်း တပြိုင်တည်း တိုးချဲ့ပေးခြင်းအားဖြင့် ရေကြောင်းမှ ဝင်ရောက်လျက်ရှိသော တိုင်းတပါးသားများအားလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်....။ လေတပ်အကြောင်းလည်း လေ့လာမိသလောက် တင်ပေးပါဦးမည်...။

3 comments:

  1. Missiles တွေတပ်ထားတာလည်းမတွေ့ ၇ဘူးနော် ။

    ReplyDelete
  2. ရေတပ်ကို များများချဲ့ကြပါ အဓိကက ဘင်္ဂလားထက်သာဖို့လိုတယ် သိတယ်မလား ဒီကောင်တွေအကြောင်း

    ReplyDelete
  3. ဘင်္ဂလားနယ်စပ်မှာအလုံအလောက်ထားသင့်တယ်။အဓိကတော့အမြန်တိုက်ခိုက်ရေးရေယာဉ်တွေဘဲ၊RSOတွေနဲ.ကုလားစစ်သွေးကြွတွေအန္တရာယ်ကပိုကြီးလာပြီ။ဒီကောင်တွေကညဘက်ကိုအဓိကလှုပ်ရှားကြတာ။

    ReplyDelete