Friday, February 8, 2013

တပ်မတော် (ရေ)၏ ဒေသတွင်း ခရီးစဉ်များ

 Myanmar Navy တွင် ဖ်ာပြထားသော ရေတပ်ဆိုင်ရာ သတင်းတစ်ပ်အား ဖော်ပြပေးအပ်ပါသည်...

တပ်မတော်(ရေ)မှ FAC Missile စစ်ရေယာဉ်နှစ်စီးသည် ဖေဖဝါရီလလယ်ခန့်တွင် ထိုင်းနိုင်ငံသို့ တရားဝင် Ship Visit သွားရောက်မည်ဟု သိရှိရပါသည်။ထို့ပြင် အခြားစစ်ရေယာဉ် အချို့သည်လည်း များမကြာမီ အချိန်ကာလများအတွင်း မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ သွားရောက်မည်ဟု ကြားသိရပါသည်။

Diplomatic Role သည် ရေတပ်တစ်ခု၏ အဓိက Role (၄)ခု အနက် မရှိမဖြစ် လိုအပ်သော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါသည်။ မြန်မာ့တပ်မတော်(ရေ) အနေဖြင့်လည်း သံရေးတမန်ရေး လုပ်ငန်းစဉ်များကို ပတ်ဝန်းကျင် ရေတပ်များနှင့်သာမက ဒေသတွင်း ရေတပ်များအထိပါ မျက်နှာစာ ဖွင့်လှစ်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ ယင်းအနက် Ship Visit သွားခြင်း၊ Port Call ပေးခြင်းများသည် သံတမန်ရေး ကြွယ်စေသည့်အပြင် အတွေ့အကြုံ၊ ယုံကြည်မှု နှင့် ပညာရပ်ပိုင်းဆိုင်ရာများအတွက်လည်း များစွာအထောက်အကူ ရစေပါသည်။

တပ်မတော်(ရေ)သည် အကြောင်းအမျိုးမျိုးကြောင့် ဒီဘက်ခေတ်ကာလများအတွင်း အိန္ဒိယနိုင်ငံ ပို့ဘလဲယားတွင် ကျင်းပပြုလုပ်သော MILAN မှလွဲ၍ အခြားသို့ စစ်ရေယာဉ်များ စေလွှတ်မှု မရှိသလောက် နည်းပါးခဲ့ပါသည်။ထို့ကြောင့် ယခု FAC Missile စစ်ရေယာဉ်နှစ်စီး ခရီးစဉ်သည် တပ်မတော်(ရေ)၏ Diplomatic Role အတွက် ခြေလှမ်းသစ် တစ်ရပ်ဟု ခိုင်ခိုင်မာမာ ယုံကြည်နိုင်ပါသည်။
 

 သတိပြုရန်မှာ စစ်ရေယာဉ်တစ်စီး၏ လက်တွေ့အမှန်ရှိနေသော Routine Organization ၊ ကိုယ်ပိုင်စံနူန်း ဓလေ့ထုံးများဖြင့်သာ Mission Accomplish ဖြစ်အောင် တစ်စတစ်စ လေ့ကျင့်ပြင်ဆင်သွားရန် ဖြစ်ပါသည်။တဘက်တွင်လည်း အများသုံး နိုင်ငံတကာစံနူန်းများကိုလည်း နားလည်သိရှိထားရပါမည်။ယာယီသဘောမျှသာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှအပ အခြားလုပ်ငန်းစဉ်အားလုံးသည် ပုံမှန်ရှိနေကျ ဖွဲ့စည်းမှု အင်အားဖြင့်သာ ခေါက်ရိုးကျိုးလည်ပတ်နိုင်သော Routine များ ဖြစ်သင့်ပါသည်။ 
အမျိုးမျိုးသော အခြေအနေများကြောင့် ချက်ချင်းလက်ငင်း ပြောင်းလဲပစ်ရန် ခဲယဉ်းသေးသော်လည်း စနစ်တကျအစီအမံပြုလုပ်၍ ယခုအချိန်ကတည်းက ဆောင်ရွက်သင့်ပါသည်။ယင်း Plan တွင် HRM နှင့် HRD သည် အဓိကနေရာမှ ပါဝင်နေပြီး Middle Management (eg. ဗျုဟာ)နှင့် First Line Management (eg. ရေယာဉ်) တွင်ရှိနေသော Commander များမှ ကျွမ်းကျွမ်းကျင်ကျင် နားလည်သိရှိ ဆောင်ရွက်တတ်ရန် အရေးကြီးပါသည်။

အထူးသဖြင့် မိမိတို့၏ မဟာဗျုဟာနှင့် နည်းဗျုဟာအရ ဦးစားပေးမူ ထိပ်စည်းတွင် ရှိနေပြီး To Float ၊ To Move ၊To Fight သတ်မှတ်ချက်ရာခိုင်နူန်း အဆင့်မီသည့် စစ်ရေယာဉ်များအတွက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမည်ဟု နားလည်မိပါသည်။

မောင်ဝါဆို
Credit- Myanmar Navy

2 comments:

  1. ၅၆၁ နဲ့  ၅၆၂ တို့ သွားမှာလို့ သိ၇ပါတယ် ။

    ReplyDelete
  2. MN မှာမိုင်းရှင်းရေယာဉ်တွေလိုအပ်နေပါတယ်။ဆောက် ရင် လည်းေ ဆာက်ဝယ် ရင် လည်းမြန်မြန်ဝယ်ကြပါဗျ။
်

    ReplyDelete