Saturday, February 9, 2013

မြန်မာတပ်မတော်နှင့်ဘင်္ဂလားဒေရှ်တပ်မတော်ကိုနှိုင်းယှဉ်ခြင်း

ကို Sky Hunderရဲ့ ဆောင်းပါးလေးကို ထပ်မံဖော်ပြပေးလိုက်ရပါတယ်...။

ဘင်္ဂလားဒေရှ်တို့က စစ်ဖြစ်လျှင် မည်သူသာမည်နည်းကို ထိုသို့ဆိုပါသည်။


"...(၁)မည်သည့်နေရာ၊မည်သည့်အချိန်၊မည်ကဲ့သို့အကြောင်းကြောင့်ပေါ်မူတည်ပါသည်။


(၂)လက်နက်ခြင်းတူခဲ့ရင်တောင်MIG29,F7ခြင်းတူရင်တောင်မြန်မာနိုင်ငံသည်စီပွားရေးပိတ်ဆို့ခံရမူကြောင့်ခေတ်မှီနည်းပညာမပိုင်ဆိုင်နိုင်။ဘင်္ဂလားဒေရှ်သည်တရုပ်၊အိနိယ၊အမေရိကန်တို့နဲ့ပူးပေါင်းစစ်ဆင်ရေးများလုပ်ဖူးသည်။


(၃)ဘင်္ဂလားဒေရှ်သည်operation dessert strom ကဲ့သို့စစ်ဆင်ရေးများတွင်ပါဝင်ဆင်နွဲဖူးပြီးUNနဲ့ပူးပေါင်းစစ်ဆင်ရေးများတွင်လည်းတက်ကြွစွာပါဝင်ခဲ့ဖူးသည်။..."
ဟုဆိုထားပါတယ်။


ထိုကြောင့် သူတို့ပြောသောအရာများနှင့် တကယ်ရှိရင်းစွဲ အခြေအနေကိုက်ညီမူ ရှိမရှိပြန်စဉ်းစား ကြည့်ရမည်။ပြောတိုင်းယုံရမည်မဟုတ်ပါ။ ကျွန်တော်တို့ခွဲခြားကြည့်ရမည်။

အရင်ဦးဆုံးမြေအနေအထားအရ မြန်မာနိုင်ငံသည် အရှေတောင်အာရှရဲ့မြေဧရိယာ အကျယ်ပြန့်ဆုံး နိုင်ငံဖြစ်ပါတယ်။ လူဦးရေသန်း၆၀ခန့်ရှိပြီး တပ်မတော်ရဲ့အင်အားဟာ အရှေတောင်အာရှမှာ ဒုတိယအများဆုံးဖြစ်ပြီး တိုက်ပွဲအတွေ့ကြုံ အလွန်ပြည့်ဝသော တပ်မတော်ဖြစ်ပါတယ်။ တောတွင်းတောင်ပေါ်စစ်ဆင်ရေးများတွင် ဗီယက်နမ်နဲ့အတူ အကောင်းဆုံးတပ်မတော်ဟု သတ်မှတ်ခြင်းခံရပါတယ်။


ဘင်္ဂလားဒေရှ်နိုင်ငံဟာ Pakistan နိုင်ငံမှ၁၉ရ၀ကျော်တွင် ဘာသာရေးမတူညီမူကြောင်ခွဲထွက်ခဲ့ပါတယ်။ လူဦးရေအရမ်းထူထပ်ပြီး စစ်ကိုင်းတိုင်းခန့်သာရှိသော မြေနေရာတွင်လူဦးရေသန်းတစ်ရာကျော်နေထိုင်ပြီး လူဦးရေပေါက်ကွဲမူများ ဖြစ်ပေါ်နေပါတယ်။ထိုလူဦးရေပေါ်က်ကွဲမူသည် အိမ်နီးခြင်းဖြစ်တဲ့ indiaနဲ့မြန်မာကိုယိုစိမ့်နေပါတယ်။ မုန်တိုင်းနှင့်ရေကြီးမြေပြိုမူဒဏ်ကို ကိုနှစ်စဉ်ခံစားနေရသော တိုင်းပြည်ဖြစ်ပါတယ်။


ယခုအခါမြန်မာနှင့်ဘင်္ဂလားဒေရှ်သည် ရေပိုင်နက်ပြသာနာနှင့် လူဦးရေယိုစိမ့်မူကြောင့်ဖြစ်ပေါ်လာသော တရားမ၀င်နေထိုင်မူပြသာနာကြောင့် ရန်သူဟုမဆိုနိုင်သော်လည်း အထူးသတိထားစောင့်ကြည့်ရမည့် အခြေအနေတွင်ရှိနေပါသည်။ ထိုပြင်ဘင်္ဂလားဒေရှ်တပ်မတော်ရဲ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မူနှင့် မြန်မာအပေါ်ရည်ရွယ်ပြီး စစ်ပြင်ဆင်မူတွေလုပ်လာသောကြောင့် ပိုမိုသတိထားစောင့်ကြည့်သင့်ပါတယ်။


တပ်မတော်နှစ်ခုရဲ့ အဆင့်အတန်းကိုနှိုင်းယှဉ်မည်ဆိုပါက နိုင်ငံရေး၊လက်နက်အင်အား၊လူအင်အား၊ စွမ်းဆောင်နိုင်မူအရည်အချင်း၊ လေ့ကျင့်ရေး၊နည်းပညာတိုးတက်မူ၊ တိုက်ပွဲအတွေ့အကြုံ၊ ရေမြေအနေအထား၊ လက်နက်ကိုယ်တိုင်ထုတ်လုပ်နိုင်မူနှင့် တခြားနိုင်ငံများကိုရောင်းခြနိုင်မူ၊ နည်းပညာတိုးတက်ရေးကြိုးပမ်းမူစသည့် အချက်တွေပေါ်မူတည်ပါတယ်။ ထိုပြင်တပ်မတော်သားများရဲ့ ခံယူချက်နှင့် ပင်ကိုယ်စွမ်းရည်ပြည့်ဝမူလည်း လိုပါတယ်။

ထိုအချက်တွေထဲက နိုင်ငံရေးကိုလုံးဝမရေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့မြန်မာ့နိုင်ငံရေးသည် အပြောင်းအလဲမြန်လွန်းနေသောကြောင့်ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရေးရမှာစိတ်မပါလို့လည်း ပါပါတယ်။ တခြားသောအကျိုးအကြောင်းတွေကို လျို့ဝှက်သောအရာမှ့အပ တင်ပြချင်ပါတယ်။



လေကြောင်းဆိုင်ရာ နှိုင်းယှဉ်ချက်

အရင်ဦးဆုံးလေကြောင်းကနေစပြောကြပါမယ်။ လေကြောင်းစွမ်းအားဟာ ၂၁ရာစုရဲ့ပင်မ အသက်သွေးကြော တစ်ခုဖြစ်လာပါတယ်။ အရေအတွင်အတိအကျ မဟုတ်ပင်မဲ့မြန်မာ အသာစီးမှာရှိနိုင်ပင်မဲ့ သိပ်မကွာလှပါဘူး။ ဒါပင်မဲ့အနာဂတ်စီမံကိန်းနဲ့ မြေအနေအထားမှာတော့ သိသိသာသာ ကွာဟချက်တွေ ရှိနေပါတယ်။ အထူးသဖြင့်မြေအနအထားမှာ ဘင်္ဂလားဒေရှ်နိုင်ငံဟာ သေးငယ်ပါတယ်။ ဒီအတွက်လေယာဉ်များရဲ့ လေ့ကျင့်နိုင်မူဟာ tranning aeraတောင် ကျပ်ညပ်နေပါတယ်။ ထိုပြင်မြေနေရာကျဉ်းသောကြောင့် စုပြုံနေတဲ့ရန်သူကို ခြေမှုန်းရလွယ်ပါတယ်။ 


F7 Fighters

ဒါအပြင်နေရာယူမူ အမှားတွေလည်းရှိနေပါတယ်။ ယခုနောက်ဆုံး အပူတပြင်းဖောက်လုပ်ထားတဲ လေတပ်စခန်းအသစ်ဟာ ရှုးသွက်မူသက်သက်ဖြစ်ပါတယ်။ မဟာဗျုဟာအရ front line airbaseမှန်ပင်မဲ့ နိုင်ငံကျဉ်းလေးအတွက် front line airbase ထားတာဟာ တကယ်မိုက်မဲမူပါ။ အမြောက်တကမ်းစာသာသာမှာ ထားရှိထားတဲ့လေတပ်စခန်းဟာ စစ်ဖြစ်ရင်အရင်ဆုံးခြေမှုန်းခံရပါလိမ့်မယ်။ နောက်တစ်ခုကဘင်္ဂလားဒေရှ်သည်လည်း မြန်မာကဲ့သို့ပင် တခြားစစ်မျက်နှာစာဖြစ်တဲ့ မဟာရန်သူဘက်ကိုသာ အားစိုက်ခဲ့ပြီး တကယ်တမ်းဖြစ်လာတဲ့အခါ စစ်မျက်နှာစာကို အရွေ့အပြောင်းအခုချိန်ထိ ကောင်းကောင်းမလုပ်နိုင်သေးပါ။ ဘင်္ဂလားဒေရှ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးသည်လည်း အလွန်နိမ့်ကျပြီး ရေဒါစခန်းတစ်ခုသာရှိသော နိုင်ငံဖြစ်သောကြောင့် (နောင်တွင်နှစ်ခု) မိမိတို့တပ်မတော်လေရဲ့ ထိုးစစ်ကိုခုခံနိုင်စွမ်း နည်းပါလိမ့်မယ်။

UN တွင် သယ်ပို့တာဝန်ယူနေသည့် Mi17 ရဟတ်ယာဉ်

သိုသော်မိမိဘက်မှပြန်စဉ်းစားလျှင်တော့ မိမိတို့သည်နိုင်ငံကျယ်ပြန့်ခြင်းကြောင့်၊ ပစ်မှတ်ပြန့်ကြဲမူကြောင့်၊ ပစ်ခတ်ရန်ခက်ခဲခြင်း၊ ၂၀၀၀ခုနှစ်နောက်ပိုင်း သိသိသာသာတိုးတက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့် ထိုးဖောက်ရန် ခက်ခဲပါလိမ့်မည်။ Air Defenceလုပ်ရန်နှင့် close support လောက်သာပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုးစစ်အတွက်တော့ မဖြစ်နိုင်ပါ။

A5C Fantan 

 ထိုပြင်ဘင်္ဂလားဒေရှ်၌ A5၇စီးသာရှိသည်ကိုကြည့်ခြင်းနှင့် နောင်ဝယ်ယူမည့်လေယာဉ်သည် F7သာဖြစ်ခြင်းတို့ကြောင့် မြေပြင်ပစ်ကူပေးရေး အပိုင်းအကြီးအကျယ် အားနည်းလာနိုင်ပါသည်။
အနာဂတ်အစီအစဉ်ကို ပြောရရင်ဘင်္ဂလားဒေရှ်အတွက်F7သည် အလွန်အသုံးဝင်ပါတယ်။ Areal interceptorဖြစ်သောကြောင့် သေးငယ်တဲ့နိုင်ငံအဖို့ အလွန်အသုံးဝင်ပါတယ်။ ထိုကြောင့်BAF အနေဖြင့်F7ကို ထပ်မံဖြည့်ခြင်းသည်မှန်သည်ဟု ဆိုနိုင်ပါတယ်။ ဒါပင်မဲ့MAFကထိုF7နှင့်A5အစား 4th generation fighterများဖြင့် အစားထိုးမည်ဟုယူဆရသောကြာင့် အနာဂတ်တွင်ပိုမို အသာစီးရနေနိုင်ပါတယ်



ရေတပ်ဆိုင်ရာ နှိုင်းယှဉ်ချက်

ရေတပ်အနေဖြင့်ယှဉ်ထိုးကြည့်လျှင် လက်ရှိအနေအထားအရ BNက အနည်းငယ်သာသည်ဟု ထင်ရသော်လည်း အနာဂတ်စီမံကိန်း၊ပြည်တွင်းတွင်ရေယာဉ်တည်ဆောက်နိုင်မူ တို့၌ကွာခြားလှမည်။ အနာဂတ်စီမံကိန်းတွင် BNမှရေငုတ်သဘောင်္နှင့်ဖရီးဂိတ်များ ဖြည့်မည်ဆိုသောကြောင့်BNက လုံးဝအသာစီးရနိုင်သည်ဟု ထင်ရသော်လည်း MNသည်ကိုယ်တိုင်ထုတ်လုပ်နိုင်သည်။ 

 တစ်စီးတည်းသော် ခေတ်မှီ ဖရီးဂိတ်

AUNG ZAYYA CLASSဖရီးဂိတ်ကို အောင်မြင်စွာစမ်းသပ်အသုံးပြုနိုင်ပြီး နောက်တွင် ထိုအမျိုးအစားရေယာဉ်များကို အလွယ်တကူ ထပ်မံတည်ဆောက်နိုင်မည်ဖြစ်ပြီး ၀ယ်ယူမှုထက်စရိတ်စက ပိုသက်သာပါတယ်။ BN၀ယ်နိုင်ပြီပဲဆိုဦး တဖြည်းဖြည်းနဲ့တိုးတက်လာမည့် MNကိုတော့ကြာရင် ယှဉ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါအပြင်F12လို ကိုယ်ပျောက်ဖရီးဂ်တ်တွေကိုထုတ်လုပ်နိုင်ပြီဖြစ်ရာ ရေငုတ်သဘောင်္ဝယ်ဖို့သာ အားစိုက်ရတော့မည်ဖြစ်သည်။ ထိုပြင်5seriesတွေက တော်တော်ကောင်းတယ်လို့လည်း သိရတာကြောင့် MNအတွက် အားတစ်ခုဖြစ်လာမှာပါ။

ကြည်းတပ်ဆိုင်ရာ နှိုင်းယှဉ်ချက်

ကြည်းတပ်ကတော့ ပြောစရာမလိုအောင် ကောင်းမွန်ပြီးသားပါ။ တစ်ဦးခြင်းရဲ့ အရည်အခြင်း အတွေ့အကြုံက အများကြီးသာပါတယ်။ DSAမှာပြောနေကျစကားတစ်ခုလိုပေါ့ မင်းဘာသာမင်း DSAမကလို့ ဘယ်ကဆင်းဆင်းသိပ်မကြောက်တက်ဖူးပြောပြော ပထမဆုံးတိုက်ပွဲမှာတော့ နှာခေါင်းထှယ်ထိုးတာပဲဆိုသလို တိုက်ပွဲရဲ့ဖိအားကို မသိသေးတဲ့ ဘင်္ဂလားဒေရှ်တပ်မတော်အတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။ 


၂၀၀၉ခုနှစ်ကမြန်မာနဲ့စစ်ပြင်ကြတဲ့အခါလစာမလုံလောက်ဟုအကြောင်းပြကာတပ်တွင်းပုန်ကန်မူကြောင့်လူ၅၀၀၀လောက်ထုတ်ပြစ်ရတာလဲBAအတွက်မေးခွန်းထုတ်စရာပါ။

မြို့တွင်းတွင် မော်တာများ အသုံးပြုခဲ့သည့် ဘင်္ဂလားစစ်တပ်

မြို့တွင်းတွင် လေယာဉ်ပစ်စက်အမြောက်အသုံးပြုသည့် ဘင်္ဂလားစစ်တပ်

ပူးပေါင်းစစ်ဆင်ရေးတွေလုပ်သည်ပဲထားဦးတော့ လေယာဉ်တွေကguidedများဖြင့်တော့ပြစ်ဖူးမည်မထင်။ သဘောင်္များကလည်း SSAဒုံးများတော့ပြစ်မည်မထင်။ ထိုကြောင့်လေ့ကျင့်မူသည်ကွာမည်လို့ဆိုနိုင်မည်လော။ Operation dessert STROM တွင် ပါဝင်သည်ဆိုတာကလည်း MEDICALအဖွဲ့နှင့် နောက်ပိုင်းလုံခြုံရေးလောက်သာ။ UN missionတွင်ပါဝင်သည်ဆိုတာကလည်း လုံခြုံရေးယူပေးခြင်းနှင့် လူသားခြင်းစာနာထောက်ထားမူအတွက်သက်သက်သာ။ မိမိတို့ဆီမှာထားလျှင် ကုန်ကျစရိတ်ရှိနေမည့်အတွက် အတွေ့အကြုံရအောင်နှင် ကုန်ကျစရိတ်သက်သာအောင် ထမ်းဆောင်ခိုင်းခြင်းဖြစ်သည်။ ထိုသို့ထမ်းဆောင်ရသည်မှာလည်းရဟတ်ယာဉ်သာဖြစ်သည်။ မည်သို့ပင်ဆိုဆိုထိုမှ အတွေ့အကြုံကောင်းတွေရမည်မှာ အမှန်ပင်။

ဘင်္ဂလားဒေ့်၏ ခေတ်အမှီဆုံးတာတိုပစ် ဒုံးစနစ်

မြန်မာ့ခြေလျှင်နှင့်အမြောက်၏ တိုက်စွမ်းရည်ကအလွန်ကောင်းပြီးသားဖြစ်ပင်မဲ့ ခေတ်မှီနည်းစနစ်များ ပြောင်းလဲအသုံးပြုခြင်းနှင့်  ထိုခေတ်မှီနည်းပညာများကိုတိုက်ပွဲဝင် အသင့်ဖြစ်အောင်လုပ်ရမည်။မြန်မာတပ်မတော်၏ ၇၅ရာခိုင်နှုန်းသောလက်နက်များသည်
 ပြည်တွင်းကထုတ်ခြင်းကြောင့် အများကြီးပိုမိုသာစေပါတယ်။
လေကြောင်းရန်ကာကွယ်ရေး ပဲ့ထိန်းမဲ့ အမြောက်စနစ်


မည်သို့ပင်ဆိုစေကာမူ စစ်ပွဲများဖြစ်လျှင် ရန်သူကိုလျော့တွက်ခြင်းဟာ အရှုံးရဲ့အစပါ။ သူတို့ဘယ်လိုပဲလုပ်လုပ် ကိုယ်တပ်ဖွဲ့ကောင်းဖို့ ခေတ်မှီဖို့လိုပါတယ်။ ဒီအတွက်ရန်သူကို အထင်မသေးဖို့လိုပါတယ်။ ဒီpostက ဘင်္ဂလားဒေရှ်ဘက်ကသာနေပြီလို့ ထင်ပြီးစိတ်ဓာတ်ကျ နေမှာစိုးလို့ပါ။


(တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်တစ်ခုဖြစ်ပါတယ်...။ အသုံးပြုခွင့်ပြုတဲ့ ကို Sky Hunder ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ...။ နောက်လည်း လေတပ်ရဲ့ တိုက်စွမ်းရည်ကဲ့သို့သော အချက်များနှင့် မြန်မာ့တပ်မတော်၏ ဂုဏ်ယူဖွယ် စွမ်းဆောင်ရည်များအား လေ့လာမိစေရန် ဖော်ပြပေးပါဦးမည်....။)

10 comments:

  1. ရန်သူကို အထင်မသေးပါနဲ့။ မိမိအင်အား ကိုပြန်သုံးသပ်ပါ။ စစ်ထဲဝင်သူ တစ်လကို ဘယ်နှဦး ရှိလဲ။ များလာအောင် ဘယ်လို လုပ်မှာလဲ ၊ လွယ်လွယ်နဲ့ မဝင်မနေရ လုပ်မှာလား၊
    ဆရာတင်သန်းဦး​၊ ဆရာမြသန်းစံတို့လို မီဒီယာ ကျွမ်းကျင်သူတွေ လိုပါပြီ၊ စစ်စည်းရုံးဘို့အတွက် အခုစသင့်ပါပြီ။
    အခုဖွဲ့စည်းပြီးသား ဂုဏ်ပြုတပ်ဖွဲ့ကို မြို့နယ်တွေခွဲလွတ်ပြီး စစ်စည်းရုံးရပါမယ်။
    စစ်သားဖြစ်ရတာကို ဂုဏ်ယူချင်အောင်၊ ဂုဏ်ယူတတ်အောင် လုပ်ရပါမယ်။
    တပ်​မ​တော်​က​ သင့်​အား​အ​လို​ရှိ​သည်​ ဆိုင်း​ဘုတ်​ထောင်​နေ​ရုံ​နဲ့​ အ​လုပ်​မ​ဖြစ်​ပါ။​ တိုင်း၊​ တပ်​မ၊​ ဌာ​န​ချုပ်​များ​မှ​ စစ်​တီး​ဝိုင်း​အ​ဖွဲ့​ များ​ကို​အ​သုံး​ပြု​ရ​ပါ​မယ်။​ သူ​တို့​လေ့​ကျင့်​တီး​မှုတ်​ရင်း​ စစ်​စည်း​ရုံး​ရ​ပါ​မယ်။​ လေး​စား​ပါ​တယ်။

    ReplyDelete
  2. Now,starting Cold war between Myanmar and Bangladesh. For long term economic development is important.Myanmar has good chance for economic growth.So, Bangladesh will be knocked down in the arm races.

    ReplyDelete
  3. Well, say much as you want, but in the end the Bangladesh army is deploying WS-33 200mm Terminal Guided MBRL along the myanmer border in the end of the year. This going to give sustainable fire power against myanmer postion. And as for the economic growth, mynamer's manufacturing in lacking, now only way it can trade is through mineral export which are going to run out in the future, and most of the companies that are extracting oil and gas are currently repatriating the wealth back to China, and US.

    ReplyDelete
    Replies
    1. At least we have somethings to extract out.What does Bangladesh have to extract? See long terms.

      Delete
  4. မြန်မာ့တပ်မတော်မှာလည်း ၂၄၀မမ အတွဲလိုက်ပစ် ဒုံးစနစ်ရှိပါသေးတယ်ခင်ဗျာ... နောက်အလျှင်းသင့်ရင်တင်ပေးပါ့မယ်...။

    ReplyDelete
  5. I never worry about Bangladesh weapons,because those are singal use chinese weapons. Next five years, all are gerbish.

    ReplyDelete
    Replies
    1. Neither, do Bangladesh. In fact last year's Maritime verdict Bangladesh own very comfortably and has now took over significant part of sea territory near myanmer. Also, most of myanemer's military is geared towards fighting and killing its own people in Northern rakhine states.And still myanmer army finding it hard to dislodge rebels from its border.It can't act outside it's border, Whereas Bangladesh army yearly contributes to UN peacekeeping mission by deploying C-130Bs and Frigates in Africa and Lebanon, now that's a capability Myanmer severaly lacks.

      I remind Bangladesh doesn't need to even fire a bullet to win a battle against myanmer, cos guess what they have already won. In 2008 when marauders from myanemr side wanted to venture into Bangladesh's EEZ they swiftly took actions which caused mynamer to back-off immediately without any resistance.

      Delete
    2. I want to see who will win a battle without external assistance. They just have 150000 troops including admin staff. 12000 are always out station for finding money (called UN peace keeping forces and earn USD 500 millions for 2012). consider they have active troops 138000 only.
      We may have enthic rebel prob. In the past, we all were united when our country is threaten by other country.
      1988, we have no jet fighter, no frigate, no air defence sys. One of our neibhour country planned to attack Myanmar during riot. But their leader asked a question,'' Can you get Yangon within one week? If not please don't do it. Because he had known very well about Myanmar. Even they possess bettter air force and Navy, they reconsider to do stupid things.
      Anyway we get some things from your comments.
      Cheers.

      Delete
  6. မြန်မာလူငယ်တော်တော်များများက တပ်မတော်ကို
    ခေတ်မမီဖူး ဆိုပြီး အထင်သေးကြတယ်
    မြန်မာ့တပ်မတော်ရဲ့ လက်ရှိ ပိုငိုင်ထားတဲ့ ကာကွယ်ရေး
    ပစ္စည်းတွေအကြောင်းကို တတ်နိုင်သမျှဖော်ပြပေးပါ

    ReplyDelete
  7. အောင်မလေး လုပ်ကြပါ မြန်မြန်လေးကြိုးစားပြီး စစ်အင်အားကိုချဲ့ပေးပါ..အဓိကကရေတပ်နဲ့ကြည်းတပ်ပါ ကြာရင် ဒို့တိုင်းရင်းသားရခိုင်လူမျိုးကို အနာဂတ်လူငယ်တွေ သမိုင်းစာအုပ်ထဲမှာပဲ မြင်ဘူးလိမ့်မယ်...တာဝန်ရှိသူများ ဒီကိစ္စကိုအထူးအလေးထားကြပါ

    ReplyDelete