Saturday, March 2, 2013

ပုခုံးထမ်းလောင်ချာများအကြောင်း သိကောင်းစရာများ

(ကိုမောင်ဟန်ရေးထားသည့် SA-16/18 ပုခုံးထမ်း ဒုံးပစ်လောင်ချာများအကြောင်းအာ ထပ်ဆင့်ဖော်ပြပေးခြင်းဖြစ်ပါသည်...။)

SA-16 လို့ခေါ်တဲ့ Igla-1 ကို ၁၉၈၁ခုနှစ်မှာ စတင်ထုတ်လုပ်ပြီး SA-7 SA14 တို့ရဲ့ အောင်မြင်လှတဲ့ ပုံစံအတိုင်းကို အသံထက်မြန်ပြီး အမြင့်မှာပျံတဲ့ တိုက်လေယာဉ်တွေ အတွက်ပါ ပစ်ခတ်နိုင်အောင် ထုတ်လုပ်ခဲ့ပါတယ်။ ရှေ့ကလိုပဲ fire and forget စနစ်ဖြစ်ပြီး အနီအောက်ရောင်ခြည်နဲ့ အပူခြေရာခံစနစ်သုံး ပဲဖြစ်ပါတယ်။ သူ့မှာ ပိုပါလာတာက ရန်သူနဲ့ မိမိ လေယာဉ်တွေ ကောင်းကင်မှာ ရှုပ်ထွေးလျင်ပင် ပစ်ခတ်နိုင်အောင် စီစဉ်ထားတာပါ။ မိမိလေယာဉ်တွေရဲ့ အချက်ပြစနစ်တပ်ဆင်ထားသမျှကို အလိုလိုရှောင်ဖယ်ပြီး ရန်သူ့လေယာဉ်ကို ရှာဖွေတိုက်ခိုက်နိုင်မှာပါ။ သူရဲ့ ပြည်ပတင်ပို့ အမျိုးအစားက Igla1E ဖြစ်ပြီး ရန်သူမိမိခွဲခြားတဲ့ စနစ်မပါရှိပါဘူး။
ရုရှားတပ်မတော်၏ တာတိုပစ်ဒုံးစနစ် 

နောက် ၂နှစ်အကြာမှာ SA-18 လို့သိကြတဲ့ Igla ကိုတော့ SA-16ရဲ့အားသားချက်တွေ အတိုင်းကို ပိုမိုမြန်မြန်နဲ့ ပိုမိုဝေးဝေး သွားနိုင်အောင် ထုတ်လုပ်လိုက်ပြီး၊ ရန်သူ့လေယာဉ်ရဲ့ flare တွေ Jamming တွေကို အတိုင်းတာတစ်ခုအထိ တန်ပြန်နိုင်လာပါတယ်။ဒါအပြင် ရှေ့မော်ဒယ်တွေမှာ မပါရှိခဲ့တဲ့ မျက်နှာချင်းဆိုင်ကနေ ပျံသန်းလာပြီး အနီးကပ်မှာ ရှောင်တိမ်းသွားမယ့် ရန်သူ့လေယာဉ်တွေအတွက် အကွာအကွေးတွက်ချက် ပေါက်ကွဲမယ့် စနစ်တစ်ခုကိုလဲ ထည့်သွင်းထားတယ်လို့ ယူဆကြပါတယ်။ SA16 ရဲ့ရှေ့မော်ဒယ်တွေဟာ လေယာဉ်ကို ဘေးတိုက်သို့မဟုတ် နောက်ကနေ ပစ်ခတ်မှ စိတ်ချရမယ့် စနစ်တွေဖြစ်ပြီးတော့ (ရန်သူ့လေယာဉ်ဟာ ပစ်မှတ်ကို တိုက်ခိုက်ပြီးချိန်မှ တိုက်ခိုက်နိုင်တဲ့စနစ်) SA16 မှာတော့(ကြိုတင်ခြေမှုန်းလို့ရတဲ့ တူရှူက လာနေမယ့် ရန်သူ့လေယာဉ်ကို ပစ်ခတ်နိုင်မယ့် အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် ထိချက်ကတော့ %အားဖြင့် လျော့နည်းနေသလို လေ့ကျင့်မှုလဲ လိုအပ်လှပါတယ်) SA18 မှာတော့ ဘယ်အခြေနေကနေဖြစ်ဖြစ် ထိထိရောက်ေ၇ာက် ပစ်ခတ်နိုင်အောင် စီမံထားသလို အနီးကပ်မှ လားရာပြောင်းပြီး ရှောင်ထွက်သွားမယ့် လေယာဉ်အတွက် အနီးကပ်ပေါက်ကွဲထိခိုက်စေမယ့် စနစ်ထည့်သွင်းထားတယ်လို့ ယူဆရပါတယ်။ ၁ချက်ပစ် တစ်စင်းသေချာမယ့် စနစ်လို့ ဆိုကြပါတယ်။ (သို့သော် တိုးတက်လာမယ့် Jamming စနစ်တွေနဲ့ လေကြောင်းနည်းပညာတွေကိုလဲ ထည့်တွက်ရမှာဖြစ်ပါတယ်)သူရဲ့ ပြည်ပတင်ပို့စနစ်ကတော့ Igla1A ဖြစ်ပါတယ်။ သင်္ဘော၊ လေယာဉ်အချို့နဲ့ ရဟတ်ယာဉ်နဲ့ ယာဉ်တင်စနစ်၊ အလျိုလျောက်စနစ်နဲ့ ပစ်ခတ်နိုင်အောင် အဆင့်မြင့်တင်ထားတာကိုတော့ IglaM လို့ ယေဘူယျခေါ်ဆိုကြပေမယ့် အမျိုးအစားခွဲများစွာရှိပြီးတော့ ဝယ်သူစိတ်ကြိုက်မှာယူနိုင်တာဖြစ်ပါတယ်။

စစ်ရေယာဉ်များပေါ်တွင် အသုံးပြုနိုင်ရန် တီထွင်ထားသည့် စနစ်သစ်

တပ်မတော် (ရေ) ၏ အမြန်တိုက်ခိုက်ရေးယာဉ် ၅၆၁

နောက်ဆုံးSA-24ခေါ်တဲ့ IglaS အမျိုးအစားကတော့ ရာသီဥတုမရွေး လေယာဉ်မရွေး၊ အခြေအနေမရွေး ပစ်ခတ်နိုင်ပြီး တာတိုရေဒါစနစ်ပါ ထည့်သွင်းထားတယ်လို့ ယူဆရတဲ့ ပိုမိုပေါက်ကွဲအားပြင်းထန်တဲ့ ထိပ်ဖူးတပ်ဆင်ထားပြီး လူနဲ့သာမက အလိုလျောက် ချိန်ရွယ်ပစ်ခတ်စနစ်တွေ ယာဉ်၊သင်္ဘောနဲ့ ရဟတ်ယာဉ်နဲ့ ဒုံးကာကွယ်ရေးလိုအပ်တဲ့နေရာတွေအားလုံးမှာ တပ်ဆင်အသုံးပြုနိုင်တဲ့စနစ်ပါ။ Strelets Igla-S လို့ခေါ်ဆိုပြီး လူသက်သက်ပစ်ခတ်မဲ့စနစ် ယာဉ်တင်စနစ် စသည်ဖြင့် IglaMနဲ့ Igla1Aလိုပဲ ဝယ်သူစိတ်ကြိုက်မှာယူကြရတာဖြစ်ပါတယ်။ 
အမ်အိုင်-၈ ရဟတ်ယာဉ်ပေါ်တွင်တပ်ဆင်ထားပုံ

ခွန်ဆာလက်နှက်ချစဉ်က ရရှိတဲ့စနစ်တွေက အမေရိကန်ရဲ့ FIM-43 Redeye စနစ်နဲ့အပြိုင်ဖြစ်ခဲ့တဲ့ SA-7 တရုတ်ထုတ် HN-5 အမျိုးအစားတွေဖြစ်ပါတယ်။ HN-5နဲ့ SA-7 SA14 စနစ်များကို ပိုင်ဆိုင်ထားပြီးသား နိုင်ငံများကလဲ(ရုရှားအပါအဝင်) ၎င်းစနစ်များကို အဆင့်မြင့်တင်ခဲ့ရာမှာ HN-5က Aမှ C အထိရှိပြီး၊ ကျန်စနစ်များလဲ အထိုက်အလျောက် အဆင့်မြင့်တင်ထားကြပြီးဖြစ်ပါတယ်။ ပေါက်ကွဲမှု၊ လမ်းညွန်မှု၊ ထိရောက်မှုအကွာအဝေးများကို အဆင့်မြင့်တင်နိုင်သော်လည်း falre နဲ့ jamming များကို igla စနစ်များလောက် ကျော်လွှားနိုင်ခြင်းမရှိတာတော့ အသေချာဖြစ်ပါတယ်။ SA-16 ပင်လျင် ၂လုံးမှ တစ်စင်းသေချာ စိတ်ချရသော စနစ်ဖြစ်တယ်လို့ သင်တန်းကျောင်းများက ဆိုပါတယ်။ ကပစများက ထုတ်လုပ်စမ်းသပ်ကြသည်မှာ HN-5 သို့မဟုတ် SA-7-14 စနစ်များသာ ဖြစ်တယ်လို့ဆိုကြပြီး အနိမ့်ပျံ အနှေးလေယာဉ်နဲ့ ရဟတ်ယာဉ်များကိုသာ ထိထိရောက်ရောက် ကာကွယ်နိုင်မယ်လို့ဆိုပါတယ်။ သို့သော် ရေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးသုံးစနစ်များ BTRများနဲ့ တွဲသုံးသော စနစ်များ၊ ခြေလျင်သုံးသပ်ချပ်ကာစနစ်များနဲ့ တွဲဖက်အသုံးပြုလိမ့်မည်ဖြစ်သော စနစ်များသည် မည်သည့်စနစ်များဖြစ်သည်ကိုတော့ မသိရှိနိုင်ပါခင်ဗျား။
ကျန်းမာချမ်းသာကြပါစေ။ ကျနော်မောင်ဟန်ပါ။

7 comments:

  1. koMM post အသစ်တင်တာကျဲသွားတယ်နော် အကိုတင်မယ့်ပိုစ့်တွေကိုစောင့်ဖတ်နေတာဗျာ များများတင်ပေးပါ ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  2. ko mm ကfacebookဘက်လိုင်းပြောင်းသွားပြီထင်နေတာ facebookရောblog ပါလုပ်ပါ

    ReplyDelete
  3. တခါတခါဖတ်ဖို့စောင့်လိုက် ရတာဗျာ။မကြာမကြာလေးအသစ်တင်ပေးပါဗျာ

    ReplyDelete
  4. တင်ပေးပါ့မယ်ဗျာ အလုပ်အရမ်းရှုပ်နေလို့ပါ... FB က အဓိကမဟုတ်ပါဘူးဗျာ...။ ခဏတော့ သည်းခံပေးကြပါဦးခင်ဗျာ...။ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ရေဒါတွေကို အလျှင်းသင့်ရင် ဖော်ပြပေးပါမယ့်....။

    ReplyDelete
  5. ကိုMMရေခုတလောကိုကိုMMကိုဝေဖန်ထာတာတွေပျံ့ နေတယ်ဗျအစုံပါပဲဆိုဒ်တွေက တပ်မတော်အကြောင်းပြောဆိုသူမှန်သမျှလိုက်ဝေဖန်နေကြတယ်ဗျာ........ဒါပေမဲ့ မပူပါနဲ့ ဗျအပေါ်ကအကိုတို့ ကျွန်တော်တိုလိုလူတွေရှိတယ်ဗျစိတ်ဝင်စားတဲသူတွေ့ လေ။နောက်ပိုင်းပို့ စ်အသစ်တွေများများတင်ပေးပါဗျာ။ လေကြောင်းရန်ကိုကာကွယ်တဲ့စနစ်လေးတွေကိုများများလေတင်ပေးပါဗျာ လေးစားလျှက်

    ReplyDelete
  6. ကို MMရေ submarine craf တွေအကြောင်းလဲ ရေးတင်ပါဦးဗျာ.. မိမိတပ်မှာရှိနေပြီလို့လဲ ကြားနေရတော့ ပိုစိတ်ဝင်စားမိလို့ပါ...။

    ReplyDelete
  7. ဟုတ်တယ် submarine craf ကရှိသင့်တယ်

    ReplyDelete