Friday, March 8, 2013

အမ်၄၈ ၇၆မမ တောင်ပေါ်ပစ်အမြောက်များအကြောင်း

Myanmar Artillery Corps မှ ကျွှန်တော်တို့ စာမျက်နှာတွင် ဖော်ပြပေးသည့် စာပိုဒ်များအား ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်...။

မြန်မာ့တပ်မတော်မှ အမြောက်တပ်ဖွဲ့ဝင်များ အမြောက်ပစ်ခတ်လေ့ကျင့်နေစဉ်


၇၆ မမ အမ် ၄၈ အမြောက် သမိုင်း နဲနဲ ဝင်ဆွေးနွေးချင်ပါ တယ်....

ကျွန်တော်တို့ အမြောက်တပ် စတင်သန္တေ တည်လာတာကတော့ ၂၅ ပေါင်ဒါ အမြောက်နဲ့ပါ 

၁၉၅၂ ခုနှစ်မှာ ယူဂိုဆလပ် သမ္မတ မာရှယ် တီးတိုး မြန်မာ ပြည်ကို ချစ်ကြည်ရေးခရီး လာခဲ့ပါတယ်။ 




အဲဒီ အချိန်မှာ ၇၆ မမ နဲ့ ၁၂၀မမ စိန်ပြောင်းတွေ ဝယ်ယူခွင့်ရခဲ့ပါတယ်။ 
အဲဒီတွေဝယ်ယူ ခွင့်ရပြီး မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့ မှ ဗိုလ်မှူး ရဲထွန်းဦးစီး အမြောက်တပ်ဖွဲ့ဝင် တွေ ကို ယူဂို ဆလပ် မှာ ပညာတော်သင်စေလွှတ်ခဲ့ ပြီး အမြောက်ဝန်တင် မြင်း တွေပါ ဝယ်ယူခဲ့ တယ်လို့သိရပါတယ် 
အဲ့ဒီနောက်ပိုင်း အမှတ် ၄ တောင်ပေါ်ပစ် အမြောက်တပ်ရင်း အောင်ပန်းမြို့ မှာ စတင်ဖွဲ့ စည်းခဲ့ပါတယ်
အသုံးပြုခဲ့ ပထမဆုံး စစ်ဆင်ရေးကတော့ ၁၉၅၄ ခုနှစ် မကွေးတိုင်း အနောက်ခြမ်း ပုံတောင်ပုံညာ ဒေသက ဗကပ ဗဟို ကို ချေမှုန်း ခဲ့တဲ့ အောင်မာဃ စစ်ဆင်ရေးဖြစ်ပါတယ်။



 အမ်-၄၈ ၇၆မမ တောင်ပေါ်ပစ်အမြောက် ပစ်ခတ်မှု



၇၆ မမ အမ်၄၈ ကို တောင်ပေါ်ပစ်အမြောက် လို့ ခေါ်ရတာက တော့ သူ့ရဲ့ design ကြောင့်ပါ ဒီ အမြောက် ကို တစ်စစီဖြုတ်ဖို့ရာ အတွက် ချိန်တိုင် ၂ ချောင်း (မတံ) သာ လိုပါတယ် ဝန်တင်မြင်း( လား) ၈ ကောင် နှင့် လွယ်စွာ ရွှေ့ ပြောင်း နိုင်ပါတယ် လူဖြင့်လည်း တစ်စစီဖြုတ် ၍ ရွှေ့ ပြောင်း နိုင်ပါတယ် 

ကျန်တဲ့ အမြောက်တွေရော ဖြုတ်လို့ ရပါတယ် ဒါပေမယ့် လွယ်ကူရိုးရှင်း မှု ကတော့မတူပါဘူး ဥပမာ ။ ။ကရိယာလိုအပ်ချက် လူအင်အားလိုအပ်ချက် အစိတ်အပိုင်း တစ်ခုစီရဲ့ အလေးချိန် စတဲ့ ကန့်သတ်ချက် တွေ ပါ။ 



သူရဲ့ အစိတ်အပိုင်းတွေ ကို လွယ်ကူစွာ ဖြုတ် နိုင် တပ် နိုင် မနိုင် သယ်နိုင် အောင် design လုပ် ပီး တောင်ပေါ်ဒေသ နှင့် ကိုက်ညီတဲ့ အမြောက်ဖြစ်တာကြောင့် တောင်ပေါ် ပစ်အမြောက်လို့ ခေါ်ပါတယ် 

အမ်-၄၈ ၇၆မမ တောင်ပေါ်ပစ်အမြောက် (ပုံစံတူ)


အမြောက် လို့ ခေါ်ပေမယ့် သူ့ရဲ့ design ပေါ် မူတည်ပြီး ထပ်ခွဲပါတယ် 

အမြောက်(gun) ကျည်သွားလမ်းကြောင်း ဖြောင့် ပြောင်းရှည် ပြောင်းထွက်ရှိန်များ

ဟောင်ဝစ်ဇာ (howitzer) ကျည်သွားလမ်းကြောင်း ကွေး ပြောင်းတို ပြောင်းထွက်ရှိန်အသင့်အတင့်ရှိ

ဟောင်ဝစ်ဇာ အမြောက် ( gun howitzer) အထက်ပါ အမြောက်နှင့် ဟောင်ဝစ်ဇာ ၂ မျိုး အတိုင်း ပြုပြင်တည် ဆောက် 

စိန်ပြောင်း (motor) ဒေါင့်မြင့်ပစ် ကျည်သွားလမ်းကြောင်းမြင့် အမြောက်လိုပြောင်းတွင်းအရစ်မပါ တောင်ကုန်းနောက်ဆင်ခြေလျော ရန်သူ ပစ်ခတ်နိုင် ပြောင်ထွက်ရှိန်နည်း 

နောက်ပွင့် (recoilless rifle) နောက်ကန်အား နည်း ပြောင်းထွက်ရှိန်များ တင့်ကား ဘန်ကာ စတဲ့ တိုက်ရိုက်ပစ်ရာတွင်သုံး 

၇၆ မမ အမ်၄၈ ကတော့ gun အမျိုးအစားဖြစ်ပါတယ်


တောင်ပေါ်ဒေသစစ်ဆင်ရေး တွေမှာ တိုက်ပွဲပေါင်းများစွာကို အဆုံးသတ်ပေးခဲ့ ပါတယ် 
နှစ်ပေါင်း ၆၀ ကျော် တာဝန်တွေ ထမ်းဆောင်ပြီးသော်လည်း လက်ရှိ သုံး နေဆဲပါ 
လေ့လာချင်ရင် myanmar artillery corps pages တွင် link တင်ပေးထားပါတယ် 
ဗဟုသုတ မျှဝေခြင်းသာဖြစ်ပါသည် လေးစားစွာဖြင့် MA×C

1 comment:

  1. တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ ဘလော့ပါ
    စစ်အာဏာရှင်စနစ်ကိုမကြိုက်ပေမယ့် မြန်မာ့တပ်မတော်
    ကိုတော့ ခေတ်မီစေချင်တယ် ဒေသတွင်း နိုင်ငံတွေ
    မစော်ငကားနိုင်အောင် အထူးသဖြင့် မွတ်စလင်တွေနဲ့
    အကြမ်းဖက်သမားတွေပေါ့

    ReplyDelete