Thursday, March 28, 2013

D-30 122mm အမြောက်စနစ်နှင့် တပ်မတော်

D-30 ၁၂၂မမ ကျည်သုံး ထိုအမြောက်စနစ်ကို ဆိုဗီယက်ရုရှားက ၁၉၆၀ဝန်းကျင်တွင် စတင်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် ၁၅၂မမ D-20 များဖြင့် အစားထိုးခဲ့သဖြင့် ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သည်။ သို့သော် ယနေ့ထက်တိုင် အသုံးပြုနေဆဲ့ဖြစ်ပြီး အခြားနိုင်ငံများသို့ လိုင်စင်ဖြင့် စက်ရုံများရောင်းချထားမှုကြောင့် နိုင်ငံပေါင်း ၆၀ကျော်က ထုတ်လုပ်သုံးစွဲကြသည်။
ဂျော်ဂျီယာစစ်တပ်၏ ဒီ-၃၀ အမြောက်များ
2S1 Gvozdika 122mm self-propelled howitzer
နောက်ကန်အားလျော့နည်းခြင်း၊ ပစ်ခတ်နုန်းမြန်ဆန်ခြင်း၊ အလိုလျောက် ကျည်ခွံထုတ်စနစ်၊ ချိန်ရွယ်မှုစနစ် အားသာချက်များကြောင့် ယာဉ်တင်အဖြစ် ပြောင်းလဲကြပြီး ဆိုဗီယက်ရုရှားက 2S1 Gvozdika အဖြစ်အသုံးပြုပြီး ဆီးရီးယားနိုင်ငံက T34 တင့်ကားကိုယ်ထည်ဖြင့် တွဲဖက် တည်ထွှင် အသုံးပြုသည်။ ထို့အပြင် အခြားနိုင်ငံများမှလဲ သက်ဆိုင်ရာအလိုက် ယာဉ်တင်အသုံးပြုကြသည်။ သာမာန် Truck ကားပေါ်တွင်ပင် အလျင်အမြန်တပ်ဆင်၍ ယာဉ်တင်အဖြစ် အသုံးပြုကြသည်လဲရှိသည်။ အထိုင် ၃ခုကို အလွယ်တကူ ခေါက်နိုင်သောကြောင့် ဆွဲယာဉ်ဖြင့်လဲ အသုံးပြုနေကြသည်မှာ ယနေ့အထိဖြစ်သည်။ တရုတ် အိန္ဒိယတို့ကလဲ သံချပ်ကာ ယာဉ်များနှင့် တွဲဖက် တပ်ဆင် အသုံးပြုကြသည်။
 ဆီးရီးယား၏ T34 ပေါ်မှ D-30
တရုတ်၏ PLZ07 122mm self-propelled howitzer
 
၁၂၂မမ ကျည်အသုံးပြုထားခြင်းကြောင့် အများဆုံး ၁၃မိုင် ထိရောက်မှု ၁၀မိုင် အထိသာ ပစ်ခတ်နိုင်သော်လည်း။ ဒေါင့်နိမ့်ပစ်ခတ်နိုင်ခြင်း၊ ပစ်နုန်းကောင်းမွန်ခြင်း၊ နေရာမရွေ့ပြောင်းပဲ ပတ်လည် ၃၆၀* ပစ်ခတ်နိုင်ခြင်းတို့ကြောင့် ခြေလျင်တပ်ရင်းများဖြင့် အများဆုံးတွဲဖက်အသုံးပြုကြပြီး ဧရိယာခံစစ် တွင် အသုံးပြုကြသည်။ ပတ်လည်စနစ်၊ ရွေ့ပြောင်းရ လွယ်ကူခြင်း၊ ဒေါ
င့်နိမ့်ပစ်ခတ်နိုင်ခြင်းတို့ကြောင့် တောင်ပေါ်ဒေသနှင့် ပတ်လည်ခံစစ်များတွင်လဲ များစွာ အသုံးတည့်သော စနစ်တစ်ခုဖြစ်သည်။
D-30 ယာဉ်ဆွဲအမြောက်အကြောင်း
(တရုပ်တပ်မတော်၏ D-30 အမြောက်)

စတင်ထုတ်လုပ်သည့် ခုနှစ်-၁၉၆၀
စတင်ထုတ်လုပ်သည့်နိုင်ငံ-ဆိုဗီယက်ရုရှား
အလေးချိန်-ပေါင်၇ထောင်
အဖွဲ့သားများ-၁+၇
အသုံးပြုသည့်ကျည်-၁၂၂မမ ၃၈ ကာလီဗာ
ပစ်ခတ်နိုင်သည့် ထောင့်(အမြင့်) - အနုတ်၇* မှ အပေါင်း၇၀*
ပစ်ခတ်နိုင်သည့်ထောင့် (ရေပြင်ညီ)-၃၆၀*
ပစ်နုန်း- အလိုလျောက်ကျည်ဖြည့်စနစ်ဖြင့် ၁၂တောင့်
လူဖြင့်-၆တောင့်
ထိရောက်မှုအကွာဝေး-၁၀မိုင် (ဒုံးစနစ်သုံး ကျည်ဖြင့် ၁၃မိုင်)

ယာဉ်ဖြင့် ချိတ်ဆွဲနိုင်ရန် ပြင်ဆင်ထားပုံ
တပ်မတော်နေ့စစ်ကြောင်းချီ D-30
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် D-30 အမျိုးအစား များကို ချီတက်ပြသသွားပြီး။ Sinotruck အမျိုးအစား HOWO 6x6 All wheel derived အမျိုးအစားများဖြင့် ချိတ်ဆွဲပြသသွားသည်။
HOWO 6x6 All wheel derived
(ဖော်ပြခွင့်ပေးသောကြောင့် ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ....။ နောင်လည်း ဆက်လက်ဖော်ပြပေးဖို့ လေးစားစွာတောင်းဆိုပါရစေ... :-) )

3 comments:

  1. အဆင့်တစ်ဆင့် တိုးတက်သွားပြီလို့ ဆိုနိုင်ပါတယ် ...
    နောက်ကိုလည်း ဒီထက်ပိုပြီး တိုးတက်လာတာကို စောင့်ကြည့်ကြတာပေါ့ဗျာ ...

    ReplyDelete
  2. ၁၅၅မမ ယာဉ်တင်အမြှောက်စနစ်၊ PLZ45လိုစနစ်မျိုးတွေပြသရင်အလွန်ကောင်မယ်နော် ဒီနှစ်ကတော့
    အရင်နှစ်တွေထက်အများကြီးအားရပါတယ် ကိုMM ကိုလဲအထူပင်ကျေးဇူးတင်ရှိပါတယ်နော်

    ReplyDelete
  3. တရုတ်လက်နက်မဝယ်ပါနဲ့ပြိုင် ဖို့မဟုတ်ပေမယ့်အောက် မ ရောက်စေချင် ဘူး

    ReplyDelete