Monday, May 6, 2013

ပီတီအယ်လ်-၂ ဘီးတပ် တင့်ဖျက်ယာဉ်များအကြောင်း


တရုပ်နိုင်ငံသည် ၁၉၈၀ ခုနှစ်များမှ စတင်ကာ ပုံစံ-၈၇ ဘီးတပ် တင့်ဖျက်ယာဉ်များအားထုတ်လုပ်မည့် စီမံကိန်းအားစတင်အကောင်အထည်ဖော်ခဲ့ကြသည်...။ ဘီးတပ် တင့်ဖျက်ယာဉ်၏ အမြောက်ပြောင်းကိုမူ ပုံစံ-၈၆ ၁၀၀မမ တင့်ဖျက်အမြောက်ပြောင်းအား အသုံးပြုကာ ပုံစံ-၉၂ (သံချပ်ကာယာဉ်) ပေါ်တွင် တပ်ဆင်ခဲ့ပါသည်...။ သို့သော် အဆိုပါ ပုံစံ-၈၇ ဘီးတပ် တင့်ဖျက်ယာဉ်အား အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ခဲ့ရာ ၂၀၀၀ခုနှစ် နောက်ပိုင်းတွင်မှ အဆင့်မြှင့်တင်မှုများပြုလုပ်ပြီး ပီတီအယ်လ်-၀၂ ဟူ၍ ပြန်လည်ကာ ထုတ်လုပ်တပ်ဆင်ခဲ့ကြပါသည်...။

မြန်မာ့တပ်မတော်၏ ဘီးတပ် တင့်ဖျက်ယာဉ်များ



 ပီတီအယ်လ်-၀၂ ဘီးတပ် တင့်ဖျက်ယာဉ်သည် သံချပ်ကာယာဉ်များ၊ဘန်ကာများ နှင့်
 ရွှေ့လျားပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းနိုင်စေရန် ရည်ရွှယ်ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း အထူးကောင်းမွန်သည့် ပင်မတိုက်ပွဲဝင်တင့်ကားများအား ချေမှုန်းရေးတွင်မှု တိကျသည့် အဖြေမရရှိသေးပေ...။ တပ်ဆင်ထားသည့် တင့်ဖျက်ကျည် အမျိုးစားလိုက် ထိရောက်မှု ကွာခြားသွားမည့် သဘောဖြစ်ပါသည်...။ ပီတီအယ်လ်-၀၂ ဘီးတပ် တင့်ဖျက်ယာဉ်သည် အဆင့်မြှင့်နည်းပညာများ
 ပေါင်းစပ်ထားခြင်းဖြစ်သည့်အတွက် ရန်သူ့တင့်များအား အထူးခြိမ်းခြောက်နိုင်လျက်ရှိပါသည်...။
တင့်ဖျက်ယာဉ်၏ ပစ်ခတ်မှု ထိန်းချုပ်ရေးစနစ်များသည် တရုပ်တပ်မတော် တင့်တပ်ဖွဲ့၏ ပုံစံ-၈၈ ပင်မတိုက်ပွဲတင့်၏ နည်းပညာများကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်ပါသည်...။

တရုပ်တပ်မတော်၏ ပုံစံ-၈၈ ပင်မတိုက်ပွဲဝင် တင့်ကားများ
ပီတီအယ်လ်-၀၂ ဘီးတပ် တင့်ဖျက်ယာဉ်၏ အမြန်နှုန်းမှာမှု ၁ နာရီ ကီလိုမီတာ ၈၀ နှုန်းဖြင့် မောင်းနှင်နိုင်ပါသည်ပြီး တန်ချိန်အားဖြင့် ၁၉တန်နီးပါးရှိပါသည်...။ တင့်ဖျက်ယာဉ်များအား လေကြောင်းမှ ပို့ဆောင်ကာ စစ်မြေပြင်သို့ ပို့ဆောင်မည်ဆိုပါက ဝိုင်-၈ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြင့်ဆိုပါက ၂ စင်း သယ်ယူပို့ဆောင်နိုင်မည်ဟု သိရပါသည်...။ မြန်မာ့တပ်မတော် (လေ)တွင်လည်း ဝိုင်-၈ သယ်၊ပို့ လေယာဉ်များ အသုံးပြုလျက်ရှိရာ မိမိတို့ တပ်မတော်အနေဖြင့်လည်း လက်တွေ့အသုံးပြုနိုင်သည့် စစ်သုံးယာဉ်အမျိုးအစားဖြစ်ပါသည်...။

၁၀၅မမ နှင့် ၁၀၀မမ တင့်ဖျက်ယာဉ်များအကြား မြင်သာသည့် ကွာခြားမှု

တရုပ်တပ်မတော်သည် အဆိုပါ တင့်ဖျက်ယာဉ်များအား မြန်မာ့တပ်မတော်သို့လည်း ရောင်းချပေးခဲ့ပြီး အစီးရေ အတော်များများအား ပိုင်ဆိုင်ထားသည်ဟုလည်း သိရပါသည်...။ ပြည်ပသို့ရောင်းချသော ဘီးတပ် တင့်ဖျက်ယာဉ်များကိုမှု ပိုမို၍ ထိရောက်မှုအားကောင်းသော ၁၀၅မမ တင့်ဖျက်အမြောက်ပြောင်းအား တပ်ဆင်ပေးထားပါသည်...။

တရုပ်တပ်မတော်၏ ပီတီအယ်လ်-၀၂ ဘီးတပ်တင့်ဖျက်ယာဉ်
 တင့်ဖျက်အမြောက်စနစ် တပ်ဆင်ထားခြင်းမပြုမှီ တွေ့ရသော သံချပ်ကာယာဉ် ပုံစံများ

မြန်မာ့တပ်မတော်ရှိ ဘီးတပ် တင့်ဖျက်ယာဉ်အား တပ်မတော် သံချပ်ကာတပ်ဖွဲ့၏ ဗီဒိယိုအပိုင်းလေးမှ ပထမဆုံး လူထုအနေဖြင့် မြင်တွေ့ခွင့်ရခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မြန်မာ့တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်မှု ပါဝင်ချီတက်ပြသခဲ့သည်ကို မိမိတို့အနေဖြင့် မြင်တွေ့ခွင့်ရခဲ့ကြပြီးဖြစ်ပါသည်...။ မိမိတို့ မြန်မာ့တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ရေးလေ့ကျင့်မှုများပြုလုပ်လျက်ရှိရာ အဆိုပါ ဘီးတပ် တင့်ဖျက်ယာဉ်များသည်လည်း ပါဝင်လေ့ကျင့်လျက်ရှိသည်ဟု သိရပါသည်...။

ရေးလက်စနှင့်မို့ ဘီးတပ် တင့်ဖျက်ယာဉ်တွေရဲ့ အကြောင်းလေး လေ့လာမိသလောက်လေးသာ ဖြစ်ပါတယ်....။ ပိုမိုပြည့်စုံသည့်အချက်လက်များအား လေ့လာလိုပါကလည်း ကျွှန်တော်တို့ ဆိုက်တွင်ဖော်ပြပေးထားပြီးဖြစ်ရာ ပြန်လှည်ဖတ်ရှုနိုင်ပါသည်ခင်ဗျာ....။ အားလုံးကို လေးစားလျက်... :D

2 comments:

  1. K M M ရေ မြန်မာ အထူးတပ်ဖွဲ့တွေ S.W.A.T တွေအကြောင်းလည်းလုပ်ပါအုံး။

    ReplyDelete
  2. အရင်က ဗကပ ခေတ်က တရုတ် စစ်တပ်က ဗကပလို
    ပုံမှား ရိုက် ယူနီဖောင်းလဲ ပြီး သေနတ်ကိုင် ပြီးဘဲ ဝင်တိုက်ပေးလို့ ရခဲ့တာ....

    အခုခေတ် ဝစစ်တပ် အတွက်ဆို ....သံချက်ကာကားလဲ ပုံမှားရိုက် ဝင်တိုက်ပေးလို့ ရအောင် လမ်းခင်းပြီးပြီ....
    ရဟတ်ယာဉ်လဲ ပုံမှား ရိုက် ဝင်ပြစ်လို့ ရနေပြီ....
    လေယာဉ်ပစ် ဒုံးတပ်လဲ အထဲ ဝင်ပေးလို့ ရပြီ....

    ဒါတောင် ငွေ အတု က ဒီထက်နောက်ကျလို့  မလွှဲသာ မရှောင်သာတွေနဲ့ အရေးအခင်းထဖြစ်ရင်
    ခွဲထွက်ရေး ထကြေငြာဖို့ ကအသင့်ဖြစ်နေလောက်ပြီ...

    ReplyDelete